စာဖတ်သူကို မေးပါရစေ။သရဲတစ္ဆှေ ရှိတယ်ဆိုတာကို ယုံကြည်မှုရှိပါသလား။အကယ်၍ သင်ဟာ ယုံကြည်မှုရှိတယ်ဆိုတဲ့ စာရင်းထဲမှာပါဝင်ခဲ့ရင် ဘ၀မှာ သင်ကိုယ်တိုင် ကြုံတွေ့ခဲ့ဘူးပါသလား..။ ဘယ်လိုအနေထားမျိုးနဲ့ ကြုံတွေ့ခဲ့ဘူးပါသလဲ။ ကျွန်တော့်အနေနဲ့ကတော့ သရဲ၊ တစ္ဆေရှိတယ် ဆိုတာကို လက်ခံခဲ့ပေမဲ့ မွေးကတည်းကနေ ၂၀၀၉ ခုနှစ်အထိ သရဲ၊ တစ္ဆေတွေရဲ့ ခြောက်လှန့်ခြင်းကို တစ်ကြိမ်တစ်လေမှ မကြုံဘူးခဲ့လေတာ့ ရှိတယ်ဆိုတာထက်ပဲပိုပြီး တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ဘ၀တစ်လျှောက်လုံး တစ်ကြိမ်တစ်လေမှ မကြုံခဲ့ဘူးပေမဲ့ တကယ် သရဲ၊ တစ္ဆေ (သို့) မကျွတ် မလွတ်တဲ့သတ္တ၀ါနဲ့ ကြုံတွေ့ခဲ့ရတော့လည်း သူနဲ့မှ (၃)နှစ်လောက် တစ်ခန်းထဲအတူတူနေခဲ့ရတဲ့အဖြစ်နဲ့ကို ကြုံခဲ့ရတယ်။ တစ်ခါမှ အဲ့ဒီလို ကြုံခဲ့ ဆုံခဲ့ဘူးတာ မရှိလေတော့ အစမှာ တော်တော့ကို ဒေါသထွက် စိတ်ခြောက်ခြားခဲ့တယ်။ နောက်ပြီး မကြုံဘူးတော့ ဒါဟာ သရဲခြောက်တာလား ဆိုတာကို လက်ခံဖို့တောင် ခက်ခဲပါတယ်။တကယ်တော့ ကျွန်တော်ဟာ သရဲခြောက်ခံခဲ့ရတာမဟုတ်ပဲ နေ့ခင်းကြောင်တောင်ကြီး နေရာလုတာကို ခံခဲ့ရတာလို့ ပြောရင် ပိုမှန်လိမ့်မယ်ထင်တယ်။ စာဖတ်သူ ဆက်ပြီး ရှုကြည့်ပါအုံး..
Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts
Tuesday, July 3, 2012
Wednesday, June 20, 2012
ပုံရိပ်တို့၏ နောက်ဆုံးနေ့ရက်များ (1929-2012 )
ရေချိုးနေတာကြာလို့ အိမ်သန့်ရှင်းရေးလုပ်ရင်းက သွားကြည့်လိုက်တော့ ရေစည်ဘေးမှာထိုင်ချလို့ ..အဖိုးမြန်မြန်ချိုးလေဆိုတော့ အသံမထွက်လို့ ပြေးကြည့်မိတော့ ရေစိုပုဆိုးကိုကိုင်လျှက်သား တိုင်ကီကိုကျစ်ကျစ်ပါအောင်လက်တစ်ဖက်ကဆုပ်ထားလို့ ..
ဘာဖြစ်တာလဲဆိုပြီး ပြေးထူတော့ မလှုပ်နိုင်တော့ဘူး ။ အိမ်မှာလဲဘယ်သူမှရှိ.။ အိမ်အသစ်ကိုရောက်ခါစ ။ ပတ်ဝန်းကျင်အသစ်နဲ့ . ကျနော်ကပြန်လာကာစ . အသားကမကျသေး. ဘေးပတ်ဝန်းကျင်ကိုလှမ်းအကူ အညီတောင်;တော့ ဘေးတစ်ဖက်တစ်ချက်အိမ်က အန်တီတွေ ခြံထဲကိုသော့ဖွင့်ဝင်လာပြီး လာကူတယ် ။
Monday, April 16, 2012
ဂျာရစ်နှင့် မှတ်ပလားဟဲ့ သင်္ကြန်
သင်္ကြန်နားနီးလာတော့ တူးပို့သံလေးတွေ ဟိုနားကြားရသည်နားကြားရ... ဖေ့ဘွတ်ပေါ်တွင်လည်း ပိတောက်ပန်းလေးတွေ ငုပန်းလေးတွေ ဟိုနားမြင်ရ၊ သည်နားမြင်ရ...သင်္ကြန်ကျရင် ဘာလုပ်မကွ ဆိုတဲ့ ကြိမ်းမောင်းသံလေးတွေလဲ ဟိုနားကြားရ သည်နားကြားရ..သည်နှစ်တော့ဖြင့် ဘယ်လမ်းမှာ မဏ္လပ်အများဆုံး..အဲနားက ပိုစည်မှာဆိုတဲ့ ခန့်မှန်းသံလေးတွေလဲလည်း ဟိုဟိုသည်သည်ပျံ့ ဝဲလို့ ..တကယ်တမ်းသင်္ကြန်ကျလာတော့ အောင်မလေး ကြောက်စရာဓာတ်ပုံများကသာ ပလူပျံလာသည်။ တရုတ်ကားထဲကလိုပြောရရင်တော့ မခံယူဝံ့ပါဘူး မဟုတ်ဘူး .. မမြင်ဝံပါဘူး မမြင်ဝံ့ပါဘူး ။
Saturday, April 14, 2012
အထီးကျန် ကမ္ဘာဂြိုဟ်သားတစ်ယောက်ရဲ့ ပြည်တော်ပြန် ခရီး
စာရေးချင်ပေမယ်ရေးဖို့ အကြောင်းအရာတွေ ရှိနေပေမယ့် ခုလောလောဆယ် မရေးနိုင်သေးဘူး။ စိတ်မကောင်းစရာတွေ ရင်ထဲမှာအပြည့်နဲ့ မွန်းကြပ်နေလို့ အလုပ်ထဲမှာဘဲ အာရုံစိုက်ထားမိတယ် ။ ဘယ်ဘလော့ကိုမှ သေချာမရောက်ဖူးဖြစ်နေတာတော့ မောင်နှမတွေအားလုံးခွင့်လွှတ်ပေးစေချင်ပါတယ်။ ငါးရက်တာပြည်တော်ပြန်ခရီးက ပုံတွေကို တင်ပေးချင်တယ် ။ ပရောဖက်ရှင်နယ်ကင်မရာ မန်း မဟုတ်လို့ ရိုက်တတ်သလို ရိုက်လာခဲ့တယ် ။ ဒီတစ်ခါတော့ ပုံတွေကိုသာ အားပေးသွားကြပါဦး။ ![]() |
| ရောက်ရောက်ခြင်းညမှာ ရွှေတိဂုံပေါ်ကိုတက်ခဲ့တယ် အချိန်မရမှန်းသိလို့ တန်းသွားဖြစ်လိုက်တယ်. မွန်းကျပ်လာသမျှ တဒင်္ဂဖြေလျော့သွားတယ် ..အေးချမ်းလိုက်တာ ..ဘာနဲ့မှနှိုင်းယှဉ်လို့မရဘူး |
Saturday, December 31, 2011
Happy Birthday ဒီဇင်ဘာ ..I love You ဒီဇင်ဘာ ...Goodbye My love.. ဒီဇင်ဘာ
ကျမတို့တစ်တွေ ဆောင်းနှင်းဖွေးဖွေးလေးတွေကျတတ်တဲ ဒီဇင်ဘာကိုချစ်ခဲ့ကြတယ်။Sweet December တဲ့ ချိုသော ဒီဇင်ဘာအဖြစ်နဲ့ မွေးနေ့ကို နှုတ်ခွန်းဆက်ကြတယ်။ဟက်ပီးဘက်ဒေးပါ ချိုသော ဒီဇင်ဘာ။
တခါတလေမှာ သူက လေအေးအေးလေးတွေနဲ့ ကြိုဆိုတတ်သလို တခါတလေ သူမပျော်တဲ့အခါ နှင်းမှုန် -လေးတွေနဲ့ ကျီစယ်ပြန်တယ်။သူ စိတ်ကောက်တဲ့အခါ နှင်းမှုန်တိုင်းကြမ်းကြမ်းနဲ့ အရိုးခိုက်အောင် ပညာပြ တတ်သေးတယ်။ကလေးဆိုးကြီးတစ်ယောက်လို အင်မတန်ချစ်စရာကောင်းတဲ့ ဒီဇင်ဘာ။
Wednesday, November 16, 2011
Friday, October 28, 2011
Monday, September 26, 2011
Friday, August 5, 2011
Saturday, July 16, 2011
စာရေးဆရာချစ်ဦးညိုရဲ့ (မြောက်ဥက္ကလာ ဈရပ်ကွက်)စာပေဟောပြောပွဲ

စာရေးဆရာ ချစ်ဦးညိုရဲ့ (မြောက်ဥက္ကလာပ "ဈ" ရပ်ကွက် စာပေဟောပြောပွဲ)မှ အသံဖိုင်ဖြစ်ပါတယ် ခင်ဗျား။ လေးစား ကြည်ညိုသူများ အသံဖိုင်မှတစ်ဆင့် ဆရာ့ဟောပြောမှု ဆရာ့အသံကို နားဆင်နိုင်ပါတယ်။
source:lanthit
Subscribe to:
Posts (Atom)

