သမီး ရိုသေစွာစာရေးလိုက်ပါတယ်။ အဖေ နေမှကောင်းရဲ့လား။သမီး အရမ်းသတိရနေပါတယ်။ သမီးလည်း နေကောင်းပါတယ်အဖေ။ ရာသီဥတု ကရော အေးတလှည့် ပူတလှည့်ဖြစ်နေပြီလား။မိသားစုတွေရော နေကောင်းကြတယ်မလား။ဖုန်းဆက်ချင်ပေမယ့် တအိမ်လုံး၊တစ်တိုက်လုံး ကြားအောင်အော်နေရတဲ့ မြန်မာ့ ဆက်သွယ်ရေးကွန်နက်ရှင်ကြောင့် သမီးပြောချင်တာတွေကို စာနဲ့ပဲ ရေးပြောလိုက်ပါရစေ ..
Showing posts with label အရူးအတွေးများ. Show all posts
Showing posts with label အရူးအတွေးများ. Show all posts
Wednesday, February 29, 2012
Sunday, February 19, 2012
မော်ဒယ် မင်းသမီးအဆိုတော် ဒန်ဆာ ဂျာရစ်
ဂျာရစ်ခုတလော မော်ဒယ်မင်းသမီး၊အဆိုတော်ဒန်ဆာ သိပ်လုပ်ချင်နေသည်။ဂျာရစ်လည်း ရှိုးလျှောက် ကြည့်ချင်သည်။သို့နှင့် အောက်စဖိုဒ့် အဘိဓာန်အလေးကြီး ခေါင်းပေါ်တင်ပြီး လမ်းလျှောက်ကျင့်နေသည်။ မရှိသောဖင်ကို လိမ်ကျစ်လိမ်ကျစ် လျှောက်ကြည့်သည်။ခြေထောက်နှစ်ချောင်း ကို လိမ်ဖယ်လိမ်ဖယ်လျှောက်သည်။ဂျာရစ် ရှိရှိသမျှအတိုများ ရှာဝတ်ကြည့်သည်။ ခြေသလုံးအမွှေးများ ပြောင်အောင်ရိတ်ပစ် သည်။လိုအပ်လျှင် မျက်ခုံးမွှေးခေါင်းမွှေး တကိုယ်လုံးဘော်ဒီဝက်ဆင်ပြုလုပ်ရန် တေးထားသည်။ စကားပြောလျှင်နှုတ်ခမ်းကိုထော်ထော်ပြီး “မီးကလေ..မီးကလေ”ဟု ပြောတတ်အောင်ကျင့်သည်။
Thursday, February 2, 2012
ဂျာရစ်နှင့် ထွေရာလေးပါး ဟိုဟိုဒီဒီ ရောက်တတ်ရာရာများ
အပျင်းဂျာရစ် (၁)
ဂျာရစ် ပျင်းတာမှ တော်တော်ပျင်းနေသည်။ဘယ်လိုပျင်းမှန်းမသိပျင်းနေသည်။ဂျီတော့ဖွင့်လျှင်လဲ စာမ ရိုက်ချင်အောင်ပျင်းသည်။စာများလိုက်ဖတ် ဖို့ပျင်းနေပြန်သည်။ အလုပ်မလုပ်ချင်လောက်အောင် ပျင်းသည်။ ထမင်းစားလျှင် ဇွန်းဖင်ကိုက်ခါ ပျင်းနေပြန်သည်။ အပျင်းဘယ်ကစဆိုပါလျှင် တရုတ်နှစ်ကူးကစလေသလော မဖြစ်နိုင်။မတိုင်ခင်ကတည်းကဖြစ်ဖို့သာများသည်။၁၁ရက်ဆိုသည့် အတိုင်းအတာကာလသည် လူကိုတော် -တ်ာအပျင်းထူသွားစေသည်။
Tuesday, September 13, 2011
Subscribe to:
Posts (Atom)


