Friday, September 19, 2014

Happy Birthday

သူမ
သေမိန့်ကျခံထားရတဲ့ စမ်းချောင်း
သူမ
အထပ်ထပ် ခုတ်ပိုင်းခံထားရတဲ့မြစ်
သူမ
အနာတရများတဲ့ ပင်လယ်
သူမ
ဝေဒနာတွေကို တခုတ်တရ ထမ်းပိုးထားတဲ့သမုဒ္ဒရာ

သူမ

မွှေးပျံ့ ထုံအီတဲ့ နောက်ဆုံးပေါ်ဗားရှင်း
သူမ
စုတ်ချက်ကြမ်းတဲ့ ဆီဆေးပန်းချီ
သူမ
နှစ်သက်မြတ်နိုးဖွယ် တော်ဝင်ကေသာ
သူမ
လူကြိုက်နည်းတဲ့ ကိုယ်ပိုင်သံစဉ်

သူမ
နူးညံ့သိမ်မွေ့တဲ့ ကျေးလက်ညနေခင်း
သူမ
ပစိပစပ်များတဲ့ မြို့ပြအလှတရား
သူမ
အနုပညာဆန်တဲ့ အရှေ့ ဆီကတောင်တန်း
သူမ
ကြမ်းတမ်းခက်ထန်တဲ့ အနောက်တောင်လေ

သူမ
အကောင်းဆုံးသရုပ်ဆောင်မင်းသမီး
သူမ
ရယ်စရာအကောင်းဆုံး လူရွှင်တော်
သူမ
အတော်ဆုံး ဒါရိုက်တာ
သူမ
၂၀၁၄ရဲ့ သနားစရာအကောင်းဆုံး ပွဲကြည့်ပရိတ်သတ်

သူမ
ချစ်စရာကောင်းသူ
မုန်းစရာကောင်းသူ
နှစ်လိုဖွယ်ကောင်းသူ
စိတ်ပျက်စရာကောင်းသူ
woody woodpeckerကြိုက်သူ
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့သူ
.
.
မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုရင်
00:45 (GMT)

9 comments:

Aunty Tint said...

ရင်ကိုရိုက်ခတ်စေတဲ့ မွေးနေ့ကဗျာလေးတစ်ပုဒ် ဖတ်သွားတယ် ... :)
မွေးနေ့ပေါင်းများစွာကို ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခ ပြည့်ဝစွာနဲ့ ဖြတ်သန်းနိုင်ပါစေ မဒိုးရေ...♥♥♥

မိုးညချမ်း said...

ကြည်နူးတယ် ... အားကျတယ် ... အာ့လာပြောတာ ... :P

အလင်းသစ် said...
This comment has been removed by the author.
အလင်းသစ် said...

ကိုရင်ပြောသလိုပဲ မဒိုးလို့ရေးတာ ... :D :D

သူကြီးမင်း (တုံးဖလား) said...

ကိတ်မုန့်ဖုတ်ပြီး ကဗျာရေးသောလက်
ခါးသက်သက်တော့ မဟုတ်လောက်ဘူး
မယားမက်လောက်တဲ့ သူဘဲ ဖြစ်ရမယ်။း)

မွေးနေ့ကစပြီး ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ဘ၀ကို စိတ်တူကိုယ်တူ ချောမွေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း။

Mrs. Bagel said...

happy birthday :)

စံပယ်ချို said...

အရေးအသာလေးတွေဖတ်ပြီး
ချစ်စရာကောင်းတဲ့ သူမ
တယောက်ဖြစ်မယ်လို့ယူဆနေသူပါ.......
http://jasminesweet.blogspot.com/
လင့်အသစ်လေးပါထားရစ်တယ်နော်

San San Htun said...

Happy Birthday Madamkoo ! Wish you be happy & healthy !

Unknown said...

Happy Birthday Nyi Ma Madamkoo!
မလေးမြတ်

Related Posts Plugin for WordPress, Blogger...