Showing posts with label ကလိကလိများ. Show all posts
Showing posts with label ကလိကလိများ. Show all posts

Thursday, January 31, 2013

ဗဟုသုတ ဖြစ်ပါတယ်ဗျာ

ကျွန်တော် ဘလော့တွေ မလည်နိုင်ခဲ့တာ ကြာပီ။စာမရေးနိုင်တာလည်း ကြာပြီ။နှစ်ကူးကာနီးမှာ ကျန်းမာရေးက ထဖောက်လိုက်သေးတယ်။ နေလည်း ကောင်းလာရော ကွန်ပြူတာက အခိုးခံရတယ်။ပါဝါကလွဲရင် ဘယ်ဟာနှိပ်နှိပ် အကုန်ပွင့်တဲ့စက်ကလေး၊ စခရင်ကလွဲရင် ကျန်တဲ့နေရာ အကုန် မီးလင်းတဲ့စက်ကလေးဆိုတော့ ခိုးတဲ့လူလည်း ဒီလောက်ကြာရင်တော့ နောင်တ ရလောက်ပါပြီ.။ အဲ့တော့လည်း ပိုင်ရှင် ကျေနပ်တာတွေ မကျေနပ်တာတွေ ခေါင်းထဲမထည့်ပဲ သူများစက်ကလေး အတင်းကာရော ကုပ်ကပ်သုံးရင်း ဘလော့တစ်ချို့  လည်ဖြစ်တယ်..။တတ်သည့်ပညာ မနေသာဆိုတော့ ဟောစာတမ်းလေးတစ်စောင် အင်ထုပြီး ဘလော့တွေကြားထဲ ချောင်းသံလေး ပေးရသေးတယ်။( ခေတ်ကာလကြီးကလည်း အသံကျယ်ကျယ်နဲ့ ချောင်းဆိုးနိုင်တဲ့သူ လူရာဝင်တဲ့ခေတ်ကိုးဗျ..နော့..)။အခုလည်း ဗဟုသုတဖြစ်စရာလေးတွေ သိရ၊ကြားရပြန်တော့ မနေနိုင်ပြန်ဘူး..။တကယ် ဗဟုသုတ ဖြစ်ရတာပါဗျာ...။
Related Posts Plugin for WordPress, Blogger...