အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျောင်းဆောင် ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..
အခုလာမဲ့ တနင်္ဂနွေနေ့မနက် ( ၉း၃၀ ) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွာမှာ ဖြစ်ပြီး ကျောင်းရှိ သဃာင်္တော်များ၏ နေ့ဆွမ်းအချိန်အမှီ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်ရှိနေတဲ့ အလှုရှင်များကိုယ်စား မြန်မာနိုင်ငံမှ မိသားစုဝင်တွေလိုက်ပါပြီး ကိုယ်တိုင်ရေစက်ချနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။လိုက်ပါမည့် ပရိတ်သတ်အရေအတွက်ကိုကြည့်ပြီး သင့်တော်မည့် ခရီးသည်ယာဉ်ကို စီစဉ်မှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် ရေစက်ချ လှုဒါန်းလိုတဲ့ မည်သူမဆို အောက်ပါ ဖုံးနံပါတ်များသို့ဆက်သွယ်ပြီး (၁၉.၁၀.၂၀၁၂-သောကြာ) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးကြပါရန် -လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်..။
၁။ကိုကျော်စွာစိုးမြတ် - 094 210 598 27 ၊ ( andrew189kc@gmail.com)
၂။ဒေါ်အိအိစိုး- 095 152 463 ၊ ( ei.soe64@gmail.com )
၃။အဘီး - 094 200 874 35 ၊ ( phoeheadphyu@gmail.com )
မြို့နယ်သံဃာ့နာယကဆရာတော်နှင့် ကျောင်းရှိသံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်မှာဖြစ်ပြီး လိုက်ပါမည့် မုဒိတာအဖွဲ့သားများ၊ အလှုရှင်များ နှင့် ကျောင်းရှိ စာသင်သားကလေငယ်များအား နေ့လည်စာဖြင့် ဧည့်ခံမှာ ဖြစ်ပါတယ်ခင်ဗျား..။

(၁)
12 comments:
ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု လို့ ခေါ်ဆိုသွားပါတယ်။
သာဓု သာဓု သာဓု
ကြည်နူးဖွယ်မြင်ကွင်းလေး လာရောက်ကြည့်ရှုသွားပါတယ်။ အားလုံးချမ်းမြေ့ကြပါစေ...
ခင်မင်တဲ့
နောင်များမှာလည်း ဒီလိုလှူနိုင်တန်းနိုင်ကြပါစေဗျာ.။
သာဓု သာဓု သာဓု
မေတ္တာဖြင့်
အန်တီတင့်
သာဓုသာဓုသာဓု
နောင်လည်း ဒီလိုမျိုးလှူနိုင်ကြပါစေ။
MMYCအဖွဲ.သားများကိုလည်း ချီးကျုးပါတယ်။
ကျောင်းအပ်ပွဲလေးအတွက်
ဝမ်းသာပီတိဖြစ်မိပါတယ်
သာဓုသာဓုသာဓု
တကယ်ပဲ ပီတိဖြစ်ရပါတယ်..၊ အထူးသဖြင့် အရင်က ပုံတွေနဲ့ အခုပုံတွေကို Before - After ယှဉ်ပြထားတာ ပိုပြီးတော့ ကြည်နူးစရာ ကောင်းတယ်..၊ အခုလို ဝေမျှတာ ကျေးဇူးတင်ပါတယ်ဗျာ..။
သာဓု..သာဓု..သာဓု..မြင်ရတာ ဝမ်းမြောက်ပါဘိ
အင်း..........
တနာရီ ၃ကျပ်ကြောင့် သည်အကြောင်းတွေကိုတောင် မကြားမသိရဘူး ။
ဝမ်းမြောက်ဝမ်းသာစွာ သာဓု ခေါ်သွားပါတယ်။
မုဒီတာအဆောင်လေးနဲ့ကြည်နူးဖွယ်ရာ
မြင်ကွင်းလေးတွေကိုသာဓုသုံးကြိမ်ခေါ်ဆိုသွား
ပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်
အထူးဝမ်းသာရတဲ့ အလှူပါ ...
ဲ့
Post a Comment