စာဖတ်သူကို မေးပါရစေ။သရဲတစ္ဆှေ ရှိတယ်ဆိုတာကို ယုံကြည်မှုရှိပါသလား။အကယ်၍ သင်ဟာ ယုံကြည်မှုရှိတယ်ဆိုတဲ့ စာရင်းထဲမှာပါဝင်ခဲ့ရင် ဘ၀မှာ သင်ကိုယ်တိုင် ကြုံတွေ့ခဲ့ဘူးပါသလား..။ ဘယ်လိုအနေထားမျိုးနဲ့ ကြုံတွေ့ခဲ့ဘူးပါသလဲ။ ကျွန်တော့်အနေနဲ့ကတော့ သရဲ၊ တစ္ဆေရှိတယ် ဆိုတာကို လက်ခံခဲ့ပေမဲ့ မွေးကတည်းကနေ ၂၀၀၉ ခုနှစ်အထိ သရဲ၊ တစ္ဆေတွေရဲ့ ခြောက်လှန့်ခြင်းကို တစ်ကြိမ်တစ်လေမှ မကြုံဘူးခဲ့လေတာ့ ရှိတယ်ဆိုတာထက်ပဲပိုပြီး တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ဘ၀တစ်လျှောက်လုံး တစ်ကြိမ်တစ်လေမှ မကြုံခဲ့ဘူးပေမဲ့ တကယ် သရဲ၊ တစ္ဆေ (သို့) မကျွတ် မလွတ်တဲ့သတ္တ၀ါနဲ့ ကြုံတွေ့ခဲ့ရတော့လည်း သူနဲ့မှ (၃)နှစ်လောက် တစ်ခန်းထဲအတူတူနေခဲ့ရတဲ့အဖြစ်နဲ့ကို ကြုံခဲ့ရတယ်။ တစ်ခါမှ အဲ့ဒီလို ကြုံခဲ့ ဆုံခဲ့ဘူးတာ မရှိလေတော့ အစမှာ တော်တော့ကို ဒေါသထွက် စိတ်ခြောက်ခြားခဲ့တယ်။ နောက်ပြီး မကြုံဘူးတော့ ဒါဟာ သရဲခြောက်တာလား ဆိုတာကို လက်ခံဖို့တောင် ခက်ခဲပါတယ်။တကယ်တော့ ကျွန်တော်ဟာ သရဲခြောက်ခံခဲ့ရတာမဟုတ်ပဲ နေ့ခင်းကြောင်တောင်ကြီး နေရာလုတာကို ခံခဲ့ရတာလို့ ပြောရင် ပိုမှန်လိမ့်မယ်ထင်တယ်။ စာဖတ်သူ ဆက်ပြီး ရှုကြည့်ပါအုံး..