Saturday, December 3, 2011

နတ်ရေကန်ထဲ ဆင်းကြသူများ

အိမ်ထောင်ပြုခြင်းဆိုတာကို လွယ်လွယ်ပြောရရင် သွေးသားတော်စပ်ခြင်းမရှိသော မိန်းကလေးတစ်ယောက် နှင့် ယောကျာင်္းလေးတစ်ယောက်တို့ လူသိရှင်ကြား တရားဝင် အတူတကွနေထိုင်ကြခြင်းလို့ ပြောကြပါလိမ့် မယ်။ခက်ခက်ခဲခဲတော့ ဘယ်လိုပြောလည်း ကျွန်တော်မသိပါဘူး။ချစ်လို့ယူတာပဲဖြစ်ဖြစ်၊မချစ်ပဲနဲ့ အတူတူ -နေရတာပဲဖြစ်ဖြစ်၊မိဘတွေ သဘောတူပေးစားလို့ ယူထားကြတာပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ အိမ်ထောင်ပြုခြင်း အမှုကို -ကျွန်တော်တို့တွေ ပြုလုပ်နေကြတယ်။မြင်တွေ့နေကြရပါတယ်။မည်သည့် အသက်အရွယ်မှာ အိမ် -ထောင်ကျသည်ဖြစ်စေ အိမ်ထောင်ပြုပြီးသွားပြီဆိုရင်တော့ ဘာအကြောင့်မှန်းမသိ အဲဒီလူကို “လူအို ဖြစ် သွားပြီ”လို့ အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ပေးလိုက်ကြပါတယ်။ဘယ်အချိန်က စလိုက်မှန်း၊ ဘယ်သူက စပြီးတီထွင် သတ်မှတ်ခဲ့တဲ့ စကားလုံးဖြစ်လည်း ဆိုတာတော့ ဘယ်သူမှမသိပါဘူး။

အိမ်ထောင်ပြုပြီးသား ယောကျာင်္း မိန်းမ နှစ်ယောက်ဟာ အိမ်ထောင်ပြုပြီးသည်နဲ့တပြိုင်နက် ဟိုးယခင် သာမာန် သမီးရည်းစားဘ၀လို မဟုတ်တော့ပဲ ယောကျာင်္းဖြစ်သူရဲ့ ကိစ္စအ၀၀၊မိန်းမဖြစ်သူရဲ့ ကိစ္စအ၀၀ကို ကျန်တဲ့တစ်ဦးက အလိုအလျောက် ၀င်ရောက်စွပ်ဖက်ခွင့် ထိန်းကျောင်းပြုပြင်ခွင့် ရသွားတတ်တယ်။ တစ်ယောက်အကြိုက်ကို ကျန်တဲ့တစ်ယောက်က မိမိမကြိုက်သည်ဖြစ်စေ သည်းလံခွင့်လွှတ်ပြီး လုပ်ကိုင်ပေး တတ်ကြတယ်။ကျွန်တော့ရဲ့ အဖေနဲ့အမေညားတော့ ရွာသူဖြစ်ပေမဲ့ ငပိအနံ့မခံနိုင်တဲ့အမေဟာ အဖေ့ေ-ကြာင့် ကိုယ်တိုင် အဖေစားမဲ့ငါးပိကို တစ်နှစ်စာ သိပ်ပေးရတဲ့လူ ဖြစ်လာတယ်။ကျွန်တော့ဦးလေးနဲ့ ညားတဲ့ ဦးလေး မိန်းမဟာ ဆူးပုပ်ရွက်ကို သိပ်မုန်းပေမဲ့ ဆူးပုပ်ရွက်သိပ်ကြိုက်လွန်းတဲ့ ဦးလေးကြောင့် သူမကိုယ်တိုင် ဆူးပုပ်ပင်ကို ရေလောင်းပေး ရတဲ့သူ ဖြစ်လာခဲ့တယ်။အဲ့ဒါကြောင့် ကျွန်တော်တို့ရွာတွေ ဘက်မှာဆို ပြောကြ ပါတယ်။“အောင်မလေး..ကြည့်စမ်းပါအုံး..အိမ်ထောင်ကျတာ နတ်ရေကန်ထဲ ပစ်ချခံလိုက်ရသလား အောက် လား အောက်မေ့ရတယ်။အမေ့အိမ်မှာ မလုပ်ဘူးသမျှ လင်နဲ့ကျမှ လက်ကကို မချရတော့ဘူး.။အချိုးပြေစေ ချင်ရင် အိမ်ထောင်သာ ချပေးလိုက်ကြ” လို့ နောက်ပြောင် ပြောရတဲ့အထိပါပဲ။

တစ်ချို့ အိမ်ထောင်သည်တွေ တွေ့ဘူးကြုံဘူးပါတယ်။မိဘအိမ်မှာ အေးရာအေးကြောင်း နေခဲ့ရပေမဲ့ အိမ်ေ ထာင်ကျသွားမှာ ခေါင်းပေါ်ကို ဈေးတောင်းတင်ပြီး ရပ်တကာလှည့်ရတယ်။ဆိုက်ကားကို တစ်နေကုန် နေပူ မရှောင် မိုးရွာမရှောင် နင်းရတယ်။မိဘအိမ်မှာ ငါးပါးသီလမြဲကြပေမဲ့ အိမ်ထောင်ကျမှ ကိုယ်တိုင် ငါးခေါင်းထု တဲ့သူ ဖြစ်လာရတယ်။ကျွန်တော့အသိ ကောင်လေးတစ်ယောက်ဆို အမေ့အိမ်မှာ တစ်ဦးတည်းသောသား ချမ်းချမ်းသာသာနေခဲ့ရပေမဲ့ ချစ်လို့ယူတဲ့မိန်းကလေးက မန်ကျည်းရွက်ရောင်းတဲ့သူဖြစ်နေတော့ သူခမျာ မန်ကျည်းရွက်နုချိန်ဆို မန်ကျည်းပင်ပေါ်ကကို မဆင်းရတော့ဘူး။ကျွန်တော့အကိုကြီး ကိုညိမ်းနိုင်ဆိုရင် လည်း အိမ်ထောင်မကျခင်က နေ့စဉ် ဘီယာဆိုင်ကမပြန်ပေမဲ့ အိမ်ထောင်ကျတော့ ဘီယာနံ့မခံနိုင်တဲ့ မိန်းမကြောင့် သူ့ခမျာ အခုဆိုရင် ပုတီးကြီးလည်ပင်းဆွဲပြီး လူဖြစ်နေပေမဲ့ ကြည်ညိုဖွယ်ကြီးဖြစ်လို့.။

အိမ်ထောင်ကျမှ ကောင်းစားသွားကြတဲ့ စုံတွဲတွေလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးရှိကြပါတယ်။ ကံကြမ္မာများ တကယ့်ကို ဆန်းကြယ်လွန်းလှတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အများကြီး ပြောင်းလဲလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။တရုတ်စာကို ဘယ်တော့မှ မစားတဲ့ ကျွန်တော်ဟာ ကျွန်တော့ အမျိုးသမီးကြောင့် တရုတ်စာကို ကြိုက်တတ်လာခဲ့တယ်။ချဉ်ချဉ်စပ်စပ် စားတဲ့ ကျွန်တော်က အချိုစားတဲ့ မိန်းမကြောင့် ကိုယ်တိုင် ထန်းလျက်တောင်း ခေါင်းပေါ်တင်ထားရတဲ့လူ ဖြစ်လာတယ်။မိန်းမဘက်ကကြည့်ရင်ရော..သူလည်း အများကြီး ပြောင်းလဲပစ်ခဲ့ရတယ်။လမ်းဘေးက အစား အသောက် ဘယ်တုန်းကမှ မစားခဲ့တဲ့သူမဟာ ကျွန်တော့်ကြောင့် လမ်းဘေးဈေးသည်နဲ့ပါ သူငယ်ချင်း ဖြစ်သွားရတယ်။အပူအစပ်မစားတဲ့သူမဟာ ကျွန်တော့်ကြောင့် ကိုယ်တိုင် ငရုတ်ပင်ရေလောင်းတဲ့သူ ဖြစ် မှန်းမသိ ဖြစ်လာခဲ့ရတယ်။နောက်ထပ် ပြောင်းလဲလာတာတွေ အများကြီး ရှိပါသေးတယ်။

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ အတူနေလိုက် ပြီးသွားရောဆိုတဲ့ ကိစ္စတစ်ခု မဟုတ်ပါ ဘူး။ယောကျာင်္းပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အိမ်ထောင်ပြုလိုက်တာနဲ့ ကိုယ့်ရဲ့ ကံကြမ္မာကို အဲဒီယောကျာင်္း အဲဒီမိန်းမနဲ့  အလဲအထပ်ပြုလုပ်လိုက်ခြင်းပါ။ချစ်နေတာတစ်ခုတည်းနဲ့  ဘ၀တစ်ခု တည်ဆောက်ဖို့ မလွယ် လှပါဘူး။အစစ အရာရာချင့်ချိန်ပြီး အိမ်ထောင်ပြုကြတာတောင် တကယ်ညားကြတဲ့အခါ  အနည်းနဲ့အ များတော့  ဒုက္ခရောက်ကြတယ်။တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရဆိုပြီး ဇွတ်လုပ်ကြပြီးမှ တကယ် တဲအိုပေါ်နေရတဲ့အခါ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်လောက်အောင်  မျက်နှာချင်း ဆိုင်မိကြတာနဲ့ မောင်တို့ မယ်တို့ဆိုတဲ့ နာမ်စားနေရာမှာ “ဟဲ့..မသာမ..” “ဟဲ့.. သေနာကောင်”ဆိုတဲ့ နာမ်စား လေးတွေ ဖြစ်လာကြပါတယ်။

လှေကားသုံထစ်ဆင်းရင် ယောကျာင်္းတွေက လူပျိုပြန်ဖြစ်နိုင်ကြပေမဲ့ မိန်းကလေးတွေကတော့ လှေကားသုံး ထစ် ဆင်းတာပြီးတာနဲ့ တစ်ခုလပ်ဘ၀ကို ရောက်သွားပါတယ်။ကမ္ဘာပေါ်မှာ ယူပြီးတာနဲ့ ပြန်ပြီးလဲလို့ မရတဲ့ အရာတွေထဲမှာ မိန်းမနဲ့ ယောကျာင်္းဟာ တန်ဖိုးအကြီးဆုံး အရာတွေပါ။

တစ်ချို့ က နတ်ရေကန်ထဲမှာ စာသင်နေကြတယ်။တစ်ချို့ လူတွေ နတ်ရေကန်ထဲမှာ ကားမောင်းနေကြတယ်။ တစ်ချို့ လူတွေက အဲဒီရေကန်ထဲမှာ ရွှေရောင်းနေ ကြတယ်။တစ်ချို့ လူတွေ အဲဒီကန်ထဲမှာ ငါးခုတ်၊၀က်ပေါ် အလုပ်ကို လုပ်နေကြတယ်။တစ်ချို့ လူတွေ အဲဒီရေကန်ထဲမှာ ဖိနပ်ချုပ်နေကြတယ်။ကမ်းပေါ်ပြန်တက်ဖို့ ကျိတ်ပြီး ဆုတောင်းနေတဲ့လူတွေ ရှိတယ်။ ကမ်းပေါ်မှာ အဲဒါတွေကို လှမ်းမြင်ပြီး အားကျလို့နတ်ရေကန်ထဲမှာ ဘာပဲလုပ်ရလုပ်ရ အလုပ်လျှောက်မဲ့ သူတွေ လည်း ကျိတ်ကျိတ်တိုး နေကြတယ်။တစ်ချို့ လူတွေကတော့ နှာခေါင်းရှုံ့ ပြီး အဲဒီကန်ရဲ့ ဝေးဝေးမှာ ခပ်ခွာခွာနဲ့ သမင်လည်ပြန် ကြည့်နေကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နတ်ရေကန်ကြီးကတော့ ဆင်းတဲ့လူတွေရဲ့ကြုံးဝါးသံ ၊တက်တဲ့လာတဲ့ လူတွေရဲ့ ညည်းတွား သံ ၊ အသံတွေနဲ့ လှပလို့ စည်ကားလို့...။

သင်ရော အဲဒီကန်ထဲက တက်ဖို့ ကြိုးစားနေတာလား.. ဆင်းဖို့ ကြံစည်နေတာလား..ဒါမှမဟုတ် သမင်လည် ပြန် ကြည့်နေတဲ့ သူပဲလား..သိချင်စမ်းပါဘိ..။

ကိုရင်
24:18(GMT)
.

34 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ရူပါမလန်းပေမဲ့ ကွန်မန့်တော့ပေးသွားတယ်နော် အမ ဟိဟိ
အားပေးသွားပါတယ်နော် လေးစားလျှက် (လွမ်းပိုင်ရှင်)

သူကြီးမင်း (တုံးဖလား) said...

ထန်းလျက်သည်.. လာပါဦး။း(


အင်း..
ကိုရင်တို့ မဒိုးတို့တော့ ရေငံသောက် မြက်ခြောက်စားရင်း နတ်ရေကန်ထဲမှာ ဖွတ်လိုက်တမ်း ယုန်လိုက်တမ်း ကစားနေကြတယ်ထင်ပါရဲ့။ သူကြီးမင်းကတော့ ကိုရင်မေးထားတဲ့ မေးခွန်းတွေနဲ့ လုံးလုံး မသက်ဆိုင်ပါလားဆိုပြီး ၀မ်းသာပျော်မြူးနေလေရဲ့။း)

အလင်းသစ် said...

ကျွန်တော်လည်း သူကြီးမင်းလိုပဲဗျာ.. အဲဒီနတ်ရေကန်ကို အရိပ်တောင် မနင်းသေးဘူး..
အဲဒီမေးခွန်း (၃) ခုလုံးကိုလည်း မဖြေချင်
သေးပါဘူးလေ.. ကိုယ်ကလူပျိုလေးဆိုတော့လဲ..သိရဲ့မလား..ဟဲဟဲ..

Crystal said...

နတ်ရေကန်ထဲမှာ အတိတ်မေ့နေလေရဲ့ :)

လမင်းငယ် said...

သမင်လည်ပြန်လေးနဲ့ ဘာလုပ်ရမလဲသမိဖြစ်နေပါတယ် :P

မအိမ်သူ said...

ရေကန်ထဲရောက်နေတာ ၁၁နှစ်ရှိပြီ... ပြန်တက်ဖို့လဲမကြိုးစားဘူး... ဒီ့ထက်နက်နက်ဆက်ပြီးဆင်းဖို့ ပြင်နေတယ်။ သမင်လည်ပြန်က ပြီးခဲ့တဲ့ ၁၁နှစ်အတွင်းကိုပဲကြည့်တယ်။ ရေကန်ထဲ အတူတူဆက်ဆင်းနေတဲ့အချိန်မှာ ရှေ့ဆက်ပိုပြီးအန္တရာယ်ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နတ်ရေကန်ထဲ ဒီ့ထက်နက်တဲ့ဆီကို နှစ်ပေါင်းများစွာဆက်ပြီး အတူတူ ဆင်းနိုင်အောင်လို့.. ညည်းတွားနေလို့ အကျိုးမရှိဘူးလေကွယ်... :D

ကိုထွဋ် said...

အင်း...နတ်ရေကန်ကြီးပါလား..

ဆင်းရကောင်းမလား..ပြန်လှည့်ရကောင်းမလား...

ငထွဋ်

မိုးခါး said...

အင်း .. တွန့်ဆုတ် တွန့်ဆုတ်ပဲ .. :P

မောင်ဘုန်း said...

ဟုတ်ကဲ့ပါ ... ကန် အဝ လည်းရောက်နေပါပြီ
လာတဲ့ ရည်ရွယ်ချက်ကို ကလည်း ဆင်းမလို့ 
ဆင်းကာ နည်းမှ သတိရတယ် ...
ကျနော် ရေမကူးတက်ဘူးလေ ...
အခု ရေကူး သင်နေပါတယ် ...
မကြာမှီ .. ရဲရဲ ကြီး ခုန် ဆင်းပါတော့မယ် ...

Cameron said...

ဟ ဟ နတ်ရေကန်တဲ့လား ကိုရင်တို့တင်စားချက်ကတော့....။ ညီမလေး ဒိုးကိုတော့ ဂရုစိုက်ပါနော်...း)စာတွေမရေးတော့နဲ့ အညောင်းမထိုင်တော့နဲ့လို့...

ခင်တဲ့
မိုးငွေ့

Anonymous said...

ဆင်းမယ် ဆင်းမယ် နတ်ရေကန်ထဲကို
အခုတော့ေ၇ကူးကန်ထဲ အရင်ဆင်းနေမယ်
နတ်ရေကန်ထဲဆင်းရင် အတွေ့ ကြုံရှိအောင်လို့ ဟိဟိ

လွင်ပြင်လှိုင်းငယ် said...

ဆင်းမှာပဲ ဆင်းမှာပဲ နာ့ကိုလာမတားနဲ့
ချစ်သူရဲ့ လက်တစ်စုံကိုင်ပြီး နက်ချင်သလောက်နက် တင်းမှာပဲ ဘယ်တော့မှ ပြန်မတက်ဘူး ဟီး ဟီး

စံပယ်ချို said...

နတ်ရေကန်လားတော့မသိပါဘူး
အလွမ်းတွေနဲ့တော့ နစ်နေတာပါပဲ
ခင်ခင်မင်မင် jasmine

ညိမ်းနိုင် said...

ဘာာာာာာာာာ...၊ဘာကြောတယ်...ကျုပ်က ဘယ်တုန်းက
မိန်းမရဘူးလို့တုန်း.....ကိုရင်....၊ခင်ဗျား ဗျာ....လူပျိုနုနု
လေးကို မဦးမချွတ်....၊ကျိန်းကျေပြီး တဂယ်မရရင်တော့
ခင်ဗျားတို့လင်မယားကိုပဲ နားပူနားဆာလာတိုက်မယ်မှတ်၊

ညိမ်းနိုင် said...

ဟင်းဒီမှာကိုရင်ရဲ့...ကျုပ်က နတ်ရေကန်ထဲ ဆင်းဖို့လည်း
မကျိုးစား...၊တတ်မှာလည်းမဟုတ်...၊သမင်လည်ပြန်ကြည့်
ဖို့ကတော့ဝေးရော...၊ဘာလို့တုန်းသိလား....နတ်ရေကန်
ဘယ်နားရှိမှန်းကို ရှာမတွေ့နိုင်သေးလို့ဗျိုးးးးးးးးးးးးး

rose of sharon said...

နတ်ရေကန်ထဲမှာ ဘုရားပေးတဲ့ ဆုလက်ဆောင်လေးတွေနဲ့အတူ ပျော်မွေ့နေဆဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင့်အင်း
တို့ကတော့ နတ်ရေကန်ထဲ ဆင်းသွားတဲ့သူတွေက ကမ်းစပ်ကနေ ပြုံးပြုံးကြီး ထိုင်ကြည့်နေတယ်. ဟဲဟဲ
ဆင်းဘူး ... ချမ်းလို့ (ခုက ဆောင်းတွင်းရောက်ပြီလေ.. နတ်ရေကန်လဲ ဆင်းချင်ပေါင်) ဒီတော့ သူများဆင်းတာဘဲ ထိုင်ကြည့်တော့တယ်

Han Kyi said...

အံမယ် ဒေါ်ချောက ခေါ်မယ့်လူမရှိလို့ နတ်ရေကန်ထဲမဆင်းရတာကိုများ မူလကျီလုပ်နေသေးတယ်..း)

ကိုရင်ပြောမှပဲ တွေးမိတယ်...ဟုတ်ပ နတ်ရေကန်လိုပါပဲ...ဒါပေမယ့် တစ်ခုတော့ ရှိသဗျ...နတ်ရေကန်လို့ ဗြုန်းခနဲ ဒိုင်းခနဲ အသွင်ပြောင်းပစ်တာတော့ မဟုတ်ဘူး...တစိမ့်ချင်းလေး တစ်ဆင့်ချင်းလေး အသွင်ပြောင်းသွားတာ...နှစ်ယောက်စလုံးကို ၀ါးမြိုပစ်ခံရပြီး မတူကြတော့တဲ့ ပုံစံတွေကို အသစ်ဖန်တီးပေးလိုက်သလိုပဲ...စကားလုံးရှာလို့တောင်မရဘူး ဖြစ်သွားတယ်...သိမ်မွေ့လွန်းလို့...

ကိုရင်က ညံ့ပေတာကိုး ထန်းလျက်တောင်းရွက်ရတယ်ဆိုလို့ပါ...ဘောလုံးဆိုတာ ဘယ်လိုဟာမှန်းမသိခဲ့တဲ့ အိမ်က အိမ်ရှင်မကတော့ အခုဆိုရင် မန်ယူရဲ့ အသဲစွဲပရိသတ်ဖြစ်နေပေါ့...သင်တန်းလိုချင်ရင် ပြောလဗျာ...အားမနာလေနဲ့...း))

မဒိုးကန်မလာခင်လစ်ပြီဗျို့...

camomilla said...

ရေမကူတတ်ဘူးဗျို့..း)

တောက်ပကြယ်စင် said...

အင့် ပုထုဇဉ်ပီပီပဲ ကိုရင်ရေ။ တစ်ခါတစ်ခါ နတ်ရေကန်ထဲ ဆင်းလိုက်ရင် ကောင်းမလားလို့ တွေးမိတဲ့အခါ ရှိသလို၊ မဆင်းမိဖို့လည်း တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ဆုံးမနေမိလေရဲ့။

ညီရဲသစ် said...

ကိုရင်ကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလေးတွေကို ကိုယ်တွေ့ နဲ့ ယှဉ်ရှင်းပြသွားပြီ။ ဒီသံသရာထဲ လူတွေ ဒီလိုဘဲ လည်နေကြတာပါဘဲ။ အင်း... ကိုရင်ပြောသလိုသာ ကိုညိမ်းနိုင်ကြီး ပုတီးကြီး ကိုင်ပြီး လမ်းလျှောက်နေပြီဆိုရင် ကျွန်တော်တော့ အဖော်မဲ့ပြီဘဲ...

မိုးဇက် said...

တိန် ၊ ကွန်မန့်ပေးမလို့လုပ်ကာမှ ၊ လန်းတယ် ပေးသွားတယ်ဗျာ ၊ နက်ရေကန် နက်ရေကန် ၊ဆင်းမလို့ ကန်ကဘယ်နားမှန်းကိုမသိလို့ ဟီး

...အလင်းစက်များ said...

ကညိန်းနိုင်လား ပုတီးလည်ပင်း ဆွဲမှာ။ ဘီယာဗူးခွံ တွေ ဆိုဟုတ်တုတ်တုတ်ရယ်။ မဒမ် ကို ငြုပ်ပင် ရေလောင်းခိုင်းထားတယ်လား။ ၀မ်းသာထှာ။ အဲ.... ဟီးဟီး။

“အချို့လည်း ကမ်းပေါ် ပြန်တက်ဖို့  ကျိုးစားနေကြသည်” :P

ကိုဇော် said...

ခဏလောက် အစမ်း ဆင်းကြည့်လို့ မရဘူးလား။
ခြေတစ်ဖက်လေးပဲ ဖြစ်ဖြစ်ပေါ့။

mstint said...

'အိမ်ထောင်ပြုလိုက်တာနဲ့ ကိုယ့်ရဲ့ကံကြမ္မာကို အလဲအထပ်ပြုလုပ်လိုက်ခြင်းပါ' ဆိုတာအမှန်ပဲ ကိုရင်ရေ။ ချစ်သူဘဝမှာ တစ်ယောက်အကြောင်း တစ်ယောက် ဘယ်နည်းနဲ့မှာ ရာနှုန်းပြည့်မသိနိုင်ဘူးလေ။
ဒါပေမယ့် ကံကိုချည်းပုံချလို့တော့ မရပြန်ဘူး နှစ်ဦးနှစ်ဖက်ရဲ့ ဖန်တီးမှုပေါ်မှာလည်း ရာနှုန်းအချို့တစ်ဝက် မူတည်နေတယ်လို့ ယူဆမိတယ်။
တီတင့်တော့ နတ်ရေကန်ထဲဆင်းခဲ့တာ မှန်တယ်လို့ ယူဆတယ် နောင်တရဘူးး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kokoseinygn said...

အေ၇းအသားကောင်း
လက်ရာတွေကိုဖတ်သွားတယ် ......

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီး ကိုရင် နဲ့ အစ်မကြီး မဒိုးကန် ရေ....
ကျွန်တော်ကတော့ နတ်ရေကန် လိုက်ရှာနေတုန်းဗျာ
တွေ့ကာမှ ဆင်းဖို့မဆင်းဖို့ စဉ်းစားတော့မယ်နော်
တော်ကြာကာမှ ကိုရင့်လို ထန်းလျက် တောင်းကိုခေါင်းပေါ်ရွက်ပေးရမှာဆိုးလို့းးp။

အိမ်မက်စေရာ said...

မမ မဒမ်ကိုးရေ..ကိုရင် အိမ်မက်ကို စောင်းရေး တယ်ဗျို့..ဟား ဟား ( နောက်တာနော်)
စေ့စပ်ပွဲအပြီး အိမ်ရှင်မ အကြောင်း ပို့စ်လေး တစ်ခုလောက် ဖတ်ချင်လိုက်တာ လို့ တွေးရင်း မှ ကိုရင့်ပို့စ် ဖတ်လိုက်တော့ တော်တော်လေးပြည့်စုံသွားတယ်..
အိမ်ထောင်သည်ဘဝကို လှလှလေး ပုံဖော်သွားတယ်.ကဲ ကိုရင့်မေးခွန်းလေး ဖြေလိုက်ဦးမယ်
အိမ်မက်က နတ်ရေကန်ထဲ ဆင်းဖို့ ပြင်ဆင်ပြီးသွားတဲ့သူတစ်ယောက်ပါ.ရေမကူးတက်တော့ နဲနဲ ခက်မယ်ဆိုတာ သိပေမယ့် အရှိန်လွန်ပြီး ရေထဲကျ အဲ မှားကုန်ပြီ..း) ဆုံးဖြတ်ပြီးသွားမှတော့ ကြိုးစားပြီး ရေကူးသင်ရမှာပေါ့နော်..ဒီနေ့တောင် ချဉ်ပေါင်တစ်ခါမှ မကြော်ဖူးတာ ချစ်တူက ချားချင်တယ်ဆိုလို့ အင်တာနက်အကူအညီနဲ့ ဟင်းတစ်ခွက်ဖြစ်သွားလေရဲ့..
ခင်တဲ့
အိမ်မက်စေရာ

အမ်တီအန် said...

နတ်ရေကန်ထဲ ပျော်ပျော်ကြီး ရေမွန်းနေသူတစ်ဦးပါ..။

blackroze said...

သူများကအခုမှရေကန်နားရောက်အောင်
သွားနေတုန်းကိုရင်ရေ... :P

မောင်သီဟ said...

နတ်ရေကန်ဆိုလို့ အမ်းမြို့ ကိုသွားတော့ နတ်ရေကန်တောင်တက်လမ်းအတိုင်း သွားခဲ့သဗျာ့
နတ်ရေကန်ထဲကိုတော့ ကိုဇော်ပြောသလို ခဏလေးဖြစ်ဖြစ်ဆင်းလို့မရဖူးလားဟင်း)း)း)

မိုးယံ said...

ဒွတ်ခတွင်းကြီးကိုများ နတ်ရေကန်တဲ့..ရော့ဒီမှာ မျောက်မှန်..

ထန်းညက်သည်နဲ့ ငရုတ်ပင် စိုက်တဲ့သူ အတူနေတာ အားကျလိုက်တာ..

ညိမ်းနိုင်ကတော့....ချိတ်ပုတီးကြီး တိုင်မှာချိတ်လို့..ဘီယာကို စည်လိုက် အိမ်ပေါ်တင်သောက်မယ့်ကောင့်...သူ့မဟေသီက ဘီဘီငှဲ့ပေးလိမ့်မယ်...မိန်းမရေရရရ ဆို....ရေခွက်ထဲ ဘီယာထည့်တိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ...ခစ်ခစ်

June Moe said...

အဲဒီ နတ်ရေတွင်းထဲ ဆင်းချင်တယ်..ဒါမဲ့ ရေက အေးမလား ပူမလားဆိုတာ စမ်းရင်းစမ်းရင်းနဲ့ ခုလိုအသက်ကြီးလာတာပါပဲဂျာ.. :D

ခင်လျက်

Anonymous said...

အင်း..တူပြောတဲ...ကန်ထဲဆင်း၇င်ကောင်းမား
မကောင်းဘူးလား...အာ..မေ.နေထှာ
ယူမယ်.တူမှမချိတာပဲ....ဆင်းတော.ပါဘူးလေ
ဟိဟိ..ပို.စ်.လေးအ၇မ်းကောင်းပါတယ်...
ချမ်းမြေ.ပါစေ

Related Posts Plugin for WordPress, Blogger...