ီ
ဘယ်အချိန်သွားသွားရင်ထဲကိုအေးမြသွားတာပဲ ....ဒါဟာ ကျနော်တို့နိုင်ငံရဲ့ Land Mark .. ကျနော်တို့ရဲ့ရတနာ .. ကျနော်တို့ရဲ့အရိပ် ....ကျနော်တို့ရဲ့ဘာသာ.. အသက်သေသည်အထိကာကွယ်သွားရမယ့် နိုင်ငံရတနာ ........ |
ပတ္တမြားမျက်ရှင်ကို အနီးကပ်ဖူးခွင့်ရချင်လွန်းလို့ နောင်ဘ၀ကျရင် နိဗာန်မရောက်သေးသမျှ ယောကျာင်္းလေးဘဲဖြစ်ရပါလို ၏ လို့ဆုတောင်းမိတာ အကြိမ်ကြိမ်ပါ ။ |
အမေက အသက်၆၀ အထိ စားချင်တာမစားဘဲ စားသင့်တာကိုဘဲဦးစားပေးပြီးစားလွန်းလို့ အချိုမှုန့်မပါတဲ့ သူ့ထမင်းပေါင်းပန်ကန်းထဲက အရွက်တွေကို ကစ်ခဲ့တယ်း) |
တစ်ယောက်ကို သိန်းနဲ့ချီပေးရမယ့် ဒီလိုနေရာမျိုးမှာ ရေကစားတဲ့သူတွေရှိနေသလို နေရာအနှံမှာ အဲဒီငွေပမာဏနဲ့ အသက်ဆက်နေရတဲ့သူတွေရှိတယ် |
ကမ္ဘာအေးဘုရားလမ်းနဲ့တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာလဲ ပန်းတွေဝေလို့ |
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က GRAND MEE YA HTAR HOTEL ရှေ့က ငုပန်းတွေ.. မတည်းနိုင်ပါဘူး .. ရပ်ရုံလေးတောင် လူမနည်းရှောင်ပြီး ရိုက်ခဲ့ရတာပါ :P |
နိုင်ငံခြားဘာသာတက္ကသိုလ်ကြီးကို လွမ်းလွမ်းလို့ တိတ်တိတ်ကလေးသွားချောင်းခဲ့တယ် ..ချစ်သူခင်သူတွေ မရှိကြတော့ပေမယ့် သူကတော့ တစ်ယောက်ထဲ ကျန်ရှိနေဆဲဘဲ ............... |
ကျောင်းကြီးတစ်ခုလုံးငုတွေဝေလို့.. |
လာတဲ့နေ့က ငုပန်းတွေတောက်လျှောက်တွေ့ခဲ့ရတယ်. ပြန်မယ့်နေ့မှာ တလမ်းလုံးပိတောက်တွေပွင့်နေတာတွေ့လိုက်ရတော့ ကိုယ့်ကိုနှုတ်ဆက်နေသလားတောင်ထင်ရတယ် . |
လမ်းတစ်လျှောက်မြင်သမျှပိတောက်ကိုရိုက်လာခဲ့တယ် . အဲဒါ လူတွေရဲ့ နိစ္စဓူဝ ဘ၀နဲ့ ပိတောက်ပန်းရဲ့အလှဘဲ ....... |
မိုးမျှော်တိုက်တာ အဆောက်အဦးတွေကြားမှာ ရှင်သန်နေရတဲ့ စက်ရုပ်လူသားတစ်ယောက်ရဲ့ရင်မှာ ဒီလို မြင်ကွင်းက သိပ်ဘ၀ဆန်လှပလွန်းနေတယ်လို့ တွေးမိတယ် . |
မြင်မြင်သမျှပိတောက်ပန်းတွေကို ရိုက်တာမမှီလို့ အော်နေရတယ် . သုံးပုံရိုက်မှ တစ်ပုံလောက်ကောင်းတယ် .လေယာဉ်ကွင်းနားမှာပါ .. အပင်လိုက်သာချွတ်ပြီး ပန်းအိုးထိုးလိုက်ချင်တယ် .. |
၁၁၄. ၄.၂၀၁၂ (သင်္ကြန်အကျနေ့ )
22 comments:
ဘဝကဂလိုပဲဒိုးကန်ရဲ့.....တရာနဲ့ဖြေ....နော်၊
တရာနဲ့မလောက်ရင် ၁၂၀နဲ့ဖြေ...:)))
ညီမ မဒိုးကန်ရေ
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..
ညီမရဲ့ ဆန္ဒတွေအားလုးပြည့်ဝပါစေလို့ ဆုတောင်းပေးသွားတယ်နော်
ဂျာရစ်လေး ၇ိုက်လာတဲ့ ပုံတွေကြည့်ပြီး အလွမ်းတွေပဲ ပြေသလိုလို ပိုလာသလိုလို ဖြစ်သွားတယ်....။
အစ်မဆီ ဘယ်တော့ လာလည်မှာတုန်း...။
ညလေးကို လိုက်ပို့မလို့ မျှော်နေတာနော် :)
ဘ၀တူတွေမို့ ခံစားမိပါတယ် မမရေ
နှစ်သစ်မှာပျော်ရွှင်ကျန်းမာပါစေ..
မိသားစုတွေနဲ့ အမြဲပျော်ရွှင်ပါစေလို့
ပိုစ့်လေးဖတ်ပြီး အိမ်ကိုလွမ်းမိတယ်
အော် ဘွဘွ..ဒီလိုပါပဲ ဒိုမရယ်...စိတ်မညစ်ပါနဲ့ ..ကိုရင်ရှိတယ်တဲ့...ခိခိ
မားမားရေ
တနေ့တော့လည်း အိမ်ပြန်ချိန်ဆိုတာ
ရှိလာမှာပေါ့ မားမားရယ်..
အားတင်းထားပါ..
pigpig လည်းအဲဒီနေ့လေးကိုစောင့်ပြီး
အသက်ရှင်နေတာ
ညလေးရေ မကြီးရောက်ခဲ့တယ်။ ဘာဘဲပြောပြောလေ မကြီးလွမ်းတို့နဲ့ ယှဉ်ရင်ညီမလေး ကုသိုလ်ပိုထူးပါသေး တယ်။မကြီးတို့ဆို မိဘတွေသက်ရှိထင်ရှား ရှိနေသေး တာတောင်ခုလို ပြန်လည်တွေ့ဘို့ တွေးပြီးကြံဆမိတိုင်း ပိုပိုလွင့်သွားခဲ့ရတဲ့ ဘဝပါ။ အထူးမှာချင်တာကတော့ ကျန်းမာရေး ဂရုစိုက်ပါ။ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်တဲ့
မကြီးလွမ်း
မဒိုးကန် ရေးတဲ့ ဒမြတိုက်ရင် ဈေးထိပ်တင် ပြန်မိသွား နိုင်တယ် ဆိုတာဖတ်ပြီး ရယ်နေမိတယ်၊ အော်ငိုနေတဲ့ ကလေးကို တိတ်အောင်လုပ်နည်းကိုလည်း မှတ်သွားရတယ်၊း) ဘလော့ဂါနဲ့ တွေ့တော့ နေမကောင်းတဲ့ အဖိုးလည်း အေးအေးမနေရဘူးနော်၊ ထူပြီးတော့တောင် ဓါတ်ပုံရိုက်ခဲ့သေးတာ..၊း) ညီမရဲ့ အရေးအသားတွေမှာ ဇဝနဥာဏ် အတို့အထိတွေနဲ့မို့ ဖတ်ရတာ ရွှင်မြူးပါတယ်..။
ဓာတ်ပုံလေးတွေ ကြည့်ပြီး မြန်မာပြည်ကို လွမ်းလိုက်တာ.. ကျန်းမာရေးဂရုစိုက်နော် မမ
အာ.. ရူပါလန်းလို့.. မန်တွားတာ ဟုတ်ဝူးနော်.. (း
မြန်မာပြည်လွမ်းသွားပြီ ဒိုးကန်ရေ..လျှော့ပင်းသွားရင် အဲဒီလို ရောဂါတိုးတယ်..ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ
ဒန်အိုးလေးက...
ဆရာဝန်နဲ့ အမြဲထိတွေ့ နေရတယ်လား..။
သနားပါတယ်။
ကျမ်းမာရေးဂရုစိုက်နော်..။
ပျော်ပျော်နေတတ်တာ ပိုကျမ်းမာတာပေါ့။
ချစ်တဲ့
တီမီး..
ဖတ်ရင်းနဲ့ ရီဝေေ၀.. တောင်ဖြစ်သွားတယ်... လူဆိုတာကလည်း တော်တော်ခက်တာပဲနော် မဒမ်... စမွေးကထည်းက အဖေ၊ အမေ နှစ်ယောက်ကို သံယောဇဉ်မတွယ်မဖြစ်တွယ်ရတာ၊ တစ်နေ့ကျတော့ သူတို့နှစ်ယောက်လည်း ကို့ကို ခွဲသွားဦးမယ်... ဟော နောက် အရွယ်ရောက်လာတော့ ကြင်ယာဖက်ကို သံယောဇဉ်တွယ်ရပြန်ရော၊ သူလဲ တစ်နေ့ကျ ခွဲသွားရဦးမယ်၊ တကယ်လို့ သား၊သမီးရှိလာပြန်ရင်လဲ ထပ်ပြီးတော့ သံယောဇဉ်တွယ်ရဦးမယ်၊ သူတို့ကိုလဲ တစ်နေ့ကျ ခွဲသွားရဦးမယ်။ အိမ်က ခွေး၊ကြောင်က အစ အမျိုးတွေ အကုန်လုံးကိုလဲ သံယောဇဉ်တွယ်... နောက်ခွဲ... ဆုံ၊ကြုံ၊ ခွဲ.. လိုချင်တာတွေရဖို့ အလုပ်တွေလုပ်၊ ဇရာ က တိုးတိုးလာ... ဒါပေမယ့် ဒါတွေကို ဖယ်နိုင်ဖို့ အဆင်သင့်က မဖြစ်ပြန်၊ တရားကတော့ ရဖွယ်ရာ မရှိ၊ ဒါတွေကို စွဲလမ်းနေတာက ပိုနေတာကိုး... တစ်နေ့ သေရမှန်းသိပေမယ့်.. မသေခင်လေး လိုချင်တာလေးတွေ၊ ဖြစ်ချင်တာလေးတွေက များများနေတော့... ဓားသွားထက်က ပျားရည်စက်ကလေးကိုပဲ တရှို့က်မက်မက်.... ဒုက္ခကို တပ်မက်နေတော့လဲ ရူးကြဦးစို့ရယ်....
အလို ဒီဂြိုလ်သားရွတ်တဲ့ ဘုရားစာက တစ်မျိုးကြီးပါလား...ဘယ့်နှာ နှမြောတသ ဘဂ၀တောရယ်လို့...
ကိုယ်နဲ့တူတဲ့ကလေးကို ကောင်းကောင်းမစောင့်ရှောက်ပဲ လူအလစ်မှာ ကျင်းပစ်ခဲ့တာကတော့ မတရားပါကြောင်း...း)
မဒမ်းကိုး........
ရွာကို ပြန်သွားတာပေါ့နော်။
အားကျတယ်ဗျာ နာတို့လည်းပြန်ချင်တယ်။
ဘွဆိုတာကတော့ ဂလိုဘဲနေမှာပါ တိုငြိမ်းနိုင်ပြောသလိုဖြေနော်းးးp
နီက ယောင်္ကျားလေးဖြစ်ချင်တာနဲ့ ဒို့ တိုရင်ကို မိန်းကလေးဖြစ်ခိုင်းတာကကောင်းဘူးလေ။
လောလောဆယ်တော့ ကွန်ပျူတာက ကိုရင့်ဆီကို သွားချင်နေလားမသိဘူး သုံးရတာ သိပ်အဆင်ပြေဘူးကွယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။
မြန်မာပြည်ကြီး တိုးတက်တက် မတိုးတက်တက် တို့ ကတော့ ဒီနှစ်ကုန်ရင် အပြီးပြန်ပြီဗျာ... လောလောဆယ်တော့ မြန်မာပြည် အလွမ်းပြေ ဓာတ်ပုံလေးတွေ ကြည့်သွားပါတယ်...
လက်သံပြောင်သောဂျာရစ်..
ဘ၀အမောတွေကိုသောသောလေးရေးသွားတာ
ပြောင်မြောက်လှပါပေတယ်။
အိုင်အိုရာ
စာတွေအတိုးနဲ့ဖတ်ရင်း
စိတ်တွေမကောင်းလို့
ဂျာရစ်လေး အားလုံးအဆင်ပြေ
ကျန်းမာဖို့သာ ဆုတောင်းလိုက်တယ်။
ကျနော်လည်း အထီးကျန်နေတဲ့  ပြည်ပရောက်လူငယ်လေးတစ်ယောက်ပါ
ဒီပို့စ်လေးကိုဖတ်ပီးစိတ်မကောင်းအရမ်းဖြစ်မိတယ်ဗျာ
ကျနော့် အတွက်ကော မမ အတွက်ကောပေါ့ 
ထာဝရပျော်ရွင်နိုင်ပါစေဗျာ
Post a Comment