Monday, January 16, 2012

စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၂ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)

မနေ့တုန်းက မတင်နိုင်တဲ့ အသံဖိုင်တွေရယ် ဓါတ်ပုံတွေရယ်ပါ.။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ..ကျဆုံးသွားတဲ့ သူတွေကိုတော့ ကျွန်တော်တို့တွေ မလှောင်ပြောင်မိဖို့ လိုပါတယ်။အခုလို ဓါတ်ပုံတွေ ဖော်ပြပေးလိုက်တယ် သတင်းတွေတင်ပေးတယ်ဆိုတာကလည်း အားလုံးသိအောင် သာဓုခေါ်ဆိုနိုင်အောင်သာ ရည်ရွယ်ပါတယ်။ အရာရာကို အကောင်းမြင်ကြရင် အကောင်းမြင်ပေးနိုင်ရင် မအေးချမ်းပေဘူးလားဗျာ။နားထောင်လို့ အ ဆင် ပြေနိုင်မဲ့ ဖိုင်လေးတွေ တင်ပေးလိုက်ပါတယ်။အချိန်ရရင် နားထောင်သွားကြပါခင်ဗျား။


  interview with ma thidaohn by mmyg
“အိမ်က အခုလေးတင် ထွက်သွားပြီး ခဏနေတော့ သေဆုံးသွားပြီဆိုတာကို မယုံနိုင်ခဲ့ပါဘူး”ဆိုတဲ့ တပ်ကြပ်ကြီး ရဲသူရ ဇော်ဌေးရဲ့ဇနီး

“အဲဒီနေ့က ၅တန်းကျောင်းသူ သမီးလေးရဲ့ ကျောင်းကပွဲသွားမလို့ ခွင့်ယူထားတာလေ..အဲဒီမနက်မှာပဲ သမီး တို့အဖေ ဆုံးသွားခဲ့တာ”လို့ ဆိုတဲ့ တပ်ကြပ် ရဲသီဟ တင်စိုးရဲ့ဇနီး မဇာခြည်စိုး

“သားလေးကို တွေ့တဲ့အချိန်က ခေါင်းမရှိတော့ဘူးလေ..ကျွန်မဆင်ထားတဲ့ လက်စွပ်ကလေးကို ကြည့်ပြီး ဒါ ငါ့သားလေးပဲလို့ အတည်ပြုခဲ့ရတယ်”လို့ ပြောတဲ့ တပ်သားရဲသူရ မျိုးကျော်ကျော်ရဲ့ မိခင် ဒေါ်အေးအေးမြင့်


“၅ရက်နေ့ကျရင် အမေ့ကို ကျိုက်ထီးရိုးဘုရားလိုက်ပို့မယ်ဆိုပြီး ခွင့်ကြိုယူထားတာလေ..အခုတော့ သူစိတ် ချမ်းသာအောင် အမေတစ်ယောက်ထဲ သွားပေးလိုက်တယ်ကွယ်” ဆိုတဲ့ တပ်သားရဲသူရ အောင်အောင်ရဲ့ မိခင်ကြီး..

ဒဏ်ရာရ မီးသတ်တပ်ဖွဲ့ဝင်အချို့ နှင့် မြန်မာမုဒိတာအဖွဲ့ဝင်လူငယ်များ 

ဆက်လက်ဖော်ပြပါမည်>>>>>
အောက်က ခေါင်းလောင်းလေးကို ကလစ်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ မိခင်ဆိုဒ်ကို သွားနိုင်ပါတယ်။


HTML tutorial
လေးစားစွာဖြင့်
အားလုံးကိုယ်စား
ကိုရင်
22:51(GMT)

8 comments:

မဒမ်ကိုး said...

ရင်ထဲမှာနင့်နေအောင်ဝမ်းနည်းမိပါတယ် .
အားလုံးကောင်းရာဘုံဘ၀ကိုရောက်ရှိကြပါစေ

sosegado said...

ဝမ်းနည်းကြေကွဲရပါတယ်

Unknown said...

အသံဖိုင်တွေလည်း နားထောင်သွားပါတယ် အမရေ။ တကယ် အရမ်း ဝမ်းနည်းမိတယ်။

ခင်မင်လျက်
Junemoe

SHWE ZIN U said...

ဝမ်းနဲကြေကွဲရပါတယ် သာဓု ပါ ကိုရင် ရေ

8Yar said...

စိတ်မကောင်းဘူးဗျာ။ အားလုံး ကောင်းရာသုဂတိလားပါစေခင်ဗျာ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါ အစ်ကိုရင်ရေ။ သာဓု သာဓု သာဓု...

ညီရဲသစ် said...

အချိန်ပေးပြီးတော့ကို နားထောင်ခဲ့ပါတယ် ကိုရင်... နားထောင်ရင်း စိတ်မကောင်းလဲ ဖြစ်ရတယ်။ နောင်ဘဝအဆက်ဆက် ဒီလို အဖြစ်မျိုးတွေနဲ့ မကြုံပါစေနဲ့ လို့ ဆုတောင်းမိပါတယ်ဗျာ... တကယ်စိတ်မကောင်းဖြစ်မိပါတယ်...

အလင်းသစ် said...

အေးဗျာ... မှတ်တမ်းမဝင်၊ စာမတင်ခဲ့ပေမယ့် အညတရနှလုံးသားနဲ့ ဘယ်သူမှမသိပဲ စတေးပေးဆပ်နေတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။။ လူတွေသိအောင် ပေါ်ပေါ်ထင်ထင်ကြီး လုပ်ပြမှ အလုပ်မဟုတ်ပါဘူးလေ။။ ဘာပဲပြောပြော အကိုရေ သာဓုကို အကျယ်ကြီးအော်ခေါ်သွားပါတယ်.. သူတို့တွေရဲ့ ပေးဆပ်သွားနိုင်မှုကို လေးစားလွန်းလို့။။။

မောင်မောင် said...

တစ်ကယ်ကို လေးစားဂုဏ်ယူထိုက်တဲ. သူရဲကောင်းတွေပါ။ တန်ဖိုးရှိတဲ.လူတွေဆိုတာ သူတို.ကို ပြောတာပါ။

Related Posts Plugin for WordPress, Blogger...