မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အလှုရှင်များရဲ့ စုပေါင်းလှုဒါန်းအားဖြင့်
ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀)
စာသင်ကျောင်းဆောင်ကို Friday, 23 August 2013မှာ ဆောက်လုပ်ခဲ့ရာ အခုဆိုရင်
လုံးဝ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
Showing posts with label အလှုဓါတ်ပုံများ. Show all posts
Showing posts with label အလှုဓါတ်ပုံများ. Show all posts
Thursday, October 31, 2013
Sunday, September 8, 2013
သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင် ပြီးစီးမှု အခြေအနေ(၂)
စတင် ဆောက်လုပ်ခဲ့တဲ့ အချိန်မှ ရက်(၂၀)အတွင်း ပြီးစီးမှု အနေအထားဖြစ်ပါတယ်။ မျက်နှာကျက်နှင့် တံခါးဘောင်များသာ တပ်ဆင်ဖို့ လိုပါတော့ မယ်..။ အလှုရှင်များ၏ ယုံကြည်စွာ လက်တွဲမှုကို တုန့်ပြန်သောအားဖြင့် အခြေအနေအားလုံးကို အချိန်နဲ့ တပြေးညီ ဆက်လက်ဖော်ပြပါမည်။
ဆောက်လုပ်ဆဲစာသင်ကျောင်းဆော င်နှင့် လက်ရှိ အသုံးပြုဆဲ ကျောင်းဆောင်ဟောင်း ( အလှုရှင်များ ယှဉ်ကြည့်ပြီး မုဒိတာ ပွားနိုင်ပါစေ)
Friday, August 23, 2013
အလှုငွေ စုစုပေါင်းအား အသိပေးခြင်းနှင့် စတင်ဆောက်လုပ်ခြင်း (၁)
မုဒိတာရဲ့ အလှုရှင်များအားလုံး မင်္ဂလာပါ..။
ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှ စတင်ပြီး အလှုခံခဲ့ပါတယ်။အလှုငွေများလက်ခံမှု မပိတ်သိမ်းခင် 28.7.2013၊ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့သားများနှင့် အလှုရှင်အချို့  လိုက်ပါပြီး မိုးထဲရေထဲမှာပဲ ကျောင်းဆောက်မဲ့ ဒီနေရာမှာ မှာ ပနက်ချခဲ့ပါတယ်။ 1.8.2013မှာတော့ ဥဿမြို့သစ်အလှုအတွက် အလှုငွေ လက်ခံမှုအား ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်းချိန်အထိ ရရှိသော နိုင်ငံအရပ်ရပ်မှ စုစုပေါင်း ပမာဏမှာ
Thursday, June 13, 2013
ဥဿဆိုတာ ပစ်ထားလို့ မရတဲ့နေရာ
အားလုံး မင်္ဂလာပါ..။
ညီအစ်ကို မောင်နှမများအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ''အသက်တစ်ရာ မနေရဘူး အမှုတစ်ရာ ကြုံရတယ်'' ဆိုတဲ့ အရပ်စကားနဲ့အညီ ဒီအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ၀မ်းနည်းစရာတွေ၊ မကျေနပ်မှုတွေ၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေနဲ့ အားလုံးရဲ့ ရင်တွင်းကိုယ်စီမှာ တောက်ခေါက်သံတွေ ညံနေမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတွေ မည်မျှရှိနေစေကာမူ နောက်လိုက်တွေ ညံ့ဖျင်းနေကြမယ်၊ ပညာမဲ့နေကြမယ်ဆိုရင် ကျွန်တော်တို့ စိုးရိမ်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ သေချာပေါက် ခံစားကြရပါလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါင်းဆောင်နိုင်မဲ့သူတွေ ထွက်ပေါ်လာ သင့်သလောက် မထွက်ပေါ်လာဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ ချို့ ယွင်းချက်တွေ လစ်ဟာမှုတွေ မပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေပြီဆိုတာကို မီးမောင်း ထိုးပြနေသလိုပါပဲ..။
Monday, October 15, 2012
ကျောင်းအပ်ပွဲ
အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျောင်းဆောင် ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..
Tuesday, September 18, 2012
ပေးလည်းပေး၏..ရလည်းရ၏
အားလုံးမင်္ဂလာပါခင်ဗျား..
အလှုရှင်များ၏ စုပေါင်းအင်အားဖြင့် ဆောက်လုပ်နေသော သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း၏ ဆောက်လုပ်ပြီးစီးမှု အခြေ -အနေအား အလှုရှင်များနှင့် အလှုကို မုဒိတာပွားလိုသူများ သိရှိနိုင်ရန် ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား..။ပြီးစီးချိန်အထိ အလျင်း သင့်သလို ဆက်လက်ပြီး တင်ဆက်ပေးပါ့အုံးမယ်ခင်ဗျား..
Monday, September 3, 2012
ပန်းဖူးပန်းငုံ စုံစုံလင်လင်ဤရဂုံတွင်
ခေါင်းဆောင်ကောင်းတို့ဖူးပွင့်မည်
တက်ကြွညီညာချီ
အနာဂတ်ကောင်းတဲ့စာသင်ကျောင်း
ငါတို့အုတ်မြစ်လောင်း။
မဒမ်ကိုး
Saturday, August 25, 2012
ဟုတ်ကဲ့...ဒီလိုပါ
လောင်းတဲ့ရွှေရည်
စာသင်ဖို့တို့ကျောင်း
အုတ်မြစ်တွေလောင်းလို့
လှပ၀င့်ချီ
ပန်းကလေးများပွင့်တော့မည် ။
စာသင်ဖို့တို့ကျောင်း
အုတ်မြစ်တွေလောင်းလို့
လှပ၀င့်ချီ
ပန်းကလေးများပွင့်တော့မည် ။
အားလုံး မင်္ဂလာပါ...
သာယာကုန်း ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အဆောက်အဦး ပုံကြမ်းအား တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းတုန်းက အလှုငွေကို ကြည့်ပြီး ၁၅ပေ x ၃၀ ပေ ခပ်ကျဉ်းကျဉ်း အနေအထားသာ ထမင်းစားဆောင်အဖြစ် ဆောက်လုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ ရည်မှန်းထားတာထက် ပိုလျှံသော အလှုငွေ ပမာဏကြောင့် ၂၀ပေ x ၄၀ ပေ အထိ အတန်အသင့် ကျယ်ပြန်သပ်ရပ်တဲ့ အဆောက်အဦးကို ဆောက်လုပ်နိုင်ခဲ့တဲ့ ထမင်းစားဆောင်မှ စာသင်ဆောင်အဖြစ် လည်းကောင်း၊ နွေအခါ -ကျောင်းပိတ်ရက်များတွင် တရားစခန်းအတွက် ရိပ်သာအဆောင်အဖြစ်လည်းကောင်း လိုအပ်သလို အသုံးချနိုင်အောင် သေသပ်ခန့်ညားစွာ -ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ဆရာတော်ရဲ့ ညွှန်ကြားမှုနဲ့အတူ အဆောက်အဦး ဖောင်ဒေးရှင်းချမည့်နေ့အား အခုလာမဲ့ ဗုဒ္ဓဟူးနေ့ (၂၉.၈.၂၀၁၂)ရက်နေ့ မနက် ၁၀နာရီ မင်္ဂလာအချိန်မှာ ပြုလုပ်မှာဖြစ်ပြီး ၂၀ပေ x ၄၀ပေ အဆောက်အဦး မြေနေရာအား ကလေးများလက်ချိတ်ကာ စီတန်းပြီး “အို..အို..အိုးးး.. ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ၀င့်လို့ချီ” ဆိုတဲ့ “တို့ကျောင်း” ကဗျာလေးကို သံပြိုင်ရွတ်ဆိုကာ အဆောက်အဦး -ဆောက်လုပ်ခြင်းအား စတင်မှာ ဖြစ်ပါတယ်။
Tuesday, August 21, 2012
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ
အားလုံးမင်္ဂလာပါခင်ဗျား..
သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှုရှင်များကို -မေတ္တာရပ်ခံပြီး ၁၃.၇.၂၀၁၂ ရက်နေ့မှစတင်ကာ ၁၅.၈.၂၀၁၂ ရက်နေ့အထိ (၃၄) ရက်တိုင်တိုင် M.M.Y.G မှ အလှုခံခဲ့ပါတယ်။ အလှုခံပုဂ္ဂိုလ်တွေရဲ့ မြင့်မြတ်သောသီလတန်ခိုး၊ အလှုရှင်တွေရဲ့ ယုံကြည်မှုနဲ့ ထက်သန်သော သဒ္ဒါတရား၊ နိုင်ငံအသီးသီးမှ အကျိုးဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတို့ -ပေါင်းစပ်လိုက်တဲ့အခါ ယခုလှုအတွက် ကျွန်တော်တို့ ရည်မှန်းထားတာထက် နှစ်ဆခန့်ပိုပြီးများပြားတဲ့ အလှုငွေပမာဏနဲ့ အလှုခံခြင်းကို ပိတ်သိမ်းနိုင်ခဲ့ပါပြီ။ ဗြိတိန်၊ ဆွစ်ဇာလန်၊ သြစတီးရီးယား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာနိုင်ငံ စတဲ့နိုင်ငံပေါင်းစုံမှ စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၁,၈၆၉,၃၀၀ တိတိ (တစ်ရာ တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် သုံးရာကျပ်တိတိ) ရရှိခဲ့ပါတယ်။နိုင်ငံအလိုက် ရရှိခဲ့တဲ့ပမာဏမှာ
Sunday, August 5, 2012
Saturday, July 28, 2012
ပန်းကလေးများ ပွင့်တော့မည်
သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းတွင် ကလေးငယ်များအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် နိုင်ငံအလိုက် လှုဒါန်းထားကြသော ကျောင်းဒကာ၊ ကျောင်းအမများစာရင်း ဖြစ်ပါတယ်။ မကြာခင်အချိန်တွင် ကျောင်းဆောင်အား စတင်ဆောက်လုပ် -တော့မည့်အကြောင်း သတင်းကောင်း ပါးအပ်တယ်..အလှုရှင်များနှင့် အလှုစာရင်းအားလုံးမှာ လက်ခံရရှိဆဲ ပမာဏများဖြစ်ပြီး ကျောင်းဒကာ၊ -ကျောင်းအမများအား လက်ခံပေးနေဆဲဖြစ်ကြောင်း ၀မ်းမြောက်စွာ ထပ်မံအသိပေး နှိုးဆော်အပ်ပါတယ်။ (Auto play အသံဖိုင်ပါဝင်သောကြောင့် အလုပ်ထဲမှ ဖတ်ရှုသူများ ဦးစွာအသံနည်းနည်းတိုးထားဖို့ လိုအပ်ပါလိမ့်မည်။)
Tuesday, July 17, 2012
ဥယျာဉ်မှုးများ အလိုရှိသည်
သင်တိုက်သည့် သွေး
သင်ပေးသည့် အား
သင့် သွေးဓါးကား
ထောင်လွှား တစ်ရက်
ကောင်းကင် ထက်၌ လွင့်တက် ၀ဲပျံ
ထောင်စု အလံ
ဦးမှာ ပန်၍ ။
Tuesday, April 10, 2012
မရမ်းချောင်းအလှု၏ ပီတိ
( ၀န်ခံချက်..)“မရမ်းချောင်းအလှု၏ ပီတိ” ဆိုတဲ့ခေါင်းစဉ်နဲ့ပိုစ့်ကို အလှုမှာ ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ဘလော့ဂါညီမငယ် သမီးစံ က အပိုအလိုမရှိ ရေးပါသည်။သူက မနေ့က ၉.၄.၂၀၁၂ နေ့မှာ သင်္ကြန်တွင်း ဥပုဒ်တရားစခန်းဝင်သွားပြီဖြစ်လို့ ကျွန်တော့်ဘလော့မှာ တင်ပေးလိုက် ပါသည်။
~~~~~~~~~@@@@@@@~~~~~~~~~
မရမ်းချောင်းအလှု၏ ပီတိ
တစ်နေ့နဲ့တစ်၌ကျမသမီးစံသည် ပျင်းပျင်းရှိသည်နှင့်အီးမေလ်းစစ်ကြည့်လေသော် မေလ်းထဲတွင်စာ တစ်စောင် အားဤ သို့ တွေ့ရလေသည်။“မိစံ အားရင်လိုင်းပေါ်တက်ခဲ့ပါအုံး။ ကူညီတောင်းစရာရှိလို့”ဟူ၏။စာပို့သူနေရာတွင် ကိုရင်ဟူသော နာမည်တစ်ခုအား တွေ့ရလေသည်။ ထိုနာမည် အား တွေ့တွေ့ချင်းပင် မြန်မာမုဒိတာလူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှန်း သိလိုက်ပါသည်။တစ်ပြိုင်တည်းပင် မင်္ဂလာတောင်ညွှန့်၊စက်ဆန်း မီးဘေးတွင် ငွေအားဒါနဖြင့် အလှူလုပ်ခဲ့ဖူးသောအဖွဲ့ တစ်ဖွဲ့ဖြစ်နေမှန်း တန်းသိလိုက်ပါသည်။လျစ်လျူရှုရန်မဖြစ်နိုင်သောကြောင့် အချိန်အား သည်နှင့် လိုင်းပေါ်တက်မိလေသည်။မြန်မာမုဒိတာအဖွဲ့၏ ဒုတိယမြောက်အလှူအတွက် ကူညီပေးရန် ပြောကြား လာပါသည်။မြန်မာပြည် အလှူရှင်များအတွက် အလှူခံပေးရန်ဟူ၏။လူကြီးများအား ကူညီတောင်းရန် အားနာသည် ဟုလည်းပြော၏။ အလုပ်မရှိဘဲ(ကျောင်းကိစ္စမှလွဲ၍) အားနေသော သမီးစံကို ကူညီပေးရန်ရွေးချယ်လာမှုအပေါ် မအံ့သြမိတော့ဘဲ တတ်နိုင်သမျှ ကူညီပေးရန် လက်ခံလိုက်ပါသည်။မတ်လ(၇)နေ့က ဖြစ်မည်ထင်ပါသည်။အလှူကိစ္စအား လက်ခံပြီးသော် မုဒိတာဆိုဒ်မှာဖော်ပြပေးရန် ဖုန်းနံပါတ်နှင့်အိမ်လိပ်စာ တောင်းပါသည်။
Monday, April 9, 2012
မရမ်းချောင်းအလှု မှတ်တမ်းဓါတ်ပုံများ(၃)နှင့် အလှုစာရင်းရှင်းတမ်း
အားလုံးမင်္ဂလာပါခင်ဗျား။အလှုရှင်များရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် MMYGရဲ့ ဒုတိယအလှုဖြစ်တဲ့ မရမ်းချောင်း အလှုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။အလှုဓါတ်ပုံများကို ကြည့်ရှုရခြင်းအားဖြင့် အလှုရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလှုနဲ့ MMYG လူငယ်များရဲ့ ဆောင်ရွက်ခဲ့ပုံကို အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြလိမ့်မယ်၊ ပီတိဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျား။ မရမ်းချောင်းအလှုအတွက် အွန်လိုင်းကနေ အလှုခံကြော်ညာကိုတွေ့ပြီး ယုံကြည်စွာလက်တွဲ လှုဒါန်းပေးခဲ့တဲ့ အလှုရှင်များရဲ့ သဒ္ဒါတရားထက်သန်မှု ၊ MMYG လူငယ်များအပေါ် ယုံကြည်မှုကို ကျွန်တော်တို့အဖွဲ့က အမြဲ မှတ်တမ်းတင်ထားမှာပါ။ဒီနှစ်ထဲမှာမှ စပြီးလုပ်ဖြစ်ခဲ့ကြလို့ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ကို့ရို့ ကားယား နိုင်တာလေးတွေကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အလှုဟာ နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့အလှုပါ။ အဲတာကြောင့် မရမ်းချောင်းအလှုအတွက် နိုင်ငံအရပ်ရပ်မှ အလှုရှင်များအားလုံးအား ကျေးဇူးတင်ကြောင်း ဦးစွာ ပြောပါရစေ။မရမ်းချောင်းအလှုနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့မှာ ထပ်ဆင့်ပြောစရာတွေ အမှတ်တရတွေ တော်တော် များများကျန်ရစ်ခဲ့ပါတယ်။
Sunday, April 8, 2012
မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်(၂)
ဆက်ပါအုံးမယ်ခင်ဗျား။နှင်းဆီရင်ခွင်အဖွဲ့သားတွေ ပြောသလို ပြောရရင်တော့ မြန်မာပြည်က အလှုဓါတ်ပုံများ ကျွန်တော်တို့ဆီရောက်အောင် ပို့နိုင်ဖို့ “မီးးးးစက် လိုပါတယ်ခင်ဗျား”။တစ်ခုကောင်းရင် တစ်ခု ဆုတ်ယုတ်တဲ့ ဓမ္မတာအရ မီးလည်း လာရော လှည်းတန်းက ဂုံးကျော်တံတားတည်ဆောက် ရာမှာ ဒီနေ့ပဲ မြေတွေတူးတယ်လို့ သိရပြီး အင်တာနက်လိုင်း ထပ်မံပြတ်တောက်ပါတယ်။အကယ်၍ ကျွန်တော်မနက်ဖန်မှာ အလှုစာရင်းရှင်းတမ်း မတင်ပေးနိုင်သေးရင် သည်းခံပြီး ခဏစောင့်ပေးကြပါအုံးလို့ အလှုရှင်များအား မေတ္တာရပ်ပါတယ်။
မရမ်းချောင်း ဧည့်သည်မှတ်တမ်း
Saturday, April 7, 2012
မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများ(၁)
မရမ်းချောင်းဂေဟာအတွက်အလှုလေး လုပ်ကြမယ်လို့ စပြီးတိုင်ပင်တဲ့အချိန်က ကျွန်တော်တို့ရဲ့ ရရှိလာနိုင်တဲ့ အလှုငွေကို ခန့်မှန်းခဲ့ကြရာမှာ ၇သိန်းဝန်းကျင်လောက်ပဲ ဖြစ်ဖို့များတယ်ဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချခဲ့ ကြတယ်။အဲ့တာလေးနဲ့ ဆန်အိတ် လေး ငါးအိတ်လောက်ရယ်၊ ၀ှီးချဲလ်လေး နှစ်စီးလောက်ရယ်နဲ့ ပိုတာလေးကို ပဒေသာပင်ထဲထည့်မယ်ဆိုပြီး ဒီအလှုလေးကို အုတ်မြစ်စချတယ်။တကယ်လည်း အလှုခံလို့ပြီးရော ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ပမာဏက ကနဦး ကျွန်တော်တို့ခန့်မှန်းထားခဲ့တာထက် ခြောက်ဆကျော်လောက် ရရှိခဲ့တယ်။ မရမ်းချောင်းက ဝေဒနာ-ရှင်တွေရဲ့ ကံတရားကောင်းမှုကြောင့်ရယ် နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့ တိုင်းတာမရနိုင်တဲ့ သဒ္ဒါတရားတွေကြောင့် ကျွန်တော်တို့ဟာ ဒီအလှုငွေတွေနဲ့ မရမ်းချောင်းဂေဟာရဲ့ လက်ရှိလိုအပ်နေတဲ့ အရာလေးတွေ (ဂေဟာက တောင်းဆိုလာသလောက်အကုန်)ကို ဖြည့်ဆည်းနိုင်ခဲ့ တဲ့အပြင် ပိုလျှံနေတဲ့ အလှုငွေတွေကိုပါ ရာသက်ပန် ပဒေသာပင်ထဲ ထည့်ပေးနိုင်ခဲ့ပါပြီ။စိတ်ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်ဆိုတာထက် အဆပေါင်းများစွာ ရင်ထဲမှာဖြစ်နေတာကို စာစီပြလို့ မရနိုင်ပါဘူး။မနက်ကလည်း အစောကြီး အလုပ်ထဲကထွက်ပြီး ဒီနေ့မှာ သွားပြီးလှုပေးမဲ့ အဖွဲ့တွေကို မေတ္တာပို့ပြီး ဖုံးဆက်တယ်။သူတို့ တက်ကြွနေတဲ့ အသံတွေကို ကြားမိတော့ ကြက်သီးတွေတောင် ထမိတယ်။
Friday, March 23, 2012
ဖွတ်ဋီကာနှင့် မရမ်းချောင်းအလှုအတွက် အလှုရှင်များ
ဖွတ်ဂလိုဘယ်လိုက်ဇေးရှင်း
ဖွတ်ကမ္ဘာ
ဖွတ်တိုင်းပြည်
ဖွတ်လူမျိုး
ဖွတ်စိတ်ဓါတ်
ဖွတ်စိတ်ဓါတ်
ဖွတ်ပါတီ
ဖွတ်လူကြီးမင်း
ဖွတ်ကျင့် ဖွတ်ကြံ ကြံနေတယ်..။
( ရေးမိရေးရာ ရေးထားခြင်းဖြစ်၏။)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အောက်ပါအလှုရှင်များသည် မရမ်းချောင်းအနာကြီးရောဂါ စောင့်ရှောက်ရေး ဂေဟာအလှုအတွက် လှုဒါန်းထားသော အလှုရှင်စာရင်းများ ဖြစ်ပါတယ်ခင်ဗျား။
Tuesday, March 13, 2012
“ မရမ်းချောင်း ဂေဟာသမိုင်းနှင့် မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်”
“တောင်ဝှေးကြိုးတန်း၊သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု”
“မရမ်းချောင်း ကျေးရွာသမိုင်း”
၁၉၈၉ ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ထောက်ကြံ့ အနာကြီးရောဂါကုဆေးရုံးကို ဖျက်သိမ်းလိုက်ပြီးနောက် ဝေဒနာသည်များကို လှည်းကူးမြို့ နယ် မရမ်းချောင်းကျေးရွာသို့ ပြောင်းရွှေ့ ပေးခဲ့ပါတယ်။ရွှေ့ ပြောင်းကာစက လူဦးရေ (၂၀၀၀) ခန့်ရှိပြီး ဝေဒနာသည်ပေါင်း ကျား/မ (၄၀၀)ကျော် ပါဝင်ခဲ့ပါတယ်။ ကြိုးစားရုန်းကန်ကြရင်း ၁၉၉၃ခုနှစ်မှာ မရမ်းချောင်းလူငယ်များဖြစ်တဲ့
၁။ကိုလှဌေး (လက်ရှိ ဂေဟာ ကျွေးမွေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ)
၂။ကိုသန်းနိုင်ဦး
၃။ဦးသိန်းထွဋ်
၎။ကိုနိုင် (ကွယ်လွန်)
၅။ကိုသောင်းဝင်းဌေး (ကွယ်လွန်)
-တို့မှ ဦးဆောင်ပြီး ပျင်းပျင်းထန်ထန်ခံစားနေရတဲ့ ရောဂါသည် (၁၀၈)ဦးကို သူတို့အစီအစဉ်နဲ့ စတင်စောင့်ရှောက်ခဲ့ပါတယ်။
Tuesday, January 17, 2012
ကျေးဇူးတင်ခြင်း ခံစားမှုစာမျက်နှာ
ကျေးဇူးတင်ပါတယ်ဆိုတာ စကားစု စကားလုံးလေးတစ်လုံးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ဒီစကားလေး ကို သုံးနှုန်းပြီးရင် သုံးလိုက်တဲ့သူရော၊ အသုံးခံလိုက်ရတဲ့သူရော၊ စိတ်ထဲမှာ ကျေနပ်ဝမ်းသာ ဖြစ်နေမယ်၊ ဖြစ်သွား လိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။ကျမတို့တစ်တွေဟာ မမျှော်လင့်ပဲ သူငယ်ချင်းတွေစုပြီး မထင်မှတ်တဲ့ ကုသိုလ်တစ်ခုကို စုပေါင်းလုပ်ဖြစ်ခဲ့ကြပါတယ်။မမျှော်လင့်တဲ့တစ်မနက်ခင်းကနေ ကြားလိုက် ရတဲ့ သတင်းတစ်ပုဒ်အတွက် ကြုံတွေ့ခဲ့ရတဲ့ငရဲခန်းတစ်ညတာကို ဖြတ်သန်းခဲ့ကြတဲ့ မိသားစုဝင်တွေအတွက် ကျွန်မတို့တစ်တွေ လူသားဆန်စွာ ခံစားခဲ့ကြရပါတယ်။ဘေးလူတွေဖြစ်ကြတဲ့ ကျမတို့တွေတောင် အခုလို ၀မ်းနည်းကြရမယ်ဆိုရင် မိသားစုဝင်တွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ အသိ၊ ခံစားမှု၊ ကြေကွဲမှုတွေဟာ ဘာနဲ့မှတောင်တိုင်းရမှာ မ ဟုတ်ပါဘူး။
Monday, January 16, 2012
စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၂ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)
မနေ့တုန်းက မတင်နိုင်တဲ့ အသံဖိုင်တွေရယ် ဓါတ်ပုံတွေရယ်ပါ.။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ..ကျဆုံးသွားတဲ့ သူတွေကိုတော့ ကျွန်တော်တို့တွေ မလှောင်ပြောင်မိဖို့ လိုပါတယ်။အခုလို ဓါတ်ပုံတွေ ဖော်ပြပေးလိုက်တယ် သတင်းတွေတင်ပေးတယ်ဆိုတာကလည်း အားလုံးသိအောင် သာဓုခေါ်ဆိုနိုင်အောင်သာ ရည်ရွယ်ပါတယ်။ အရာရာကို အကောင်းမြင်ကြရင် အကောင်းမြင်ပေးနိုင်ရင် မအေးချမ်းပေဘူးလားဗျာ။နားထောင်လို့ အ ဆင် ပြေနိုင်မဲ့ ဖိုင်လေးတွေ တင်ပေးလိုက်ပါတယ်။အချိန်ရရင် နားထောင်သွားကြပါခင်ဗျား။
Subscribe to:
Posts (Atom)





