Showing posts with label အတိုဆုံး ၀ါကျမျာ:. Show all posts
Showing posts with label အတိုဆုံး ၀ါကျမျာ:. Show all posts

Sunday, January 20, 2013

တစ်နှစ်စာ ဟောစာတမ်း

နိုင်ငံရေးဟောစာတမ်း
ငြိမ်းချမ်းရေးအတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလိမ့်အုံးမယ်။တစ်ယောက်နောက်ကျောကို တစ်ယောက်က ဓါးနဲ့ချိန်ပြီး ယုံကြည်ပါတယ်လို့ အဆိုပြုမဲ့နှစ်ဖြစ်တယ်။နိုင်ငံတော် သမ္မတကြီးကတော့ တခြား မည်သည့်အလုပ်မှ လုပ်စရာမလိုပဲ တိုင်စာတွေကြားမှာပဲ အချိန်ကုန်ရပါလိမ့်ဦးမယ်။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ အခွင့်အာဏာတွေကတော့ ရေရှည်တည်တံ့စေရန် လွှတ်တော်ထဲတွင်သာ သိုဝှက် သိမ်းဆည်းထားပါလိမ့်မည်။ ဒီနေရာမှာ ပြည်သူတစ်ယောက်အနေနဲ့ သတိချပ်ရမှာက “လွှတ်တော်ကလူတွေ စွတ်ဆော်နေကြသူတွေ” လို့ အတွေးမမှားစေဖို့ပဲဖြစ်တယ်။ ယင်းတို့၏ ဗိုက်ခေါက်ထူထူများအား ကြည့်ခြင်းအားဖြင့် လွှတ်တော်အမတ်များသည် ပြည့်ဝသူများဖြစ်သည်ကို သင် ချိန်ထိုးစဉ်းစားတတ်ပါစေ။ “ပြည့်တန်ဆာတွေကို လိုင်စင်ရအောင် ဦးဆောင် ဆော်သြပေးမည်”ဆိုတဲ့ ပြည့်သူ့အမတ်လောင်း အမျိုးသမီးတစ်ဦးရဲ့အဆိုအရ သင်ဟာ လိုင်စင်ရ အမျိုးသမီးနဲ့ စိတ်ချလက်ချ ပျော်ပါးနိုင်မည့် နှစ်ကောင်းတစ်နှစ်ဖြစ်မည်။လမ်းဘေးဝဲယာတွင် သပိတ်စခန်းများဖြင့် အလှဆင်ထားမည့်နှစ်ဖြစ်ပြီး သက်ကြီးရွယ်အိုများမှစ၍ လမ်းလျှောက်တတ်စ ကလေးများအထိ သပိတ်စခန်းများတွင် စုရုံးပျော်ပါးပါလိမ့်မယ်။ ဤကား တစ်နှစ်စာ နိုင်ငံရေး -ဟောစာတမ်း၏ အလှအပအစိတ်အပိုင်းပေတည်း..။


Sunday, July 31, 2011

လူသားနှင့်နှလုံးသား


လူသား၏နှလုံသားသည်
ခံစားတတ်ပါသည်။
အလွန်နက်နက်ရှိုင်းရှိုင်းခံစားတတ်ပါသည်။
နှလုံးသားကိုသင်၏လက်ဖြင့်
ထိတွေ့ကိုင်တွယ်သောအခါ..
ညင်ညင်သာသာရှိပါ..အလွန်ညင်သာပါ.
ထိခိုက်နာကျင်သော စကားတစ်လုံး တစ်ပါဒမျှ မဟပါနှင့်.
မလိုမုန်းတီးသောအကြည့်မျိုးလဲ လုံးဝမကြည့်ပါနှင့်။


Related Posts Plugin for WordPress, Blogger...