Showing posts with label ကျွန်တော် ဖတ်ဖို့. Show all posts
Showing posts with label ကျွန်တော် ဖတ်ဖို့. Show all posts

Wednesday, January 25, 2012

စိတ်

ဒီလို ရာသီဥတုမျိုးပေါ့ ကျွန်တော် မနှစ်သက်တာ..စိုထိုင်းထိုင်း မှုန်ကုပ်ကုပ်နဲ့။လူကို ပျင်းရိသလိုလို ဆွေးမြေ့သလိုလို ဖြစ်စေတာ။တောင်ပေါ်ကို လှမ်းကြည့်တော့လည်း သစ်ပင်တွေတောင် “ငိုက်မြည်းနေ ကြတယ်။“ရှုတည်တည်ကြီးနဲ့..ဘယ်လို ရာသီဥတုလဲဟ”လို့ ကျိန်ဆဲရင်း လျှောက်လာတာ လမ်းအကွေ့ရောက်တော့ တရုတ်အဘိုးကြီးတစ်ယောက်နဲ့ တွေ့တယ်။“မင်္ဂလာပါ..ကောင်လေး”တဲ့ ဗမာလို ကောက်တွတ်တယ်။အသာပြန်ပြုံးပြရင်း “မင်္ဂလာပါ အဘိုးကြီး”လို့ပြန်နှုတ်ဆက်တော့ “အေး”ဆိုပြီး သူကလည်း သူ့လမ်းသူသွားတယ်။ဒီတရုတ်အဖိုးကြီးက သူမင်္ဂလာပါ ပြောတဲ့ အချိန်မှာ သူ့ကို မင်္ဂလာပါ ပြန်ပြောမှ သူက ကြိုက်တာ။ပြန်မပြောလို့ကတော့ ဗမာလို ဆဲတော့တာပဲ။ဘယ်သူက သင်ပေးထားလည်း မသိဘူး။“မင်္ဂလာပါရယ် ဆဲတာရယ်ပဲ သိတာ။အဲ့တော့ သူက မပြောခင်တစ်ခါတစ်လေ ကိုယ်က အရင်စပြော ထားရတယ်။

Related Posts Plugin for WordPress, Blogger...