Tuesday, July 19, 2011

News of the world သတင်းစာအား ၀န်ကြီးချုပ် ကင်မရွန်းကိုယ်တိုင် အမိန့်ချပြီး ရာသက်ပန်ပိတ်ပင်

နာမည်ကြီးဘောလုံးသမားများနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များရဲ့
အတွင်းရေးပြသနာများကိုဖြေထုတ်ဖော်ပြလေ့ရှိသော နာမည်ကြီးသတင်းစာ News of the World မှာ ရာသက်ပန် ပိတ်ပင်ခံလိုက်ရပြီဖြစ်သည်။အသက်၁၆၈နှစ်ကြာ မြင့်ခဲ့ပြီဖြစ်သော အဆိုပါ ဗြိတိန်နာမည်ကြီး သတင်းစာမှာ ပြီးခဲ့သည့်နှစ်များက နာမည်ကျော်ပုဂ္ဂိုလ်တို့ရဲ့ ဖုန်းများကို ကြားဖြတ်ခိုးနားထောင်ခဲ့ပြီး ယခုအခါ ထိုသို့ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ၍ ပိတ်ပင်ခံလိုက် ရခြင်း ဖြစ်သည်ဟု သိရသည်။

ဗြိတိန်ရဲတပ်ဖွဲ့ဝင်များသည် အဓိကတရားခံနှစ်ဦးဖြစ်သော အန်ဒီကော်ဆင်နဲ့ ကလစ်ဂွတ်ဒ်မန်းတို့အား သောကြာနေ့က နေအိမ်အတွင်းဝင်ရောက်၍ သက်သေ ပစ္စည်းများနဲ့အတူ ရှာဖွေဖမ်းဆီးခဲ့ကြသည်။News of the World သတင်းစာတွင် ၂၀၀၃ခုနှစ်မှ၂၀၀၇ခုနှစ်အထိ အယ်ဒီတာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ သော အန်ဒီကော်ဆင်မှာ ၂၀၀၉ခုနှစ်က အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ပါတီ၌ သတင်းပြန်ကြားရေး တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။အခြားတရားခံတစ်ဦးဖြစ်သည့် ကလစ်ဗ်ဂွတ်ဒ်မန်းမှာလည်း အယ်ဒီတာ ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၇ခုနှစ် ဇန်န၀ါရီလက ဖုန်းကြားဖြတ် ခိုးနားထောင်မှုကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ ဖူးသူ ဖြစ်သည်။
ယခုအခါ သူတို့အားအရေးယူခြင်း မပြုရသေးသော်လည်း လူ့အခွင့်အရေးချိုးဖောက်ပြီး သတင်းများ ဖော်ပြခဲ့သည့် News of the World သတင်းစာကိုမူ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ အမိန့်ဖြင့် ပိတ်ပင်လိုက်ရ ခြင်းဖြစ်သည်။ ပိုင်ရှင်များအနေဖြင့် အလုပ်လက်မဲ့ဖြစ်သွားသော ၀န်ထမ်း၂၀၀ဦးအတွက် တစ်ဦးလျှင် ပေါင်၇၀၀၀၀ စီဖြင့် လျော်ကြေးပေါင်၁၄သန်း ပေးဆောင်ရမည်ဟုသိရသည်။News of the World မှာ တစ်လလျှင် စောင်ရေ နှစ်သိန်းခွဲကျော် ရောင်းအားရှိသော သတင်းစာဖြစ်၍ ပိုင်ရှင် News International ကုမ္မဏီအတွက် နစ်နာမှုဖြစ်ခဲ့ရပြီး ယခုအခါ ယင်းနေရ၌ အညှီအဟောက် သတင်းများရေးရန် ညီနောင်ဂျာနယ်ဖြစ်သောThe Sun သတင်းစာနှင့် အစားထိုးရန် စီစဉ်နေကြောင်း သိရပါသည်။
News of the World ၏ ထင်ရှားသော ပြစ်မှုတစ်ချို့ 
-၂၀၀၅ခုနှစ်က ဘက်ခမ်းတို့ ဇနီးမောင်နှံ အိမ်ထောင်ရေးအဆင် မပြေဟု ရေးသားမိ၍ တရားစွဲခံခဲ့ရ။
-၂၀၀၆ လေးလပိုင်းတွင် ရွန်းနီက ချစ်သူကောလင်းအား ရိုက်နှက်ခဲ့ ဟု ဖော်ပြမိခဲ့၍ လျော်ကြေးပေါင်တစ်သိန်းပေးခဲ့ရ။
-၂၀၀၆ဇွန်လတွင် အက်ရှလေကိုးအား ဖုန်းမှတစ်ဆင့် အမျိုးသမီး များကိုဖျားယောင်းခဲ့သည်ဟု ဖော်ပြခဲ့သောကြောင့် လျော်ကြေး ပေါင်တစ်သိန်းပေးခဲ့ရ။
-၂၀၁၀ ဇန်န၀ါရီတွင် နော်ဝစ်ခ်ျအသင်း ဒေ၀ါလီခံရတော့မယ်ဟု ဖော်ပြခဲ့သောကြောင့် တရားစွဲခံခဲ့ရ။
-၂၀၁၀ ဖေဖော်ဝါရီတွင် ဟောလီးဝုဒ်စတား ဘရက်ပစ်နှင့်ဂျိုလီတို့ ကွာရှင်းတော့မည်ဟု ဖော်ပြခဲ့၍ တရားစွဲခံခဲ့ရ။
-၂၀၁၁ မေလတွင် မန်ယူစတား ရွိုင်ယန်ဂစ်က သူ၏ဖုန်းများကို ခိုးနားထောင်ခဲ့သည်ဟုဆိုပြီး တရားစွဲခဲ့။
-၂၀၁၁ ဇွန်လတွင် ပိုလန်ဂိုးသမား အာသာဘိုးရက်မှာ ချစ်သူကို လမ်းခွဲရန်ကြိုးစားနေသည်ဟု ဖော်ပြမိ၍ လျော်ကြေး ပေါင် ၇၀၀၀၀ နှင့် တောင်းပန်မှု ပြုခဲ့ရ..။

No comments:

Related Posts Plugin for WordPress, Blogger...