Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, December 22, 2011

Breaking New (စင်ကာပူသတင်း)

Burmese Hondi runs away with US$ 4 – 5 M from Singapore

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး
မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁

စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ “ရွှေရတနာ” မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ၎သန်းမှ ၅သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာ သာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။

ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကိုထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့ အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြု ချက်မရသေးပါဘူး။


Tuesday, July 19, 2011

News of the world သတင်းစာအား ၀န်ကြီးချုပ် ကင်မရွန်းကိုယ်တိုင် အမိန့်ချပြီး ရာသက်ပန်ပိတ်ပင်

နာမည်ကြီးဘောလုံးသမားများနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များရဲ့
အတွင်းရေးပြသနာများကိုဖြေထုတ်ဖော်ပြလေ့ရှိသော နာမည်ကြီးသတင်းစာ News of the World မှာ ရာသက်ပန် ပိတ်ပင်ခံလိုက်ရပြီဖြစ်သည်။အသက်၁၆၈နှစ်ကြာ မြင့်ခဲ့ပြီဖြစ်သော အဆိုပါ ဗြိတိန်နာမည်ကြီး သတင်းစာမှာ ပြီးခဲ့သည့်နှစ်များက နာမည်ကျော်ပုဂ္ဂိုလ်တို့ရဲ့ ဖုန်းများကို ကြားဖြတ်ခိုးနားထောင်ခဲ့ပြီး ယခုအခါ ထိုသို့ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ၍ ပိတ်ပင်ခံလိုက် ရခြင်း ဖြစ်သည်ဟု သိရသည်။

Related Posts Plugin for WordPress, Blogger...