Sunday, August 28, 2011

BLOG DAY အမှတ်တရ (သို့) ဇာတ်ဆရာမောင်မျိုးနှင့် angel ပေးသောဒုက္ခ



ကျွန်တော့ဘ၀ဇာတ်ခုံ ကိုမောင်မျိုးနဲ့ ညီမလေး anglehlaing တို့ကဘလော့ဒေးအတွက် တဂ်လိုက်ပါတယ်။ ငိုချင်ရက် လက်တို့၊အဲလေ...ရေးချင်ရက် လက်တို့ ဖြစ်သွားတော့အိုကေသွားတာပေါ့.နော်း)။ မဒိုးကန်ရဲ့ ဘလော့လေးကိုစဖြစ်ခဲ့တာ ၂၀၁၀ခုနှစ် ဇန်န၀ါရီလကပါ။အဲတုန်းကတော့ တခြားနာမည်နဲ့ပါ။ကန္တာရေ ခြရာများဆိုတဲ့ နာမည်နဲ့ပေါ့။

ဘလော့ဂါဆိုတဲ့ နာမည်ကိုရင်းနှီးခဲ့တာ လွန်ခဲ့တဲ့၆နှစ်ကျော်လောက်က ဆိုပါတော့။ဘီဘီစီနားထောင် ရင်း တွေ့ဆုံခန်းတွေမှာ ကြေညာလာတိုင်း အမေကဘာပြောလဲဆိုတော့ “ငါသမီးလေးလဲ စာရေးဝါသနာ ပါတာ ဘလော့ဂါလုပ်ပါလား”တဲ့။ခရီးသွားတာတွေ လုပ်ငန်းအတွေ့အကြုံတွေ ပတ်ဝန်ကျင်တွေ ရေးပါလား တဲ့။ အမေကတော့အားပေးရှာတယ်။အဖေကလဲသူတို့ကျောင်းသားဟောင်းအသင်းတွေမှာ ကဗျာတွေ၊ စာတွေ ရေးတဲ့ဝါသနာအိုးဆိုတော့ အမွေကတော့ရပြီးသားလေ။

အဲဒီအချိန်မှာ မဒိုးကန်က မဟာသိပ္ပံအပိုင်း၂ ကိုတက်နေတဲ့ အချိန်ပေါ့။“အင်းပေါ့”ဆိုတာကလွဲပြီး စိတ်မ၀င် စားနိုင်ခဲ့ဘူး။တဘက်ကလဲ နိုင်ငံခြားဘာသာမှာ အချိန်ပိုင်းတက်နေလေတော့ စာတိုပေစတွေက စာအုပ် စင်ပေါ်မှာသာ ရှိနေတတ်တယ်။စာနဲ့နပန်းလုံးနေရတာကိုး..။တခါတလေ မဂ္ဂဇင်းတိုက်တို့၊ တပ်မတော်ဆေး တက္ကသိုလ်နှစ်ပတ်လည်တို့လောက် တော့ရေးဖြစ်ခဲ့တယ်။ဒီလောက်ပါပဲ။တနေ့နေ့တချိန်ချိန် လုပ်ငန်းခွင် ကအနားယူရင်တော့ စာရေးခြင်းနဲ့ပဲ နေမယ်ပေါ့။အတွေးတွေပြောပါတယ်။
ကိုရင်နဲ့တွေတဲ့အချိန်မှာ စာရေးချင်တဲ့ပိုးက ပိုဆိုးလာတယ်ပြောရမလားပဲ။သူကစာရေးတာ ၀ါသနာပါတော့ ကိုယ်လဲစာတွေဘက်ပြန်လှည့်ဖြစ်တယ်။မေးတွေထဲမှာ မနိုင်းနိုင်းစနေရဲ့စာတွေ ဖော်ဝပ်မေးနဲ့လာရင် သိပ် အားကျတာပဲ။သူစာတွေက တခုခုကျန်ခဲ့တယ်လေ။အဲလိုနဲ့စာရေးခြင်းပြန်စဖြစ်လာတယ်။

နိုင်ကွန်းတွေကစတာပေါ့။အစကချောကလက်မှာ ပိုစ့်လေးတွေရေးဘာရေးပေါ့။ဒီလောက်ပဲ လက်ထပ်ပြီး တဲ့နောက်ပိုဆိုးလာပါလေရေား) စာရေးတာပြောပါတယ်။သူကအဲဒါနဲ့ ဘလော့လေးလုပ်ပေး လာတယ် ကိုယ်ပိုင်ဘလော့လေးနဲ့စာရေးပေါ့။ဘလော့လေးလုပ်ဖြစ်လို့မှ ၆လပြည့်သေးဘူး။မဒိုးကန်တစ်ယောက် သည်းခြေအိတ် နာတာရှည်ရောင်ရမ်းနာရော အစာအိမ်အနာတွေရောဖြစ်လို့ မြန်မာပြည်ကို အရေးပေါ်ပြန်ခဲ့ရပါတယ်။ဆေးရုံတက်ရ ခွဲစိတ်ခန်းဝင်လိုက်ရတာမို့ ဘလော့ကလေးကိုခန ကျောခိုင်းလိုက်ရပါတယ်။

ခုမှ တကျော့ပြန်ဝင်လာတဲ့ မဒိုးကန်ကို ကိုရင်က ဘလော့ကလေးကို သေချာပြင်ပေးခဲ့ပြီး သူပါဝင်ရေးမယ် လို့လင်မယားနှစ်ယောက် ပူးပေါင်းစစ်ဆင်ရေး..အဲလေပူးပေါင်းရေးဖို့ သဘောတူလိုက်ပါတယ်။(မပူးပေါင်း ရင်သူနာတော့မှာမို့လေး))။ဘလော့ပြင်ကြတဲ့အထဲမှာ သူ့ဆရာတော် အရှင်သုတောင်မနေရပါဘူး။ (ဘုန်း ဘုန်းရေ..တပည့်တော်တခါတည်းကြေညာပေးတာပါဘုရား..နောက်အလုပ်အပ်ချင်တဲ့သူတွေ အပ်လို့ရ အောင်ပါ..(ဆိုဒ်ပြင်ချင်သူများ အရှင်သုကိုဆက်သွယ်ကြလေကုန်..)။

အဲလိုနဲ့ မဒိုးကန်ဘလော့လေး ပြန်လည်အသက်ဝင်လာတဲ့အချိန်မှာ လာလည်ကြတဲ့သူတွေ အားပေးကြ တဲ့သူတွေကတော့မမသဒ္ဒါ၊မမအိမ်သူ(၀ါခေါင်မိုး)၊မမကြည်ကြည်(ကြည်ကြည်ရဲ့ဒိုင်ယာရီ)..သူ့အချစ် ရော က်ရောက်နေလို့ဘီးဇီးနေလို့ တွေ့တောင်မတွေ့ရတော့ပေါင်.း)၊မအလွမ်းမြို့လေး၊နောက်အိန်ဂျယ်လှိုင် လေး၊
အရမ်းခင်စရာကောင်းတဲ့ မမစံပယ်(တောင်ကြီးကလျောင်ကီးလေး)၊မမသိဂါင်္ကျော်ရယ်။မမရွှေစင်ရယ် ၊မမိုးငွေ့ရယ်၊နောက် ပစ်ပစ်လို့ချစ်စနိုးနာမည်လေးနဲ့ အထုတ်ထမ်းပေးပါ့မယ်လို့ မဒိုးကန် အာမခံထားမိ တဲ့ blackroze လေးရယ်၊ ကျမဘ၀ရဲ့နေရာလေးတစ်ခုဖြစ်တဲ့ မမရိုစ့်ရယ်၊(ဒန်ပေါက် ချက်နည်း လိုချင်တာ နဲ့ ဂျီတိုက်မိလို့ လင့်တောင်ချပေးရပါတယ်)၊အဲနောက် မမချစ်ကြီး(ထမင်းစားမကောင်းနေတုန်း နောက် ဆက်တွဲ ကြော်ငြာမြီးရှည်နဲ့ နှိပ်စက်လို့ထမင်းဘူးကို အမှိုက်ပုံးထဲ ၀ဲလိုက်ရတဲ့အထိ နှိပ်စက်တတ်သူကြီး)...

နောက် မမေသိမ့်(ခုဘာလုပ်နေလဲမသိဘူးငြိမ်နေလို့း)၊ မအိပ်မက်စေရာ၊အန်တီတင့်ရယ်၊မမအဖြူရောင် နတ်သမီးရယ်၊ မဆောင်းနှင်းရွက်၊ မရွှေပြည်သာလို့ခေါ်တဲ့ တပြည်သူမရွှေထား မရွှေပြည်သူရယ်၊ နောက် မမိုးပန်ချီ၊နောက်တစ်ယောက်က မလေးကားပေါ်မှာသာ တည့်တည့်တွေ့ရင် လက်ဆွဲထည့်လိုက်မယ် လို့ တေးထားတဲ့ မမကွန်ရယ်၊(ခနခနစိတ်ပေါက်တိုင်း မလေးသွားလွန်းလို့ တွေ့များ တွေ့မလားလို့)၊ နောက် လာလာကျစ်တဲ့ ကိုရင့်အခေါ် ကပ္ပိယကြီး ကိုညိမ်းနိုင်ရယ်၊ ကိုထွဋ်၊ အတည်ပေါက်နဲ့ ပညာပြသွားတဲ့ ကိုမောင်မျိုး၊ မိသားစုလေးကို အမြဲဖော်ပြတတ်လို့ အားကျမိတဲ့ ကိုညီလင်းသစ်၊

ကြောင်ဖမ်းသူကြီးတုံးဖလားမင်း လူပျိုကြီးကိုကိုမောင်(ပန်းရနံ့)၊ရူပါလန်းတဲ့ ဘလော့ဂါတစ်ဦးဖြစ်တဲ့ ဆရာ ဦးဟန်ကြည်၊နောက်မဒိုးကန်နောက်သမျှ ဒိုင်ခံခံရတဲ့ မောင်ငယ်လေးအလင်းသစ်(သူကိုယ်သုတော့ အသစ် လို့ပြောပေမယ့်ဟောင်းနေတာသူမှမသိတာ)၊ခုတလော မတွေ့ရပဲ ဂျီပုန်းလုပ်နေသလားမသိ)၊ ခွန်မောင်ပန် လို့ခေါ်တဲ့ ဒီဇင်ဘာမောင်မောင်ရယ် ၊ကတ္တရာလမ်းမှာ လက်ပစ်ကူးနေတဲ့ ကိုမိုးယံ၊ကိုကိုစိန်(တတိယအ ရွယ်၏ စတုတ္ထဝေဒနာ)ရယ်၊ အလင်းစက်ကလေးများ၊နောက် မောင့်မူပိုင်ရှင် ကိုနေ၀သန်၊ယပ်တောင် သွင်းစရာမလိုပဲ လာလည်သွားတဲ့နတ်ဆိုး၊ အကြီးလား၊အသေးလားမသိသူရယ်(မောင်ငယ်လေး လင်းခေတ် ဒီနို)၊ချစ်သူကိုကြောက်ရလို့ အဲ...ချစ်ရလို့ ချစ်သူနာမည်ပေးထားတဲ့ကောင်းကင်ဖြူဆိုတဲ့ ကိုမောင်ဘုန်း၊ မောင်ငယ်ကလေး 8yar (သူ့နာမည်မြင်တိုင်း အိပ်ယာပဲ ပြေးပြေးမြင်နေမိတယ်၊ ညီမငယ်ေ လး စုသဲဖြူ၊

နောက်ဆုံးတစ်ယောက်တော့ စီဘောက်မှ အမြဲငိုက်ပြပြီး ကြက်ဖကြီးကိုစီးစီးထားတဲ့ ချစ်ခင်ပွန်း ကိုရင်ပါ..။

သူတို့တွေပေါ့..မဒိုးကန်ကိုအားပေးခဲ့ကြတဲ့သူတွေပါ။ကျန်ခဲ့တဲ့သူတွေလဲရှိဦးမှာပါ..သူတို့ အားလုံးဆီက နေပြီး ပညာတွေလဲရခဲ့သလို မေတ္တာတွေ အားပေးမှု့တွေရခဲ့ပါတယ်။မိတ်ဆွေအသစ်တွေ အများကြီးရခဲ့ တာပါ။စီနီယာဘလော့ဂါတွေရဲ့အတွေ့အကြုံတွေကို နမူနာယူပါတယ်။မေးတွေတချို့ အပ်ပေမယ့် တချို့က တော့ လိုင်းပေါ်မှာမတွေ့မိဘူး။တွေ့ရတဲ့သူတွေကျတော့လည်း မဒိုးကန်ကရုံးမှာမို့ မချက်နိုင်ပြန်ဘူး။

မနက် ကိုယ့်ဘလော့ကလေးကို ဖွင့်လိုက်တဲ့အချိန်မှာများ ကွန်းမန့်လေးတွေတွေ့ရင် သိပ်ပျော်တာပါပဲ။ အားလဲတကယ်ရှိပါတယ်။ရုံးမှာ ခနလေးအားတာနဲ့ အသည်းအသန်ဘလော့တွေဆီ လျှောက်လည်တော့ တာပါပဲ။တခါတလေများ ထမင်းဘူးတဖက်နဲ့စားနေရင်း လျှောက်သွားလိုက်၊ဖတ်လိုက်နဲ့ ထမင်းစားတောင် ပျက်ပါတယ်..ကိုမောင်မျိုးထက်ဆိုးပါတယ်း)

ရှေ့မှာရှိတဲ့ ဘလော့ဂါအကို အမများကိုလဲ လေးစားပါတယ်။ဘလော့တွေပေါ်မှာတင် မဟုတ်ပဲအပြင်မှာလဲ မိတ်ဆွေများ အဖြစ်ခင်မင်ချင်ပါတယ်။သတိတရနဲ့ တဂ်ပေးခဲ့တဲ့ ကိုမောင်မျိုးနဲ့ ညီမလေးအိန်ဂျယ်ကို  ကျေး ဇူးတင်ပါတယ်နော်။ဦးကျော်ဟိန်းလိုပြောရရင် ဘလော့ဂါများအားလုံးကို လေးစားပါတယ်။ သတင်းစာထဲ ကကြော်ငြာလိုပြောရရင်ဖြင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း..

 မဒမ်ကိုး
၅း၀၀ နာရီ
၂၆ /၈/ ၂၀၁၁

19 comments:

ကိုရင်သာပျော့ said...

နောက်တစ်ခါ အနော် ကြက်ဖကြီး မစီးတော့ ပါဘူး ကွယ်ရို့ ..တော်သေးတယ် မဒမ်က ကိုရင့်ကို ကပ်ပီး မတဂ်လို့...:D

နေ၀သန် said...

မဒိုးကန်ရေ... ဘလော့ခ်များများ ဆက်ရေးနိုင်ပါစေဗျာ.. ဆုတောင်းပေးပါတယ်နော်..း)))


ခင်မင်လျက်
နေ၀သန်

ကိုဇော် said...

ရေးထားတာလေးက ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာ ကောင်းတယ်။ နှစ်ပေါင်းများစွာ ဘလော့ဂါဒေးကို ဆင်နွှဲနိုင်ပါစေဗျာ။

8Yar said...

ဪဒွတ်ခ ငါ့အစ်မလည်း အအိပ်မက်သကိုး ဟီး... အစ်မ Blog day post လေးကို အရမ်းကြိုက်တယ်.. အနော့နံမယ်ပါလို့ ခစ်ခစ်.... :P

jasmine(တောင်ကြီး) said...

မဒိုးကန်ရေ.....
လာရောက်ပြီး ဖတ်နေပါပြီ၊ မဒိုးကန်အမေ
ကအားပေးတော့ ကံကောင်းတာပေါ့
jas တို့အမေကအားမပေးဘူး
ခိုးရေးနေရတာလေ၊ စာဖတ်တာတော့အား
ပေးတယ်၊ ကိုရင်ကိုလုံးဝမကြောက်နဲ့နော်
အနိုင်ကျင့်ရင် ဖုန်းဆက်လိုက် မှီရာဆွဲပြီး
လာခဲ့မယ်...
စာတွေအများကြီးရေးနိုင်ပါစေ...ဘ၀ဆက်တိုင်း
ကိုရင်နဲ့ ပေါင်းရပါစေရှင်။
ချစ်ခင်တဲ့ jasmine

ကိုကိုမောင်(ပန်းရနံ့) said...

ပျော်စရာလေးတွေနဲ့ ဘလော့လောကက ကြည်နူးဖို့ကောင်းလိုက်တာ။း))

အဆင်ပြေပျော်ရွှင်ပါစေ။

ခင်မင်လျှက်

Han Kyi said...

အံမယ် Jasmine က မြှောက်ပေးနေပါလား...သတိထား မဒိုးကန်...သူဆိုလိုတာက သူ့အလှည့်ကျရင်လည်း အဲဒီလို ၀ိုင်းကူညီဖို့ စစ်ကူတောင်းတာရယ်...

ဦးဟန်ကြည်က ရူပါမလန်းရှာပါဘူး မဒိုးကန်ရယ်
ရူပါက ချူချာရှာလို့ သူ့ခမျာမှာ
ဘူဇွာဂိုက်ဖမ်းထားရရှာပါသတဲ့...

ကိုင်း...နောင်နှစ်ဘလော့ဂ်ဒေးမှာလည်း ဒီလိုမျိုးပို့စ်လေးတွေ အတူရေးနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါရဲ့ဗျား . . .

မောင်မျိုး said...

ပို့စ်ခေါင်းစဉ်ကြီးမှာ ကိုယ့်နာမည်ကြီးပါနေတာ ရှက်လိုက်တာဗျား)))))

ဒါနဲ့ ဘာကို ပညာပြတာလဲဟင် နားလည်ဘူးး


ပုံ / ဇာတ်ဆရာ မောင်မျိုး

mstint said...

ဘလော့ဂ်ဒေးအမှတ်တရလေး ဖတ်သွားတယ် မဒမ်ကိုးရေ။ ဘလော့ဂ်တွေကိုလည်ဖတ်နေရတဲ့အခါ ထမင်းစားတောင်မေ့သလို ကွန်မန့်လေးတွေဖတ်ရတဲ့ ဘလော့ဂ်ဂါတိုင်းရဲ့ ရင်ထဲမှာလည်း တူညီတဲ့ စိတ်ကြည်နူးမှုလေးတွေ ရကြမယ်ထင်ပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

thadarhline said...

ကြည်နူးစွာနဲ့ မဒမ်ကိုးလေးရဲ့ ဘလော့ဒေးအမှတ်တရလေးကို ဖတ်ခဲ့ပါတယ်။ ဝါသနာပါရာစာပေလေးတွေကို ဘလော့ပေါ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဆက်လက်ရေးသားနိုင်ဖို့ ဆန္ဒပြုမိပါတယ်။
ချစ်တဲ့
သဒ္ဓါ

မိုးယံ said...

ဟုတ်သားပဲ ငါကိုယ်တိုင်က ကတ္တရာလမ်းပေါ် လစ်ပစ်ကူးမိတာကိုးးးးးးးးး ခုတော့ လူပြောစရာဖြစ်နေပြီ...တော်ပြီ ကတုံး တုံးပြီး ဘုန်းကြီး ၀တ်တာပဲ ကောင်းပါတယ်။

အလင်းသစ် said...

အွန်...အနော် ဂျီမပုန်းဘူးလေ။။ ပုန်းဝူး။။ စိတ်မပါရင် ဟိုင်းဆိုတာနဲ့ ကျွန်တော်မရှိပါဘူးလို့ စာပြန်ရိုက် ပစ်လိုက်တယ်။။ဟဲ..။။ ဟောင်းလဲ မဟောင်းသေးဘူးလေ။။ ဂရမ်တီကျန်သေးတယ်။။ဟီးးး။။ ခရီးသွားနေလို့ ပျောက်နေတာပါ အမတော်ရေ။။ ခုပြန်ရောက်ရောက်ချင်း တဂ်ပို့တွေ အားကြီးပဲတွေ့လို့ အသည်းအသန် လိုက်ဖတ်နေပါသည်။။ အားပေးသွားပါ၏။။

လင်းခေတ်ဒီနို said...

မဒိုးကန်ရေ . . . အငယ်လို့တော့ ထင်တာပဲး)) 84 ဘွန်းပါး)

Angelhlaing(May everybody be happy and healthy! said...

ချစ်မရေ အလည်လာဖို့ လေယာဉ်လက်မှတ်မရလို့ နောက်ကျနေတာ :P အဟီး ခွင့်လွတ်ပါလို့...:):) Happy blog day ပါမမရေ...

ရွှေပြည်သူ said...

မဒမ်ရေ... သွက်လက်ပြီး ရိုးသားပွင့်လင်းသလို ဟာသဥာဏ်လေးပါ ထည့်ထည့်ရေးတတ်တဲ့ မဒမ့်စာလေးတွေကို မကြာမကြာ လာဖတ်ဖြစ်ပါတယ် (တခါတခါ ရုံးကနေ ကသုတ်ကရက်လာရလို့ ခြေရာမချန်ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒီလို ဘလော့ဒေးအမှတ်တရပို့စ်လေးမှာ မဒမ်က သတိတရနဲ့ မရွှေပြည်သား)) ကို ထည့်ရေးလို့ တကယ်ကို ဝမ်းသာမိပါတယ်။ မဒမ်နဲ့ မဒမ်ကိုရင်တို့ လက်တွဲပြီး ဒီဘလော့လေးမှာ နှစ်ပေါင်းများစွာ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ...

blackroze said...

အမ မဒိုးကန်ရေ
အခုပိုစ့်လေးကိုလည်းပစ်ပစ်ကခေါက်ဆွဲပြုတ်
သောက်ရင်းနဲ့ဖတ်သွားပါတယ်နော်

အမှတ်တရ နေ့စွဲများ.... said...

လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ

မယ်ကိုး said...

စာတွေရေးရင်း ထာဝစဉ်ပျော်ရွှင်ပါစေ။း)
ချစ်ခင်စွာဖြင့်
မယ်ကိုး

မိုးခါး said...

တွေ့ကြသေးတာပေါ့ မဒိုးကန်ရယ် .. :P

Related Posts Plugin for WordPress, Blogger...