ဒီတစ်ခေါက် ဂျာရစ် မြန်မာပြည်ပြန်တော့ လိုအပ်တဲ့ဟာလေးနည်းနည်းဝယ်ချင်တာနဲ့ မေမေနဲ့အတူ သိမ်ကြီးဈေးဘက်ကိုရောက်ခဲ့တယ်။ ထုံးစံ အတိုင်းပေါ့နော် သိမ်ကြီးဈေးကြီးကတော့ ရောင်းဝယ်ဖောက်ကား စည်ကားနေလိုက်တာ အရင်လိုပါဘဲ။ မပြောင်းလဲပါဘူး ။ လူတွေ ကြိတ်ကြိတ် တိုးနေတာလည်း အရင်အတိုင်းဘဲ ။ သိမ်တော်ကြီးနား လမ်းဘေးမှာရောင်းနေကြတဲ့ အစားအသောက်သည်တွေကလည်း အရင်အတိုင်းဘဲ ရောင်း ၀ယ်နေကြဆဲဘဲ ။ နေပူပူ လေပူပူအောက်မှာ ယင်တစ်လောင်းလောင်းကို ဇကာလေးနဲ့ ဖုံးပြီး ရောင်းနေကြတာဘဲ ။ ၀က်သားတုတ်ထိုးသည်ကလည်း စားပြီးသားတုတ်ကလေးတွေကို ပြန်သိမ်းလို့ ဘေးမှာရှိတဲ့ ဒီဇယ်ပုံးအလွတ်သေးသေးလေးထဲ ထည့်ထားတဲ့ရေလေးနဲ့စိမ်ပြီး တုတ်ကလေး -တွေ ပြန်သုံးဖို့ပြင်နေလေရဲ့။ ငါးဆုပ်လုံးသုပ်သည်ကလည်း ခဲတံချွန်တဲ့ဓားလေးနဲ့ ဂေါ်ဖီတွေကိုပါးပါးလှီးလို့..။မုန့်ဟင်းခါးသည်ကလည်း ဘေးမှာ -ရေဇလုံလေးနှစ်ခုချပြီး လူတွေစားပြီးတာနဲ့ ပန်းကန်တွေကို ရေဇလုံတစ်ခုထဲထည့်ပြီး ချက်ခြင်းနှိုက်ပြီး နောက်ဇလုံလေးထဲထည့် ကမန်းကတန်း ပြန်ထုတ်လို့ စားမယ့်လူတွေအတွက် ပြင်နေလေရဲ့။
Showing posts with label တောင်ရောက်မြောက်ရောက်စာ. Show all posts
Showing posts with label တောင်ရောက်မြောက်ရောက်စာ. Show all posts
Thursday, June 7, 2012
Wednesday, May 23, 2012
ဂျာရစ် အိပ်ယာနိုးခြင်းနှင့် တစ်ဆယ်တန်ပြတိုက် အကြောင်း
ဂျာရစ်လား သူအိပ်နေတယ် ..
အဲလေ.. ဂျာရစ်လား သူပျင်းနေတယ် . ပျင်းတာမှ တော်တော်ပျင်းတာ...လက်သည် ရှာမရအောင်ကိုပျင်းနေတာ . စာတွေကလဲ ဟိုနားတစ်ပုဒ် ဒီနားတစ်ပုဒ်နဲ့ ကလေးများ ချုံပုတ်တခွင် ပြဲပြဲစင် ချီးတစ်ပုံပီး တပုံပါထားသလိုဘဲ ဟိုနား သေးသေးတစ်ပုံ ဒီနား အကြီးကြီးတပုံနဲ့ အပုံလိုက် အပုံလိုက်ပါဘဲ ..။ (မျက်စိထဲကွင်းကွင်း ကွက်ကွက်ပေါ်လာအောင်နှိုင်းပြတာပါ)။ ဖိနပ်တစ်ဖက်စီကိုင်ပြီး လျှောက်သွားနေလိုက်တာ တနေ့တနေ့ ဖွဘွတ်ကြီးထဲ ပျော်မြူးလို့ ၊ သူရဲကောင်းတွေရဲ့ အော်ဟစ်သံတွေ အတင်းအဖျင်း ဒလဒင်းတွေ၊ အဲလေ သတင်းတွေ .. မန့်လိုက် ရန်ဖြစ်လိုက် ထွက်ပြေးလိုက်နဲ့ ဟိုဝင်ဒီထွက် အိမ်ယာမဲ့လူတန်းစားလို ပျော်မြူးနေလိုက်တာများ . ဖလန်းဖလန်းကိုထလို့ ။
Wednesday, August 31, 2011
Tuesday, August 23, 2011
Subscribe to:
Posts (Atom)