Monday, August 22, 2011

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်


ဘာတွေပြင်ပြီးပြီလဲ
...............................
ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါမေးလိုက်မိသည်.။
ဘာမှမပြင်ဆင်ရသေးပါ။
ထိုခရီးကိုသွားဖို့ရာ....
ကောင်းမွန်စွာဖြင့်ထွက်ခွာချင်သလို  ကောင်းမွန်စွာဖြင့်ရောက်ချင်ပါသည်။
ထိုခရီးရှည်ကြီးသို့သွားရန် တဖြည်းဖြည်းနီးကပ်လာချေပြီ။။။
သေချာစွာမပြင်ဆင်ရသေးပါ။။
အရှုပ်များလုပ်ပြီး အလုပ်များရှုပ်နေခဲ့သည်ဟု ဆင်ခြေအပြည့်ရှိနေသည်။
ရုတ်တရက်ခရီးထွက်ရလျှင် မခက်ပေလော ..

မကြာခနထိုခရီးရှည်ကြီးသို့ ထွက်ခွာရန် နို့တစ်စာရနေခဲ့သည်သော်လျှင်မှ
 ဘာအတွက်ကြောင့်ကြိုတင်မပြင်ဆင်ထားသနည်းဟု ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်မိပါသည်။
ကိုယ့်ရှေ့မှသူများ ကိုယ်နောက်မှသူများ သည်ခရီးကို ဖြုန်းခနဲထထသွားကြသည်။
သူတို့ရော ဘာတွေပြင်ဆင်ခွင့်ရလိုက်ကြပါသနည်း ...
ရလိုက်ဟန်မတူချေ....

ထိုခရီး၏ အဆုံးတွင် ဘယ်လိုပုံစံနှင့်ရောက်ရှိသွားကြပြီလဲ .. လောဘ ဒေါသ မောဟ နည်းအောင်လုပ်ယုံလောက်နှင့်တော့လုံလောက်ချင်းမရှိသေးဟု  ပြန်သုံးသပ်မိတော့
သြော် ပတ်ဝန်းကျင်ကိုလဲတဖန်ပြန်ငဲ့ကြည့်မိ ....
 ချစ်သောသူများကိုလဲ   လက်တွဲခေါ်ယူ အသိပေးချင်သည်။
ထိုခရီးကိုကြိုပြင်ဖို့ ... ...။
သူတို့ကို တွဲဖော်ညီလျှက် ကောင်းရာသို့ရောက်ချင်သေးသည်။
သည်လောက သည် အပူတွေကြား လက်လွတ်စပယ် မထားခဲ့နိုင်။
ထိုသည်ကပင် လောဘပေလော မောဟပေလော  ကိုယ်ကိုတိုင်ပင် စုံမက်နေရှာသေးသည်။
ကြွေးဟောင်းလဲကျေချင်သေးသည် .မမြင်ရသေးသောကြွေးသစ်ကလေးလဲချချင်နေသေးသည်..
ထိုများနောက်မှာသွားချင်ပါသည်ဟု ပုထုဇဉ်သဘာဝ တောင်းဆုကလေးနှင့်လာသည်။
လူဟူသောအဖြေလေးနှင့် စောဒကတက်သည်။
 သာသနာခေတ် ၂၅၀၀  ကျော်လေပြီ။
ကပ်ဆေးနေသောကမ္ဘာဝယ် ကိုယ်သည် ဘယ်သို့ဘယ်ပုံနှင့် သည်ခရီးကို သွားလိုက်ရမည်နည်း။။
သေချာစွာမသိနိုင်သေးသရွေ့ ကြိုတင်ပြင်ဆင်ဖို့တော့လိုအပ်နေပါပြီ။
ချစ်ခြင်း မုန်းခြင်း ဒေါသ မောဟများနှင့် ပူလောင်လိုက် ငိုကြွေးလိုက် နှင့် ကိုယ်သွားမည့်ရက်ကို ကိုယ်မေ့ထားသည်။
ဘုရားသားတော် သာသနာ့အာဇာနည်များပေါ်လာလိုက်သည်မှာ အများအပြား ...
ဟောကြားလိုက်သည့်တရားတော်များ ဒုနှင့်ဒေး ...
ဘယ်တရားတော်တိုင်း လိုက်နာကျင့်သုံးပြီပါပြီလဲ ...
ကံဘယ်နှစ်ပါးမြဲပြီလဲ ..
အလကားရသောအွန်လိုင်းနှင့် အကုန်သိနိုင်သော ဂူဂဲကြီးပဲအပြစ်တင်ရန်မလို ..
ကိုယ်သည်သာလျှင် အဓိကလို့ ပြန်တွေး လိုက်လျှင် အချိန်မှ ရသေးရဲ့လား လုံလောက်ပါဦးမလားဆိုသည့်
သံသယစိတ်ကလေးနှင့် ..
စိတ်ထားဖြုယုံတစ်ခုထည်းနှင့်တော့ လိုရာခရီးကိုရောက်မယ်မထင်ချေ ...
အပတ်စဉ် ဟိုဟိုသည်သည် သွားရန်တော့ ပြင်၏.
သို့သော် ထိုခရီးအတွက်မူ နည်းနည်းလေးမှကြိုပြင်ကောင်းမရှိခဲ့ချေ...
 မောဟ စိတ်နှင့်သောကရောက်သည်။
အတ္တနှင့်ပူပန်သည်.
ဘယ်လိုစားပါလိမ့် ဘယ်လိုနေပါလိမ့် အိပ်ရောပျော်ရဲ့လား  ဘယ်တွေသွားနေပါလိမ့် ..
မေးခွန်းပေါင်းများစွာကို မေးပြီး အဖြေကိုကြားနိုင်ရန်ကြိုးစား၏။။
သို့သော်  ဘယ်လိုသွားမလဲ ဘယ်လိုပြင်ရမလဲ ဘယ်လို အသိပေးရမလဲဟု
တခါမှမတွေးခဲ့ဖူးသည် မဟုတ်တောင် မကြာခဏ မတွေးမိချေ..
လူသည် သူ့အသားသာစားချင်သည် .ကိုယ့်အသားတော့နာမှာကြောက်သည် ။
ဒါကလဲလူ့သဘော ..
အချစ်သဘောနှင့် ပြန်စားမိသောအသားကို လူအန္ဓတို့ ၏ ရက်စက်မှု၌ မြင်တွေ့ရပြန်သည်။
သွေးသံရဲရဲ အရိုးခေါင်းတို့အား ရဲဒင်းဖြင့်ခုတ်ဖြတ်ရောင်းချနေသည်ကို မြင်ရသည့်တခန၌
တရားရမိသည်..
အပြန်ခရီး ၌ အသုဘတစ်ခုကိုမြင်သည့်တခန..အသိဝင်သည်လားမဆိုနိုင်..
သွားလေသူကို မြေမြှုပ်နေစဉ် ကိုယ်ရောမသွားရသည့်အတိုင်း ၀ိုင်းကြည့်နေကြသေးသည်။
သူ့အသားကိုစားချင်တော့သူ့အသက်ကိုသတ်သည်.
သူ့ဥစ္စာကိုလိုချင်တော့ သူ့ပစ္စည်းကိုခိုးသည်။
ကိုယ့်စကားကိုယုံစေလိုလို့ သူ့ကိုလိမ်ညာသည်။

အဆုံးသတ်တော့ ဘာကောင်းသလဲ ပြန်တွေးကြည့်တော့
တခုမှ အကျိုးအမြတ်မရှိ.....။
အများမိုးခါးရေသောက်တိုင်း ကိုယ်သောက်နေမည်လော..


မေးသင့်ပြီ ..အဖြေရှိသင့်ပြီ..ကြိုပြင်သင့်ပြီ..။
 ဘာ့အတွက်ကြောင့် ဓမ္မာစကြာသုတ်တော်ကို နေ့တိုင်းရွတ်ပါလျှက်နှင့်
အပ္ပမာဒေထ သမ္မာဒေထ ကို မေ့လျော့နေမိပါသနည်း ..
ပြန်မေးမိသည်။

ဘာ့ကြောင့်မေ့လျော့ထားပြီး အပူများနှင့်လောင်ကျွမ်းနေမိပါသနည်း။။။
ဘာမှမပြင်ရသေးပါ .ဘာမှပါမည်မဟုတ်ပါ..။ .
အသိတရားဝင်လျှင် သတိတရားကပ်ဖို့လိုနေချေပြီ..။
သတိကပ်လျှင် ပြင်ဆင်ဖို့ အချိန်ယူနိုင်သည်..
အချိန်ရလျှင် အသွားကောင်းနိုင်မည် ..
အသွားကောင်းဖို့ အချိန်ပေးရပေဦးတော့မည်..။
သေချာသည်က ပြင်ဆင်ဖို့တော့လိုအပ်ပြီ...

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့လျှင် ..................................


မဒမ်ကိုး
 ၅း၃၀ မိနစ်
တနလာင်္နေ့
၂၂/၈/၂၀၁၁







9 comments:

jasmine(တောင်ကြီး) said...

လူတစ်ချို့က ဘုရားဟောတဲ့ကျမ်းကို
လိုက်နာတယ်။
လူတစ်ချို့က နေတိုင်းဘုရားဦးချတယ်...
ဒါပေမယ့် ဘုရားရဲ့ ကျမ်းကိုလိုက်နာဖို့
မေ့နေတယ်။ ကျမ်းကိုလိုက်နာတဲ့သူက
ဘုရားကို ဦးချဖို့မေ့နေတယ်....
နှစ်မျိုးလုံးကို လိုက်နာရင်တော့အကောင်း
ဆုံးပါပဲ...
jas ကတော့ နှစ်မျိုးလုံးကို ခဏခဏ
မေ့နေတတ်ပါတယ်...
ချမ်းမြေ့ပါစေရှင်။

Han Kyi said...

အင်း...မေ့ပင်အောက်မှာ မေ့သီးတွေစားပြီး မေ့ခြင်းကြီးမေ့ရင်းနဲ့ပဲ တစ်ရက်တစ်ရက်ကုန်သွားတာပါပဲလေ...ကိုယ်ကမေ့ပေမယ့် သေမင်းက အတော်မှတ်ညာဏ်ကောင်းတာကလား...ဒီပုဂ္ဂိုလ်ကြီး သတိမေ့အောင် ဘယ်လိုလုပ်ရရင် ကောင်းမလဲမသိ...

kokoseinygn said...

မမေ့ မလျှော့သောအားဖြင့် ကျင့်ကြံ
ကြိုးကုပ်..အားထုတ်ကြပါစို့...မဒမ်ကိုး..ေ၇
ကာလလေးတွေ တိုလွန်းလို့ ချစ်ချစ်ခင်ခင်
နေသွားပါလို့....မှာပါရစေ

မအိမ်သူ said...

ဒီခရီးအတွက်က အမြဲတမ်းပြင်ဆင်ထားရမှာ.. အကြောင်းအမျိုးမျိုးနဲ့ ပြင်ဆင်တဲ့ဆီ မရောက်ကြတာဆိုးပါတယ်ကွယ်...း(

မိုးငွေ့...... said...

လူတိုင်းမမေ့အပ်တဲ့ အရာတစ်ခုပဲ...။ ဘလော့ဂါတိုင်းလိုလို သေခြင်းတရားကို ပုံစံအမျိုးမျိုးနဲ့ရေးတာဖတ်ဖူးတယ်....။


ခင်တဲ့
မိုးငွေ့

blackroze said...

မမေ့သင့်တဲ့အရာပါဘဲ

ဒါပေမဲ့အမရယ်..
အဲဒီအချိန်မှီပြင်ဆင်ဖို့ဆိုတာကြီးကို
ိုမေ့နေတတ်တာ...

ချစ်တဲ့ညီမ Blackroze

ကိုရင်သာပျော့ said...

အင်း..
ကိုရင်လည်း ဘာမှ မပြင်ရသေးဘူး မဒမ်ရေ..
မေ့နေတာလည်း ပါတယ်..ကိုယ်နဲ့ မဆိုင်သလို အောက်မေ့ထားတာ..ဟဟ

ဘယ်လိုပဲဖြစ်ဖြစ် ပြင်တော့ ပြင်ရတော့မယ်..
အသက်တွေ ကြီးသလောက် အကုသိုလ်ကလည်း ဆတိုးတက်လာနေတယ်..
ဒွတ်ခ ဒွတ်ခ..

by da way..
သီလရှင်တော့ မ၀တ်တွားနဲ့ဗျာ..၀တ်သွားလို့ကတော့ နာနေတဲ့ လမ်းထဲ ဆန်လှုခံ မကြွနဲ့..
ဒါပဲ

ကိုရင်

ပန်းချီ said...

မဒမ်ရေ..
ဒီမှာလည်း အသိခေါက်ခက် အဝင်နက်နေတဲ့တစ်ယောက် လာမန့်ပါတယ်။ တွေးမိရင်တော့ ကြောက်စရာကောင်းတယ်..ဘာမဟုတ်တာတွေနဲ့ အချိန်ကုန်နေတတ်လွန်းလို့..။

ခင်မင်တဲ့
ရူပါလန်းသော ဘလာဂေါ်း))

အလွမ်းမြို့လေး said...

ဒမ်ကလေး....

လောကမှာရှိတဲ့ အရာတိုင်းက အနတ္တ သက်သက်ပါ ဘဲကွယ်။စွဲလန်းစိတ်လည်း သိပ်မများနဲ့။ ပျက်စီးလာ တာတွေ ဆိုးယုတ်လာတာတွေ မြင်ရလေလေ သတိနဲ့ နေနော်။နောက်ဆုံးတော့ ကိုယ်သွားရမဲ့လမ်းမှာ ကိုယ်တစ်ယောက်ထဲ လျှောက်ရမှာ။ ကိုရင်လည်း ကိုယ်စားလျှောက်ပေးလို့ မရသလို ကျောင်းမှာ လူမရှိမှာစိုးလို့ ကိုရင် ကိုတော့ထားခဲ့ပေါ့။။ဟဲ ဟဲ


ခင်မင်လျှက်
အလွမ်းမြို့

Related Posts Plugin for WordPress, Blogger...