Showing posts with label ၀တ္တုရှည်. Show all posts
Showing posts with label ၀တ္တုရှည်. Show all posts

Wednesday, September 10, 2014

ကောင်းကင်ရဲ့စီရင်ချက်



ခြေသံတရှပ်ရှပ်ကိုကြားနေသည်။သူမအိပ်မပျော်ပါ။ထိုမိန်းမလာနေတာများလား။ဟင့်အင်း..မလာပါနဲ့။မုန်းတယ်။အဲမိန်းမကိုမုန်းတယ်။ပါးစပ်ပြဲပြဲအသားမဲမဲထိုမိန်းမကိုသူမမုန်းပါသည်။နာကျင်သောအသဲဆတ် ဆတ်ခါသောစိတ်နဲ့သူမမုန်းပါသည်။
အိပ်ယာပေါ်မှာဟိုလှည့်သည်လှည့်ဖြင့်သူမအိပ်မပျော်ပါ။တရေးနိုးလာတော့သူမဘေးမှာအိပ်မောကျနေတဲ့သူ့ကိုမြင်လိုက်ရပြန်တော့ရင်ထဲမှာစကားလုံးပေါင်းများစွာကိုအသံတိတ်မေးနေမိသည်။ဘယ်လိုစိတ်နဲ့ဘယ်လိုခံစားမှု့မျိုးနဲ့သူမကိုသစ္စာဖောက်ခဲ့တာပါလဲ။အလင်းပြပြ၀င်နေတဲ့အခန်းထဲမှာအသက်ရှုသံပြင်းပြင်းနဲ့အိပ်ပျော်နေတဲ့သူ့ကိုစိုက်ကြည့်နေမိသည်။

Tuesday, April 1, 2014

ချစ်သောနွယ်သာကီ



 (၁)

ကျွန်မအိမ်ရှေ့မှာသိပ်လှတဲ့နွယ်သာကီပန်းတွေအများကြီးရှိတယ်.........................................။
လူတွေသိပ်လှတယ်လို့ပြောတဲ့နွယ်သာကီပန်းလေးတွေကျွန်မအိမ်အရှေ့အိမ်ဘေးပတ်လည်မှာအများကြီးရှိတယ်။
ကျွန်မနွယ်သာကီပန်းလေးတွေကိုသိပ်ချစ်တယ်...............................။
မနေ့ညကမောင်ဆုံးတော့မိုးတွေသည်းကြီးမဲကြီးရွာသလိုကျွန်မချစ်တဲ့နွယ်သာကီပန်းလေးတွေဟာအကုန်လုံးလူခူးဖြတ်ထားသလိုမျိုးအပင်မှာတပွင့်မှမကျန်တော့လေအောင်ကိုမြေပြင်ပေါ်ကိုအကုန်ကြွေကျကုန်ကြတယ်။

Thursday, March 27, 2014

မြင်းပလုံချောင်းသစ္စာ

 (၁)

ဘကြီးရေ ဘကြီး.. ဗျိုးဘကြီး..
တပ်ဝင်းရှေ့တရပ်စပ်အော်နေသည့်ဆူဆူညံညံအသံကြောင့်ဥိးထွန်းအောင်ကဲလားအပြင်မှခေါင်းပြူကြည့် ရင်း အော်မေးလိုက်သည်။
“ ဟေ ဘယ်သူတုန်းကွ အဲလောက်အော်ဟစ်ဆူညံနေတာ .”
အမောတကောနှင့်ဖိုးစိန်တစ်ယောက်အူယားဖားယားခြံထဲသို့ဝင်လာရင်းကွပ်ပြစ်ပေါ်တွင်တင်ပလွဲထိုင်ချလိုက်သည်။လူကလဲနေပူထဲပြေးလွှားလာရလို့လားမသိမဲသည့်အသားပေါ်နီစပ်စပ်ပါဖြစ်ပြီးချွေးသီးချွေးပေါက်များပင် တဒီးဒီးကျနေသည်။

Tuesday, November 6, 2012

ပန်းခြွေသည့်ဆောင်း




      


 “ဘယ်ရောက်နေသလဲကွယ်”

       မက်ဆေ့ခ်ျလေးဖတ်ပြီး သူမပြုံးလိုက်မိသည်။ သူမကို မတွေ့ရင် အချိန်မှန်မက်ဆေ့ခ်ျပို့နေကျ သူမ၏ချစ်ရသောချစ်သူ။ တနေရာစီ မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှာရှိနေသောချစ်သူ။ သူမ ခပ်မြန်မြန်လေး စာပြန်ရိုက်လိုက်သည်။

       “လမ်းမှာ…အခု ပြန်လာနေပြီ..၊ ကို့ကို ချစ်တယ်…”

       မက်ဆေ့ခ်ျလေးထွက်သွားတာကို သူမကြည့်ရင်း တစ်ချက်ပြုံးလိုက်သည်။ အား….ရာသီဥတုကလဲ အေးလိုက်တာ။ နှင်းတွေကလည်း တဖွဲဖွဲကျလို့။ သူရှိတဲ့အရပ်မှာရော ဒီလိုနှင်းတွေ ကျနေလေမလား။ သူမ တွေးနေမိသည်။  ဂျာကင်ထဲ လက်ကိုထည့်ရင်း ပါးစပ်မှအငွေ့များကို ကလေးတစ်ယောက်လို မှုတ်ထုတ်လိုက်သည်။ လမ်းကို ခပ်သွက်သွက်မြန်မြန်လျှောက်ရင်း ခြေလှမ်းအရှိန်ကို မြှင့်လိုက်သည်။ ခုလောက်ဆိုလျှင် လိုင်းပေါ်မှာ ချစ်သူစောင့်နေပေလိမ့်မည်။ မနက်ဖန်ဆိုလျှင် သူရှိသောအရပ်သို့ သူမသွားရတော့မည်။ ချစ်သူနှင့်သူမ တွေ့ခွင့်ရတော့မည်။ အတွေးများဖြင့် သူမ ပျော်နေမိသည်။


Friday, November 2, 2012

တခြမ်းပဲ့ လ



မနက်ဖန်ဆိုလပြည့်ပြီတဲ့။ ရုတ်တရက် အပြင်က ကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် စာဖတ်နေရင်းက သူမပြုံးလိုက်မိသည်။

သူမဘ၀မှာ လမသာခဲ့တာ နှစ်နဲ့ချီကြာခဲ့ပြီပဲ။ သူ.. သူမဘ၀ထဲက ထွက်သွားပြီးကတည်းက လရောင်ကို မခံစားတတ်ခဲ့တောတာ ဆယ်စုနှစ်တစ်စု နီးပါး ရှိတော့မည် ထင်သည်။ လပြည့် ခြင်း၊ လမပြည့်ချင်းသည် သူမနှင့် မသက်ဆိုင်တော့သလို လရောင် အောက်က အလွမ်းသီချင်းတွေ ကိုလည်း ခံစားနိုင်စွမ်း မရှိခဲ့တော့တာ ကြာခဲ့ပြီ ။

အတူနှစ်ခြိုက်ခဲ့သော ကော်ဖီခါးခါးနှင့် ဇော်ဝင်းထွဋ်သီချင်းများမှ လွဲပြီး သူမဘ၀မှာ ကျန်တာ အားလုံးကိုပြည်ဖုံးကား ချပစ်လိုက်သည်။ မိုးအေးအေး -နေ့ရက်များတွင် ကော်ဖီခါးခါးတစ်ခွက်နှင့် ဇော်ဝင်းထွဋ်သီချင်းတစ်ပုဒ်ကို နှစ်နှစ်ခြိုက်ခြိုက် နားထောင် လိုက်သည်ကလွဲလို့ သူနှင့်အတူ နှစ်သက် ခဲ့သော အရာအားလုံးတို့ကို မေ့ချင်ယောင်ဆောင်ပစ်ခဲ့သည်။  

Saturday, October 6, 2012

လျှို့ဝှက်သောအချစ် သိမ်မွေ့သော မေတ္တာ





ကောင်ကင်ကြီးမှာ ကြယ်လေးတွေစုံနေတယ်ချစ်သူ..လမင်းကြီးကလဲသာလို့ ..
လေညှင်းလေးကလဲ သဲ့သဲ့တိုက်လို့ ……
ကြည်လင်နေတဲ့ တိမ်ကင်းစင်နေတဲ့ ကောင်းကင်းကြီးအောက်မှာ သူနဲ့ကိုယ်ခုံတန်းလျားလေးပေါ်မှာထိုင်ရင်း ကောင်းကင်ကြီးကို အတူတူမော့ကြည့်ဖြစ်တယ်..
ကလေးတစ်ယောက်လို သူကကိုယ့်ပခုံးကိုပြန်မှီထားရင်း ကိုယ့်လက်ချောင်းလေးတွေနဲ့သူ့လက်ချောင်းလေးတွေနဲ့ ထိတို့ ဆော့ကစားနေသေးတယ်..
ပြီးတော့..ကောင်းကင်ကြီးကိုလက်ညိုးထိုးပြတယ် ....
သူနဲ့ကိုယ်က လားရာအရပ်ချင်းလဲမတူသလို ဘ၀ချင်းခြားနေသူနှစ်ဦး..
သို့သော်လည်းအချစ်ခြင်းတော့ထပ်တူကျနေလိမ့်မည်ဆိုတာကိုတော့ သူရောကိုယ်ရော မပြောဘဲသိနှင့်နေခဲ့သည်.

Monday, July 23, 2012

ကြာရိုး


“သားရေ..ကြာရိုး၊ အမေ့ကို အဘွားမြတို့ကုန်စုံဆိုင်မှာ  ဆီလေး နှစ်ကျပ်ဖိုးလောက် ပြေးဝယ်ပေးစမ်း သားလေး ”
ကြာရိုးတစ်ယောက် ခြံဝိုင်းထဲ ဆော့နေရာကနေ အပြေးလေး အမေဖြစ်သူ မလှမေအနားလာပြီး ဆီပုလင်းလေးကိုယူ ပိုက်ဆံလေးနှစ်ကျပ်ကို လက်ထဲလိပ်လို့ အုန်းလက်ကို မြင်းလုပ်စီးရင်း အပြေးလေး ထွက်သွားသည်။ပါးစပ်ကလဲ သံစုံမြည်လို့...
“ ဟိုင်းယားးးးး...!..တစ်ကလုတ်...တစ်ကလုတ်...တစ်ကလုတ် .....”

Related Posts Plugin for WordPress, Blogger...