Tuesday, December 13, 2011

ဖိုတိုဂျဲနစ် ဂျာရစ်






ဂျာရစ်သည်မည်သူနည်း။ဂျာရစ်ဘာကြောင် ဖြစ်ပေါ်လာရသနည်းဟူသော မေးခွန်းများ လာဖွယ်ရာရှိသဖြင့် ကြိုတင်ဖြေကြားခြင်းအလို့ငှာ တရက်သ၌ ကျုန်ုပ် မိမိပျောက်ကလေးသည် ပျင်းသည်နှင့် (တနည်း) လက် အားခြင်းလဲဖြစ်သဖြင့် မျောက်တို့သဘာဝ အငြိမ်မနေနိုင်ခြင်းရှိလေရာ  ဗျူတီးစလွန်းသို့သွား၍ ချို့တဲ့သော ရုပ်ရည်ကို ပြောင်းလဲစေရန် သွားရောက်အားထုတ် ကြိုးပမ်းလေသည်။

ဆိုင်ရှင်သည် မိမိပျောက်ကလေး ၀င်လာသည်နှင့် သူလုပ်သမျှခံမည့်တောရုပ် ငါးချဉ် ရုပ် ဟု သတ်မှတ်ခါ အစွမ်းကုန်ပြုပြင်လေတော့သည်။တစ်နာရီခန့်အကြာတွင်မတော့ ဗျူးတီးရှန်၏အဆိုအရ ဘာဘီရုပ် (ဘာဘူရုပ် မဟုတ်ပါ ) ကလေးနှင့် တူသည့် မျက်နှာအဖြစ်ထွက်ပေါ်လာခဲ့လေသည်။

မြှောက်ပင့်ပြောဆိုခြင်းကို နှစ်သက်သော  လူတို့၏သဘောပီပီ  အသင်လူသား မိမိပျောက်ကလေးသည် ဘာဘီဒေါ  (ဘာဘီဒေါ့ မဟုတ်ပါ)နှင့်တူသည်ဆိုကတည်းက သဘောခွေ့လှစွာဖြင့် မနောဘ၀င်စွေ့လှ တာကြောင့် သူတောင်းသော ၁၅၀ ခန့်ပမာဏ ပိုက်ဆံကို မစားမသောက်ရက် နှပ်ချေးငါးပိလုပ်စား ကာ စုထားခဲ့သမျှ မညည်းမညူ မတွန့်မတို ကြည်ဖြူစွာ ထုတ်ပေးလေသည်။

အပြန်တစ်လမ်းလုံး၌ လည်းကောင်း၊အိမ်တွင်လည်းကောင်း ဘာဘီဒေါကလေးမိမိပျောက်သည် စတိုင်အ သစ် ကလေးဖြင့် အလန်းဇယားထုတ်ရန်ကြံစည်လေရာ မိမိ၏ အလှတရားများကို ပြလိုစိတ်ပြင်းပြခြင်းကို တားမရခြင်းအလို့ငှာ  ရုပ်ချည်းဆိုသလိုပင် စိတ်ရူးပေါက်ခါ ကားလက်မှတ်ဝယ်၍ တောမမြို့သို့ အိမ်ဦး သခင်ထံ ခရီးနှင်လေသည် ။လမ်ခရီး၌ နေမထိရေမစို လေမတိုက်စေရန်လည်းကောင်း ခေါင်းပြားမည် စိုး သဖြင့်လည်းကောင်း ပုံပျက်မည်စိုးသဖြင့်လည်းကောင်း မအိပ်စက်နိုင်ပဲ တောင့်တောင့်ကြီးဖြင့် လိုက်ပါလာ ခဲ့လေသည် ။

၆ နာရီကျော်နီးပါး အချိန်ဖြုန်းပြီးနောက် မြို့သို့ရောက်ရှိလေရာ အနှီအိမ်ဦးသခင်သည် ဆီးကြိုသော သကာ လ၌ မိမိပျောက်ကလေးအား မြင်မြင်ခြင်းပင် တအံ့တသြ ထောပနာပြုလေသည်။“ဘယ်လိုပုံကြီး ဖြစ်လာ တာလဲ ”ဟူ၍ လည်းကောင်း  “ ဒုက္ခပဲ မှန်မကြည့်ဘူးလား မသိဘူး ” ဟူ၍ လည်းကောင်း ” မိန်းမရယ်  နင့် ပုံစံက ခုမှတောက တက်လာတဲ့ ဂျာရစ်ပုံဖြစ်နေတယ်ဟဲ့”ဟူ၍လည်းကောင်း “ဘယ်သူက မြှောက်ပေးလိုက် လို့ နင်ဒီပုံ ပေါက်လာတာလဲ တော်တော်များလှနေတယ် ထင်လို့လား ” ဟူ၍ လည်းကောင်း  ဘွဲ့ဂုဏ်ထူး နာမ်စား ၀ိသေသနများ သတ်မှတ်လေရာ ဘာဘီဒေါရုပ်မှ ဘာဘီဒေါ့ရုပ်သို့ ပြောင်းကာ ထိုမှအစပြု၍ မိမိပျောက်ကလေးသည် ဂျာရစ်ဟူသော အမည်နာမ ကိုရရှိလေသည် ။ 

အနှီဂျာရစ်  သည် တောမှမြို့တက်လာသည့်သဏာန်ရှိသော်ညားလည်း အင်မတန်မှပင် ဓာတ်ပုံရိုက် ခြင်း အမှု ကိုဝါသနာထုံလေရာ ရောက်လေရာ၌ ပဲပေးခြင်းအမှုတို့ဖြင့် ဓာတ်ပုံမှတ်တမ်း တင်စေတတ်လေသည်။ ရူပါသည်လည်း အကုန်အကျခံ၍ ပုံသွင်းလာသည်ဖြစ်လေရာ အိမ်ဦးနတ်မည်သို့ပင် ထောပနာပြုနေပါစေ အလွန်မှပင် ရှိုးထုတ် စတိုင်လုပ်ကာ မှတ်တမ်းတင်ချင်နေလေသည်။သို့နှင့် နီးစပ်ရာ လူများသောဈေးဝယ် စင်တာကြီးတခုသို့ ကမန်းကတန်းပြေးကာ မ၀ယ်နိုင်သော ဘရမ်းတံဆိပ်တုံးပုံများကြားတွင် ပဲစုံပစ်ရရှာလေ သည်။

ရိုက်ပေးသောသူကိုလဲ  “ ခပ်ဝေးဝေးမှ ရိုက်နော် .အရမ်းနီးရင်မလှဘူး ” “ အဲလောက်ကရိုက်နော် ..ဒီနား နည်းနည်းတိုးဦးလေ.. ဟိုလိုလေးရွှေ့လိုက်ပါလား အဲလောက် အကွာအဝေးလေးပေါ့ ”စသည်ဖြင့် ရိုက်ချင် လာစိတ် များများပေါက်လာအောင် ဆရာလည်း လုပ်သလို ပိုစ့်လဲအမျိုးမျိုးပေးလေသည်။လူတောမရှောင် သူရှေ့မရှောင် မော်ဒယ်ဂျာရစ်သည် ကော့လန်ပျံတမျိုး  ရပ်ထိုင်ကွ ပြူံးရီငိုမဲ့ အမျိုးမျိုးသော ပုံစံတို့ ဖြင့်  စတိုင်ပေးလေရာ ဖြတ်သွားသမျှ လူအပေါင်းတို့သည် မည်သည့်နိုင်ငံမှလာသော တောမော်ဒယ်နည်း ဟူ သော ပုံမျိုးဖြင့်စူးစမ်းကြလေလျှင် ဂျာရစ်မိမိပျောက်ကလေးသည် မိမိ၏စတိုင်ကို သဘောကျသည် အလို့ ငှာ ထိုသို့ကြည့်ကြခြင်းကို သိသဖြင့် အောင်မြင်သော အသံဝါကြီးဖြင့် “ အောင်ပြီ အောင်ပြီ အောင်ပြီ ” ဟု   သုံးကြိမ်တိတိ ကြုံး ၀ါးလေသည်။

ဂျာရစ်ကလေးမိမိပျောက်သည် စတိုင်အမျိုးမျိုးထုတ်၍ ရိုက်သော်ညားလည်း မျက်နှာပေါ်မှ အစာရေစာ ငမ်းခြင်း၏ခြေရာများဖြစ်သော ၀က်ခြံဖုထစ်တို့ကို ဖုံးကွယ်ခြင်းငှါမတတ်နိုင်သဖြင့် ခပ်ဝေးဝေးမှနေ၍ ခပ်ဝါး ၀ါး စတိုင်ထုတ်ကာ ကင်မရာမန်းအား အငိုက်ဖမ်းရလေသည်။တစ်ပုံရိုက်ပြီးတိုင်း အိမ်ဦးသခင်သည် “ဂျာရစ်ရယ် ညည်းကို ငါကြည့်ရတာ တော်တော်အခြေအနေဆိုးလိုက်တာ” ဟူ၍ လည်းကောင်း “ဘာပုံ ကြီးလည်းကွာ. ဆံပင်ပုံကြီးကတုံးတိတိနဲ့ မျက်နှာက၀ိုင်းဝိုင်းနဲ့”ဟူ၍လည်းကောင်း “ဟူးး...မိန်းမ နင် -တော်တော်ရုပ်ဆိုးနေပြီနော် ” “  ဒီပုံကြီးအတိုင်းသာတွေ့ခဲ့ရင် မယူခဲ့ဘူး ”ဟူ၍လည်းကောင်း မြည်တွန် -တောက်တီးက မိမိပျောက်ကလေး ၏ အလှကို ထင်ပေါ်စေရန် ဖွဲ့နွဲ့ ပြော ဆို လေ သည် ။

ထိုအခိုက်တွင်  ဂျာရစ်ကလေးမိမိပျောက်သည် အင်မတန်မှ နှလုံးသည်းခြေ ၌  ပူဆွေးဝမ်းနည်းကြေကွဲ ခြင်း ကိုခံစားလိုက်ရလေရာ ပိုစ့်ပေး၍ ထိုဓာတ်ပုံကိုပင် ရိုက်ဖြစ်အောင်ရိုက်ကာ မှတ်တမ်းတင်နိုင်လိုက်သေး သဖြင့် အိမ်ဦးနတ်၏မေတ္တာပို့လွှတ်ခြင်းကို လုံးလုံးလျားလျား ထပ်မံခံရရှာလေသည် ။

သို့နှင့် နေစောင်းသော်အိမ်သို့ ပြန်ရောက်လေလျှင် ဖြတ်ညှပ်ကပ်ကူးဆက်တာဝန်များ ပြုလုပ်ပြီးသကာလ ဓာတ်ပုံများ ထွက်လာလေသောအခါတွင် အိမ်ဦးနတ်၏  ကြောက်မက်ဖွယ်အသံနက်ကြီးကို ရုတ်တရက် ကြားလိုက်ရ လေသည် ။

“ဟားးး ငါ့မိန်းမ တော်တော်ရုပ်ဆိုးပေမယ့် ဒီလိုပြင်လိုက် အဝေးရိုက်တော့လည်း  ဖိုတိုဂျဲနစ်တော့ ဖြစ်သား ဟ..ဂျာရစ်ရ” ဟု သောစကားကို နားနှင့်ဆတ်ဆတ် ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရလေသည်။ထိုသို့သော
အိမ်ဦးသခင်၏ ရုတ်တရက် နှုတ်ထွက်ချီးမွမ်းစကားကို ကြားပြီးသကာလ ဂျာရစ်ကလေးသည် နှလုံးပီတိ ဂွမ်းဆီထိ၍ “၁၅၀ ပေးရကျိုးနပ်ပဟဲ့၊ကုန်ရကျိုးနပ်ပဟဲ့” ဟုတွေးမိကာ ၀မ်းသာမြူးထုးစွာ ပျော်ပျော်ကြီး ကစုန်ပေါက်လျှက်  ဂျာရစ်ဟူသောဘွဲ့ဂုဏ်ထူးဖြင့် ထန်းခေါက်ဖာပိုက်ကာ ရွာသို့ ပြန်လေတော့လေသ တည်း....။

ဤတွင်ပြီး၏ ။။။
အားလုံးပြုံးပျော်နိုင်ကြပါစေ။ရယ်သောသူသည် အသက်ရှည်သည် ဟူ၏။
မဒိုးကန်
၂ နာရီ ၄၅ မိနစ်တိတိ
အင်္ဂါနေ့
၁၃ရက် ၁၂လ ၂၀၁၁ ခုနှစ်

38 comments:

ပိတောက် said...

မျက်စိထဲမြင်လာအောင်ရေးတတ်တယ်၊ ရီရတယ်။ ရှေ့သွားနောက်လိုက်လဲညီပါ့။

ဘိုဖြူ said...

(ပန်းချီ-မဒိုးကန် )
အမဒိုးရေ
ပန်းချီလက်ရာကောင်းလွန်လွန်းလို့ပုံလေးအပ်ပါရစေ
ကိုရင်နဲ့ စုံတွဲပုံလေးမဆွဲဘူးလား
စာထဲကအကြောင်းအရာတွေကို
ကွင်းကွင်းကွက်ကွက်မြင်ပြီးရယ်သွားပါတယ်

ကိုရင်နဲ့ အမဒိုးကိုခင်မင်တဲ့ bophyu

ညိမ်းနိုင် said...

ဖိုတိုဂျဲနစ်မိဂျာရစ် ရဲ့ အဝါးပုံလေးများတင်ပါတော့လား...။
ပရင့်ထုတ်ပြီး ကြွတ်ခြောက်ချင်လို့.......:P

စံပယ်ချို said...

အမယ်လေး
ရွှေဒိုးလက်ရာကောင်းလှချေလား
မဂျက်ပုံလဲဆွဲပေးအုန်းနော်
ရယ်စရာတော့ရေးတတ်သားကိုယ်တွေ
ထက်သာတယ်တော့
တစ်ကယ်တော်တယ်

သူကြီးမင်း (တုံးဖလား) said...

ကိုရင်က ပြောတယ်။ မဒမ်က ဂျာရစ် မဟုတ်ဘူးတဲ့။ ကြာရစ်တဲ့။ ရစ်မိရင် အကြာကြိး ရစ်လွန်းလို့တဲ့။

ပုံစံလေးက သူကြီးမင်းတို့ လယ်တောထဲက စာခြောက်ရုပ်ကလေးလိုဘဲ။ အင်းးးး အခုလောက်ဆိုရင်တော့ စာခြောက်ရုပ် မိုးမိထားတဲ့ ပုံ ပေါက်ရောပေါ့။

၁၅၀ တန်အလှဆိုတော့လဲ ကိုရင်အတွက် တစ်ရက်လောက်တော့ လှနေလောက်ပါရဲ့လေ။ ဒါပေမဲ့ မပူပါနဲ့။ ကိုရင်က အလှအပ မကြိုက်တတ်ဘူးးးးးး။

Bliss of Us said...

အိမ်ဦးနတ်က ချီးမွမ်းခန်းဖွင့်ရင် အိမ်ရှင်မတိုင်း ပီတိဖြာကြတာပဲလေ :)

June Moe said...

ပြုံးသွားမိတယ်ဗျို့...:)

ခင်လျက်
Juemoe

kokoseinygn said...

ငါ့ညီမကလဲလေ....
ပြင်စရာမှမလိုတာကိုထပ်ပြင်တော့
ကိုရင်ကပြောတာပေါ့
အရင်တည်းကလှပြီးသားလေ.....
အဲဒီနေ့ကပုံတွေ တင်ရမှာ.....

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်း သိပ့်သိပ့်ကောင်း ၇ီရတယ်ဗျို့
စကားမစပ် အိုက်ပုံလေးဘာလို့မတင်တာလဲ

ခင်မင်လေးစားလျက်
လွင်ပြင်လှိုင်းငယ်

မိုးခါး said...

ပုံပြဂျမ်းဘာာ .. ကြည့်ချင်ရို့ .. :P

ညီရဲသစ် said...

ခပ်ဝေးဝေးက ရိုက်တာဆိုတော့ ဘယ်လောက် ခပ်ဝေးဝေးကလဲ...
ခုနစ်မိုင်က တိုင်ကွယ်ရိုက်တာတော့ မဟုတ်ပါဘူးနော်... ဟင်း ဟင်းးး...

San San Htun said...

ဖိုတိုဂျဲနစ် ဂျာရစ်ရေ ဓာတ်ပုံတင်ပါဗျို့ ..

အိမ်မက်စေရာ said...

ဟုတ်တယ် ဟုတ်တယ် ဓါတ်ပုံတင်ပါဗျို့..ကြည့်ချင်လွန်းလို့ လို့..
ချစ်တဲ့
အိမ်မက်စေရာ

Candy said...

ဂျာရစ်ပုံလေး ကြည့်ချင်လိုက်တာ.. အဟိ
မိန်းကလေးသဘာဝကို ထင်းထင်းကြီးကိုမြင်တာ..
ကိုယ့်ဟာကိုယ်လှနေတယ်ထင်ရင် ချစ်သူကိုပြချင်တာ သဘာဝလေ.. :P :D

Angelhlaing(May everybody be happy and healthy! said...

အဟိ....မမ ပန်ချီလည်း ရတာပဲ....ညီမလေးနီးနီးပဲ....:):) ဓါတ်ပုံပြပါဗျို့...:P

လမင်းငယ် said...

ဟဲဟဲ မမရေ မိန်းကလေးကိုနော် :P

မီးမီးငယ် said...

အင်း..ကျမကိုတော့၊
အခြောက်နဲ့ တူတယ်တဲ့။
ဂျာရစ်ကပိုမိုက်အုံးမှာ...။

camomilla said...

ဖတ်ပြီးပြုံးရယ်သွားပါတယ်။

ကိုဇော် said...

အဲဒီ့နည်းလေး လိုချင်သား။

မြူးမြူး said...

ပုံဖြင့်မပြဘဲနဲ့ ဖိုတိုဂျဲနစ်တာ ယုံဘူးတော်..

AH said...

မဒမ်ဂျာ.... ဆီမှာ နောက်ဆို ပုံဆွဲအပ်တော့မယ်။ စကားမစပ် ကျွန်တော့် မဒမ်ကိုလည်း လမ်းကြုံရင် ဂျာရစ်ပုံ ဖြစ်သွားအောင် ပြင်ပေးဖို့ ခေါ်သွားပါလားဗျာ.... ကိုရင့်လို ဖိုတိုဂျန်းနစ်တွေဘာတွေ လုပ်ချင်လို့... အားကျသဗျာ။

mstint said...

((((((((ဂျာဒိုးရစ်ရေ))))))))
တီတင့်မျက်စိထဲ ပုံဖော်ပြီး အားပါးတရ
ခေါ်လိုက်တာနော်း)) နာမည်လေးကချစ်စရာ
ကောင်းသလို အနက်အဓိပ္ပာယ်လည်း
ကျယ်ဝန်းလှပါပေတယ်။
အစောထဲက သဘောကျရက်နဲ့ ကိုရင်တို့များ
အိုက်တင်ခံပြီး မဒိုးကို ပိုလှအောင်ဖန်တီးတာဖြစ်မယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ဟီးးဟီးး ဂျာရစ်ပုံကိုမြင်သွားရင် ထမင်း ၇ ရက်လောက်မစားနိုင်အောင် ဖြစ်သွားကြမယ် မှတ်ပါ အို ဘလော့ဂါအပေါင်းတို့း)သရဲလဲမကြောက်တတ်ဖြစ်သွားပါလိမ့်မယ်း)

Unknown said...

စာကိုတော့ ဖတ်ပြီး ပုံကိုတော့ မျက်စေ့မိတ်ပြီးကြည့်
သွားတယ် အရမ်းလန်း တာပဲ မမဒိုးရေး)p

ခင်မင်လေးစားလျှက်
(ဒုတိယ)

အမ်တီအန် said...

အဲ့ဒီဂျာရစ်ပုံအစစ်ကို မြင်ဖူးချင်လိုက်ထှာ.....။
ပို့စ်အစအဆုံးကောင်းတယ်။ အဲ့ဒါလေး လိုနေတယ်... :)

မောင်သီဟ said...

း)
ဘယ်လိုပုံစံပါလိမ့် ဟိဟိ
း) ကိုရင်တော့ သဘောတော်ကျနေမှာာာာမြင်ယောင်သေး ဟေးဟေးးးး)း)

အဲလိုလေးပျော်ပျော်နေ ကောင်းတယ်


မောင်ဘကြိုင်

ဆောင်းနှင်းရွက် said...

မမဒိုးကန် အဲ့လို ညှက်လိုက်တာလား .. :P
ပုံကြည့်ချင်ဗျို့ .. ;)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Thameesan said...

အော..ကိုရင်က..မြင်ဖူးချင်ရင်
သက်မွန်မြင့်ကိုကြည့်..ဆိုပါလားး)
သက်မွန်မြင့်က..ဘလော့ဂါတွေထဲမှာ
ရှိပြီးသား..ကိုရင်ရဲ့.:D
အမဒိုးက.ရတနာမိုင်နဲ့မှတကယ်တူတားP
ပို့စ်လေးဒီ့ထက်ပြည့်စုံသွားအောင်..
အားလုံးပြောသလိုကွက်လပ်ဖြည့်လိုက်ပါဗျို့း)

ကိုရင် said...

ဂျာရစ်ကို မြင်ဘူးချင်နေကြပါလား..
အခုဂျာရစ်ကနေ ကြာရစ်ဖြစ်နေပြီ...
ကင်ပွန်းတပ်ကလေး လုပ်ပေးလိုက်အုံးမှ..:D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျီးဒေါ်
ဖတ်ပြီးအော်ရီမိတော့တယ်။.
အဲဒီဂျာရစ်ပုံ တို့လည်းပြပါအေ
ဒါမှ ဂျရစ်က ကြည့်ကောင်းတယ်ဆိုတာ ယုံမှာ မဟုတ်လို့ကတော့ မယုံဘူးဘဲ။
ထန်းခေါက်ဖာပိုက်ပြန်သွားတဲ့ ဂျာရစ်..
ရွာမှာ ကွမ်းတောင်ကိုင်ဖြစ်ပါစေ.. :P

blackroze said...

ပစ်ပစ်ရဲ့ မားမားက ဂျာရစ်ဘဲဖြစ်ဖြစ်
ကြာရစ်ဘဲဖြစ်ဖြစ်..ပစ်ပစ်ကချစ်ပြီးသား..
ပစ်ပစ်ကိုလည်းခပ်ဝေးဝေးကရိုက်ရင်
အရမ်းလှတယ်တဲ့
ပြောကြတာဘဲလေ..
ဘာတဲ့မမြင်ရလေ..လှလေ..ဆိုလားဘဲ
ဟီးးဟီးး

Iora said...

ဒီလိုမလုပ်နဲ့ လေ။ ပြောပြီးရင်ပြရမှာပေါ့။ ဂျာရစ်ပုံမတွေ့ ရရင်မပြန်တော့ဘူး။
အိုင်အိုရာ

Iora said...

အီစကိုမန့် ထားတာလေးမပေါ်ပါလား။
ရေးပြီးမှ မပြချင်လို့ ဘယ်ဖြစ်မလဲ။ ဂျာရစ် မတွေ့ ရရင်မပြန်ဘူး။ (ပြန်ရေးတာ)

...အလင်းစက်များ said...

အဟိ..... ကင်မလာအား အငိုက်ဖမ်းရလေသည်တဲ့...

ဗျာတီပူလူ ၀င်ပြီးနောက် အဲ့ကွန်း မရှိသော်လည်း ကားမှန်မချနိုင်ပဲ.. တောင့်တောင့်ကြီး မင်္ဂလာဆောင် သို့  ဆက်သွားကာ ပဲထုတ်လေသော ကျနုပ်၏ သူငယ်ချင်းမ များစွာ နှင့် ကြုံဖူးလေရာ အကျနုပ် အတွက်တော့ မထူးဆန်ပါချေတကား။

ကိုရင်ကား အလွန်ပင် အပြောချိုလှပေသည်။ ဖိုတိုဂျဲနစ် ဆိုပဲ။ ဟီးဟီး

ငွေလမင်း said...

မဒမ်ကိုး စာကိုဖက်ပြီး ရီသွားပါ၏ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း

Han Kyi said...

ကြာရစ် ( သို့ ) မဂျာရစ် မဒိုးကန်ရေ... ၁၅၀ ပေးရလို့ ဂျာရစ်ဖြစ်ရတာပါ... ၃၀၀ သာပေးရရင် တွတ်ပီဖြစ်မှာ သေချာသပေါ့...

8Yar said...

အခုမှ မန့်ရတယ်။ ဓာတ်ပုံလေး ဘာလေးတင်ဂျာ။ နော် ဟီး။။။..... :D

925 said...

အဲဒီဂျာရစ်ပုံကို တွေ့ဖူးချင်လိုက်တာ :)

Related Posts Plugin for WordPress, Blogger...