Friday, August 5, 2011

သစ္ဆေပြောသောငယ်ပုံပြင်.




(၁)
ကန်ရာသီ၏ မိုးညဦး၌ ကျမဆိုသော ခပ်ဆိုးဆိုး ခပ်ပေပေ မိန်းခလေးတစ်ဦးကို စစ်ဆေးရုံတစ်ရုံ၌လောက ထဲသို့
အရောက်ပို့မွေးဖွားလေသည်။မမွေးခင် အမေ့ချဉ်ခြင်းတတ်ခြင်းသည် မာလကာသီး စားချင်သလို မွေး ခါနီးတစ်ညတွင် ချန်ပန်ဇီးရုပ်ရှင်ကားကို အရမ်းကြည့်ချင်သဖြင့် သွားကြည့်လေသည်။အမေ  အပြောအရ အဖေသည် အမေမွေးချိန်တွင် အနားမှာမရှိ ဘောလုံးကန်နေသည် ဟူသတတ်။နို့ဗူးအထိန်းဖြင့်ကြီးရသော  ကျမသည့် အမေအလုပ်မသွားခင်တွင် အမေ့နို့ကိုအ၀စို့တတ်ပြီး ပြန်လာသည်အထိ အငတ်ခံတတ်ကာ  အေ မပြန်အလာကိုစောင့်လေသည်။

အဖေသည်ဝင်းဦး၏ တစ်ရောင်တည်းမခြယ်သီချင်း အားဆိုရင်းချော့သိပ်ခါ မရသောအပိုဒ်တို့တွင် ဗူးသီးေ ကြာ်ဗရာကြော်ဟုသီချင်းအသစ်များ စပ်ဆိုတတ်လေသည်။ညအိပ်သည့်အခါ စို့သောနို့ဗူးအား လက်နော က်ပြန် ပစ်တတ်သောဥာဉ်ကြောင့်အဖေခမျာနဖူးပေါ်နို့ဗူးခဏခဏကျသည်ဖြစ်လေရာ အမေ့အား“ မင်း.. သ မီးကွာနို့ဗူးကို ဝေးဝေးထား..ကြာရင်ငါနဖူးကွဲလိမ့်မယ်” ဟုပြောလေသည်။


(၂)
မွေးပြီး ၂လအရွယ်တွင် အမေသည် နယ်သို့ပြောင်းမိန့်ကျရာ ထိုစဉ်က မအေးချမ်းသောနယ်မြေ တစ်ခုဖြစ် သည်။ရွှေကျင်မြို့သို့ ပြောင်းရွှေ့ရလေသည်။၂ လသားကလေးငယ်နှင့် ဆရာမ ငယ်ငယ်ချောချောကလေး သည် လင်သားမပါပဲ တစ်ယောက်ထဲထိုမြို့သို့သွားရောက် တာဝန်ထမ်းဆောင်ရလေသည်။ လက်နက်ကြီး လက်နက်ငယ်သံများ ပစ်ခံသံများကို ကြားဖူးနားဝမရှိသော မြို့သူအမေသည် ထိုအသံများကိုကြားသောအခါ ၂ လသား ကလေးငယ်ကျမကို ရင်ဝယ်ပိုက်ပြီးဆေးခန်းအလုပ်သမားများနှင့် ထွက်ပြေး ခဲ့ရလေသည် ဟူသတတ်...။

စကားစပြောသောအရွယ်တွင် သူများလို “ဖေဖေ၊မေမေ”အရင်မခေါ်ပဲ ထူးဆန်းစွာ“ပန်း…ပန်း”ဟု ခေါ်ကာ
နောက်ထွက်သော စကား တစ်လုံးမှာ“ ဘုန်းကြီး..ဘုန်းကြီး”ဟူသတတ်။၉လအရွယ်တွင်ရေဒီယိုမှလာသော သူ့လက်သံအခန်းတွင် စောင်းဦးဘသန်း၏စောင်လက်သံကို ကြားသော ကလေးအရွယ်ကျမသည် ထူးဆန်း စွာပင်တရှုံ့ရှုံ့နှင့်ချူံးပွဲချရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ထိုသီချင်း- ကြီး သီချင်းခန့်များစောင်း တယောသံတို့ကို နားထောင်၍ မရသည်မှာထူးဆန်းစွာ ယနေ့ အထိပင်ဖြစ်လေ သည်။

(၃)
ဝန်ထမ်းမိဘနှစ်ဦးမှ မွေးဖွားသောကျမသည်.အထိန်းမရှိသည့် ကာလများတွင် အဖေရုံးသို့တလှည့်အမေ့ အလုပ်သို့တလှည့်လိုက်နေရလေသည်။ မိခင်အလုပ်တွင် ဆရာဝန်ဆရာမများသည်ကျမသူငယ်ချင်းများဖြစ် ကြသလို လူနာကြည့်ချိန်တွင် ဆေးတွန်းလှည်း ပေါ်ခိုစီးလိုက်သူမှာ ကျမဟူသော မျောက်ကလေးပင်။
၀၀ကစ်ကစ်ပါးဖောင်းဖောင်းလေးနှင့်ကျမသည် လူနာများ၏ချစ်ခင်မှု့နှင့်တခါတလေ သူတို့လူနာခန်းထဲ တွင်ပင် ဆော့ကစားကာကျန်ခဲ့လေသည်။အဖေအလုပ်ထဲတွင်မတော့ နှုတ်ခမ်းမွှေးကားကားကြီးနှင့်ဘဘကြီး 
ဦးမြကွမ်းကို အသေကြောက်သူမှာကျမ။သူတို့မိသားစုကလည်း ကျမကိုချစ်လိုက်သည်မှာ ပြောဖွယ်မရှိ။ ကလေးကြီးများသာရှိသောသူတို့အိမ်တွင်လည်းကျမသည် ဗိုလ်အဖေ့ရုံးထဲရှိ ဓာတ်မှန်ရောင်ခြည်စက်ကြီး များကိုအ၀တ်အုပ်ထားသည်ကို သွားသွားချောင်းရင်း ကြောက်ရသည်မှာအမောပင်။အမေဖက်တွင်မြေးဦးဖြ စ်သလို စကားတတ်သော ချစ်စရာကောင်းသောကျမသည် အဘိုး အဘွားတို့၏ အချစ်တော်ဖြစ်လေသည်။ အဖေဘက်မှ ဆွေမျိုးများသည် ရန်ကုန်မှာသာရှိလေရာ ရံဖန်ရံခါမှသာ ရန်ကုန်သို့ရောက်သည်။ပြောလျှင် အဖေ့ဘက်နှင့်သွေးဝေးနေ၏။

(၄)
နယ်မြို့လေးတွင် ဘယ်သွားသွားစက်ဘီးဖြင့်သွားရကာ မိခင်ပေါင်ပေါ်တွင် ထိုင်ကာတမြို့လုံးသို့ သွားလေ သည်မြို့ထဲကတရုတ်ဆိုင်တွင်လူကြီးများ ငါးခေါင်းဟင်းချိုကို မြေအင်တုံဖြင့်သောက်သောအခါ ကျမသည် ခုံပေါ် တက်၍ မမှီ့တမှီနှင့်ငုံးဥကိုနှိုက်လေသည်။ငါးနှစ်သမီး တူကိုင်သောလက်သည် စားပွဲပေါ်တွင် ထမင်းစေ့များ အလုံးလိုက်။အကြိုက်ဆုံးကား တရုတ်ဆိုင်မှခေါက်ဆွဲကြော်ပင်ဖြစ်လေသည်။ ရံဖန်ရံခါ အဖေ  ရန်ကုန်မှ ဒံပေါက် ၀ယ်လာလျှင် သတင်းစာဖြင့်ထုတ်သော ရနံ့ကိုအင်မတန်ကြိုက်သည်။ထိုစဉ်ကတော့ ကြက်လျှာစွန်းပေါ့ မြို့လေး၏ရုပ်ရှင်ရုံတွင် အဖေနှင့်အမေရုပ်ရှင်ကြည့်သောအခါ ခလေးဖြစ်လို့လက်ရမ်း တန်းတွင်တင်ထားသော ကျမသည် ပျင်းရိငြီးငွေ့စွာအိပ်ပျော်တတ်လေသည်။ရုပ်ရှင်ပြီး၍ဖွင့်သော မီးရောင် ကိုအသေမုန်းသည်။ဖခင်၏ ပခုံးထက်တွင်ငိုက်မြည်းပြီး လိုက်ရသည့်အခါအိမ်သို့မန်မြန်ပြန်ရောက်ချင်သည်.
သင်္ကြန်မိုးရုပ်ရှင် ရုံတင်သဖြင့် အမေနှင့်အမေသူငယ်ချင်းအန်တီတို့ သွားကြည့်သည်ကို မှတ် မိနေသေးသည်။ရေကူးသင်သောအခါတွင် ရေထဲ၌ဆော့ရသည်ကို အလွန်ပျော်လေသည်။ကျောင်းနေသော အရွယ်တွင်မြို့ထဲ၌ နာမည်အကြီးဆုံး ခရစ္စယာန် ကျောင်းတွင်ကျောင်းတက်ရလေသည်။

(၅)
ကျောင်းမဖွင့်ခင်ကတည်းက စာကြိုကျက်ရသောကျမ..ဘုရားစာများကျက်ရသော ကျမသည်.အများသူငါ ခလေးများလိုပင်မြေကွက်လပ်၌ဆင်း၍ဆော့ကစားချင်ခဲ့သည်။စည်းကမ်းတင်းကြပ်သောအမေသည်.စာကျ
က်ခြင်းတစ်ထောင့်တစ်ညပုံပြင်များဖတ်စေခြင်း.ဘုရားစာများကိုနှုတ်တိုက်ချပေးခြင်း..နေ့ခင်းတွင်တစ်ရေ
အိပ်စေ ခင်းဖြင့်ကျမ၏ခလေးဘ၀ အားလပ်ချိန်များကို ကုန်လွန်စေခဲ့လေသည်။ကျမအမုန်းဆုံးအရာတစ် 
ခုပြောဖို့ကျန်ခဲ့ပါသည်။.နေ့လည် အိပ်ယာကနိုးချိန်တွင် အမေတိုက်သော .ကွေကာအုပ်နှင့်နို့ကို ကျမအလွန်မုန်းလေသည်။မသောက်ချင်.အမေ့ကိုကြောက်သဖြင့်သာ ကြိတ်မှိတ်သောက်ခဲ့ရသည်များမှာ
.နေ့ ရက်တို့များစွာ စာမေးပွဲတွင်အဆင့်လုရသည်မှာ.အတန်းတိုင်း ကျမ၏ပုံမှန်တာဝန်။ရီပို့ကတ်ရောက်  လာတိုင်း..အဆင်.၂သို့မဟုတ်၃လောက်ရောက်သွားလျှင် အဲဒီနေ့ကျမအတွက် ကမ္ဘာပျက်သည့်နေ့ပင် …..

(၆)
အမေသည်စည်းကမ်းကြီးလှစွာတကား…ငယ်ငယ်ရွယ်ရွယ်ကျမသည်အမေလုပ်သလို..တစ်ချောင်းထိုးအပ်ကို
၇နှစ်သမီးအရွယ်ကတည်းကစတင်ကိုင်ခဲ့ရသည်။.ဘုရားဟောဇတ်နိပါတ်များသည်. ပုံအမြဲမပြောနိုင်သော အမေ့၏ကိုယ်စားများပင်..တစ်ထောင့်တစ်ညပုံပြင်များ..ဂရိပုံပြင်များ.ကိုစာများများသွားရန်ရံဖန်ရံခါအော်ပြီး 
ဖတ်ပြရလေသည်။..အမေဘုရားရှိခိုးသောအခါတွင် အမေ့နားထိုင်ပြီး.ယပ်ခတ်ပေးရင်း. အမေနဲ့အတူဘုရား လိုက်ရှိခိုးရလေသည်။တရုတ်သွေးပီသသော အမေသည်.ကျမကိုငယ်စဉ်ကပင် ပိုးပန်းရက်နည်းကိုလည်း သင်စေရာ..ကလေးပီပီကျမသည်.. သာမန်ကလေးငယ်များကဲ့သို.ပြေးလွှားဆော့ကစားချင်သည်။သူများ ကလေးများစားသလိုသရက်သီးတုတ်ထိုး များအချဉ်ထုတ်များ စားချင်သော်လည်းအမေ့ကိုကြောက်သဖြင်. အမေ့ညီိမအဒေါ်အငယ်လာမှပင်..ပူဆာရလေသည်။.

(ရ)
တောင်ကြီး.တွင်နေသော ဖွားအေကြီးမှာလဲကျောင်းပိတ်ရက်တွင် တခါတလေ သူတို့ဆီသို့အလည်ခေါ်လေရာ ထိုအချိန်များသည် ကျမအတွက် အပျော်ဆုံးကာလများပင်တည်:။ကျောက်ဆောင်ကျောက်တုံ:များေ 
ပ်ါပြေးဆော့သည်။မာလာဖူးများ ဆင်ခြေလျှောများ တောင်ကုန်းများပေါ်ပေါက်နေသည်ကို လိုက်ခူးသည်။ ဇီးထုပ်အချဉ်ထုပ်.အကုန်လိုက်စားသည်။.ထမင်းမေ့ဟင်းမေ့ဆော့သည်။အဘွားတို့အိမ်နားကကလေးများ သည်လည်ဲး.ကျမအတွက် သူငယ်ချင်းကောင်းများပင် ညနေမိုးချူပ်လိုက်ခေါ်မှပြန်သည်။အဘိုးအဘွားများ၏ အသည်းကျော်ဖြစ်ရတကား…

အဘိုးကကြောက်အောင်ရိုက်လျှင်တောင် သူ့လက်ဝါးသူပြန်ခံ ရိုက်ခါ အသံပေးသည်ကို တွန်လိမ်ကောက်ေ ကွးစွာအော်ငိုတတ်သည်မှာ ကျမပင်။ကျောင်းဖွင့်လို့ အိမ်ပြန်ချိန်သည်။ကျမအတွက် ၀မ်းနည်းလိုက်သည် မှာပြောဖွယ်မရှိ။ရှိသမျှမြေးများပင် မျက်လုံးထဲမထည့်လောက်အောင်ချစ်သော အဘိုးအဘွားတို့ အသည်းေ ကျာ်ကျမသည်..ရောက်လေရာအရပ်တွင်တော့ စာတော်အောင်ကြိုးစားခဲ့သည။်ဒါသည်လည်းအမေ့ကျေးဇူး
မျာ:..

(၈)
ကျမငယ်ငယ်တွင်အဖေသည်နှစ်ရှည်သင်တန်းသွားတက်သည်ဖြစ်လေရာ ကျမသည်သာအမေ့ အဖော်ဖြစ် စ်ပြန်သည်။ပုံပြင်စာအုပ်.များကိုလိုလေသေးမရှိဝယ်ပေးထားသာကျမအတွက်.အချိန်အားမရှိတော့။ကျမတွင်
ချစ်စရာ အလွန်ကောင်းသောခွေးကြီးဂျက်ကီ တစ်ကောင်လဲ ရှိလေရာ သူသည်ကျမသွားလေရာ အမှီးနှန့်ပြီး တစ်ကောက်ကောက်လိုက်လေသည်။အမေသည်အားလပ်ချိန်မရှိသည့်ကြားကပင် အပိုဝင်ငွေရရန်.ခြံဘေး ဘးမြေကွက်လပ် အပို၌ကြက်သွန်ဖြူ .ဂေါ်ရခါး.သစ္စာပန်းများစိုက်လေရာ.တုတ်တစ်ချောင်းနှင့် လိုက်ကလော် ကာ လိုက်နှောက်ယှက်တတ်သူက.ကျမ…နောက်ဖေးဝက်ခြံထဲတွင် ၀က်မကြီးအိပ်နေသည်ကို တုတ်နှင့် သွားထိုးရာမှ.အရှိန်လွန်ခါဝက်စားခွက်ထဲသို့ပြုတ်ကျပြန်လေရာ..အမေ့ဆူညံသံကြားတွင်ရေချိုးရလေသည်။
ဝက်စာကန်နဖော့ပင်များကို..တိုင်ကီထဲနှစ်ပြီး..ကောင်မလေးတွေရေကူးသလို..ဆော့ရသည်မှာအမော......
အဒေါ်အငယ်သည်လည်း နယ်မှအားရင်အားသလို ကျမကို လာထိန်းပေးသည်ဖြစ်ရတကား။သူမသည်ပင် လျှင် ကျမကိုမနိုင်ချေ။အထိန်းတို့သာတစ်ယောက်ပြောင်းသွားလင့်ကစား..အဘွားကတော့ သမီးအငယ်ကို မကြာခဏလာခိုင်းလေ့ရှိသည်။

(၉)
ဆောင်းရာသီညအချိန်တွင်..ပုရစ်သတ္တ၀ါတို့ကို လူကြီးများလိုက်ကောက်ကြသည့်အခါအနွေးထည် ကုတ်အ ကျီနှင့်.လက်အိပ်ကလေးစွပ်ကာပုရစ်များကို..လိုက်တက်နင်းလေသည်။ပုရစ်တို့လက်ခြေမှ ဒါးသွားလေးများ ခုတ်လျှင် ကြောက့်လန့်တကြားလွှတ်ချ၏။နှင်းမြူတွေကြားတွင်.အဖေနှင့်အမေတို့သည် သူများတွေ နည်း တူ ပုရစ်အပျော်ထွက်ကောက်လျှင်..ကျမသည်လဲ မီးအိမ်ကလေးကိုင်ကာ…ကလေးပီပီပျော်ခဲ့သည်။

နံနက်မိုးလင်းလျှင် အမေသည် ညကကောက်ပြီးသားပုရစ်များကို..ဗိုက်ဖောက်ချီးထုတ်ခါ..ကြက်သွန်ဖြူ ဂျင်း တို့နှင့်ကြော်ပေးလျှင်..တကြွတ်ကြွတ်နှင့်စားသူမှာကျမ။အမေလုပ်သော မက်မန်းဝိုင်များ စိမ်သောစဉ့်အိုး ကြီးထဲကို မက်မန်းသီး ကုန်းကုန်း.ခပ်သော်လည်း..ကလေးဖြစ်၍မမှီရာ အိုးထဲသို့ဖင်ထောင်ပြုတ်ကျသည်မှာ ကံကောင်းသဖြင့်လူကြီးများမြင်လေသည်။ရေချမ်းအိုးခြံဘက်သို့အဖေတို့မက်မန်းသီးခူး အာလူးဖော်ရန် သွားလျှင်ကျမအရမ်းပျော်သည်။ ထိုခြံမှအဘတို့မိသားစုသည် ကျမတို့ကိုယုန်သား ခြောက်ကင်ကျွေးရာ ကလေး ပီပီ ကျမသည် အလွန်သဘောကျလေသည်။

(၁၀)
အိမ်ရှေ့၌နှင်းဆီအရိုင်းခြုံကြီးများရှိလေရာ..တစ်ယောက်တည်းအိုးပုတ်ဖြင့်ကစားရသောကျမအတွက်..နှင်း
ဆီဖူးတို့သည်.ခေါက်ဆွဲမျှင်များဖြစ်လေသည်။နေကြာရိုင်းတို့ပွင့်သောရာသီတွင်.ကျမတို့ခြံဘေးကွက်လပ် ကြီးသည် ပန်းရောင်စုံရှု့ခင်းများဖြစ်ပြီး အမေပြောပြသော ဗိုလ်ကတော်မျက်ခုံးဟုခေါ်သော ခရမ်းပြာရောင်  ပန်းကလေးများ စိန်နားပန်ဟုခေါ်လေသေနားကပ်ရောင်ခြယ်သဏ္ဍန်ပန်းကလေးများသည် ရောင်စုံပန်းချီ ကားများဖြစ်လေသည်။ ဒေလီယာပန်းကြီးများ..ဒေစီပန်းကလေးမျာ:ပေါ်ပီခေါ် ဘိန်းပန်းရောင်စုံကလေးများ  လည်းရှိသည်။ထိုနေရာကလေးသည် ကျမအတွက်ကတော့..လောကနိဗ္ဗာန်ပင်နောက်တစ်ခုပြောရန်ကျန် သွားသည်မှာ.ကျမကျောင်းတက်သောအရွယ်တွင်အမေ့မောင်မှ မွေးသော ကျမထက် ၆ လငယ်သည့်  သမီးအကြီးလေးနှင်းနှင်းအား ကျမအဖော်ရရန်ေ ကျာင်းလာထားသည်ဖြစ်ရာ.နှင်းနှင်းသည်လည်းကျမ၏ ဖွားဖက်တော်ဖြစ်သည်။ကျမသည်ဆရာကြီးဖြစ်သလိုဗိုလ်ကျတတ်သည်လဲဖြစ်ရာ..ကျမအနိုင်ကျင့်
သမျှကိုနှင်းနှင်းခံရလေသည်။

(၁၁)
ယုန်များမွေးထားကာယုန်များကိုအခန်းထဲသွင်းအိပ်သော ကျမအိပ်ယာမှအရုပ်တို့သည် ယုန်သေးများ နံစော်နေတတ်တိုင်း…အထိန်းမညိုသည်မကြာခနအဆူခံရလေသည်။နှစ်နှစ်သမီး အရွယ်ကတည်းမှအိပ် ယာခွဲအိပ်ရသော ကျမအခန်းတွင်..မညိုက. ကျမကုတင်နားမှာ.. တခြားမှာမွေ့ယာနှင့်နှင်းနှင်းတို့သည် အိပ်စက်ကြသည်။ညဏ်ထိုင်းသောနှင်းနှင်းသည် မကြာခဏအရိုက်ခံရသလို..စပ်စုတတ်သော ကျမအကျင့် 
ဖြစ်သောအချိုမှုန့်ဟူသည်မည်သို့အရသာရှိသနည်း.ဆားဟူသည်မည်သို့ အရသာရှိသနည်း။

သကြားမှအစနို့ဆီ.အိုဗာတင်း.နနွင်းမှုန့်ပါမချန် မြည်းကြည့်တတ်သော ကျမကြောင့်ပုလင်းများကျကွဲ တတ်သည်ဖြစ်ရာ..ကျောပြင်ကိုဗြောတင်ခံရတိုင်း..သူသည်လဲပါရသည်ချည်းပင်

(၁၂)
ဦးလေးအငယ်နေသည့်မိထ္ထိလာမြို့သို အလည်သွားသောအခါ ကျမမှတ်မိသည်က.ပြည်ပန်းညိုပန်းဝါ၀ါပင် များနှင့်၎င်းတို့၏ရနံ့များ..မြေသင်းနံ့များကိုကျမစွဲစွဲမြဲမြဲမှတ်မိနေလေ့ရှိသည်။နောက်ပြီး ဦးလေးမွေးထားေ သာနို့စားနွားမကြီးမှနို့စစ်စစ်များကိုညှစ်တိုက်လေရာ.နွားနို့ကြိုက်သောအမေအတွက်အဆင်ပြေေ သ်ာငြား
ကျမအတွက်တော့အဆင်မပြေ ကရင်သွေးပါသောအဖေ့မျိုးရိုးလိုက်သည့်ကျမသည်ငယ်ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသော.ခြေဆစ်လက်ဆစ်ကြီးသော ကျမသည်.ငယ်ငယ်ကတည်းကပင်. အစပ်စားသည်ကလဲ မျိုးရိုး လိုက်ပြန်လေသည်။တရုတ်သွေးအမေသည်.ငပိငံပြာရည်.အစပ်များမစားသလောက်.ကျမကတော့အေ ဖေ သွးပီသစွာ ငပိရည်နှင့်ဝက်သားဟင်း ထမင်းခွံကျွေးလျှင်. ၂ပန်းကန်မျှကုန်အောင်စားတတ်လေသည်။

ထို့ကြောင့်အမေသည်.ကျမအား..မျက်နှာသည်ပင်လျှင်.အဖေနှင့်ချွတ်စွတ်တူသည်မဟုတ်။အနေအထိုင်အ 
စားအသောက်ပါ တူသည်ဟု ပြောလေသည်။ကြီးတော့သူ့မျက်နှာသူ့လေသံ ချွတ်စွတ်တူသွားတော့ဘာမှ မပြောတော့ပြန်.လူစိတ်ဟူသည် ဆန်းကြယ်စွတကား

(၁၃)
ကံမကောင်းကြောင်းမလှသောကျမသည်.တစ်ကောင်ကြွက်ဖြစ်ဖို့ဇာတာပါလာသည်ဖြစ်ရာ ကျမတစ်နှစ် သမီးခန့်တွင်အမေသည်..စပျစ်ခိုင်သန္ဓေဟုခေါ်သောသားဥပြွန်တွင်ကိုယ်ဝန်တည်လေရာ..ဗိုက်ခွဲရာမှ ကေ လးမရရှိတော့ပေ..ထို့ကြောင့်.ကျမသည်တစ်ဦးတည်းသောသမီးအဖြစ် ကံကောင်း အကြောင်းလှစွာေ ရာက်ရှိလာလေတော့သည်။

သို့နှင့်..သို့နှင့်..သို့နှင့်အမေသည်အဖေနှင့်နှစ်တော်တော်ကြာ ခွဲနေရသည်ဖြစ်ရတကားအဖေ့ သင်တန်းပြီိးဆုံးသောအခါတွင်..သူမသည်လင်နောက်လိုက်ဖို့ကြိုးစားရာမှ ကျမသည်လည်း သာယာပျော် ရွှင်ဖွယ်ကောင်းသော.. ကျမချစ်သောမယ်တော် မာရီရုပ်ထုကြီးနှင့် အမှတ်တရများစွာ ရှိသည်ကျောင်းဝင်း ကြီးကိုရော ကျမအတွက်သဘာဝမှ ကစားစရာများပေးသော..
မြေနီလမ်းကလေးနှင့်သစ်ခြောက်ပင်ထီးထီးကြီးရှိသော…
စိုက်ပျိုးခင်းလေးများ …ရောင်စုံတောပန်းလေးများ………
နေကြာရိုင်းများ.နှင်းဆီရိုင်းရနံ့များလွှမ်းနေသော..
ထိုခြံဝင်းကလေးမှ.အပြီးအပိုင်စွန့်ခွာလာခဲ့ရသည်မှာယနေ့ထက်တိုင်ပင်ဖြစ်ပြီး ကျမချစ်သော ဂျက်ကီမှာလဲ ကျမတို့ကားထွက်လာသော အချိန်တွင်နောက်မှပြေးလိုက်လာပြီး သိပ်မကြာသောနေ့ရက်များတွင် ရင်ကွဲ နာကျ၍သေသွားသည်ဟု ကြားရလေသည်။

ကျမ၏ ငယ်ဘ၀အချိန်များသည်. ထိုမြို့ကလေးတွင်ပင် သန္ဓေတည်ခဲ့သလို ယခုအချိန်.ရေမြေခြားတွင်တစ်ေ ယာက်တည်းရောက်ရှိနေသောကျမ၏ အတွေးထဲတွင် မကြာခဏ ငယ်ဘ၀ပုံရိပ်များ ကြီးစိုးနေတတ်လေ သည်။

မဒမ်ကိုး
၃း၄၁မိနစ် (ညနေ)
၂၆.၈.၂၀၁၀(ကြာသာပတေးနေ့)

11 comments:

မအိမ်သူ said...

ငယ်ငယ်ကအကြောင်းလေးတွေ ဖတ်လို့ကောင်းတယ်ညီမရေ။ အဲဒီလိုပါပဲ ငယ်ဘ၀လေးတွေက ဘယ်နေရာရောက်ရောက် သတိရနေတတ်တာ...

ဟန်ကြည် said...

ဗျိုး တူမကြီး မဒိုးကန်...သစ္ဆေလို့ စာလုံးမပေါင်းရဘူးဗျ...တစ္ဆေလို့ ပေါင်းရတယ်...သီချင်းကြီး၊ သီချင်းခံတွေကို နားကလောတဲ့ကလေးကလည်း ပါရမီထူးလှပါကလား...တွေ့များတွေ့ရင်တော့ နှဲမှုတ်ပြီး ဖျော်ဖြေလိုက်ဦးမယ်..D.ဦးဟန်ကြည်တို့ ကလေးဘ၀ကတော့ အဲဒီခေတ်က သူဌေးစာဖြစ်နေခဲ့တဲ့ ကွေကာအုပ်ဆိုတာ နှစ်ခါလားပဲ မြင်ဖူးခဲ့တာမို့ နေ့တိုင်းသောက်ရတဲ့ မဒိုးကန်ကို မနာလိုဖြစ်သွားပါသဗျား...

Angelhlaing(May everybody be happy and healthy! said...

ဖတ်လို့ကောင်းတယ်မမရေ....လွမ်းထှာနော်...ခုပြန်ချင်လာပြီ..:(

Cameron said...

တို့လည်းငယ်တုန်းကအကြောင်းက တစ်ခါတုန်းကတို့ရွာမှာ ရေးဖူးတယ်...။ မဒမ်းကိုးရဲ့ ကလေးဘ၀လေးက ပျော်စရာလေး..။

SHWE ZIN U said...

လွမ်းမောဖွယ်ရာ ငယ်ဘဝလေး ကိုဖတ်သွားတယ် ညီမ ရေ ဆက်ရေးနော်

ညီလင်းသစ် said...

ငယ်ဘဝ အကြောင်းတွေက အမှတ်ရစရာ များစွာနဲ့ ပါလား၊ ပြန်တွေးတိုင်း ဒီလိုအဖြစ်တွေက အမြဲလိုလို ဆွတ်ပျံ့ကြည်နူးစရာ ကောင်းနေမှာ ပါပဲ..။

kokoseinygn said...

မဒမ်ကိုးရဲ့ ရာဇ၀င်ကိုအသေအချာ
ဖတ်သွားပါတယ်...ငယ်ဘ၀တွေ
ပြန်တွေးတိုင်းတစ်ခုခုခံစားရပါတယ်။

blackroze said...

အမရေ

အလွမ်းတွေကြားထဲကနေဘဲ
အမစီရောက်အောင်လာလည်သွားတယ်နော်

Butterfly said...

မကြီးဒိုးကန် ကလဲ ကရင်တိုင်းအရိုးအဆစ်မကြီးပါဝူး..ပီးတော့ ဆံပင်လဲမဖြူဝူး...
ပြောရက်လိုက်ထှာ အဟင့်

Yin Sue said...

ငါ့မကြိးငယ်ငယ်က တော်တော်ဆော့ချင်ပုံရတယ် ..သနားပါတယ် ..... ပုံပြင်တွေဖတ်ရတယ်ပြောမှ တစ်ထောင့်တစ်ညပုံပြင်စာအုပ်အထူကြိး ခဏခဏဖတ်ခဲ့တာကို သွားလွမ်းမိတယ် .... ငယ်ဘ၀လေးတောင် ပြန်ပြောင်းသတိရမိပါတယ် မကြီးဒိုးကန်စာလေးဖတ်လိုက်ရတာ ... ရင်ဆူး

အမ်တီအန် said...

ဒိုးကန်ရဲ့ ငယ်ဘ၀ကို ဖတ်ခွင့်ရလိုက်တော့ စာတော်သော၊ အဆော့သန်သော၊ ကလေးမလေးတစ်ယောက်ကို မျက်လုံးထဲ ဘွားခနဲကို မြင်သွားရတယ်။ ငယ်ဘ၀ကိုလဲ လွမ်းသွားရတယ်။

ခင်မင်သော-
မြသွေးနီ

Related Posts Plugin for WordPress, Blogger...