Sunday, January 15, 2012

စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၁ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)

အားလုံး မင်္ဂလာပါခင်ဗျား။(၂၈.၁.၂၀၁၁)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စက်ဆန်းပေါက်ကွဲမှု အတွက် ကျဆုံးသွား ကြတဲ့ မိသာစုဝင်တွေ၊ ဆေးဝါးကုသမှု ခံယူနေရတဲ့ မိသားစုဝင်တွေကို လှုဒါန်းနိုင်ဖို့အတွက် ကျွန်တော်တို့ ဗြိတိန်၊ အမေရိက၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံတို့မှာ အလှုငွေတွေ လက်ခံရရှိခဲ့ပါတယ်။ ပါဝင်လှုဒါန်းကြတဲ့ အလှုငွေစုစုပေါင်း ၂,၁၂၁,၆၂၅ကျပ်တိတိ(နှစ်ဆယ့် တစ်သိန်း နှစ်သောင်း တစ်ထောင့် -  ခြောက်ရာ နှစ့်ဆယ့် ငါးကျပ်တိတိ) ရရှိခဲ့ပါတယ်။အလှုငွေလည်း ရပြီ။လှုဒါန်း လို့လည်း ရပြီ။ ဒါပေမဲ့ နိုင်ငံစုံက အလှုရှင်သူငယ်ချင်းတွေ ပါဝင်နေ တာကြောင့် ဒီအလှုအဖွဲ့ကိုတော့ နာမည်လေး တစ်ခုခုပေးမှ ဖြစ်မယ်လို့ အကြံပြုကြည့်တော့ အရှင်ဇနက (အင်္ဂါမောင်)က “မြန်မာမုဒိတာလူငယ်များအဖွဲ့” (Myanmar Mudita Youth Group – MMYG )ရယ်လို့ အမည်တပ်ပေးခဲ့တယ်။

ဒီနေ့မှာ မြန်မာနိုင်ငံမှ အဖွဲ့ဝင်ကိုကျာ်စွာစိုးမြတ်နဲ့ သူငယ်ချင်းများဟာ အလှုငွေတွေကို သွားရောက်ပေး အပ် ကြပါတယ်။သေဆုံးသွားကြသော မီးသတ်အဖွဲ့ဝင် (၅)ဦးအတွက် တစ်ဦးလျင်ကျပ်၂၀၀,၀၀၀စီ၊ (၅ဦးအတွက် စုစုပေါင်း ကျပ်ဆယ်သိန်း)၊မီးဘေးကြောင့် ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာရပြီး ဆေးဝါးကုသနေ ရသော လူနာဆယ်ဦးအတွက် တစ်ဦးလျင် ကျပ်၁၁၂,၁၆၀ကျပ်(တစ်သိန်းတစ်သောင်း နှစ်ထောင့် တစ် -ရာ ခြောက်ဆယ်ကျပ်)၊(ဆယ်ဦးအတွက် စုစုပေါင်း ၁,၁၁၂,၁၆၀ ကျပ်) ကို သွားရောက်လှုဒါန်းခဲ့ပါတယ်။ အားလုံးပဲ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုနိုင်ကြပါစေ။


မှတ်ချက်။..။ယခုလို အလှုဓါတ်ပုံများ တင်ပေးရခြင်းသည် ကြွားဝါခြင်း၊လက်ခံရရှိသူများအား အရှက်ရစေ လိုခြင်း မဟုတ်ပဲ နိုင်ငံစုံမှ ပါဝင်ခြင်းကြောင့် မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ယုံကြည်မှုကို တည်ဆောက် ခြင်း၊အများသူငါ မုဒိတာပွားနိုင်ရန်သာ ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။)



၁။ တပ်ကြပ်ကြီး ရဲသူရဇော်ဌေး = ၂၀၀၀၀၀ ကျပ် (ဇနီး မသီတာအုန်း မှ လက်ခံရယူသည်)။

 ၂။ တပ်ကြပ် ရဲသီဟ တင်စိုး = ၂၀၀၀၀၀ ကျပ် (ဇနီး မဇာခြည်ဆန်းမှ လက်ခံရယူသည်)

၃။ တပ်သား ရဲသူရမျိုးကျော်ကျော် = ၂၀၀၀၀၀ ကျပ် (မိခင် ဒေါ်အေးအေးမြင့်မှ လက်ခံရယူသည်)



၎။ တပ်သား ရဲသူရသော်ဇင်မျိုးထက် = ၂၀၀၀၀၀ ကျပ် (မိခင် ဒေါ်တင့်တင့် မှ လက်ခံရယူသည်)


 
 ၅။ တပ်သား ရဲသူရအောင်အောင် = ၂၀၀၀၀၀ ကျပ် (မိခင်ဖြစ်သူမှ လက်ခံရယူသည်)။

ဆက်လက်ပြီး ဒဏ်ရာရရှိသူများကို သွားရောက် လှုဒါန်းကြပါတယ်။





၁။ ကိုသီဟမျိုး (ဦးနှောက်နှင့် အာရုံကြောဆေးရုံတွင် ဆေးကုသခံယူလျက်ရှိ -ဇနီးမှ လက်ခံရယူသည်)
၂။ ကိုသန်းထွန်း (ရန်ကုန်ဆေးရုံကြီး အဆောင် ၃/၄ တွင်ဆေးကုသခံယူလျက်ရှိ -ဇနီးမှ လက်ခံရယူသည်။ ဓါတ်ပုံမရရှိခဲ့ပါ။)

၃။ ကိုဇော်ထိုက်စိုး ကိုယ်တိုင် လက်ခံရယူသည်။

 

၎။ ကိုဟိန်းဇော်အောင် ကိုယ်တိုင် လက်ခံရယူသည်။


၅။ ကိုထွန်းထွန်းလင်း ကိုယ်တိုင် လက်ခံရယူသည်။


၆။ ကိုမျိုးမင်းသူ ကိုယ်တိုင် လက်ခံရယူသည်။


၇။ ကိုစည်သူ ကိုယ်တိုင် လက်ခံရယူသည်။


၈။ ဦးကျော်သူရ (ကျောက်တံတား မီးသတ်မှ) ကိုယ်တိုင် လက်ခံရယူသည်။


၉။ ဦးအောင်မြင့် (စမ်းချောင်း မီးသတ်မှ) ကိုယ်တိုင်လက်ခံရယူသည်။


၁၀။ကိုမျိုးသူအောင် ကိုယ်စား တပ်ကြပ်ကြီး ဒေါ်သန်းသန်းဌေးမှ လက်ခံရယူသည်။
အင်တာဗျူး အသံဖိုင်ကိုတော့ edit လုပ်စရာလေးတွေ ရှိလို့ နောက်နေ့မှ တင်ပေးပါမည်ခင်ဗျား။

ဆက်လက်ဖော်ပြပါမည်>>>>

23 comments:

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးဝမ်းသာစ၇ာ မြင်ကွင်းလေးတွေ ပါလားနော်... ။

အလင်းသစ် said...

မွန်မြတ်တဲ့ အလှူဒါန လေးမြတ်စွာ လေးစားစွာ ကြက်သီးထမျှ ကြည်နူးစွာနဲ့ သာဓုခေါ်သွားပါတယ်ဗျာ.. သာဓု၊သာဓု၊သာဓု။။ ကျဆုံးသွားတဲ့ ရဲဘော်များလည်း ကောင်းရာသုဂတိ လားကြပါစေ။။ ဒဏ်ရာရ ရဲဘော်များလည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆန္ဒပြု ဆုတောင်းပါတယ်။။

Anonymous said...

ကိုရင်နဲ့ ဒို့ မ ရေ စာတေါလည်း ကူးတင်ပီးပီနော်

တောက်ပကြယ်စင် said...

ကိုရင်နဲ့ မဒိုးကန်တို့ရေ ၀မ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်တိုင်တိုင် ခေါ်မိပါကြောင်း သာဓု သာဓု သာဓု...။

မဒမ်ကိုး said...

ဒီလောက်ကလေးနဲ့တော့ သူတို့ရဲ့ ၀မ်းနည်းကြေကွဲမှု့တွေကို မဖြည့်ဆည်းနိုင်ဘူးလို့ထင်မိတယ် .
ဖြစ်လေရာဘ၀မှာ ကြေကွဲဝမ်းနည်းသူများရဲ့ ရင်ကို အေးငြိမ်းအောင်လုပ်ပေးနိုင်တဲ့ လေအေးတစ်ချက်ဖြစ်ခွင့်ရပါလို၏.

Mogok Thar said...

ရူပါ မလန်းပေမဲ့ မန့်ပါရစေ မဒမ်
:-D
ှ့Share ခွင့်လေး ပေးပါ ခဗျာ

Unknown said...

ကျွန်တော်တို့ တစ်ကယ့်
လိုအပ်တဲ့..အလှုဒါန တစ်ခုကို..
စုပေါင်း၍လုပ်ခဲ့မိကျ တာပါပဲ.
.၀မ်းသာကြည်နုးမီတယ်ဗျာ.
. မြန်မာမုဒိတာ လူငယ်များအဖွဲ.
.ဆက်လက် တည်တန့်နိုင်မှာပါလို့..
အကြွင်းမဲ့..ယုံကြည်မိပါတယ်..


လေးစားခင်မင်လျှက်

(ဒုတိယ)
.

Candy said...

ဒီလို ဓာတ်ပုံလေးတွေနဲ့ မြင်ရတာ သဘောကျတယ်။ တင်ပေးတာကျေးဇူး ကိုရင်နဲ့ မမ မဒိုးကန်ရေ.. :D :D

Thameesan said...

မျက်စိကိုအေးသွားတာပါပဲး)
နောင်များမှာလည်းဒီ့ထက်မကလှူနိုင်ပါစေ။

ချစ်ခင်လျှက်

ပန်းချီ said...

အလှူအတွက် ကြည်နူးစွာ သာဓုသုံးကြိမ်ခေါ်သွားပါတယ်ရှင်း) ဒီလိုအဖွဲ့အစည်းမျိုးလေးတွေကို တကယ်ပဲ လေးစားမိပါတယ်။

Anonymous said...

ကိုရင်ရေ... မွန်မြတ်တဲ့ကုသိုလ်ဒါနအတွက် ၀မ်းမြောက်မိပါတယ်၊ လူငယ်တွေ အဲလိုပရဟိတစိတ်ဓာတ်ရှိကြပြီး ကိုယ်တိုင်အားကျိုးမာန်တတ် ဆောင်ရွက်နေကြတာကို တကယ်လေးစားပါတယ်။ နောင်များအလျဉ်းသင့်ရင် လှူဒါန်းပါဦးမယ် ကိုရင်ရေ...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

shwewunyatana said...

မဒမ်ကိုးရေ..ပြုပြုသမျှကုသိုလ်ကောင်းမှု့တွေကိုလာရောက်သာဓုခေါ်သွားပါတယ်..သေဆုံးသွားသောရဲဘော်များလဲကောင်းရာသုဂတိလာပါစေ...

မေတ္တာဖြင့်...
ရွှေဝန်းရတနာ...

မောင်သီဟ said...

ကြည်နူးပိတိများစွာနဲ့ သာဓုခေါ်ပါတယ်ဗျား
ဂျာနယ်တွေမှာပါလာတဲ့နောက်ဆက်တွဲသတင်းတွေဖတ်ဖြစ်တိုင်း စိတ်မကောင်းဖြစ်ရတယ်.....
သတ္တ၀ါတွေဘေးရန်ကင်းရှင်းကြပါစေ....


မောင်ဘကြိုင်

khin said...

မဒမ်လေးရေ

ဓါတ်ပုံတွေကိုကြည်.ပြီး လှူဒါန်းမှု.ကို
ဝမ်းသာရပါတယ်။
အသင်းအဖွဲ.လေးနဲ. နံမည်လေးလည်းလှပါတယ်။

ချောကလက်ကျူးပစ်လေး said...

သာဓုသာဓုသာဓု
ပီတီတွေကိုဝေမျှခံစားသွားပါတယ်ခင်ဗျာ

Thandar Lwin said...

သာဓု သာဓု သာဓု ပါတော် ။ ခုလို လှူဒါန်းရသော အကျိုးကြောင့် ဒီလင်မယား လိုချင်တဲ့ အရာ ကို လိုချင်တိုင်း ချောချောမွေ့မွေ့ ရပါစေသောဝ် ။
ခုဘဲ ပီတိ အရသာ ခံစားနေရပီနော့ ။

ကိုတူး said...

သာဓုသုံးကြိမ်ခေါ်ဆိုပြီးတော့ .. လေးစားမိပါတယ်ဗျာ။
ဘ၀ရဲ့အနှစ်သာရတွေပါ။

mstint said...

အဲဒီလို အားကြိုးမာန်တက် စေတနာသဒ္ဓါ ထက်သန်စွာနဲ့
လှူဒါန်းမှုအတွက် သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်
မဒိုးရေ။ အခုလေးကြိမ်မြောက် လာဖတ်သွားတယ်နော်။
ကျန်းမာရေးဂရုစိုက်အုံး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kokoseinygn said...

ပြောမပြတတ်အာင်ဝမ်းသာပီတိ
ဖြစ်ရပါတယ်...
မွန်မြတ်တဲ့အလှုအတွက်
သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်။

8Yar said...

သာဓု သာဓု သာဓု ခင်ဗျာ...

zmozmo said...

ချီးကျူးပါတယ်... ဂုဏ်ယူပါတယ်... သာဓုခေါ်ပါတယ်...ခင်ဗျာ...
သာဓု သာဓု သာဓု

ညီရဲသစ် said...

မွန်မြတ်တဲ့ အလှူလေးအတွက် သာဓု သာဓု သာဓုပါဗျာ...

...အလင်းစက်များ said...

အင်မတန်ကို ၀မ်းသာတယ်ဗျာ။ အွန်လိုင်းနဲ့  ဘလော့တွေနဲ့  က အတော်ကို အလုပ်ဖြစ်တယ်။ လူချင်း မမြင်ကြပေမယ့် စည်းရုံးမိကြတာလည်း ဂုဏ်ယူမိတယ်

နောက်ဆုံးတော့ သာဓု သုံးကြိမ် လှိုက်လှိုက် လှဲလှဲ ခေါ်လိုက်ပါတယ်ဗျာ

Related Posts Plugin for WordPress, Blogger...