Thursday, February 2, 2012

ဂျာရစ်နှင့် ထွေရာလေးပါး ဟိုဟိုဒီဒီ ရောက်တတ်ရာရာများ



အပျင်းဂျာရစ် (၁)


ဂျာရစ် ပျင်းတာမှ တော်တော်ပျင်းနေသည်။ဘယ်လိုပျင်းမှန်းမသိပျင်းနေသည်။ဂျီတော့ဖွင့်လျှင်လဲ စာမ ရိုက်ချင်အောင်ပျင်းသည်။စာများလိုက်ဖတ် ဖို့ပျင်းနေပြန်သည်။ အလုပ်မလုပ်ချင်လောက်အောင် ပျင်းသည်။ ထမင်းစားလျှင် ဇွန်းဖင်ကိုက်ခါ ပျင်းနေပြန်သည်။ အပျင်းဘယ်ကစဆိုပါလျှင် တရုတ်နှစ်ကူးကစလေသလော မဖြစ်နိုင်။မတိုင်ခင်ကတည်းကဖြစ်ဖို့သာများသည်။၁၁ရက်ဆိုသည့် အတိုင်းအတာကာလသည် လူကိုတော် -တ်ာအပျင်းထူသွားစေသည်။ 

အမှန်က ဇန်န၀ါရီ ၁ ရက်နေ့ကတည်းက ဂျာရစ် ဘလော့ကလေး နှစ်နှစ်ပြည့်ဖြစ်သည်။ရေးတာပေါ့လေ။ အလှုကိစ္စရှိသေးတာကိုးး တင် ပါစေ။နောက်တော့ ၀မ်းမနာသမီးလေး ပစ်ပစ်ရဲ့တဂ်ပို့စ် .မွေးသာမွေး မကျွေးရသည့်ဘ၀မို့ ဒါလေးတော့ အားနာရသေးသည်။ တဂ်ပိုစ့်လေး ပီးမှပဲ ရေးတာပေါ။့တရုတ်နှစ်ကူး မတိုင်မှီ အလုပ်တွေရှုပ်လာသည်။ ဟိုဟာလေး ဒီဟာလေးနှင့်ကြားပေါက် အလုပ်များကလဲ လာလာပေးကြသည်။ အားနာတတ်သူပီပီ ရက်စ် တခွန်းနှင့်သိမ်းကြုံးလုပ်ပေးလိုက်သည်။ စိတ်ထဲမတော့ ကြိမ်းထားသည်။နေနှင့် ဦး။ပိတ်မှအပြတ်နားပစ်လိုက်မည်။သို့နှင့် ပိတ်ရက်ရောက်လာသည်။၁ရက်နေ့ကပင်တက်ကြွစွာ လက်မှတ် ဖြတ်ထားလေရာ ပိတ်ပိတ်ခြင်း ညနေတွင်ပင် ဂျာရစ် သည် ကိုရင့်ဆီသို့ပြေးလေပြီ။ အင်း..ဟိုရောက် မှ ဘဲ ရေးတာပေါ့လေ . ၁၁ ရက်ကြီးများတောင်ပိတ်တာဘဲဟာ..ရောက်ရောက်ခြင်း တစ်ရက် ကုန်တော့၊ အင်း..မနက်ဖန် မှ ရေးတာပေါ့လေ အကြွေးပေါ့ကလေးရယ် မင်းရဲ့နှစ်နှစ်ပြည့်လေးကို။ချွေးသိပ်ရင်း အပျင်းဆက်ကြီးနေ လိုက်သည်။ဘလော့ တကာကို ဖိနပ် ကိုင်ပြီး လျှောက်သာလည်နေပစ်လိုက်သည်။ 

အရေးထဲ ကိုရင်သည်ညဏ်ကောင်းသူဖြစ်လေရာ လက်ဆောင်ရထားသော လိမ္မော်သီးပုံးများကို  ဂျာရစ်အား မျက်နှာလုပ်လေရာ ရွှေသဘောတော် ကျစွာဖြင့် ကိုယ့်ဟာကိုယ်ခွာစားလိုက် သူများခွာထားသမျှကို လိုက် ဟပ်လိုက်နှင့် ရုပ်ရှင်များ တစ်ကားပြီးတစ်ကားကြည့်ရင်း အတိုးချငတ်တာ ကျနေတော့သည်။ဇိမ်ကျ လိုက် သည်မှာအကြီးအကျယ်..ယောကျာင်္း ဒါလေးချက်ပေးနော်။ဒါကြီးကလဲ..ဆိုသော အသံမျိုးစုံဖြင့် ညည်းတွားပြီး သူများချက်သမျှ ထိုင်တုတ်လေသည်။ တနေကုန်တနေခန်းအိပ် ။ တညလုံး သရဲကြောက်သည်ဟူသော အကြောင်းပြချက်ဖြင့်ဂျာရစ်သည်ကိုရင့် အလုပ်နောက်ကို စောင်ခြင်ထောင်ခေါင်းဦးဖြင့် ကောက်ကောက် ပါေ အာင်လိုက်ပြီးသကာလ နေကြာစေ့ ကွာစေ့ ဆီးထုတ် လက်ဖက်သုပ် ကော်ဖီ ကျွဲရိုင်း စုံလင်စွာဖြင့် ဇာတ်ပွဲလိုက်ကြည့်သကဲ့သို့ သယ်လာပြီး မနားတမ်း တရပ်စပ် တပျတ်ပျတ် နှင့် စားလေသည်။ 

ကိုရင်သည်လဲ ဂျာရစ်ပါးစပ်အားလျှင် နားညီးမည်ဆိုးသဖြင့် နေကြာစေ့ကိုတဖက်မှ ခွာပေးလိုက် လိမ္မော်သီးများကို တစ်လုံးပြီးတစ်လုံးခွာကျွေး လိုက် အလုပ်လုပ်လိုက် ဖြင့်နေလေရာ တချက်တချက် အစားပြတ် သွားမှာဆိုးသဖြင့် သောက်ရန်ကော်ဖီကို အလီကော်ဖီတလှည့် စူပါကော်ဖီတလှည့် မရိုးနိုင်အောင်ဖျော်ပေးလေသည် ။ အစားအသောက်များကုန်ခါနီးလာလျှင် ပျင်းရိဖွယ်ရုပ်ရှင်တကားကို ကြည့်နေသယောင်နှင့် ဂျာရစ်ကို  အိပ်မငိုက်ငိုက်အောင် လုပ်ပြီး ခုံကိုနောက်ပြန်လှန်ထားလေရာ  ဂျာရစ်မှာအစားမျိုးစုံတနင့်တပိုးစားပြီး ဗိုက်လေးလေးနှင့်အိပ်တော့သည် . ။
 သည်လိုနှင့် တရက်ပြီးတရက်သာကုန်လွန်လာသည် ။ ဂျာရစ်လက်သည် ချက်တင်နှင့်ဖွဘွတ်မှ တစ်ပါး စာရေးကို မရောက်နိုင်သေး .။ မမချစ်ကြီး (မချစ်ကြည်အေး ) ၏ ချာဂျင်သွင်းပုံကိုဖတ်မိသောအခါ ညှင်း ညှင်းး ညှင်းးညှင်းး ငါ့လိုဘဲဟု တွေးကာ အဖော်ရပဟဲ့ဟု တွေးနေမိလိုက်သေးသည်။  

ဖွဘွတ်ထဲတွင် ၀င်တော့လဲ ဟိုအရေးသည်အရေးတွေက များနေသည်။ကိုယ်လည်းနားမလည် သူများအော်သလို အမောင်တောင်မှန်းမသိလည်း မအော်ချင်။သို့နှင့်ဂျာရစ်တို့တွေ့သမျှအကုန်သာ လိုက်လုပ်ဖြစ်တော့ သည်။အရင်ကဆို ဂျာရစ်တို့ ရုံးရောက်သည်နှင့် ကွန်ပြူတာဖွင့် ဘလလေးဖွင့်ပြီး လင့်ချိတ်ထားသမျှကို ငါးခုစီဖွင့်ရင်း လိုက်ဖတ်လိုက်မန့် လိုက် မနက်စာစားလိုက်နှင့် ဇွန်းဖင်ကိုက်ခါ အိမ်တကာလျှောက် လည်သမျှ ခုတော့ ပျင်းလိုက်တာ ဆိုတာတောင် ပျင်းနေပြန်သည် ဆိုသည့်အတိုင်း ပျင်းနေသည်။“မောင်ရေ လွမ်းလား ဟင်”ဟုမေးသော်လည်း နားပူမှာကြောက်သဖြင့် “လွမ်းတာပေါ့ ဂျာရစ်လေးရယ်” ဟုကြောက်ကြောက်နှ င့်ဖြေသံကိုသာကြားရ၏။။ပိတ်ရက်တရက်ကျန်သေးသော်လည်း တရက်နားရအောင်ဟု ဆိုကာ ဂုတ်ဆွဲ၍ ဂျာရစ် အား ပြန်ပို့ လေတော့သည် ။

ထွေရာလေးပါး (၂ )

ခုတလော မြင်ရကြားသည်များကလည်း ရင်မချောင်သာ။ဖွဘွတ်တွင် ဆဲဆိုနေကြသည်မဟုတ်။ ဘလော့များပေါ်တွင်ပါ တိုက်ခိုက်မှုများကိုတွေ့ လာရပြန်သည်။နဂိုကမှ ပျင်းနေသည့်ဂျာရစ် စိတ်ပါပျက်လာ သည်။ဟိုလူကဘာဖြစ်တယ်..ဒီလူကတော့ဘာ..ဘာလို့ ဒီလိုလုပ်နေတာလဲ.. @$%^$&*^* )%^^&*%$%^ ** စုံစီနဖာအားတိုင်း အနောနီမက်ဖြင့် သမသွားသူများ ကိုလဲတွေ့ရသလို စတိုင်ကျကျ ဘလော့ဖွင့်ပြီး လိုက် တိုက်ခိုက်သောသူများကိုလည်း တချို့စာမျက်နှာများပေါ်တွင်  တွေ့လာရပြန်သည်။ဂျာရစ်သည် ဘလော့ကို လက်အား၍ ရေးခြင်းသက်သက်သာ ဖြစ်သည်။ ကြီးမားလှသော စိတ်ခံစားမှု့ များ အစိုင်အခဲ ဖြစ်မလာစေ ရန်သာ ရည်ရွယ်သည်။ဆရာဝန် မဟုတ်သဖြင့် ကျန်းမာရေးဆောင်းပါးလဲ မရေးတတ်ချေ။နည်းပညာရှင် မဟုတ်သဖြင့်လည်းဘာသတင်းမှ မတင်နိုင်ချေ။ ဂျာရစ်တွင် ဗဟုသုတလည်း နည်းပါးလေသည်။ဂျာရစ်သည် အင်မတန်ညံ့လှစွာသော ချာရစ်ဖြစ်သည့်အတွက် အထွေအထူးဗဟုသုတပညာရရန် ဘာမှမရေးတတ် ပါချေ။ဟင်းလည်း လှလှပပမချက် တတ်ချေ။ကဗျာလည်း မရေးတတ်ချေ။ ၀န်ခံပါ၏။ဂျာရစ် တော်တော် ညံ့ ပါသည်။ ဂျာရစ်ဘလော့သို့ လာလျှင် အီးယောင်ဝါးစာပေများသာ ဖတ်ရှု့ရမည်ဟု ကြိုတင် ၀န်ခံ အာမခံ ထားပါသည်။ 

ဂျာရစ်၏ စိတ်တွင် စိတ်လက်ပေါ့ပါးစေရန် ရေးခြင်းမှတစ်ပါး မည်သည့်ရည်ရွယ်ချက်မှမရှိချေ။ဂျာရစ်၏ ရင်တွင်းဖျစ်များကိုသာ တွေ့ရမည်ဖြစ်သည်။ တခုတော့ ဂျာရစ်သိသည်။ရွာမှနေလျှင် ရွာလိုကျင့်ရမည်။ရွာ ကိုလေးစားရမည်။ရွာသူရွာသားများကို ချစ်တတ်ရမည်။ စည်းလုံးရမည်။ရိုသေထိုက် သူကို ရိုသေရမည်။ ဤကဲ့သို့ ဂျာရစ်နေပါသည်။ဘလော့ဂါများဟုခေါ်သော စာရေးသူတို့သည် ဘယ်နိုင်ငံမှာနေနေ အလုပ်အား သူများမဟုတ်ဆိုတာ ဂျာရစ်နားလည်သဘောပေါက်သည်။ဂျာရစ်သည်ငယ်ငယ်ကတည်းက စာကိုချစ်သည်။ မည်လောက်ထိချစ်သလဲဆိုပါလျှင် ဗယာကြော်ထုပ်သော စက္ကူမှစာပင် ဘာလဲဟု ရအောင်လိုက်ဖတ်သည်။ အထိငယ်ငယ်ကတည်းက စာပေကိုမြတ်နိုးပါသည်။ အီးကုန်းစက္ကူပါမကျန် ဖတ်ခဲ့ဖူးပါသည်။ စာရေးသော သူများကိုလဲ လေးစားအားကျမိပါသည်။ဂျာရစ်မှာ အကြောင်းမျိုးစုံပြလျှက် နေ့တိုင်း ပိုစ့်မတင်နိုင်သော် လည်း ကိုယ့်ဘလော့လေး ကိုယ်တန်ဖိုးထား စာပေကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းဘလော့ဂါ အကိုအမများ နေ့တိုင်းပိုစ့်တက်လာလျှင် အင်မတန်သဘောကျသည်။လင့်တခုက တစ်ခုသွားလို့ စာတွေဖတ် ပြီးတိုင်း ရေးသူရဲ့ပေးဆပ်ရတဲ့ အချိန်နှင့်ခံစားမှုကို နားလည်သည်။ 

ကိုယ့်ဘလော့ လူဝင်ပါစေဆိုတဲ့ဆန္ဒနှင့် ကွန်းမန့်ချန်ခဲ့ခြင်းမဟုတ်။ ကောင်းကောင်းဆိုးဆိုး စာတစ်ပုဒ်ဖြစ်ရန် စာရေးသူမှာအချိန် ဖဲ့ပေးရသည်။ နိုင်ငံခြားရောက်နေသည့် ဘလော့ဂါများဆို ပိုဆိုးသည်။ကျောင်းသားများက တော်သေးသည်။အလုပ်သမားများက ပိုပင်ပန်းသည်။ စာတစ်လုံး ချင်းစီကို ဖတ်သူဆီရောက်အောင် ၀ါသနာရော အချိန်တွေရော အကုန်ပေးပြီး ရေးကြသည်။ထို့အတွက် ဂျာရစ် အသိအမှတ်ပြူသည့်စိတ်နှင့် အားပေး ချင်သည့်စိတ်နှင့် ကွန်းမန့်ချန်ခဲ့သည်။ဂျာရစ်သည် ပျော်ပျော်နေသူ တစ်ယောက်ဖြစ်သဖြင့် ခပ်နော က်နောက်ကွန်းမန့်များလည်း ချန်ခဲ့တတ်သည်။ မလေးစားလို့ မဟုတ်ပါချေ။ပျော်စေလိုသော ဆန္ဒဖြင့်သာ ရွှတ်နောက်နောက် ချန်ခဲ့ခြင်းဖြစ်သည်။မနက်ရုံးရောက်ကတည်းက အချိန်ရတိုင်း စာလိုက် ဖတ်ဖြစ်သည်။ မအားသည့်ကြားက ရအောင်ကွန်းမန့်ချန်ပေးခဲ့သည်။သူလည်းဝမ်းသာ ကိုယ်အတွက်လည်း အားဆေးဖြစ်သည်။ညအိပ်မှ ဘလော့ပေါ် က ဆင်းသည်။တိုက်ခိုက်ရန်လိုနေသော သူများကို ဂျာရစ်မကြိုဆိုပါ။ ခုတလော ဂျာရစ်တို့ရွာတွင် ခနခန တိုက်ခိုက်ရေးသမားများ ရောက်ရောက် လာတာကို မြင်ရသောဂျာရစ် စိတ်မချမ်း သာပါ။တ်ာကြာ စီဘောက်မှာလာအော်ပြန်ပီတဲ့..တော်ကြာ ကွန်းမန့်မှာ ရေးသွားပြန် ပြီတဲ့။ အမျိုးမျိုးကြားရ သည်။ဆရာတော်များ ဘလော့ပင် အလွတ်မပေး ဝေဖန်တိုက်ခိုက်သူများက ရှိနေသေးသည်။ဂျာရစ် လူမျိုးစွဲ ဘာသာကွဲ အယူသီးသောသူ တစ်ယောက် မဟုတ်ပါချေ ။

  ဂျာရစ်တော်တော်ညံ့ ပါသည် (၃)

ဂျာရစ်သည် ငြိမ်းချမ်းစွာနေလိုသူသာဖြစ်သည်။ခပ်ချာချာ ခပ်ညံ့ညံ့ ရုပ်ဆိုးဆိုး ခပ်၀၀ ခပ်ပေါပေါ အိမ်ထောင် ရှင်မတစ်ယောက်သာဖြစ်သည်။လူသာ သက်ကြားအိုဖြစ်နေသော်လည်း ဦးနှောက်မှာ တစ်နှစ်သားသာသာ ရှိသောသူဖြစ်သည်။သာမန်ဘွဲ့လေးတစ်ခုဖြင့် ရရာအလုပ်လုပ်နေရသူ ဖြစ်လေရာ သူများလို ဗဟုသုတ ရစရာများ မတင်နိုင်သည်မှာ အလွန်ပင်ဝမ်းနည်းမိပါကြောင်း ၀န်ခံပါသည်။တောက်တိုမယ်ရ အလုပ်လုပ်ရ သူဖြစ်သဖြင့် အစားမှ လွဲလျှင် ဘာကိုမှစိတ်မ၀င်စားပါ။အစားနှင့်ယာကျာင်္းဆိုလျှင်တောင် အစားကို ဦးစားပေးပါသည်။ထို့ကြောင့် စာလာဖတ်သော လူကြီးမင်းများမှ ဘာမှဗဟုသုတ မရနိုင်တဲ့ ဘလော့ပါဟု သတ်မှတ်လျှင်လည်း ၀န်ခံပါသည်။တခါတရံတွေးမိသည်။ဂျာရစ်အလွန်လေးစားသော ဘလော့ဂါကြီး များတောင်မှ ချမ်းသာမပေး ထင်ရာရေးသွားကြသေးတာ..သြော် ဒီအရပ်မှာလဲ ဒီဇတ်တွေက ပွနေတာဘဲ လို့ တရားတော့ရမိသည် ။း)

နိုင်ငံတကာမှာနေကြသော ဘလော့ဂါများ၏ သတင်းများခံစားချက်များ၊မိသာစုအကြောင်းများ၊သူတို့နေ ထိုင်ရာအရပ်ဒေသများနှင့် သူတို့အိမ်တွင် ချက်ပြူတ်၊ပြုလုပ်ကြသော နည်းပညာများ၊အထူးအဆန်းများ အားလုံး ကိုစိတ်ဝင်တစား လိုက်ဖတ်ပါသည်။ဘာလို့လဲဟုမေးလျှင် ဂျာရစ်သည် ပိုက်ဆံမရှိသူဆင်းရဲသား တစ်ယောက်သာဖြစ်ပါသည်။ဘယ်မှမသွားနိုင်ပါ။ဒီတစ်သက် ဘယ်မှလဲမရောက်နိုင်ပါဟု သိသောကြောင့် အခြေအေ နပေး၍ ရောက်နေသော အကိုအမ သူငယ်ချင်းများ၏ လက်ရာမျိုးစုံကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှု့ပါသည် ။ ဟင်းချက်နည်းများကိုဆိုလျှင် ပ၇င့်ထုတ်ကာ သိမ်းထားသည်အထိ တန်ဖိုးထားပါသည်။

မိသားစုများပျော်ရွှင်နေသည့် ဓာတ်ပုံလေးများ မြင်လျှင် အင်မတန်မှစိတ်ချမ်းသာပါသည်။ အဘယ့်ကြောင့်ဆိုသော် ဂျာရစ်သည် မိသားစုနှင့် ခွဲခွါနေရသူမို့ ဖြစ်ပါသည်။လှပပိန်သွယ်သော အချောအလှလေးများ မြင်လျှင် အင်မတန်မှ သဘောကျပါသည်။ဂျာရစ်သည် ဖက်တီးဖြစ်သောကြောင့် ဖြစ် ပါသည်။ဟင်းချက်ကောင်းသောမမများ ဟင်းချက်လျှင် ယောကျာင်္းအားအင်မတန်မှ သနားပါသည်။ဂျာရစ် သည် မိန်းမမပီသသူသာဖြစ်ပါသည်။ ရှု့ခင်းများ ပျော်ရွှင်စရာများ ကိုမြင်လျှင် ဂျာရစ်သည် စိတ်ကူးထဲတွင် အချစ်နှင့်အတူ ကိုယ်ပါရောလည်ပစ်လိုက်ပါသည်။  ကိုယ့်ဟာကိုယ်ဆို ပိုက်ဆံမရှိ၍ မလည်နိုင်သောေ ကြာင့် ဖြစ်ပါသည် ။မဆိုင်သည့်အပေါက် ဂလိုင်နှင့်ခေါက်၍ အဘယ့်ကြောင့် ဘလော့ဂါဟုခေါ်သော စာရေးသူ များကို ဘာကြောင့် ကြည့်မရဖြစ်သလဲဟု တွေးမရဖြစ်ပါသည် ။

သူ့ကိုချစ်ပါသည် (၄)

ဂျာရစ်သည် ဤကဲ့သို့သော ဂျာရစ် မျိုးဖြစ်ပါသည်။စိတ်ရူးပေါက်သလိုထထလုပ်တတ်သော ဂျာရစ်ဖြစ် ပါသည်။ထို့ကြာင့် မနေနိုင်မထိုင်နိုင် ထ၍စာရေး လိုက်ပါသည်။ဘာပဲပြောပြော၊ဘယ်လိုဘဲပြောပြော နှစ်နှစ် သားဘ၀သို့ သူရောက်သွားပါပြီ။ သူ့ကိုအရင်ကထက် ဂျာရစ် ပိုခင်တွယ်လာ ပါသည်။သူ့ဆီတွင် ဂျာရစ် ချစ်သော သူငယ်ချင်းများ စာပေများအထူးအဆန်းများစွာ ရှိပါသည်။သတင်းများ ဗဟုသုတများ ရပါသည်။ သူကနေမှတဆင့်အင်မတန်ခင်မင်စရာကောင်းသောသူငယ်ချင်းများစွာကိုရရှိခဲ့သဖြင့် မိသားစုနှင့် ဝေးနေသော ဂျာရစ်အထီးမကျန်တော့ပါ။ ထို့ကြောင့် ဂျာရစ် သူ့ကိုချစ်ပါသည်။ သူသည် ဂျာရစ် အသက်ရှင်နေသရွေ့ရှိနေပါလိမ့်မည်။ ဂျာရစ်သော်လည်းကောင်း ကိုရင်သည်သော် လည်းကောင်း တစ်ဦးဦး အရင်လောကကြီးမှ ထွက်ခွာသွားခဲ့လျှင်လည်း သူသည် ဆက်လက်တည် ရှိနေ ပါလိမ့်မည်။သားသမီး မရှိသေးသော ဂျာရစ်တို့အတွက် သူသည် ဂျာရစ်တို့၏ဒုတိယရင်သွေး ဖြစ်ပါသည်။ (ကြော်ငြာ..။ဝမ်းမနာ သမီးပစ်ပစ်လည်းရှိပါသေးသည်)။ထို့ကြောင့် ဂျာရစ်သူ့ကိုချစ်ပါသည်။ဂျာရစ်သူ့ကိုချစ်သလို ကိုရင် သည်လည်း သူ့ကိုချစ်ပါသည်။သူသည် ဂျာရစ်တို့ဇနီးမောင်နှံ၏ နှလုံးသည်းပွတ်ကလေးဖြစ်ပါသည်။


မဒိုးကန်

၉း၃၀ မိနစ်
၁.ဖေဖော်ဝါရီလ ၂၀၁၂


34 comments:

အလင်းသစ် said...

ပေ့ခ်ျနော့်ဖောင်းနဲ့ ၇ ကြိမ်လောက် တိုးပြီးမှ တွေ့ရတဲ့ စာမို့..တစိမ့်စိမ့်ဖတ်မယ်..ဒါဘဲ..

ကိုရင် said...

ဟင်းဟင်းဟင်း :D

မိုးသက် said...

တကယ်ပေါ်လာပြီပေါ့............။
ကိုရင်ရော ဂျာရစ်ပါ ချစ်သောနှစ်နှစ်သားလေးကို.. နှစ်လသားလေး
ဖခင် ကျွန်တော်ကလည်းချစ်ပါသည်..။
အားလုံးကလည်းချစ်ကြမည်ထင်ပါသည်.။

blackroze said...

ပစ်ပစ်ကလည်းမားမားနဲ့ပါးပါးကိုချစ်ပါသည်

မားမားသည်
ပစ်ပစ်ကိုဘာမှဝယ်မကျွေးပေမဲ့
ပစ်ပစ်ကိုမီးလေးဟုခေါ်ပါသည်..
ပါးပါးသည်လည်းပစ်ပစ်ကို
နင်တော့လစ်တာဘဲ
နင်တို့သားအမိနဲ့ငါတော့
လစ်တာဘဲဟု..
မကြာခဏအော်တာကလွဲလို့
သဘောကောင်းပါသည်

ဤကောမက်ရေးသူသည်
ကိုးဒေဝီ လိမ်မော်သီး ဂိုဏ်း၏
ဂိုဏ်းချုပ်ြကီး ဒါရိုက်တာရင်နှင့်ကိုးဒေဝီမယ်တော်
တို့၏ နှလုံးသည်းပွတ်သမီးလေး
လိမ်မော်ကညာသိုင်းကျမ်းသခင်မလေး
CIA မှ Jerry pigpig ဖြစ်ပါသည်..

သူကြီးမင်း (တုံးဖလား) said...

မဒမ်တစ်ယောက်၊ မလေးပေါက်၊ ဦးဏှောက်ခြောက်လေပြီ။၊
ကျွေးသမျှအား၊ အကုန်စား၊ ဗိုက်ကားတင်းလေပြီ။
စိတ်ကပျင်းထူ၊ ဗိုက်ကပူ၊ ဘော်ဘူ မြည်ဟီးသည်။
ကိုရင့်အလုပ်၊ မဒမ်ရှုပ်၊ ငုတ်တုတ်ထိုင်အိပ်သည်။
ကိုရင့်ပိတ်ရက်၊ မဒမ်ဖျက်၊ ဟက်တက်ကွဲလေသည်။
ပစ်ပစ်တဂ်စာ၊ မေ့ထားကာ၊ လွန်စွာပျင်းနေသည်။
နှစ်နှစ်အပြည့်၊ ရေးဖို့မေ့၊ ဆွေ့ဆွေ့ခုန်နေသည်။
ခုမှအိပ်ရာ၊ နိုးထကာ၊ ထင်ရာရေးလေသည်။
မဒမ်ရေးချက်၊ လွန်လန်ထွက်၊ မှန်လျက်မှားနေသည်။
၂ နှစ်ပြည့်ကာ၊ ထိုချိန်ခါ၊ ကျိတ်ကာ ဆုတောင်းသည်။
ကိုရင်မဒမ်၊ ရာသက်ပန်၊ မြဲမြံချစ်ကြိုးသီ။
သူကြီးဆုတောင်း၊ ပြည့်စေကြာင်း၊ ထပ်လောင်းဆုချွေသည်။း)

ကိုထွဋ် said...

စတိုင်ကျကျ ဘလော့ဖွင့်ပြီး လိုက် တိုက်ခိုက်သောသူများကိုလည်း တချို့စာမျက်နှာများပေါ်တွင် တွေ့လာရပြန်သည်။


ငါ့များစောင်းပြောသလားအေ... မကျေနပ်ရင်ပြောပါအေ.. လိမ္မော်သီး ပို့စ် ဖျက်ဆို ဖျက်ပေးပါ့မယ်..း(

ဝမ်းနဲတယ်... ဟင့် ရွှတ် ..

SHWE ZIN U said...

နှစ်နှစ် သားလေးရောက်သည် အထိအောင်မြင်စွာ မွေးဖွား ပေးလာခဲ့သော ကိုရင်နှင့် မဒမ်အား ဂုဏ်ပြုပါ​၏

ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နှစ်ပေါင်းများစွာ ထိမ်းသိမ်းစောင့်ရှောက်ကျွေးမွေး ပြုစုနိုင်ကြပါစေ

ချစ်တဲ့ အမကြီး
ရွှေစင်ဦး

မီးမီးငယ် said...

မဒမ်လေးရေ..
ကိုယ်တော့မြန်မာစာလက်ကွက်လေ့ကျင့်ရေးရင်းနဲ့ ၊
ဘလော့ဆိုတာဖန်တီးတာ..။
ဘာမှလဲတတ်ပါဘူးဟာ။
တောင်ခြစ်မြောက်ခြစ်နဲ့ ၊
မဒမ်လိုပျော်ပျော်နေတတ်တာကောင်းတယ်။
သူများတွေကိုအပျော်လေးတွေဝေမျှပေးတာ။
ဖတ်ရတဲ့သူလည်းစိတ်ချမ်းသာပျော်ရွှင်ပါတယ်။
တနေ့ တာမောပန်းလို့ အိမ်ပြန်ရောက်ရင်အပျော်လေးတွေ၊စိတ်ချမ်းသာစရာလေးတွေဘဲရှာချင်ကြတာပါ။

နေ၀သန် said...

ဂျာရစ်ဆိုတာ အဒူလဲဂျ... :D.. ဂျာရစ်ရော ကိုရင်ရော အရေးတွေက ကောင်းပါ့ဗျား... လိမ္မော်သီးပုံးတဲ့... စားချင်လိုက်တာ.. ငယ်ငယ်က လိမ္မော်သီဆို တောင်းလိုက်တောင်းလိုက် စားရတဲ့ဘ၀ကို သတိရမိရဲ့.. အခုများတော့လည်း ငတ်.. ငတ်.. ငတ်... :P

ခင်မင်လျက်
နေ၀သန်

ညီရဲသစ် said...

နှစ်နှစ်ပြည့်သွားတဲ့ ဂျာရစ်တို့ သားလေးအတွက် ဂုဏ်ယူပါတယ်ဗျာ...

ကိုရင်ရေ မဒိုးက အစားနဲ့ ကိုရင့်ကိုဆိုရင် အစားကို ရွေးမယ်တဲ့ ဒါကတော့ မဟုတ်သေးပါဘူးနော်... ရန်တိုက်ပေးသွားပြီ...

မိုးခါး said...

မထူးပါဘူး .. ကိုယ်မသာ သူအသုဘချင်းချင်းပဲ .. :D
ဒီလိုရေးလိုက်တော့ ကိုရင်ခများလွမ်းပါတယ် လွမ်းပါတယ်နဲ့ သနားစရာတောင် ကောင်းတော့တယ် ..
အေးပေါ့လေ .. မဒမ်က ဓါးတရမ်းရမ်းနဲ့ဆိုတော့ကာ သူ့မလဲ ကြောက်ရှာမပေါ့ .. :D

AH said...

ညထဲက ရှာလိုက်ရတဲ့ ပိုစ့် အလုပ်တွေများနေတာနဲ့ ခုမှ တွေ့တော့ ဒယ်.... (အမှန်မှာ - ဤပိုစ့်တွင် ဘလော့ဂ်ဂါများ မအားကြဟု ရေးထားသောကြောင့် မအားချင်ယောင်ဆောင်ကာ ယခုမှ မန့်သွားခြင်းဖြစ်သည်)။ ကိုးဒေ၀ီကြီးက nick name အသစ်နဲ့ဆိုတော့ ကျွန်ုပ်မှာ အတန်ငယ် မျက်စေ့လည်သွားလေ၏။ ၂ နှစ်သားလေး သူ့အတွက် အရိပ်တကြည့်ကြည့်ဖြင့် မြေတောင်မြှောက်ကာ ပြုစုပေးထောင်ပေးသော ဒါရိုက်တာ ရင်နှင့် ကိုးဒေ၀ီအား အိုင်ဆေး - ကွန်ဂရက်ကျူးလေးရှင်းပါ ခင်ဗျာ။ ၂ နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်တောင် လက်တွဲညီညီဖြင့် ဆက်လက် ပြုစုပျိုးထောင် နိုင်ပါစေကြောင် ဆုမွန်ကောင်းတောင်လျှက် ......

ခင်မင်စွာဖြင့်
AH

Iora said...

ကိုယ်ကတော့မဒိုးကန်ရဲ့ ပျော်ပျော်ရွှင်ရွှင် ရေးတဲ့စာလေးတွေကိုသဘောကျလို့ ကိုဖတ်ချင်နေတာ။
အိုင်အိုရာ

Lps said...

အားပေးခဲ့ပါတယ်ဗျာ စာရေးတာကောင်းတယ်နော်
ခင်မင်လေးစားစွာဖြင့် (လွမ်း)

rose said...

Dear sis, don't keep in your mind anything for those bad comments or critiques. Your writing always make me smile (and also photo and status from Facebook :). Two years is a long journey. Congrats!! Keep writing.

Thandar Lwin said...

ဘာတုန်းအေ ညီးတို့ဟာ မန့် ရတာ အပေါ်ရော အောက်ကော....ဒီ က ထုံပိန်း သိလားးးး

Thandar Lwin said...

ပုံလေး ရှာဘဲ ရှာတတ်တယ်အေ..ရေးထားတာ လဲ ဖတ်ရင်း ဖတ် ရင်း နာ့ အကြောင်းရေးထားတာလား လို့ ထင်ပီး အပေါ်ပြန် ခေါင်းပြန် ၃ခေါက်လောက်ဖတ်ပလိုက်တယ်အေ...း) ကိုရင် နဲ့ မဒိုး ရှိနေသမျှ ရှင်သန်နေမဲ့ ဒီဘလော့လေး သက်ကျော် ရာကျော် ရှည်ပါစေသော်ဝ်.

နွေတေးရှင် (မင်းဧရာ) said...

မဒမ်ကိုး.....
ပြောသွားလိုက်တာများ စုံနေတာဘဲဗျာ။

နောက်တစ်ခါ ကိုရင့်ဆီလာရင် ပြန်ခါနီးကျတော့ ကိုရင့် ကိုကြော်ခိုင်းချက်ခိုင်းပြီးသယ်သွားလေဗျာ အဲဒါဆို တစ်ပတ်စာလောက်တော့ အိမ်မှာချက်စရာမလိုတော့ဘူး ဟီးးးးး။

မှတ်ချက် ဒီကိုမန့်ကို ကိုရင်မမြင်ပါစေနဲ့)))ဝ
နီးရာ ဓါးကို ကြောက်ရသည်းD။

ညီလင်းသစ် said...

ရွာမှာနေပြီး ရွာကိုလေးစားတဲ့၊ ချစ်ခင်တဲ့ ဂျာရစ်ရဲ့ စိတ်ဓါတ်ကလေးကို သဘောကျမိတယ်၊ ရွာထဲက အိမ်တိုင်း၊ အိမ်တိုင်းဟာ ဗဟုသုတ ရစရာ၊ ရသမြောက်စရာ တစ်ခုမဟုတ်တစ်ခု တင်ဆက်နေရ မယ်လို့ ဘယ်မှာမှ ပြဌာန်း မထားပါဘူးဗျာ၊ ရွာသူ ရွာသား အချင်းချင်းကြားမှာ ခင်သောစိတ်နဲ့ နားထောင်၊ ချစ်သောစိတ်နဲ့ ကြည့်ကြဖို့ပဲ လိုတာမဟုတ်လား..၊း)

ဂျာရစ်က ဘာမှမရေးတတ်ပါဘူး လို့သာ နှိမ့်ချပြီး ပြောသွားခဲ့တာ..၊ ဖတ်ရတဲ့ လူတွေအဖို့တော့ ညက်ညက်ညောညောနဲ့ မျက်စိ ပသာဒကို ဖြစ်လို့..ကဲ။

Candy said...

ဂျာရစ်ပိုစ့်ကို ဖတ်ချင်လွန်းလို့ ဒါဒုတိယအကြိမ်မြောက်လာတာ.. ဟီး

အင်း.. ဘယ်သူတွေ တိုက်ခိုက်ခံရပြန်ဘီတုန်း..
ညီမက ဂျာရစ်ထက် ချာတယ်.. မတိဘူး ဟီး..

၂နှစ်ပြည့်ဘီပေါ့.. ၀မ်းသာတယ် မမရေ :D

မိစံ said...

ချစ်ဖို့ကောင်းတဲ့.ဒီမောင်နှံနဲ့
(2)နှစ်သားလေး..
ယနေ့မှစကာ..နှစ်ပေါင်းများစွာတိုင်ပါစေရှင်း)

ချစ်ခင်လေးစားလျှက်

San San Htun said...

မဒိုးကန်ပို့ စ်ကို မျှော်နေတာ..နှစ်နှစ်မှသည် နှစ်ပေါင်းများစွာ ရွာသားများနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေသော်..

Mrs. Bagel said...

အစ်မဒိုးကန် လိမ်မော်သီး အကြောင်းရှင်းသွားပြီ။ ကိုထွဋ်ပို့စ်ကို မှီငြမ်းလိုက်တာ။ ဟီဟိ။ အရေးကြီးဆုံးက စိတ်ချမ်းသာဖို့ပဲမဟုတ်လား အစ်မ။ ကြိုက်ရင်ဖတ်၊ မကြိုက်ရင်ကျော်သွားပေါ့။ နော?

sosegado said...

အချိန်တွေပေးခဲ့ရသူတွေအတွက်တော့ ၂နှစ်ဆိုတာ ဂုဏ်ယူစရာပါ ဂျာရစ်၊
ဒီလိုပါပဲ အတူတူတွေဆိုတော့ ဂျာရစ် ကျန်ရစ်မဖြစ်ပါဖူး……………………..

လွင်ပြင်လှိုင်းငယ် said...

ဂုဏ်ယူပါတယ် ၂နှစ်သားလေးရေ

စံပယ်ချို said...

ရွှေဒိုးလေးကရေးတတ်လိုက်တာ ချစ်ဖို့ကောင်းနေပြန်ရောတော့
ဒါကြောင့်ကိုရင် ချစ်နေတာနေမှာနော်
(၂)နှစ်ပြည့်ပြီလား
ရာသက်ပန်ဘလော့ထဲမှာပျော်နေပါစေ
စာတွေလဲအများကြီးရေးနိုင်ပါစေနော် နေကောင်းပါပြီ
ကံမကောင်းဘူး ထိုင်းကိုဆင်းသွားတဲ့ သူငယ်ချင်းတွေပြန်ရောက်လာပြီ မောင်လေးလိုခင်နေရတဲ့ သူတစ်ယောက်ဆေးရုံတက်နေရတယ်
အရှုပ်တွေနဲ့ ပတ်လည်ဝိုင်းနေသူကို မဂျက်လို့ခေါ်ပါတယ်
ဆိုပြီးပြောလို့ရတယ်
ချစ်တဲ့

အိမ်မက်စေရာ said...

မမဒိုးကန် ရေ လာလည်ပါတယ်..တစ်ရေးနိးသောအကြံပေါ်တော့ မဟုတ်ဖူးနော်..အမြဲပဲ ဘာမှန်းမသိဘဲ အိမ်မက်တို့ အလုပ်တွေ ကို ရှုပ်နေတာ..အဟိ
၂ နှစ်ပြည့် ဘလော့ဒ်လေး ဒီထက်မက တည်တံ့နိုင်ပါစေ..
ပလာ ပလာ တွေကတော့ တကယ်ပဲ ကိုယ့်ဟာကိုယ်ရေးတာကို သူတို့ ဘာလို့ လိုက်ပြောနေမှန်းမသိပါဘူး.. သူ့စီးပွားရေး ဒုတ်နဲ့ ထိုးတာမှ မဟုတ်ဘဲကို ...ဒါနဲ့ စကားမစပ် မမဒိုးကန် တို့ နာမည်ပြောင်းသွားပြီပေါ့ နော်ကတစ်ခါ မမ ဂျာရစ်လို့ ခေါ်ရမလို ဟိဟိ..
ချစ်တဲ့
မမဂျာရစ်ညီမ
လျှာတစ်လစ်

m said...

ဖတ်နေကျပါ.. comment မရေးမိဘူး.. ဒီတခါတော့ ရေးတာ ချစ်ဖို့ ကောင်းလို့ comment ထားသွားပါတယ်

မဂျာရစ်ရဲ့ ပရိတ်သတ်

laylwintlu said...

မမဂဂျာရစ်....
စာလာဖတ်သွားပါတယ်
ရူပါတော့လန်ဝူးးးကွန်မန့် တော့ရေးခဲ့တယ်:P
ခင်မင်လေးစားလျက်-လေလွင့်လူ

Crystal said...

ခရစ္စတလ်အိမ်လေးကတော့ သုံးနှစ်ပြည့်သွားပြီ ညီမလေးရေ:)
အပြင်မှာလည်း ညီမလေးရဲ့ ရင်နှစ်သည်းချာလူပိစိလေးတစ်ယောက် အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးနေပါတယ်။

ကိုတူး said...

ဒမ်ဂျစ်နော် .. ဟိဟိ .. ပစ်ပစ်လေးက ဒမ်ဒမ့် တမီးဆိုယင် .. မေမေတော်မယ်နော် ..ဟဲဟဲ..။

Angelhlaing(May everybody be happy and healthy! said...

အဲလို ဂျစ်နေလို့လဲ အကိုက အသဲစွဲနေတာ ဖြစ်မယ်...:):)

အမ်တီအန် said...

၂နှစ်ဆိုတာ ခဏလေးပါပဲနော်
ဘလော့ဂါတွေတစ်ဦးကို တစ်ဦးမမြင်ဘူးကြပေမယ့် မောင်နှမရင်းချာတွေလို ခင်မင်ရင်းနီးနေကြတာ ၀မ်းသာစရာပါ။ စာတွေမလွတ်တမ်းလိုက်ဖတ်ပြီး ကွန်မန့်တွေ သေချာပေးတတ်တဲ့ ဂျာရစ်ကို လေးစားမိပါတယ်။ စာမရေးတတ်ဘူးသာပြောတယ် ရေးထားလိုက်တာ အစအဆုံးကို တထိုင်ထဲ ဖတ်ဖြစ်သွားရတဲ့အထိပဲ။ ဟာသဇ၀နဥာဏ်ရှိတာ ရိပ်မိတယ်။ သရော်စာတွေ ရေးနိုင်တဲ့လက်လို့ ထင်မိတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ ညီမရေ...။

မိုးဇက် said...

ကိုရင်........ အမဒန်...... ဘူတွေက တိုက်ခိုက်နေတာလဲ တိဝူး ....... ၊ ပြန်တိုက်ရအောင်လူချုဂျာ......း)

(ခင်လို့နောက်သွားသည် )

Related Posts Plugin for WordPress, Blogger...