Thursday, August 4, 2011

လွမ်းသူ့တေး


လွမ်းသူ့အော်သံ
ငိုကြွေးဟန်ဖွဲ့ ..
ရာသီပြောင်းလဲ...
တမ်းတဆဲမို့.
မျှော်လင့်ဇောနဲ့
ပင်အိုထိပ်ဖျား
ရင်ကွဲနေသလား..အိုငှက်ငယ်..

ငါလည်းထို့တူ..
ငိုချင်သူမို့....
ဖေးကူလှည့်ကွယ်.
ဥသြရယ်..။...။

မဒမ်ကိုး
5.35 pm( Thursday )

(၀န်ခံချက် ။..။ သည်နေ့ကျမအလုပ်သွားရာ လမ်းမှာ..လမ်းလျှောက်လာရင်း.
ပိတောက်ပင်ကြီးပေါ်မှာ ဥသြသံကိုကြားလိုက်ပါတယ်။။ ကျမအဲသည့်
အပင်ကြီးအောက်ရောက်တော့ ဥသြက စူးစူးရှရှကို ၃ ကြိမ်
ဆင့်အော်ပါတယ်..ကျမ ဘာဖြစ်မှန်းမသိ..ရင်ထဲနင့်ကနဲဖြစ်သွားပါတယ်..
အသဲနုသူမို့ လား နှလုံးအားနည်းသူမို့လားမသိ..မျက်ရည်က၀ိုင်းခနဲဖြစ်ပြီး..
ကိုရင့်ကိုရော..အိမ်ကမိဘတွေ ပါ  .ပြေးမြင်ယောင်ရင်း..ဒီကဗျာလေးကို ရေးမိပါတယ်..။)

5 comments:

အလင်းသစ် said...

အာ.. မဒိုးကန်ကြီးကလည်း အနော်လည်း
အိမ်လွမ်းနေတဲ့သူနော်။။။ ငိုချင်ရက်လက်မတို့နဲ့။။။

မေသိမ့်သိမ့်ကျော် said...

အိမ်နားမှာလည်း အဲလိုပဲ ဥသြက အရမ်းအော်ရင် ငိုချင်တယ်။

ခင်တဲ့

ကိုရင်သာပျော့ said...

အီး...လက်ပါတော့မယ်....:P
တစ်ဆိတ်ရှိ ငိုမဲ့မဲ့ လုပ်နေပြီး
ငှက်ပျောတီးကြော်ကြတော့ သူချည်းပဲ စားတယ်။

မြို့ က
ကိုရင် သာပျော့

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးခံစားအားရင်း ကွန်မန့်ကြောင့် ပြုံးပြိးပြန်တယ် မမ:):)

မအိမ်သူ said...

ဥသြသံက ကြားရတာနဲ့တင်ကို လွမ်းစရာကောင်းတာ.. အဆွေးဓါတ်ခံရှိရင်တော့ ပြောမနေနဲ့တော့ ရင်ထဲဆို့သွားအောင်ကို ခံစားရတယ်။

Related Posts Plugin for WordPress, Blogger...