2014မှာဆယ်လစ်ဗျစ်တီတွေအလျိုလျိုမင်္ဂလာဆောင်ကြသည့်သတင်းများကဂျာနယ်တွေမဂ္ဂဇင်းတွေအင်တာနက်စာမျက်နှာတွေပေါ်မှာပလူပျံနေကြသည်။တင်သိန်းအေးတစ်ယောက်ဧည့်ခန်းထဲကဆက်တီခုံပေါ်ထိုင်ရင်းအတွေးတို့နယ်ချဲ့နေမိသည်။ဘာလိုလိုနဲ့သုံးဆယ့်ငါးထဲရောက်လာပြီ။အစွံထုတ်ဖို့ကြံလိုက်တိုင်းလဲရွှေပြည်တော်မျှော်လေတိုင်းဘဲဝေးနေလားမသိ။ရည်းစားလေးထားလိုက်မိပါတယ်။အရာရာနဲ့အကြောင်းကြောင်းနဲ့ ပြတ်သွားရပြန်တော့လက်ရှိကနေလက်မဲ့ဘ၀ရောက်နေရပြန်ရော။
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Thursday, March 20, 2014
Monday, July 29, 2013
တင်သိန်းအေးနှင့်ပိန်ဆေး
“ ဘာလဲ မစန်းမြင့် ဘာပြမလို့လဲ ”
တရုံးထဲလုပ်နေသည့်ဌာနတူလုပ်ဖော်ကိုင်ဖက်မစန်းမြင့်ကထမင်းစားချိန်လေးဝတ္တုစာအုပ်ဖတ်ပြီးဇိမ်ကျ တုန်းအထုပ်လေးတစ်ထုပ်ကိုင်ပြီးအနားရောက်လာသည်။စာအုပ်ဘေးချပြီးတင်သိန်းအေးအနားလာထိုင် သည့်မစန်းမြင့်ကိုကြည့်လိုက်တော့မျက်နှာကမချိုမချဉ်နှင့်။ပြီးတော့အနားကပ်ပြီးပြောသည်။
" တင်တင်ခုဝိတ်ချမလို့ဆိုဝေေ၀ထွန်းပြောတာအမကြားလိုက်သလားလို့ ”
“ ဟုတ်တယ်လေ နည်းနည်းဝနေလားလို့ ”
တင်သိန်းအေးဖြေလိုက်တော့မစန်းမြင့်မျက်နှာကအားတက်သရောဖြင့်မေးလာသည်။
Wednesday, April 3, 2013
တင်သိန်းအေး
“ မကြီး ..မကြီး မကြီးအတင်းကိုလေ ဟိုဘက်ခြံက
ဒေါ်ကြီးမရယ်လေ လမ်းထိပ်ကဓမ္မာရုံမှာ မုန့်ဟင်းခါးချက်ရင်းနဲ့ အတင်းပြောနေတာ ကြားခဲ့တယ်သိလား
”
ညွန့်ညွန့်စိန် အသံကြောင့် တင်သိန်းအေး
ငိုက်မျဉ်းနေရင်းမှ ခေါင်းထောင်သွားသည်။ အမေက ဟိုဘက်ရပ်ကွက်ကအမျိုးနာရေးကိစ္စနဲ့ ခန
သွားနေတုန်း တင်သိန်းအေးတစ်ယောက်ဆန်ရွေးရင်း ဆန်ကောထဲမှာပင် စပါးလုံးကောက်ပြီး သားရေတမြှားမြှားနှင့်
ငိုက်မြည်းနေလေ ရာ ညွန့်ညွန့်စိန်အသံကြောင့် မျက်လုံးပင်ကျယ်သွားလေသည်။
Thursday, February 28, 2013
အလန်းဇယား ၃၅
ကျွန်မနာမည်လား
တင်သိန်းအေးလို့ခေါ်တယ် ။ နာမည်ကြီးကဘယ်လိုကြီးလဲလို့မပြောနဲ့နော် ။ အမေနာမည်က တင်တင်အေး အဖေနာမည်က ဦးသိန်းအေး။ ဦးသိန်းအေးနဲ့ ဒေါ်တင်တင်အေးနဲ့
ညားကြတော့ ကျွန်မဘ၀က တင်သိန်းအေးဖြစ်လာရော ။ မောင်နှမမွေးချင်းလား ။ အိုး ရှိတာပေါ့
။ သုံးယောက်။ အထက်အောက် အကိုနဲ့ မောင်ကြားမှာ ကျွန်မက အလတ်လေ။ အလတ်ဆိုတဲ့ အတိုင်းမျာ.းလတ်နေလားမသိပါဘူး။
ဟိုနားလပ်ဒီနားလပ်နဲ့ လပ်လိုက်တာ ။ ခုထိကို လပ်နေဆဲ ။ လစ်လပ်နေတာပြောပါတယ်။
Monday, September 24, 2012
ဂျာရစ်၊ သမ္မတကြီးနှင့် ၂၄ နာရီ အာဏာရခြင်း
ဂျာရစ်ခုတလော နေမထိ ထိုင်မရ မျောက်ငပိထိသလို ခုန်ဆွ ခုန်ဆွ ..အရင်ကမသုံးတဲ့ဖေ့ဘွတ်ကိုစသုံးပြီးကတည်းက သူများတွေဖေ့ဘွတ်စွဲသလို စွဲမှာကြောက်လို့ ဖြတ်နေပါတယ်ဆိုမှ . ခုတလောမွှေးတဲ့မီးကိုစိတ်ဝင်စားမိတာကနေ . နေ့မနားညမအား မအိပ်နိုင်မစားနိုင် ဖီလင်တွေတက် ခံစားချက်တွေပေါက်ကွဲ အပေါက်ဖြဲပြီး သတင်းတွေ လိုက်ရှာလိုရှာ . .
အရင်က ဘယ်နိုင်ငံရေး ဘယ်အကြောင်းတင်တင်စိတ်မ၀င် စားခဲ့လေသမျှ ခုတော့ စိတ်ဝင်စားလိုက်သမျှ . ဘာဟင်းချက်မလဲ သတိတောင်မရတော့ပြီ. ခပ်ရှင်းရှင်းပြောရရင်တော့ဖီလင်တောင်မလာတော့ပြီ. ။
တက်လာသမျှသတင်းတွေကို ဖတ်ရင်းဖတ်ရင်း ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား ငါလဲမလုပ်တတ်ဖူး ဆိုသည့် စာတန်းများအောက်တွင် ဂျာရစ်တစ်ကောင်ပတ်ချာလည်နေလေသည်။
Tuesday, July 17, 2012
တေလေဂျပိုးမလေး
ယောကျာင်္းရေ ..
ဘယ်ကနေဘယ်လိုစပြောရမှန်းတောင် မသိလောက်အောင်အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေတယ် ။
ရှင်မှတ်မိဦးမလား . ရှင်နဲ့ကျုပ်စတွေ့တုန်းကလေ .....ကျုပ်ကိုရှင်က မွေ့ယာအောက်မှာပေါက်တဲ့ ကောင်မလေးလို့ ပြောတယ်...
ကျုပ်ကရှင့်ကို နံရံကြားကကောင်လေးလို့ ပြောတယ်။ သိပ်ချစ်စရာစကားလုံးလေးတွေနဲ့ေ ပါ့၊
ကျုပ်တို့နှစ်ယောက်တွေ့ပြီးသိပ် မကြာပါဘူး နံရံပေါ်တွေနား အကြိုအကြားတွေ နား လျှောက်သွားရင်း ညားခဲ့ကြတယ်လေ။ သူများလို သိန်းတရာနှစ်ရာ ကုန်အောင်မင်္ဂလာဆောင်စရာတောင်မလိုပါဘူး ။ နားလည်မှု့အပြည့်နဲ့ဘဲ ညားခဲ့ကြတာဘဲလေ။
Tuesday, December 13, 2011
ဖိုတိုဂျဲနစ် ဂျာရစ်
ဂျာရစ်သည်မည်သူနည်း။ဂျာရစ်ဘာကြောင် ဖြစ်ပေါ်လာရသနည်း ဟူသော မေးခွန်းများ လာဖွယ်ရာရှိသဖြင့် ကြိုတင်ဖြေကြားခြင်းအလို့ငှာ တရက်သ၌ ကျုန်ုပ် မိမိပျောက်ကလေးသည် ပျင်းသည်နှင့် (တနည်း) လက် အားခြင်းလဲဖြစ်သဖြင့် မျောက်တို့သဘာဝ အငြိမ်မနေနိုင်ခြင်းရှိလေရာ ဗျူတီးစလွန်းသို့သွား၍ ချို့တဲ့သော ရုပ်ရည်ကို ပြောင်းလဲစေရန် သွားရောက်အားထုတ် ကြိုးပမ်းလေသည်။
Subscribe to:
Posts (Atom)






