Friday, February 24, 2012

ရွာကလေး

အဲဒီရွာကလေးဟာ ရွာကလေးပေါ့။
အဲဒီရွာကလေးဟာ တောင်ကျချောင်းရေလို အရှိန်နဲ့စီးဆင်းတယ်။
အဲဒီရွာကလေးဟာ စိမ့်စမ်းရေလို ကြည်လင်အေးချမ်းတယ်။ 
အဲဒီရွာကလေးဟာ သဇင်လို မွှေးပျံ့ ထုံသင်းတယ်။
အဲဒီရွာကလေးဟာ ပိုးသားလို နူးညံ့ပျော့ပျောင်းတယ်။
အဲဒီရွာကလေးဟာ လက်လုပ်လက်စားတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။
အဲဒီရွာကလေးဟာ  ဆင်ရိုင်းတစ်ကောင်လို မုန်ယိုခက်ထန်တယ်။ 
အဲဒီရွာကလေးဟာ မိသားစုတစ်စုလို သိုသိပ်ပေါက်ကွဲတယ်။
အဲဒီရွာကလေးဟာ ရွာကလေးပေါ့။



 အဲဒီရွာကလေးဟာ  စာမတတ်ဘူး။
အဲဒီရွာကလေးဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို မသိဘူး။
အဲဒီရွာကလေးဟာ ကိုးရီးယားယဉ်ကျေးမှု မထွန်းကားဘူး။
အဲဒီရွာကလေးဟာ ဇာတ်တူသား မစားဘူး။
အဲဒီရွာကလေးဟာ  နောက်ကျောကို ဓါးနဲ့မထိုးဘူး။
အဲဒီရွာကလေးဟာ မြန်မာဆန်ပြီး မြန်မာစကား လုံးဝမပြောဘူး။ 
အဲဒီရွာကလေးဟာ  ရွာကလေးပေါ့။

အဲဒီရွာကလေးဟာ ထမင်းကို ”အမ်း”လို့ ဆိုတယ်။
အဲဒီရွာကလေးဟာ ရေကို “လု” လို့ခေါ်တယ်။
အဲဒီရွာကလေးဟာ ရွာကလေးပေါ့။

အဲဒီရွာကလေးဟာ  မြန်မာ့သမိုင်း။
အဲဒီရွာကလေးဟာ ဖားစည်။
အဲဒီရွာကလေးဟာ သဘာဝရှုခင်း။
အဲဒီရွာကလေးဟာ မြေနီလမ်း။ 
အဲဒီရွာကလေးဟာ တုံးမောင်းသံ။
အဲဒီရွာကလေးဟာ တယ်လီဗီးရှင်း။
အဲဒီရွာကလေးဟာ ခေတ်ဟောင်းတေးဂီတ။
အဲဒီရွာကလေးဟာ ယဉ်ကျေးမှုပြယုတ်။
အဲဒီရွာကလေးဟာ ဒီမိုကရေစီ။
အဲဒီရွာကလေးဟာ ရွာကလေးပေါ့။

အဲဒီရွာကလေးဟာ အသွေးအသားနဲ့ရင်းပြီး ငါ့အဖိုးကို မွေးတယ်။
အဲဒီရွာကလေးဟာ ဂုဏ်သိက္ခာနဲ့အလဲအထပ်လုပ်ပြီး ငါ့အဖေကိုမွေးတယ်။
အဲဒီရွာကလေးဟာ ဓူဝံကြယ်ကိုကြည့်ပြီး ငါ့ကိုမွေးတယ်။
အဲဒီရွာကလေးဟာ ရွာကလေးပေါ့။

လေးစားစွာဖြင့်
ကိုရင်
19:41 (GMT)

လင်းလက်တာယာရဲ့ "မိသားစု''ဆိုတဲ့ ကဗျာသံစဉ်ကို မိတ်တူပြုပါသည်။

27 comments:

မေဓာဝီ said...

ကိုရင့်ဇာတိ ရွာကလေးအကြောင်း ဖတ်ပြီး မရောက်ဖူးဘဲ လွမ်းသလိုလိုလေး ဖြစ်သွားမိရာက ကွန်မန့်ရေးမယ်ဆိုပြီး scroll down လိုက်တော့ ဘေးနားက စီဘောက်မှာ ဂစ်တာတလက်နဲ့ တူးနန်းတန့်နန် လုပ်နေတဲ့ ကိုရင့်ကို မြင်လိုက်ရတဲ့ သကာလ အလွမ်းတွေ အားလုံး ရေစုန်မျော သွားပါကောလား ... ။ :))

ချစ်စံအိမ် said...

အဲရွာကလေးကိုလွမ်းလိုက်တာ :(

မောင်ဘုန်း said...

ကိုရင် ... အမေနဲ့  ရွာကို လွမ်းနေပြီပေါ့ ...

မောင်သီဟ said...

လွမ်းစရာပီပေတယ် ကိုရင်
လွမ်းမိသွားတယ် ကိုရင်
အဲလိုရွာလေးမှာနေချင်တယ် ကိုရင်
အေးအေးချမ်းချမ်းလေး

ပန်းချီ said...

အဲဒီရွာကလေးဟာ အရေးအသားနဲ့တင် ချစ်စရာလည်း ကောင်းသေးတယ်း)

Z@! said...

အဲ့ဒီရွာကလေးဟာ ရွာကလေးပေါ့..
မြေနီလမ်းတွေကိုလဲ လွမ်းတယ်။
တောင်ပေါ် လှေကားထစ်စိုက်ခင်းတွေကိုလဲ လွမ်းတယ်။
လျှပ်စစ်မီးမရှိခဲ့တဲ့ ညတွေကို လွမ်းတယ်။
:)

SHWE ZIN U said...

ကိုရင် နဲ့ မဒမ် ရေ

ရွာလေးအကြောင်းလာဖတ်သွားတယ် ရွာကလေး ကို ချစ်တယ်

အလုပ်များနေတာ နဲ့ သိပ်မရောက်ဖြစ်ဘူး

ချစ်အမကြီး
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

တခါတလေတော့ အဲလို ရွာလေးမှာ နေရထိုင်ရတာ စိတ်အေးသက်သာရှိပြီး
အေးချမ်းလှပါတယ်..
မြို့ပြတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရတဲ့ ချစ်စရာဓလေ့စရိုက်တွေနဲ့ ချစ်စရာရွာကလေးပေါ့.

လက်ဝဲ said...

ဘယ့်နှယ် မျက်ရည်မခိုင်ပါဘူးဆိုမှ
လွမ်းအောင် လုပ်ပြန်ပြီ ကိုရင်ရယ်..
ဆိုးပါ့...

ဒါပေမယ့်နော်.
ရွာ ဖွဲ့စည်းပုံလေးကို သဘောကျတယ်..
ချစ်စရာလေး

AH said...

"လု" ၊ "အမ်း" ဆိုတော့ မဒမ်ကို ရည်းစားစကားပြောတော့ ဘယ်လိုပြောလိုက်တုန်း :)

အမ်တီအန် said...

မြို့ပြမှာ မတွေ့ရတဲ့ အနှစ်သာရတွေကို ရွာကလေးမှာ တွေ့လိုက်ရတယ်။

Cameron said...

ရွာလေးကိုလာလည်သွားတယ်....

Thameesan said...

ဝေ့...ကရင်ကြီး...
ဘာလူမျိုးလဲဝေး)

ညီရဲသစ် said...

လွမ်းမောဖွယ် ရွာကလေးပါဘဲ...

မိုးသက် said...

အဲရွာကလေးမှာတော့ မဒမ်နဲ့တွေ့ခဲ့တာ မဟုတ်တန်ရာ.။

Han Kyi said...

အဲဒီရွာကလေးကို အလည်တော့ သွားချင်သား...နေတော့ မနေခိုင်းနဲ့ ကိုရင်...ဘောလုံးပွဲကြည့်ဖို့ စလောင်းမရှိရင်တော့ မဖြစ်ဘူးကိုး...

အမေနဲ့ရွာကို သားမောင်လွမ်းတာကလည်း တူနယ် တဲ့နယ် ဆိုတော့ မေဓာဝီပြောလည်း ပြောစရား)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အမ်းအာအာ ..အမ်းဝီးဝီး ပေါ့လေ... ဘာနဲ့စားလဲ ..ခင်းအော့ထောင်းလား...

ခင်တဲ့
မမဝသုန်

ချစ်ကြည်အေး said...

ချစ်စရာကောင်းလိုက်တဲ့ ရွာကလေးပဲ ကိုရင်ရေ...း)
အဲ့မှာ မြေဈေးမကြီးရင် ၀ယ်နေလိုက်ချင်သေးတယ်
အိမ်သေးသေးလေးတစ်လုံး ဆောက်ပြီးတော့လေ....

နေ၀သန် said...

ကရင်ပြည်နယ်ကလားဗျာ.. တအားကို သာယာမယ့်ပုံပဲ.. ဖတ်ရင်းနဲ့.. ရွာလေးကို ချစ်ချစ်လာတယ်..း))

ခင်မင်လျက်
နေ၀သန်

Candy said...

အဲ့ဒီရွာလေးက ကရင်လူမျိုးတွေနေတဲ့ ရွာလေး :D

စံပယ်ချို said...

အဲဒီရွာကလေးကို တခါတခေါက်တော့ရောက်ချင်ပါတယ်
ကျောင်းပိတ်ရက်ဆိုရင်
ရွာတွေကိုအလည်သွားခဲ့ရတာသတိရတယ်
ခင်မင်တဲ့ jasmine

blackroze said...

ရွာဆိုမှ
အမျိုးတွေရှိတဲ့ရွာလေးကိုငယ်ငယ်က
သွားခဲ့ဖူးတာသတိရသွားပြီ

နာမည် ခရက်တစ်ပေးပါ

သိင်္ဂါကျော် said...

အဲဒီ ရွာကလေးကို သွားလည် ချင်စိတ်တောင် ပေါက်သွားပြီ..

San San Htun said...

ကိုရင့် ရွာကလေးက အေးချမ်းလိုက်တာ...

လွင်ပြင်လှိုင်းငယ် said...

ကိုရင့် ရွာကလေးက သာယာအေးချမ်းလိုက်တာ
ရောက်ဖူးချင်ပါဘိ

မောင်မောင် said...

မောင်မောင်လည်း ရွာသားပါဗျို.။ ဟိဟိ တောသား မြို.ရောက်တွေ ဘ၀တူတွေပါဘဲ။

အလွမ်းမြို့ said...

ကိုရင်

အဲဒီ ရွာလေးက ရွာလေးပေါ့။ ဒီကလည်း အဲဒီမြို့လေးက အလွမ်းမြို့လေးပေါ့။ လာလည်ဖတ်ပြီး ခံစားသွားတယ်။ ပျော်ရွှင်ပါစေ...



ခင်မင်လျှက်
အလွမ်းမြို့

Related Posts Plugin for WordPress, Blogger...