သနပ်ခါး မကြိုက်ဘူး
အုန်းဆီ မလိမ်းဘူး
ညှပ်ဖိနပ် မစီးဘူး
ပြည်တွင်းဖြစ် ထမီမ၀တ်ဘူး
ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့သူ
သူမ
ပါတီမတက်ဘူး
ဘီယာမသောက်ဘူး
ဝိုင်မသောက်ဘူး
စီးကရက် လက်ကြားမညှပ်ဘူး
မြန်မာအမျိုးသမီးဂုဏ်ကို အမြဲတံခွန်ထူထားတဲ့သူ
သူမ
ပြုံးမပြတတ်ဘူး
ဟန်မဆောင်တတ်ဘူး
စကားပြော မယဉ်ကျေးဘူး
အပေါင်းအသင်းမများဘူး
ဒါပေမဲ့ လူ့ယဉ်ကျေးအသိုင်းဝိုင်းမှာ ကျက်စားပျော်မွေ့သူ
သူမ
လူတစ်ယောက်နဲ့ မတူဘူး
ဆိတ်ငြိမ်တာကို ခံတွင်းမတွေ့ဘူး
အသံထွက်ပြီး မငိုဘူး
တွေ့ဆုံကြုံကွဲဒဏ်ကို ကြံ့ကြံ့မခံနိုင်ဘူး
ဒါပေမဲ့နဲ့ လောကဒတ်နဲ့ အမြဲစီးချင်းထိုးနေတဲ့သူ
သူမ
ကံအဆိုးဆုံးသူ
ကံအကောင်းဆုံးသူ
မီးတောင်တစ်လုံးလို ပေါက်ကွဲလွယ်သူ
မီးတောင်တစ်လုံးလို ပေါက်ကွဲလွယ်သူ
အငိုမျက်လုံး အပြုံးမျက်နှာနဲ့သူ
ပေါ့ပေါ့ပါးပါးနေပြီး လေးလေးနက်နက်တွေးတဲ့သူ
သူမ
အရာရာကို ပိုင်ဆိုင်ဘူးသူ
အရာရာကို ဆုံးရှုံးဘူးသူ
အရာရာကို သူရူးတစ်ယောက်လို လွှတ်ချထားသူ
အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို လောကပါလအပေါ် သစ္စာရှိသူ
သူမ
အရာရာကို ပိုင်ဆိုင်ဘူးသူ
အရာရာကို ဆုံးရှုံးဘူးသူ
အရာရာကို သူရူးတစ်ယောက်လို လွှတ်ချထားသူ
အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို လောကပါလအပေါ် သစ္စာရှိသူ
လူမလေးတစ်ယောက်လို မေတ္တာတရားကို ကိုးကွယ်သူ
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့သူ
။
။
။
။
လေးစားစွာဖြင့်
ကိုရင်
04:16 (GMT)
ကိုရင်
04:16 (GMT)
