Thursday, March 27, 2014

မြင်းပလုံချောင်းသစ္စာ

 (၁)

ဘကြီးရေ ဘကြီး.. ဗျိုးဘကြီး..
တပ်ဝင်းရှေ့တရပ်စပ်အော်နေသည့်ဆူဆူညံညံအသံကြောင့်ဥိးထွန်းအောင်ကဲလားအပြင်မှခေါင်းပြူကြည့် ရင်း အော်မေးလိုက်သည်။
“ ဟေ ဘယ်သူတုန်းကွ အဲလောက်အော်ဟစ်ဆူညံနေတာ .”
အမောတကောနှင့်ဖိုးစိန်တစ်ယောက်အူယားဖားယားခြံထဲသို့ဝင်လာရင်းကွပ်ပြစ်ပေါ်တွင်တင်ပလွဲထိုင်ချလိုက်သည်။လူကလဲနေပူထဲပြေးလွှားလာရလို့လားမသိမဲသည့်အသားပေါ်နီစပ်စပ်ပါဖြစ်ပြီးချွေးသီးချွေးပေါက်များပင် တဒီးဒီးကျနေသည်။

ဦးထွန်းအောင် ရေနွေးကရားကိုငှဲ့လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကိုလှမ်းပေးရင်းမေးလိုက်သည်။
“ ဘာဖြစ်လို့အဲလောက်အမောတကောဖြစ်လာရတာတုန်းကွ”
ရေနွေးကြမ်းကိုတကြိုက်မှုတ်သောက်လိုက်ရင်း ဖိုးစိန်တစ်ယောက် ၀မ်းသာအဲလဲနှင့်  ဖြေသည်။
“ ကျွန်တော်တို့ရွာကို မြို့ကကျန်းမာရေးဆရာမ ရောက်မယ်တဲ့ဗျ ဘကြီးရ.”
 “ ဟေ ..ဟုတ်လား သေချာလို့လားကွာ. မင်းဘယ်ကနေသတင်းကြားလာပြန်တာတုန်း ”
“ ဟိုလေ ဟို.ဦးလေးရေချမ်းရယ် ပြောတာ. သူကရေအိုးကုန်းရွာဘက်ကကြားလာတာတဲ့”
 “ ဟာ ခွေးကောင်ရ ရေချမ်းပြောတာကိုမင်းကယုံနေတယ် ဒုက္ခပါပဲကွာ ငါကအဟုတ်မှတ်လို့”
“ ဟုတ်တယ် ဘကြီးရ ဦးလေးရေချမ်း ခုဘဲ မြင်းပလုံချောင်းဖက်ကနေပြန်လာတာကျွန်တော်တွေ့တယ်  . သူ ပြောတာဘဲ ရေအိုးကုန်းရွာကလူတွေပြောနေတာ ကြားခဲ့တယ်တဲ့ ။”


“အင်း……ဒီကောင့်စကားကမယုံလို့လဲမရဘူး..ခက်သားလား” . “တကယ်ရောက်မယ်ဆိုရင်တော့ကောင်းတာပေါ့ကွာတို့ရွာမလဲတစ်ခုခုဆိုတတ်သိနားလည်တဲ့ဆရာမမရှိ ဖြစ်လာရင်အရေးပေါ်မှကုတတ်တဲ့သူမရှိ  မြင်းပလုံချောင်းရေတက်နေပြန်ရင်လဲဘာမှလုပ်မရနဲ့.မသေသင့်ဘဲသေခဲ့ရတဲ့အသက်တွေလဲမနည်းပေါ့ကွာ။တကယ်သာဆိုမင်္ဂလာသတင်းပဲ စောင့်ကြည့်ကြတာပေါ့ကွာ.။”
းထွန်းအောင်တစ်ယောက်သက်ပြင်းတွဲကြီးကိုတချက်မှုတ်လိုက်ရင်းအိမ်ရှေ့ရွာလမ်းမကြီးကိုကြည့်လိုက်တော့ရေချမ်းအကြောင်းကရုပ်ရှင်ပြကွက်များလိုခေါင်းထဲအစီအရီရောက်လို့လာသည်။

 ဦးထွန်းအောင်တို့ရွာမှာဆိုလယ်ယာကျွဲနွားများနှင့်ရေချမ်းတို့မိဘများကတောင့်တင်းသည်။။ရေချမ်းမှာမောင်နှမသုံ်းယောက်ရှိသည်။ရေချမ်းကအငယ်ဆုံးဖြစ်သည်။ရေချမ်းကိုချစ်လိုက်သမှတုန်နေအောင်ချစ်ကြသည်။မမျှော်လင့်သောကံကြမ္မာဆိုးကရာက်လာလေရာရေချမ်းဆယ်နှစ်သားအရွယ်မိဘတွေကတဖက်ရွာရအိုးကုန်းအလှုကအပြန်ညဖက်တွင်မြင်းပလုံချောင်းကိုဖြတ်အကူးမမျှော်လင့်သောတောင်ကျချောင်းရေများကျလာရာမိဘများနှင့်အကိုရောအမပါတာင်ကျရေနှင့်အတူ မျောပါ သေဆုံးသွားခဲ့ပြီးသုံးရက်မြောက်လွန်ကာမှအလောင်းကို ချောင်အကျေနေရာမှ ပြန်ဆယ်၍ရခဲ့ကြသည်။ရေချမ်းတစ်ယောက်ကံကောင်းထောက်မစွာဖြင့်ကျောက်ပေါက်နေသဖြင့်ကြီးဒေါ်ဖြစ်သူနှင့်အတူကျန်ခဲ့လေသဖြင့်အသက်ရှင်ခွင်ရခဲ့သည်။

မိသားစုလေးယောက်၏အသုဘမှာကြေကွဲစရာကောင်းလှသလိုသနားစရာရေချမ်းမှာတော့မိဘနှင့်အကိုအမတို့၏အလောင်းစင်များရွာထိပ်မှာပြင်ထားသည်ကိုမြင်လေရာဖျားနာနေသောကလေးငယ်မှာကြည့်ပြီးစိတ်ထိခိုက်သွားလေသည်။ကြီးဒေါ်ကြီးလက်တွင်ကြီးပြင်းခဲ့ရသောရချမ်းခင်မျာကံဆိုးမှု့များကထပ်ရောက်လာပြန်လေရာသူအသက်နှစ်ဆယ်အရွယ်တွင်ကြီးဒေါ်ကြီးခင်မျာမှာလဲရုတ်တရက်ကြီးဆုံးပါးသွားလေသဖြင့်လောကအလည်တွင်မျက်စိသူငယ်နားသူငယ်နှင့်ကျန်ခဲ့ရရှာလေတော့သည်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှု့မှာပိုမိုဆိုးရွားလာလေရာမှရွာမှာဆွေမျိုးတော်စပ်သူများကရေချမ်းကိုရွာဦးကျောင်းဆရာတော်လက်ကိုအပ်နှံပြီးလက်တိုလက်တောင်းခိုင်းရင်ုးဝိုင်းဝန်းစောင့်ရှောက်ကြသော်လည်းမြင်းပလုံချောင်းရေတက်ချိန်တွင်ချာင်းနဘေးမှာရေချမ်းမိဘများအတွက်ရည်စူးပြီးတည်ထားခဲ့သောရွာဦးကျောင်းနားကလွမ်းစေတီပေါ်မှာသွားထိုင်ရင်းအမေရေအမေရေနှင့်ရှိုက်ကြီးတငင်ငိုကြွေးခဲ့သည့်ကာလမှာရေချမ်းပင်အသက်လေးဆယ်နားကပ်ခဲ့လေပြီ။သူတို့မိသားစုနေထိုင်ခဲ့သည်ခြံဝန်းကြီးမှာတော့ ဟောင်းနွမ်းယိုယွင်းလျှက်မည်သူတစ်ဦးတစ်ယောက်မှနေထိုင်ခြင်းမရှိတောချေ။မှုန်မှိုင်းသောမျက်ဝန်းအစုံတို့မှာဘယ်အချိန်ကြည့်ကြည့်ဝ့သီနေသောမျက်ရည်တို့မှာမြင်လိုက်ရသူတိုင်းစိတ်မကောင်း။

ရွာမှကလေးငယ်များငိုလျှင်“အဲ..ဦးရေချမ်းနဲ့တိုင်ပြောမယ်နော်..အဲ...ဦးရေချမ်းကြီးလာပြီ”ဟုခြောက်လှန့်ကြသည်။တခါတခါ ဆော့နေကြကလေးငယ်များနှင့်ဆော့ကစားရန်သွားလျှင်တခါတလေလူကြီးများကဟဲ့ ရေချမ်းသွားသွားနင်လိုအရူးနဲ့ကလေးတွေစိတ်မချပါဘူးနင့်မှာယားနာတွေနဲ့ကလေးတွေကိုကူးကုန်မယ်ဟုအော်ငေါက်လွှတ်လျှင်ရေချမ်းခင်မျာအဲအိမ်ရှေ့တွင်တွင်တွင်ရပ်ကြည့်ရင်းစိတ်မကောင်းစရာမျက်နှာငယ်လေးနှင့်  ခေါင်းငိုက်စိုက်နှင့်လှည့်ပြန်သွားတတ်သည်။ရွာမှာအလှုအတန်းဆိုလဲအောက်ခြေသိမ်းကအစရချမ်းအကုန်သိမ်းကြုံးလုပ်ပေးသည်။အားလုံးပြီးသွားလျှင်ဆရာတော်ကျောင်းအောက်သွားပြီးကုပ်ကုပ်လေးထိုင်နေတတ်သည်။ဆာသည်လဲမပြော။ဆရာတော်က“ဟဲ့.ရေချမ်းစားပြီးပလား။ရေချမ်းကိုထည့်ပေးလိုက်ကြဦးဟေ့”ဆိုမှလက်အုပ်လေးချီပြီးထိုင်နေရာချောင်ထဲမှာကုပ်ကုပ်လေးထွက်လာရှာသည်။

ကောက်ရိတ်မြက်ထုံးထမ်းသည့်သူများပြန်လာလို့မနိုင်မနင်းဆိုလျှင်အတင်းဝင်ထမ်းပေးပြီးသီချင်းတွေအော်ဆိုလို့ပျာ်ပျော်ကြီးဝင်ထမ်းသွားတတ်သည်။သက်ကြီးရွယ်အိုတွေရေငင်နေတာမြင်လျှင်လဲရတွင်းမှရေများကိုမမောနိုင်မပန်းနိုင်ငင်ပေးရင်းမတ္တာငတ်သောမျက်လုံးများဖြင့်ကြည့်နေတတ်လေသည်။ရွာကလူအများစုကတော့ချစ်လဲချစ်သနားလဲသနားကြသလိုတချို့သူများကတော့ရေချမ်းကိုရူးသွပ်နေသူဟုဆိုကာကလေးများနှင့်ပေးမပေါင်းသူတို့ပင်ရှောင်ဖယ်ဖယ်လုပ်တတ်ကြသေးသည်။

ဆရာတော့်ကျောင်းမှာမအိပ်ရင်သူ့ဖာသာသူရွာထိပ်အစွန်ကတဲအိုလေးထဲမှာနေရင်းတစ်ယောက်ထဲခြေတွဲလဲချထိုင်ပြီးမြင်းပလုံချောင်းရှိရာဖက်ကိုသာမျှော်ကြည့်နေပြီးဆာသည့်အချိန်ကျမှဆရာတော့ကျောင်းအောက်လှေကားနားမှာလက်အုပ်ချီပြီးလာရပ်နေလေ့ရှိသည်။ဆရာတော်စွန့်သည့်ဆွမ်းကျန်များကိုစားသောက်ပြီးရင်သပိတ်များကိုဆေးကျောရှင်းလင်းပေးပြီးတာနဲ့ကျောင်းဝိုင်းထဲမှာတံမြက်စီးလှဲပေးပြီးကုပ်ကုပ်ကလေးပြန်သွားတတ်သည်။ကံမကောင်းလို့စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရရှာသော်လည်းရေချမ်းကစိတ်ကောင်းလေးရှိရှာသည်။သတ္တ၀ါတွချစ်တတ်သည်။ငှက်ပစ်နေသူများမြင်ရင်နာက်ကနေတုတ်တစ်ချောင်းနှင်အော်ဟစ်ပြီးလိုက်တော့သည်။နှင်းခူများယားနာများပေါက်နေလေရာသူခင်မျာတကိုယ်လုံးယားနာများပွထနေသည်။ရေချမ်းမှာတရွာလုံးနှင့်ပြသနာမရှိသော်လည်းဖိုးဇော်နှင့်ဒိုးမောင်တို့ညီအကိုက ရေချမ်းကိုကြည့်မရ။ 

သူများဘူးသီးအရက်မူးပြီးဝင်ခိုးလဲရေချမ်းမြင်သည်။ကြက်ခိုးလဲရေချမ်းမြင်သည်။စပါးခိုးလဲရေချမ်းနှင့်တိုးသဖြင့်ဆရာတော်ပြန်သိလေရာကြိမ်လုံးစာခနခနမိသည်။ငှက်ပစ်လဲရေချမ်းနှင့်တိုးလျှင်ရေချမ်းကတုတ်နှင့်လိုက်တတ်သဖြင့်ရေချမ်းကိုသူတို့ညီအကိုကကြည့်မရ။စကားလဲများများမပြော။ပာသည့်စကားများကလဲမှန်တတ်သည်။ခုလဲရေအိုးကုန်းရွာကလူများချောင်းရေကျတုန်းဒီဘက်ကိုလာသလား။သူဘဲရံဖန်ရံခါသွားတတ်သလိုများသွားရင်းကြားလာသလားမသိ။ကျန်းမာရေးဆရာမရောက်မည်တဲ့။ဦးထွန်းအောင်တို့ကန်သာရွာနှင့် ရေအိုးကုန်းရွာ နှစ်ရွာကြားမှာ မြင်းပလုံချောင်းကခြားနေသည်။ မြင်းပင်ပလုံကနဲနေအောင်ပးမလွတ်ဘဲတောင်ကျရေနှင့်တရှိန်ထိုးပါတတ်သောထိုချောင်းကိုမြင်းပလုံချောင်းလို့အမည်တွင်ခဲ့ပြီးမကြာခနလူသေတတ်သောမထင်မှတ်သောအချိန်မှာတောင်ကျရေများကစီးလာတတ်ပြီးအသက်ဇီဝိန်ချွေသောချောင်းဖြစ်လေရာမိုးတွင်းဆိုတော်ယုံနှင့်ထိုချောင်းကိုမကူးရဲကြပေ။ နွေရာသီတွင်ပြသနာမရှိသော်လည်းမိုးတွင်းကာလများနှင့်ဆောင်းတွင်းတွင်မြစ်အညာဖက်မှမိုးရွာချလိုက်ပါကချောင်းအ
လယ်ခေါင်ရောက်နေသူအဖို့ကတော့ကံဆိုးမိုးမှောင်ကျပြီသာမှတ်ပေတော့။ပြေးလို့မလွတ်နိုင်တော့။ 

သို့နှင့်မြို့နှင့်အလှမ်းဝေးသောဦးထွန်းအောင်တို့ကန်သာရွာမှာကျန်းမာရေးအတွက်စိုးရိမ်စရာကဖြစ်လာသည်။မိုးတွင်းကာလဆိုအရေးပေါ်ဖြစ်လာပြီဆိုလျှင်ဘယ်မှမသွားမလာနိုင်တော့။ရေအိုးကုန်းရွာကိုဖြတ်သွားလျှင်မြို့မှာပိုနီးသည်။သည်ဘက်ကနေ မြို့ပေါ်တက်လျှင်ပဲခူးရိုးမခံနေသဖြင့်မလွယ်ကူလှ။မသေသင့်ဘဲသခဲ့ကြသည့်အသက်တွေ်လဲမနည်းတော့။တတ်ယောင်ကားဗိန္ဒောဆရာဦးတင်လက်ချက်နှင့်ပင်အသက်ဆုံးသူတွေလဲများလှပြီ။“အင်းလေ....ရေချမ်းပြောတာသာမှန်ရင်တော့မင်္ဂလာသတင်းပဲပေါ့”
 ဦးထွန်းအောင် တိုးတိုးလေးညည်းမိရင်း သက်ပြင်းရှည်ကြီးတချက် သာချလိုက်မိတော့သည်။

 (၂)

“ဘကြီးရေ....ဘကြီးရေ မြိ့ကဆရာမတကယ်ရောက်လာပြီဗျသိလားဦးလေးရေချမ်းပြောတာမှန်တယ်ဗျ။ငယ်ငယ်ချောချောလေးရိုးရိုးယဉ်ယဉ်လေးဗျာသိလား။ခုဆရာတော့်ကျောင်းမှာ ရောက်နေတယ်။အခုဘကြီးကိုဆရာတော်ခေါ်ခိုင်းလိုက်လို့”

ဖိုးစိန်တစ်ယောက်စပ်ဖြဲဖြဲနှင့်အမောတကောလာပြောသည်။ဖိုးစိန်ကရေချမ်းကိုချစ်သည်။ဘာကြောင့်လဲဆိုတော့ဖိုးစိန်တို့မှာကသားအမိလေးနှစ်ယောက်ထဲနေရာအမယ်အိုကလက်တစ်ဖက်လေဖြန်းနေသဖြင့်ရေချမ်းကဖိုးစိန်မအားသည့်အချိန်တွင်ရေတွင်းမှရငင်ပေးပြီးအမယ်အိုကိုရေချိုးပေးတတ်ကူညီတတ်သဖြင့်ဖိုးစိန်ကရေချမ်းကိုချစ်သည်။

ဦးထွန်းအောင်ဆရာတော့်ကျောင်းရောက်တော့ယောထမီလေးနှင့်အကျီအဖြူလေးနှင့်အမျိုးသမီးငယ်တစ်ယောက်ဆရာတော်ကိုလက်အုပ်ချီပြီးစကားပြောနေသည်။ဦးထွန်းအောင်ကိုမြင်တော့ထိုအမျိုးသမီးငယ်ကပြူံးပြနှုတ်ဆက်သည်။ခပ်လှမ်းလှမ်းအနောက်နားမှာရွာကရပ်မိရပ်ဖများလူကြီးများနှင့်အတူရွာသားများစပ်စုလိုသူမိန်းမများကလဲရောက်လာပြီးဝိုင်းအုံကြည့်နေကြသည်။ထိုအထဲတွင်ချောင်တစ်နေရာမှရေချမ်းလဲပါသည်။ဆရာတော်ပြောသမျှကြားရတာတော့ကျန်းမာရေးဆရာမမဟုတ်။မိမိသဘောနှင့်မိမိလျှောက်လွှာတင်ပြီးရောက်လာသောဆရာဝန်မလေးဖြစ်သည်။နာမည်ကမသီတာ။မဖွံ့ဖြိုးသေးသည့်ဒေသတွေမှာသွားရောက်ဆေးကုပေးချင်လှပါချည်ရဲ့ဆိုပြီးပူဆာသာကြောင့်မိဘများကတားမရသဖြင့်ခွင့်ပြူလိုက်ခြင်းပင်။သူမကမိဘများခွင့်ပြုသည်နှင့်သက်ဆိုင်ရာကိုစာတင်ပြီးသည်ကန်သာရွာလေးသို့ ရောက်လာခြင်းပင်ဖြစ်သည်။

နွေရာသီမို့မြင်းပလုံချောင်းကိုလှည်းနှင့်ဖြတ်ကူးလာကြရာလမ်းတ၀က်မှာသဲနစ်နေသဖြင့်စေတီကုန်းပေါ်တွင်ရပ်နေသူရေချမ်းကမြင်ရာချက်ခြင်းချောင်းသဲပြင်ထဲပြေးဆင်းသွားပြီးနွားများနှင့်အတူလှည်းသမားရောသူပါကူရုန်းပြီးသည်ဘက်ကမ်းကိုရောက်လာကြောင်းနဂိုကပင်မြင်းပလုံချောင်းကသတင်းကိုကြားထားသဖြင့်ရုတ်တရက်တအားလန့်သွားကြောင်းမတော်တဆများတောင်ကျရေကျလာခဲ့ပါကဆိုပြီးကြောက်သွားကြောင်းဆရာဝန်မလေးကစီကာပတ်ကုံးပြောပြနေရှာသည်။ကျေးဇူးတင်သည့်အကြည့်များနှင့်ရေချမ်းကိုလှည့်ကြည့်တော့ရေချမ်းကဘာမှမသိသလိုပင်ဆရာဝန်မလေးအား ပြန်ကြည့်နေရှာလေသည်။ဆရာမ၀န်မလေးမသီတာကိုဦးထွန်းအောင်တို့လင်မယားအိမ်မှာပင်နေစေလိုက်သည်။ဦးထွန်းအောင်မိန်းမဒ်ါခင်မှုံကတော့သားသမီးမရှိသဖြင့်မသီတာကိုသမီးရင်းနှင့်မခြားချစ်ရှာသည်။အစစအရာရာလိုလေသေးမရှိလုပ်ကိုင်ပေးသလိုမသီတာကလဲဦးထွန်းအောင်တို့လင်မယားအပေါ်သိတတ်သည်။

ဆရာဝန်မလေးမသီတာရောက်ပြီးနောက်ပိုင်းရွာမှာကျန်းမာရေးကတိုးတက်တာသိသာသည်။တအိမ်ဆင်းတအိမ်တက်မမောနိုင်မပန်းနိုင်လူနာများကိုအချိန်မရွေးလိုက်ကြည့်ပေးသည်။ယင်လုံအိမ်သာတွေဆောက်ဖို့ပြောပြသည်။သက်ကြီးရွယ်အိုများကိုလဲအပြုံးချိုချိုလေးနှင့်စိတ်ရှည်လက်ရှည်ဆေးတိုက်ပေခြင်းဆေးမသောက်ချင်သူကို သောက်ချင်လာအောင်စိတ်ရှည်လက်ရှည်နှင့်ချော့မော့ပြောသဖြင့်ခေါင်းမာသူပင်မသီတာတိုက်မှသောက်မယ်အထိပင်ဖြစ်လာလေသည်။တစ်ပတ်တစ်ခါဆရာတော်ကျောင်းတွင်ကျန်းမာရေးစစ်ဆေးမှု့များပြုလုပ်ပေးသည်။ဖိုးစိန်တို့လူငယ်တစ်သိုက်နှင့်ရွာကကာလသမီးပျိုများကတော့မသီတာ၏ကူဖော်လောင်ဖက်များပင်။

တစစ နှင့်မသီတာကိုတရွာလုံးကချစ်ခင်ကြပြီးဆရာဝန်မလေးဆရာဝန်မလေးနှင့်ပါးစပ်ဖျားကမချနိုင်အောင်ဖြစ်နေကြသည်။ဟိုလူကထမင်းဖိတ်ကျွေးသည်အိမ်ကထမင်းဖိတ်ကျွေးနှင့်ရွာတွင်မသီတာမှာမျက်နှာပွင့်လှသည်။လူပျိုကာလသားတို့ကလဲအပြိုင်အဆိုင်မသီတာကိုပိုးပန်းကြ လျှောက်ပြန်သံပေးကြနှင့်ဦးထွန်းအောင်တို့အိမ်တွင်လာဘ်လာဘများပေါများလှလေသည်။

မသီတာကရေချမ်း၏ယားနာများကိုလဲမရွံမရှာသေချာကြည့်ရှု့ပြီးကုသပေးလေရာရေချမ်းကိုယ်မှယားနာများနှင်းခူများပင်ပျောက်လုလုဖြစ်နေပေပြီ။သဘောတွေကျကျနှင့်ရီနေပြီးဆရာမလေး ကျေးဇူးနော်.ဆရာမလေးကျေးဇူးနော်လို့တဖွဖွပြောပြီးဦးကုန်းချတတ်သဖြင့်မသီတာမှာမလုပ်ပါနဲ့ဦးလေးရယ်ဆိုပြီးအတင်းဆွဲထူရတတ်သည်။သန့်ရှင်းစွာဆးကြောပြီးဆေးထည့်ပေးလေရာရေချမ်းမျက်ဝန်းအိမ်တို့မှာဝမ်းသာသဖြင့်မျက်ရည်များပင်ဝဲလျှက်ရှိလေသည်။ရေချမ်းအပေါ်မသီတာကတရင်းတနှီးဆက်ဆံပြီးစားစရာသောက်စရာများကိုဆရာတော်ကျောင်းသို့ယူလာပေးရင်းဦးလေးရေချမ်းအတွက်ပါဆိုပြီးထည့်ပေးသွားတတ်သည်။ရေချမ်းကလည်းဘကြီးထွန်းအောင်တို့အိမ်ကိုညနေတိုင်လာပြီး ရေငင်ပေးပြီးလျှင်ဆရာမလေးချိုးဖို့ဟု ပြောသွားတတ်သည်။

ဆရာဝန်မလေးမသီတာရောက်လာသည်ကိုမကြိုက်နှစ်သက်သူကဗိန္ဒောဆရာယောင်ယောင်နတ်ဆရာယောင်ယောင်ဦးတင်နှင့်သူ့တပည့်တချို့။ဆရာဝန်မလေးမသီတာ၏ကျန်းမာရေးဟောပြောမှု့များကြောင့်သူ့ဆီကိုလူနာများမလာတော့ဟုစိတ်ခုကာမကျေနပ်သူ။ရေချမ်းကိုမျက်နှာသာပေးလို့အချောက်တိုက်ကြည့်မရသူကလည်းဦတင်ပင်။အလုံးစုံအတိုက်အခံလုပ်သည်။နောက်တစ်ခုကမသီတာက ရေချမ်းကိုအရေးပေးတာကိုမကျေနပ်သူကဖိုးဇော်နှင့်ဒိုးမောင်တို့ညီအစ်ကို။ဆရာဝန်မလေးကသူတို့လိုလူတွေကိုကျော်ပြီးအရူးကိုမျက်နှာသာပေးသည်ဟုဆိုကာရေချမ်းကိုလုံးဝမကျေနပ်ကြ။အမှန်တော့မသီတာကဦးလေးအရွယ်ဖြစ်သဖြင့်သနားပြီးဦးလေးတစ်ယောက်လိုဆွေမျိုးသားခြင်းတစ်ယောက်လိုမျိုးလူနာတစ်ယောက်လိုနွေးထွေးစွာဆက်ဆံခြင်းဖြစ်သော်လည်းသူတို့အတွေးမှာကအဲသည်လိုမထင်ကြ။

(၃)
တရက်တွင်မသီတာမို့သို့ဆေးတက်ဝယ်ရာအချိန်တော်တော်လင့်သွားလေသည်။အသွားတုန်းကတော့ဖိုးစိန်တို့ကရေအိုးကုန်ရွာအထိလိုက်ပို့ပြီးရေအိုးကုန်းရွာမှလူခံတစ်ယောက်မှာမြို့တက်ရန်ရှိသဖြင့်မသီတာကဖိုးစိန်ကိုပြန်လွှတ်ပြီးအပြန်တွင်ရေအိုးကုန်းရွာမှလူများကိုလိုက်ပို့ခိုင်းမည်ဟုဆိုသဖြင့်ဖိုးစိန်ရွာသို့ပြန်လာခဲ့လေသည်။ညီအကိုမသိတသိအချိန်သို့ရောက်လေပြီ။မသီတာပြန်မရောက်သေး။လွမ်းစေတီကုန်းပေါ်မှာရပ်ရင်းမြင်းကလုံချောင်းဖက်ကိုကြည့်ပြီးစိတ်ပူပင်ကြီးစွာနှင့်ဆရာမလေးကိုစောင့်နေသူကဦးရေချမ်း။ထိုစဉ်မိန်းမသဏန်အရိပ်တစ်ခုချောင်းအနားစပ်မှာမြင်လိုက်ရသည်။သောင်ပြင်ကြီးမို့လရောင်လဲရှိသဖြင့်မိန်းမယောကျာင်္းကွဲကွဲပြားပြားမြင်ရသည်။ရေချမ်းချောင်းစပ်နားသောင်ပြင်သို့ဆင်းသွားတော့ခပ်လှမ်းလှမ်းမှာမသီတာအိတ်ကလေးတစ်လုံးလွယ်လို့ခပ်သုတ်သုတ်ကလေး ချောင်းကိုဖြတ်လာသည်။

 ရေချမ်းပြေးဆင်းသွားပြီးမသီတာအနားရပ်လိုက်ပြီးဆရာဝန်မလေး နောက်ကျနေပြီ မြန်မြန်လာတော့ဟုဆိုလေသည်။မသီတာကရေချမ်းကိုမြင်သော်ဝမ်းသာအဲလဲနှင့်ဆိုရှာသည်။“ဦးလေးရေချမ်း..ကျမကိုလာစောင့်ပေးတာလား.ကျေးဇူးဘဲနော်။ နောက်ကျနေပြီ။ကျမလဲကြောက်လို့ဦးလေးရယ်။ဦးလေးထမင်းရောစားပြီးပြီလား။”ရေချမ်းခေါင်းတစ်ချက်ခါလိုက်သည်။ နောက်ဖြေးညှင်းစွာပြောသည်။“ဆရာမလေးကိုစိတ်ပူလို့”

ရေချမ်းစကားကိုကြားသောမသီတာမှာရင်ထဲနင့်ကနဲပင်ဖြစ်သွားလေသည်။မသီတာလက်မှာဆွဲထားသောအထုပ်ကိုလှမ်းယူရင်းကုန်းပေါ်တက်လာတော့ခပ်လှမ်းလှမ်းသခွပ်ပင်ကွယ်မှလူနှစ်ယောက်ထွက်လာလေသည်။ဖိုးဇော် နှင့်ဒိုးမောင်တို့ညီအကို။မူးနေပုံလဲရသည်။ရုတ်တရက်မသီတာလက်ကိုအကိုဖြစ်သူဖိုးဇော်ကလှမ်းဆွဲလေရာမသီတာလန့်ဖြန့်ပြီးအတင်းရုန်းသည်။“ကိုဖိုးဇော်..ရှင်ဘာလုပ်တာလဲ။လွှတ်စမ်း.”
ဘေးမှပါလာသောရေချမ်းကအတင်းဝင်ပြီးဆွဲပြီးလွှတ်...လွှတ်နှင့်အော်ပြီးဖိုးဇော်လက်ကိုအတင်းဝင်လုပြီးမသီတာကိုအတင်းပြန်ဆွဲလေရာနောက်မှာရပ်နေသူဒိုးမောင်၏လက်သီးများသည်အညိုးနှင့်ရေချမ်းမျက်နှာပေါ်သို့တရပ်စပ်ကျလာပြီးခေါင်းကိုဘးမှကျနေသောတုတ်ချောင်းဖြင့်ကောက်ရိုက်ချလိုက်လေရာသွေးများဖြာခနဲကျလာပြီးရေချမ်းတချက်ထဲခွေကျသွားသည်။ခွေကျသွားသောရချမ်းကို ဒေါသတကြီးနှင့်နောက်ထပ်နှစ်ဆင့်ထပ်ရိုက်လိုက်သေးသည်။မသီတာခွေကျသွားသောဦးရေချမ်းကိုကြည့်ြုပီးငယ်သံပါအောင်အော်ရှာသည်။“အမလေးဦးရေချမ်းသေပါပြီ.”

မသီတာတစ်ယောက်ကယ်သူမဲ့ရှာလေပြီ။အတင်းရုန်းရင်းဆန်ခတ်ဖြစ်နေသည်အချိန်ဆွဲလားရမ်းလားနှင့်။.မသီတာမှာအားမမျှသာဘဲဖိုးဇော်တို့ညီအကိုဆွဲရာနောက်သို့တရွတ်ဆွဲပြီးပါသွားလေသည်။အကြံကြီးပုံကအကိုဖြစ်သူဖိုးဇော်ကမသီတာကိုခိုးပြေးရန်ဖြစ်သည်။ညီလုပ်သူဒိုးမောင်ကကူညီသူ။ထိုစဉ်ဖိုးစိန်တို့ရွာသားတစ်သိုက်မှာသူတို့အကြိုနောက်ကျသဖြင့်စိတ်ပူပြီးချောင်းထိပ်ကိုလာကြိုကြရာမတွေ့ပဲချောင်းစပ်တွင်သွေးအလိမ်းလိမ်းဖြင့်လဲနေသောဦးရေချမ်းကိုသာတွ့ကြရလေသည်။ဖိုးစိန်တို့လန့်ဖြန့်ပြီးအော်ဟစ်ပြီးလိုက်ရှာကြလေရာဖိုးစိန်တို့အသံကိုကြားသောိဒိုးမောင်ကအခြေအနေမဟန်မှန်းသိ၍မသီတာဇက်ပိုးကိုခပ်ဆဆလေးအုပ်လိုက်ချလိုက်လေရာမသီတာမှာပျော့ခွေကျသွားလေတော့သည်။ထို့နောက်မတော့ဖိုးဇော်ကမသီတာကိုပွေ့ချီပြီးဖိုးစိန်တို့ကိုအော်ဟစ်ခေါ်သည်။
“ ကိုဖိုးစိန် ဗျိုးးကို ဖိုးစိန် ဒီမှာ ဆရာဝန်မလေးဒီမှာ. ”
ဖိုးဇော်တို့အော်သံကြောင့်အသံလာရာဖက်သို့ရွာသားများပြေးလွှားကြည့်ကြသော်ဖရိုဖရဲနှင့်သတိလစ်နေသောမသီတာကိုဖိုးဇော်ကပွေ့ချီလျှက်တွေ့ကြလေသည်။ဒိုးမောင်ကတုန်တုန်ရီရီအသံဖြင်“.ဦးရေချမ်းဗျာ..ဆရာမလေးကိုချာင်းစပ်ကနေစောင့်ပြီးမတော်မတရားကြံဖို့လုပ်နေတာဗျာကျွန်တော်တို့ညီအစ်ကိုကရအိုးကုန်းရွာကိုသွားဖို့အလုပ်မြင်လို့မနည်းဝင်ကူခဲ့ရတယ်။သိပ်ယုတ်မာတဲ့လူဗျာ”

“ဟုတ်တယ်..ကျွန်တော်တို့ညီအကိုသာဝင်မကယ်ရင်ဆရာမ၀န်လေးတောဒီအရူးလက်မှာ့မတွေးဝံ့စရာဘဲ”
တောက်တခေါက်ခေါက်နှင့်ရေချမ်းကိုသတ်မယ်ဖြတ်မယ်တကဲကဲလုပ်နေလေရာကာလသားခေါင်းကိုစံသိန်းက“ကဲကဲ. ပြောနေကြာတယ်ဆရာဝန်မလေးကိုရွာထဲမြန်မြန်ခေါ်သွားကြ။ဥိးရေချမ်းကိုကြိုးတုတ်ပြီးမလာခဲ့ကြတော့ မြန်မြန်လုပ်ကြဆရာဝန်မလေးကိုစိုးရိမ်ရတယ်။”

ဒေါ်ခင်မှုံခင်မျာမသီတာဖြစ်ပုံကိုမြင်ရတော့ရင်ဘတ်စည်တီးဖြစ်ရသည်။ရေချမ်းကိုစိတ်တွေဆိုးသည်။တသက်လုံးကျွေးမွေးစောင့်ရှောက်ထားတာကိုတောင်မှအားမနာအရုးခေါင်းပေါ်ချိးတက်ပါသည်ဟုတဗြစ်တောက်တောက်ဆိုနေသဖြင့်ဥိးထွန်းအောင်မှာမနည်းပါးစပ်ပိတ်ခိုင်းပြီးတတ်သမျှမှတ်သမျှနည်းမျိုးစုံနှင့်ဆရာဝန်မလေးကိုသတိရလာအောင်လုပ်ကြသည်။ရေချမ်းကိုတော့ဆရာတော့်ကျောင်းအောက်မှာချုပ်ထားလိုက်သည်။ဆရာတော်ကရေချမ်းကိုလဲသတိရအောင်လုပ်ကြဟေ့သတိရလာမှအကုန်မေးလို့ရမှာဟုဆိုပြီး ခေါင်းမှဒဏ်ရာများကိုကိုယ်တိုင်ဆေးထည့်ပေးသည်။နှစ်နာရီဝန်းကျင်ခန့်ကြာသော်.မသီတာနည်းနည်းလှုပ်လာသည်။တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပျော့ခွေနေသည်။ခေါင်းကလုံးဝထူမရ၊ချာချာလည်အောင်မူးနေသည်။ကြိုးစားပြီးအသံထွက်ကြည့်သည်။စိတ်ထဲမှာရုတ်တရက်သတိရလိုက်သည်ကဦးရေချမ်း။သူမအတွေးထဲရောက်လာသည်ကဦးရေချမ်းသွေးတွေခေါင်းမှာဖြာကျပြီး ခွေခနဲလဲသွားတဲ့ဦးရေချမ်း။သူမကိုဝင်ဆွဲရင်းအရိုက်ခံလိုက်ရတဲ့ဦးရေချမ်း။ပါးစပ်ကအသံတိုးတိုးလေးထွက်လာသည်။
“ ဦးရေချမ်း ..ဥိးရေချမ်း ”
အနားမှာဝိုင်းစောင့်ရှောက်နေကြသော ဒေါ်ခင်မှုံတို့မသီတာအသံထွက်လာသည်ကိုကြားလိုက်ရသည်။“ဟယ်.ဆရာဝန်မလေးသတိရလာပြီသတိရလာပြီ။”ဒေါ်ခင်မှုံအသံကြောင့်မသီတာအနားလူတွေအနားဝိုင်းအုံလာသည်။ဒေါ်ခင်မှုံကစိတ်ပူစွာနှင့်မေးလိုက်သည်။


“ သမိးလေး .သမိးကိုဘယ်သူလုပ်လဲ ဒီလိုဖြစ်အောင်ဘယ်သူလုပ်လဲ  အရီးတို့ကိုပြောပြနော် သမီးလေး ”
မသီတာ ခေါင်းကမထူနိုင်။ ပါးစပ်ကတိုးတိုးလေးလှုပ်သည်။“ ဦးရေချမ်း…ဦးးး………….ရေချမ်း ”
အသံကတိုးတိုးလေးပေမင့်ပီသည်။ဒေါ်ခင်မှုံ့အပါအ၀င်ဘေနားဝိုင်းထိုင်နေသူများကြည့်နေသူများအကုန်ကြားလိုက်သည်။အကုန်ဟင်ကနဲဟာကနဲဖြစ်ကုန်သည်။ဖိုးစိန်ပင်ကိုယ့်နားကိုယ်မယုံနိုင်။“ဟင်….ရေချမ်းတဲ့ ရေချမ်းတဲ့…”
“ ဟာ.မိုက်ရိုင်းလိုက်တာကွာ ”
“ ဒီအရုးကွာ .”
ရွာသားတွေဒေါသမထိန်းနိုင်ကြတော့။။အကုန်လုံးတုတ်များဆွဲပြီးဆရာတော့်ကျောင်းကိုချီတက်ကြသည်။ဦးထွန်းအောင်လဲတားမရတော့ဖိုးစိန်တချက်တွေသွားသည်။မဖြစ်ချေတော့။ဒီလူအုပ်ပုံနှင့်ဦးရေချမ်းတခါတည်းသေသွားနိုင်သည်။ဖိုးစိန်ရွာဖြတ်လမ်းမှဆရာတော်ကျောင်းရှိရာသို့ပြေးလေပြီ။ကျောင်းကိုရောက်တော့ရွာလူအုပ်မရောက်လာသေး။တော်သေးသည်။ဖိုးစိန်ကျောင်းပေါ်ကမန်းကတန်းပြေးတက်ပြီးဆရာတော်ကိုလျှောက်သည်။“ ဆရာတော့်ဘုရားဆရာမလေးမသီတာကိုစော်ကားတာဦးလေးရေချမ်းတဲ့ဘုရား။ခုရွာထဲကလူတွေတုတ်တွေဓားတွေနဲ့လိုက်လာကုန်ပြီဘုရာ့။လုပ်ပါဦးဘုရား။။တပည့်တော်ကတော့မယုံနိုင်ဘုး။ဒါ့ကြောင့်ဆရာတော့်ကိုအရင်ပြေးလာပြီးလျှောက်တာဘုရား.ဦးလေးရေချမ်းကိုကယ်ပါဦးဘုရား”

ဆရာတော်ပင်မျက်လုံးပြူးသွားသည်။ ရေချမ်းကို ကျွေးမွေးစောင့်ရှောက်လာတာတခါမှဒီလိုဆိုးဆိုးရွားရွားမကြားဖူးခဲ့။“ကဲ..ကဲ။။လာလာ..ကျာင်းအောက်တိုင်မှာချုပ်ထားတယ်။ဟဲ့ကိုရင်တွေလာကြစမ်းမီးအိမ်တွေယူပြီးအောက်ဆင်းလာခဲ့”ဆရာတော်အသံကြောင့်ကိုရင်များမီးအိမ်ထွန်းပြီးအောက်သို့ဆင်းကြသည်။ဖိုးစိန်လဲဆရာတော်နှင့်အတူကျောင်းအောက်ဆင်းလိုက်လာခဲ့သည်။ကိုရင်လေးတစ်ပါးကအနားမှာစောင့်နေပြီးရေချမ်းကိုကျောင်းအောက်မှာကြိုးချည်ထားရာဒဏ်ရာများကိုဆေးထည့်ထားပေးသဖြင့်သတိရစပြူနေပေပြီ။သို့သော်လည်းသွေးထွက်များနေသဖြင့်မျက်နှာကဖြူလျော်လျော်ဖြစ်နေသည်။လူကမလှုပ်နိုင်။ဆရာတော်ကအနားရောက်တော့“ရေချမ်း..ငါ့ကိုအမှန်အတိုင်းလျှောက်စမ်း။မင်းဆရာဝန်မလေးကိုအန္တာရယ်ပြုခဲ့တယ်ဆိုတာဟုတ်လား”။ဆရာတော်အသံမာမာကိုကြားသော်ရချမ်းမျက်စိသူငယ်နှင့်နားမလည်သလိုကြည့်နေသည်။ဆရာတော်ထပ်မေးသည်။
“ ရေချမ်းမှန်မှန်ဖြေ။ဆရာဝန်မလေးကိုမင်းဒုက္ခပေးခဲ့တယ်ဆိုဟုတ်သလား။”ဆရာတော်အမိန့်ကိုဘယ်တုန်းကမှမလွန်ဆန်ခဲ့သောရေချမ်း ခေါင်းတွင်တွင်ခါသည်။“မင်းမဟုတ်ဘူးးပြောပေမယ့်ဆရာဝန်မလေးကခုသတိပြန်ရလာပြီ။မင်းသူ့ကိုမကောင်းကြံတာပါလို့ပြောတယ်လို့ခုဖိုးစိန်လာပြောတယ်။မှန်မှန်ဖြေ”ငယ်ကြောက်ဖြစ်လေသောဆရာတော်ကိုတွေတွေကြီးကြည့်လျှက်“မဟုတ်ဘူးမဟုတ်ဘူး.” ။မဟုတ်ဘူးချည်းဖြေသည်။ဘာမှလဲမပြော။ခပ်လှမ်းလှမ်းကျောင်းဝန်းထိပ်မှလူသံများကြားလာရသဖြင့်ဖိုးစိန်ဆရာတော်ကိုလျှောက်လိုက်သည်။“ဟိုမှာရွာသားတွေလာကုန်ပြီဘုရား။ဘယ်လိုလုပ်ကြမလဲ။ဒိလိုဒေါသတွေနဲ့ဆိုဦးလေးရေချမ်းသေသွားလိမ့်မယ်ဘုရား.”

ဆရာတော်သင်္ကန်းပြန်ပြင်ရုံပြီးကိုရင်လေးများနှင့်အပြင်ထွက်သွားသည်။ဖိုးစိန်ဦရေချမ်းကိုသေချာကြည့်မိသည်။အမေတို့အရီးမှုံတို့ပြောတာကြားဖူးတာဦးလေးရေချမ်းကအင်မတန်စိတ်ကောင်းရှိသည်။မိဘများသေသွာလို့စိတ်ထိခိုက်ပြီးရူးသွားရှာပေမယ့်သူ့တစ်သက်လဲဥိးရေချမ်းမဟုတ်တာလုပ်တာမမြင်ခဲ့ဖူးပေ။ကိုယ်ပေါ်မှယားနာများပင်ဆရာဝန်မလေးကျေးဇူးနှင့်ပျောက်စပြူနေပေပြီ။ကိုယ်ပေါ်မှာဖူးယောင်“ဦးလေးရေချမ်း..ပြေးတော့.ပြေးတော့..လွတ်ရာကျွတ်ရာကိုမြန်မြန်ပြေးတော့။ဟိုမှာလူတွေဦးလေးကိုသတ်ဖို့လာနေကြပြီ။ဦလေးကိုဆရာဝန်မလေးကိုမကောင်းကြံတယ်ဆိုပြီးသတ်ဖို့လာနေကြပြီ။ ဖိုးစိန်တုန်တုန်ရင်ရင်ဖြင့်ကြိုးများဖြေပေးလိုက်တော့သည်။ဖိုးစိန်ပြောသမျှကိုမျက်လုံးအ၀ိုင်းသားနှင့်ကြည့်နေရင်းတခွန်းခြင်းပြောလာသည်.။

“ မဟုတ်ဘူး မဟုတ်ဘူး ဒိုးမောင် ဖိုးဇော် ”

ရေချမ်းပါးစပ်ကထွက်လာသောအသံကြောင့်ဖိုးစိန်ဦးရေချမ်းမျက်နှာကိုသေချာကြည့်လိုက်သည်။နောက်ထပ်မေးသည်။“ဦးလေးဘာပြောတာလဲဖိုးဇော်တို့ဒိုးမောင်တို့လုပ်တားလားဟုတ်လား”
ဆရာတော်နှင့်ရွာလူများအသံကပိုမိုကျယ်လောင်လာသလိုထင်ရသည်။ဆူဆူညံညံအသံများမီးတုတ်အရောင်များကြောင့်ရေချမ်းတစ်ယေက်တစ်ကိုယ်လုံးတုန်နေရှာသည်။ထို့နောက်ဖိုးစိန်ကိုတချက်ကြည့်လိုက်ပြီးတရွေ့ရွေ့နှင့်ကျောင်းအနောက်ဖက်စည်းရိုးမှအမှောင်ထုထဲသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

(၄)

ဆရာတော်ကိုရွာသားများကလျှောက်ကြသည်။သွးဆူနေသောလူများကိုပိုဒေါသဖြစ်အောင်ဆွပေးနေသူများကဖိုးဇော်တို့ညီအကိုနှစ်ယောက်နှင့်သူတို့အပေါင်းအပါများ။ရွာသားတွေကလဲဆရာတော်ကိုအတင်းလျှောက်သည်။ရွာလူကြိးများပါရောက်လာလေရာဆရာတော်က“ကဲငါမင်းတို့ရှေ့မှာဘဲ ရေချမ်းကိုစစ်မယ်။မင်းတို့ငါကိုကလန်ကဆန်လုပ်ရင်မင်းတို့ရွာမှာငါမနေ့တော့ဘူးဟေ့”


ဆရာတော်တချက်လွှတ်အမိန့်ကြောင့်အကုန်ငြိမ်သက်သွားသည်။ဆရာတော်နှင့်ရွာလူကြီးများ ကျောင်းဝင်းထဲဝင်လာပြီးဦးရေချမ်းကိုချူပ်ထားသည့်နေရာကိုကြည့်လိုက်တော့ ရေချမ်းမရှိတော့။ကြိုးများကဖြေလျှက်သား။ဖိုးစိန်မှာဆရာတော်ကိုမျက်နှာငယ်လေးနှင့်လက်အုပ်ချီရှိခိုးပြီးတောင်းပန်ရှာသည်။“ဆရာတော်ဘုရား..တပည်တော်လွှတ်လိုက်တာပါဘုရား။တပည့်တော်ဘယ်လိုမှမယုံနိုင်လို့ဒီလူအုပ်နဲ့ဆိုဦးလေးရေချမ်းသေသွားမှာစိုးလို့လွှတ်ပေးလိုက်မိတာပါဘုရာ။တပည့်တော်ကိုကြိုက်တဲ့အပြစ်သာပေးပါတော့။ဦးလေးရေချမ်းပြောသွားတာဖိုးဇော်ဒိုးမောင်လို့နှစ်ခွန်းပြောသွားတယ်ဘုရား”

ဖိုးစိန်စကားမှမဆုံးသေး။လူအုပ်ထဲမှဖိုးဇော်အသံကထွက်လာသည်။“ဒီအရူးကဘာပြောသွားတာလဲ။ဟေ့ကောင်တွေလိုက်ကြ..လိုက်ကြ။ဒီအရုးဒီနားဘဲရှိဦးမှာ။မိအောင်လိုက်ကြ”
မသီတာသတိရလာပြီ။မူးဝေနေပြီးချာချာလည်နေသည်။အားယူပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့အနားတွင်အရီးခင်မှုံနှင့်မိန်းမတချို့နှင့်ရွာသားတချို့စိုးရိမ်သည့်မျက်လုံးများနှင့်အကုန်ဝိုင်းကြည့်နေကြသည်။အတင်းအားယူထပြီး မေးလိုက်သည်။
“ အရီး. ဦးလေးရေချမ်းရော ..ဦးလေးရေချမ်းရော ”
“ဘုန်းကြီးကျောင်းမှာချုပ်ထားတယ်။သမီးကိုဒုက္ခပေးလို့ဆိုပြီးရွာကလူတွေစိတ်တွေဆိုးပြီး ရေချမ်းကိုသတ်မယ်တကဲကဲနဲ့ဆရာတော်ကျောင်းကိုအကုန်ထွက်သွားကြလေရဲ့”
“ ဟင် .ဘာဖြစ်လို့ဦးလေးရေချမ်းက ကျမကိုဒုက္ခပေးတာလဲ။ မဟုတ်ပါဘူး”
“ သမီးဘဲ အရီးတို့မေးတော့ သမီးကိုဒုက္ခပေးတာ ရေချမ်းဆို ”
“ ဟာ မှားကုန်ပြီ မှားကုန်ပြီ ဒုက္ခပါပဲဦးလေးရေချမ်းတော့ဒုက္ခ္ခရောက်တော့မှာဘဲ ”
မသီတာတစ်ယောက် အတင်းထလေရာ အကုန်ဝိုင်းဆွဲပြီးမေးကြလေသည်။
“မှားကုန်ပြီအရီးရယ်..ကျမကိုဖိုးဇော်တို့ညီအကိုတွေအန္တရာယ်ပြုတာဦးလေးရေချမ်းက၀င်ကူညီတာအရီးရဲ့။ကျမမြို့ကပြန်လာတာ ရေအိုးကုန်းကလူတွေကိုအားနာလို့ ချောင်းထိပ်အထိဘဲပို့သည်ဘက်မှာဖိုးစိန်တို့လာကြိုမယ်ဆိုပြီးတစ်ယောက်ထဲပြန်လာတာဒီဘက်ရောက်တော့ဦးလေးေ၇ချမ်းကစောင့်ပေးနေတာ။အဲဒီမှာဖိုးဇော်တို့ညီအကိုကမူးပြီးကျမကိုဆွဲလားရမ်းလားလုပ်လို့သူအရိုက်ခံလိုက်ရတာ။ကျမမြင်လိုက်တယ်ဒိုးမောင်ရိုက်ချလိုက်တာသွေးထွက်လွန်နေလောက်ပြီ။ခုဘဲဘယ်အချိန်ရှိနေပြိလဲဒုက္ခပါပဲ သေကုန်ပြီလားမသိဘူး”

မသီတာအ၀တ်အစားတွေသေချာပြန်ဝတ်ပြီးဆေးအိတ်ကိုကောက်ယူကာ ဒေါ်ခင်မှုံနဲ့အတူအိမ်မှာကျန်ခဲ့သောလူတစ်ချို့နှင့်ဆရာတော်ကျောင်းကိုအပြေးလိုက်လာကြသည်။ ကျောင်းရောက်တော့ဆရာတော်ကိုလျှောက်လိုက်တော့ဆရာတော်ကခေါင်းတငြိမ့်ငြိမ့်နှင့်မိန့်ရှာသည်။
ဆရာတော့်စကားအဆုံးမသီတာတို့အကုန်ကမန်းကတန်းရွာသားများ ပြေးထွက်ရာဆီလို့ နောက်ကနေအမှီလိုက်ကြရတော့သည်။

(၅)

လကြီးကထိန်ထိန်သာလျှက် …
ရေချမ်းတစ်ယောက်လွမ်းစေတီကုန်းပေါ်သို့တက်ပြေးသည်။ကုန်းပေါ်အရောက့်အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့လူများမီးတုတ်များဖြင့်လိုက်လာသည်ကိုမြင်သဖြင့်မြင်းပလုံချောင်းသောင်ပြင်ထဲသို့တရွေ့ရွေဖြင့်ဆင်းပြေးပြန်လေသည်။တကိုယ်လုံးလဲတုန်ရီမောဟိုက်လျှက်။ချောင်းပြင်ကကျယ်သလိုလူကသွေးထွက်လွန်နေသဖြင့်မြန်မြန်မသွားနိုင်။ချောင်းလယ်ရောက်တော့လွမ်းစေတီဘက်ကိုလှည့်ကြည့်ပြီးလက်အုပ်လေးချီပြီးတဟီးဟီးနှင့်ငိုရှာသည်။အရှင်ဘုရားကယ်တော်မူပါ။လက်အုပ်ချီပြီးတိုင်တည်မိသည်။သူမဟုတ်ကြောင်းဘယ်လိုသက်သေပြရပါမည်နည်း။သူဆရာဝန်မလေးကိုဒုက္ခမပေးခဲ့ပါ။သူဘယ်လိုသက်သေပြရပါမည်နည်း။သူတအားကြောက်သည်။ခေါင်းကလဲတအားမူးနေပြီ။မျက်ရည်များတွင်တွင်ကျလျှက်ခြေလှမ်းများကိုရေအိုးကုန်းရွာဖက်သို့ဦးတည်လိုက်တော့သည်။။ရွာသားတွေ စေတီကုန်းပေါ်ရောက်တော့မီးတုတ်များဖြင့်ဟိုဟိုသည်သည်ရှာကြရာမတွေ့။ဒိုးမောင်ကလှမ်းမြင်လိုက်သည်။“ဟိုမှာ ရေချမ်း သောင်ပြင်မှာပြေးနေတယ်။”
ဒိုးမောင်အသံကြောင့်အကုန်လှမ်းကြည့်လိုက်ရာဒယီးဒယိုင်ဖြင့်ရေအိုးကုန်းရွာဖက်သို့သွားနေသောလူရိပ်တစ်ခုကိုလေ၇ာင်အောက်တွေင်မြင်ရလေသည်။ထိုစဉ်မသီတာတို့လဲစေတီကုန်းနားသို့ရောက်လာသည်။မသီတာကကုန်းပေါ်ကလူများကိုလှမ်းအော်သည်။“ဦးလေးတို့အကိုတို့မဟုတ်ဘူးမှားမယ်မှားမယ်ဦးလေးရေချမ်းကကျမကိုအန္တရာယ်ပေးတာမဟုတ်ဘူးမှားမယ်မှားမယ်ကျမရှင်းပြတာခနနားထောင်ကြဦး နေကြပါဦး”

အော်သံကြောင့်လူများကကြောင်ပြီးအသံလာရာဖက်သို့လှည့်ကြည့်ကြရာစေတီကုန်းပေါ်သို့အမောတကောပြေးတက်လာသောမသီတာနှင့်ရွာကလူတချို့ကိုမြင်လေသော်ချောင်းစပ်ကိုလိုက်မည့်လူများရပ်တန့်သွားလေသည်။လူများရပ်တန့်သွားသော်လည်းမရပ်တန့်နိုင်ကြသူများကဖိုးဇော်တို့ညီအကိုနှစ်ယောက်။“ဟာ….ကြာပါတယ်ကွာဒီအရူးကိုတစ်ခါထဲသတ်ပစ်လိုက်အေးရော။တို့ကိုတစ်သက်လုံးနှောက်ယှက်လာတဲ့အရူးသေအေးရော”

ညီအကိုနှစ်ယောက်တုတ်ဆွဲပြီးချောင်းစပ်သို့ပြေးဆင်းကြသည်။ထိုခန၌ထိန်ထိန်သာနေသောလကြီးမှာတိမ်ဖုံးတချက်ကွယ်တစ်ချက်ဖြစ်နေသည်။နားကွဲမတတ်မိုးခြိမ်းသံများလဲရုတ်တရက်ထွက်ပေါ်လာသည်။ နွေလည်ခေါင်ကြီးမိုးခြိမ်းသံများရုတ်တရက်ထွက်ပေါ်လာသောကြောင့်လူအများလဲအံ့သြကုန်ကြသလိုချောင်းစပ်ကိုရောက်နေသောဖိုးဇော်တို့ညီအကိုလဲအံ့အားသင့်သွားသည်။ ရေချမ်းကိုမြင်နေရပြီ။ ရေချမ်းဖော်လျှင်သူတို့ညီအကိုဆရာဝန်မလေးကိုဒုက္ခပေးတာပိုသက်သေခိုင်လုံသွားနိုင်သည်။စဉ်းစားဆင်ခြင်ညဏ်နည်းပါးသောဦးနှောက်။ငယ်စဉ်ကတည်းကမုန်းသောစိတ်တို့ကြောင်ဒေါသတို့ကိုမထိန်းနိုင်ကြတော့။“လာကွာ..ဆက်လိုက်မယ်ဟိုလူကြီ်းကိုမြင်နေရပြီ”

 (၆)

ညီအကိုနှစ်ယောက်ချောင်းစပ်မှအလယ်သို့ဆက်ပြေးလိုက်လာသည်။မီလုမီခင်ဖြစ်လာပြီ။တရွေ့ရွေ့ပြေးနေသောရေချမ်းမှာလည်းတဖက်ချောင်းစပ်သို့ရာက်တော့မည်။စေတီကုန်းပေါ်မှာလူများလည်းထိုတဝေါဝေါအသံများကြားလာသောကြောင့်ဖိုးဇော်တို့ကိုအော်ခေါ်ကြသည်။“ ဟေ့ကောင်တွေ ပြန်လာခဲ့ကြ ပြန်လာခဲ့ကြ.ချောင်းရေကျလာပြီ ပြန်လာခဲ့ကြ..”မသီတာတစ်ယောက်ချုံးပွဲချငိုတော့သည်။ဦးရေချမ်းသူမကြောင့်ဒုက္ခရောက်ရှာပြီ။ကယ်မရကူမရနှင့်။ဒိုးမောင်တို့ညီအကိုမှာတော့ ပြန်မလှည့်လာနိုင်ဘဲဒေါသအလျှောက်တာ့ဘဲမှီလုမှီခင်ဦးရေချမ်းနောက်သို့သာအတင်းလိုက်နေရာတဖက်သို့လည်းပြန်လှည့်၍မရတောပြီ။ဦးရေချမ်းကတစ်ဖက်ချောင်းအစပ်နားသို့ရောက်ချေပြီ။သူတို့ညီအကိုက ချောင်းအလယ်ကျော်ကျော်လေးတင်။”“ “ဟာ …………………..”

ဒိုးမောင်အသံကြောင့်ဖိုးဇော်လှည့်ကြည့်လိုက်လေရာရေလုံးကြီးများသာမြင်တွေ့လိုက်ရပြီးညီအကိုနှစ်ယောက်လုံးစီးကျလာသောသစ်လုံးများဝါးချောင်းများနှင့်အတူရိုက်ခတ်မိပြီးချာင်းရေထဲတွင်တရှိန်ထိုးမျောပါသွားကြလေတော့သည်။ကံကောင်းထောက်မစွာရေချမ်းကတော့ဟိုဘက်ကမ်းအစပ်ကိုအရောက်ရေကျလာလေရာလွတ်မြောက်သွားလေတော့သည်။လမင်းကြီးကတော့သူမသိသလိုပင်ထိန်ထိန်သာလျှက်…………..

စေတီကုန်းပေါ်ကလူများကတော့အကုန်လုံးအံသြနေကြသည်။လရောင်အောက်မှာဝုန်းဒိုင်းကြဲပြီးရုတ်တရက်ကျလာသောတောင်ကျရေများအကြားမျောပါသွားသောဖိုးဇော်တို့ညီအကိုကိုကြည့်ရင်းစိတ်မကောင်းဖြစ်ကြရင်းမှင်သက်မိနေကြသည်။ထူးဆန်းသည်မှာ နွေလည်ခေါင်ကြီး တောင်ကျရေများမည်သို့ကျလာပါသနည်း။မသီတာလရောင်အောက်တဖက်ကမ်းမှာရပ်နေဟန်ရှိသောမှုန်ပြပြလူရိပ်တစ်ခုကိုမြင်လိုက်ရလေမှမျက်ရည်များကြားမှသက်ပြင်းချနိုင်တော့သည်။မသီတာရှင်းပြမှု့ကြောင့်ရွာသားများကလည်းသူတို့စိတ်မထိန်းနိုင်ဘဲဒေါသတကြီးဖြင့်ဖိုးဇော်တို့သွေးထိုးပေးသည့်အတိုင်းရေချမ်းကိုရိုက်နှက်သတ်ဖြတ်ရန်လုပ်ခဲ့မိသည့်အပေါ်နောင်တရစိတ်မကောင်းဖြစ်နေကြသည်။ရုတ်တရက်လဲဟိုဘက်ကမ်းကိုကူးဖို့မလွယ်တော့။ ဖိုးဇော်တို့ညီအစ်ကိုလဲသည်လောက်သန်သည့်ရေစီးနှင့်အသက်ရှင်ဖို့လမ်းမြင်တော့ချေ။ဒဏ်ရာများရနေသောသွေးထွက်လွန်နေသောရေချမ်းကိုလဲသူတို့အချိန်မှီကယ်လို့လဲမဖြစ်နိုင်တော့သဖြင့်ရွာလူကြီးများရှေ့တွင်ခေါင်းငုံ့ရင်းအသံတိတ်နေကြတော့သည်။တချို့မိန်းမများကတော့ဦးရေချမ်းသေပါပြီဆိုပြီးစိတ်မကောင်းဖြစ်ပြီးမျက်၇ည်ကျနေကြသည်။စိတ်ထိခိုက်၍ငိုကြွေးနေရှာသောမသီတာကိုဒေါ်ခင်မှုံတို့မိန်းမများရွာလူကြီးများခြံရံလျှက်ရွာထဲသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြသည်။တောင်ကျရေများကတော့တဝေါဝေါစီးကျလျှက်….

အမှန်တရားအတွက်.မြင်းပလုံချောင်း၏ဒေါသတကြီးပြန်လည်တုံ့ပြန်လိုက်ပုံကကြာက်မက်ဖွယ်ရာကောင်းလှသည်။နွေလည်ခေါင်ကြီးမိုးလည်းမရွာဘဲတောင်ကျရေများရုတ်တရက်ကျလာခြင်းကအားလုံး၏စိတ်တွင်ရေချမ်းအတွက်အမှန်တရားကို မြင်းပလုံချောင်းကသစ္စာဆိုပြလိုက်ခြင်းပင်ဖြစ်သည်ဟုသိရှိသွားခဲ့ကြသည်။ရေချမ်းတစ်ယောက်ရှိသမျှအားအင်ကိုစုပြီးချောင်းကမ်းပါးတွင်ရပ်နေရင်းလရောင်အောက်မှာ မြင်နေရသောလွမ်းစေတီကိုလက်အုပ်ချီလျှက်ငိုကြွေးနေရှာသည်။ပါးစပ်ကလဲ“မဟုတ်ဘူး..မဟုတ်ဘူးအရှင်ဘုရားကယ်တော်မူပါ”ဟုတတွတ်တွတ်ရေရွတ်နေသည်။သူသည်မျက်ရည်များကြားမှတရွေ့ရွေ့နှင့်ဝေးသွားသောမီးရောင်များကိုကြည့်ရင်းကြည့်ရင်း နှင့်ပင် ခွေကျသွားလေတော့သည်။

တောင်ကျရေများအသံကြောင့်အိပ်ပျော်နေကြသော  ရေအိုးကုန်းရွာကိုလဲ နိုးလိုက်သလိုဖြစ်သွား ပြီး နွေလည်ခေါင်ကြီးထူးဆန်းသောအခြင်းအရာကြောင့်ရေအိုးကုန်းရွာမှရွာသားများလည်းမီးတုတ်များဖြင့်ချောင်းကမ်းစပ်သို့ရောက်လာကြလေရာ.................................။
……………………………………………………………...



(၇)

လွမ်းစေတီကုန်းပေါ်မှာအမျိုးသမီးငယ်တစ်ဦးယောဂီသဘက်လေးခြုံလျှက် ခေါင်းလောင်းထိုးအမျှဝေနေသည်။ ခေါင်းလောင်းကိုသုံးချက်ထိုးပြီးသော်ထိုမိန်းမငယ်သည်ချောင်းဘက်သို့မျက်နှာမူပြီးဝေနေယျသတ္တ၀ါများကိုမေတ္တာပို့နေသည်။ ပြီးတော့ စေတီခြေတော်ရင်းတွင်ကြုံ့ကြုံလေးထိုင်နေရှာသောလူကြီးတစ်ဦးထံသို့ လျှောက်သွားပြီးရပ်လိုက်သည်။“ဦးလေးရေချမ်း.လာကျမနဲ့အတူ စေတီပေါ်မှာသစ်ရွက်ခြောက်တွေအမှိုက်တွေကျုံးကြမယ်နော်။” “ဟုတ်ကဲ့..ဟုတ်ကဲ့..”ခေါင်းတငြိမ့်ငြိမ့်နှင့်ထိုအမျိုးသမီးငယ်ပြောသည့်အတိုင်းတသွေမတိမ်းပင်စေတီရင်ပြင်တော်ပေါ်မှာကြွေကျနေသောသစ်ရွက်ခြောက်များကိုလိုက်လံကောက်ပြီးတောင်းထဲသို့ထည့်နေလေရာအမျိုးသမီးငယ်မှာ အေးချမ်းသောအပြုံးနှင့်ထိုလူကြီးအားကြည့်နေတော့လေသည်။



( ပြီးပါပြီ )

ချစ်ခြင်းအားဖြင့်
မဒမ်ကိုး
၇ ရက် ၅ လ ၂၀၁၃
အင်္ဂါနေ့ 



6 comments:

Han Kyi said...

အစကနေ အဆုံးထိ တရိပ်ချင်း ဆွဲခေါ်သွားတာပဲ...ဖတ်ရတာ အရသာရှိပါဘိ...

မြသွေးနီ said...

အမယ်မင်း... ဒါမျိုးလဲ ရေးဖွဲ့တတ်တာကိုး...။ အခန်းလေးတွေ ခွဲလိုက်ရင် ဖတ်ရတာ ပိုအရသာရှိသွားမယ် ညီမရေ..။

ဆွေလေးမွန် said...

ဖတ်ရတာ အရသာရှိလိုက်တာ.

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မတွေ့တာကြာပြီ
မရောက်တာကြာပြီ
ရောက်လာတော့လည်း ဇတ်လမ်း ဇတ်အိမ်ကောင်းနဲ့တိုးချေပြီ
ကြိုက်တယ် ဒယ်အိုးရေ
အားပေးနေတယ်း)

မိုးငွေ့........ said...

ဒါလဲကောင်းတယ် ကျားအဆက်လဲရေးဦး

စံပယ်ချို said...

မသီတာ အကြောင်းလေးကိုပဲ တွေးနေမိတယ်
ကျား ဘယ်ပျောက်သွားပြီလဲရွှေဒိုးရေ

Related Posts Plugin for WordPress, Blogger...