Showing posts with label ဒိုးကန်မွေးနေ့. Show all posts
Showing posts with label ဒိုးကန်မွေးနေ့. Show all posts

Friday, September 19, 2014

Happy Birthday

သူမ
သေမိန့်ကျခံထားရတဲ့ စမ်းချောင်း
သူမ
အထပ်ထပ် ခုတ်ပိုင်းခံထားရတဲ့မြစ်
သူမ
အနာတရများတဲ့ ပင်လယ်
သူမ
ဝေဒနာတွေကို တခုတ်တရ ထမ်းပိုးထားတဲ့သမုဒ္ဒရာ

သူမ

မွှေးပျံ့ ထုံအီတဲ့ နောက်ဆုံးပေါ်ဗားရှင်း
သူမ
စုတ်ချက်ကြမ်းတဲ့ ဆီဆေးပန်းချီ
သူမ
နှစ်သက်မြတ်နိုးဖွယ် တော်ဝင်ကေသာ
သူမ
လူကြိုက်နည်းတဲ့ ကိုယ်ပိုင်သံစဉ်

သူမ
နူးညံ့သိမ်မွေ့တဲ့ ကျေးလက်ညနေခင်း
သူမ
ပစိပစပ်များတဲ့ မြို့ပြအလှတရား
သူမ
အနုပညာဆန်တဲ့ အရှေ့ ဆီကတောင်တန်း
သူမ
ကြမ်းတမ်းခက်ထန်တဲ့ အနောက်တောင်လေ

သူမ
အကောင်းဆုံးသရုပ်ဆောင်မင်းသမီး
သူမ
ရယ်စရာအကောင်းဆုံး လူရွှင်တော်
သူမ
အတော်ဆုံး ဒါရိုက်တာ
သူမ
၂၀၁၄ရဲ့ သနားစရာအကောင်းဆုံး ပွဲကြည့်ပရိတ်သတ်

သူမ
ချစ်စရာကောင်းသူ
မုန်းစရာကောင်းသူ
နှစ်လိုဖွယ်ကောင်းသူ
စိတ်ပျက်စရာကောင်းသူ
woody woodpeckerကြိုက်သူ
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့သူ
.
.
မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုရင်
00:45 (GMT)

Wednesday, September 19, 2012

Happy Birthday To You

ဒီနေ့ ဒိုးကန်မွေးနေ့..
အလုပ်တွေကလည်း မအားကြတဲ့ကြားကပဲ ကျွန်တော်တို့ သူ့မွေးနေ့ပွဲလေးကို လုပ်ဖြစ်ခဲ့ကြတယ်။ အစကတော့ ရေတံခွန်ကိုခေါ်သွားပြီး -တောင်ထိပ်ရောက်မှ သူ့ကို အံ့သြသွားစေမဲ့ မွေးနေ့လေး လုပ်ပေးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ သူနေမကောင်းတာကြောင့်ပဲ အစီအစဉ်က ပြောင်းသွားခဲ့ တယ်။ Hilam Copitiam မှာပဲ ကျွန်တော့်ရဲ့ ဆိုးဖော်ဆိုးဘက် ပုခုံးဖက်ပေါင်းတဲ့လူတွေဖြစ်တဲ့ မင်းဧရာ၊ မောင်ဝင်းထွန်း၊ မောင်ချမ်းမင်း( ထာဝရသစ္စာ)တို့နဲ့ ပွဲလေးတစ်ပွဲ လုပ်ဖြစ်ခဲ့တယ်။ အထူးခြားဆုံး လက်ဆောင်ကတော့ ကိုမင်းဧရာရဲ့ စိတ်ကူးတစ်ခုလေးပါ။မွေးနေ့မှာ ဒိုးကန်ကို ငှက်နှစ်ကောင် ရအောင်ရှာပေးပြီး လွှတ်စေခဲ့တယ်။ သူပျော်တာနဲ့တင် ကျွန်တော်လည်း ရောရောင်ပြီး ပျော်တယ်..။ ကျန်တဲ့လူတွေလည်း -ပျော်ကြတယ်.။
နောင်နှစ် နောင်နှစ်တွေတိုင်းမှာလည်း ပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာကို ပိုင်ဆိုင်ပါစေမိန်းမရေ..။
 
Related Posts Plugin for WordPress, Blogger...