Showing posts with label အခန်းဆက်ဝတ္တူရှည်. Show all posts
Showing posts with label အခန်းဆက်ဝတ္တူရှည်. Show all posts

Monday, March 18, 2013

ကျားထောင်ချောက် အပိုင်း ( ၄ )




မြမြခင်နာရေးအပြီး နောက်တစ်နေ့တွင် မိမိခင်တစ်ယောက်ပြောင်းရွှေ့လာလေသည်။ မိမိခင်ပြောင်းလာသည့်အချိန်တွင် ကိုစိန်ထွန်းအပြင်သွား သည်နှင့် ကြုံကြိုက်နေသည်။ ကားရပ်ပြီးမိမိခင်တစ်ယောက် ကားထဲမှလက်ဆွဲအိတ်တစ် လုံးနှင့်ခရီးဆောင်အိတ်ကိုဆွဲချပြီး အိမ်ထဲသို့ကြည့်လေရာ လူအရိပ်အယောင်မတွေ့ သဖြင့်လူခေါ်ဘဲလ် ကိုနှိပ်လိုက်သည်။ ထိုစဉ်ခြံထဲရှိ ပန်းရုံနံဘေး၌ လူရိပ်တစ်ခုကိုမြင်လိုက်လေရာ အရပ် ခပ်ပုပြတ်ပြတ် အမျိုးသမီးတစ်ဦးအား မိမိခင်တွေ့ရလေသည်။ 

Wednesday, January 16, 2013

ကျားထောင်ချောက် အပိုင်း (၃)


(၁) လှယမင်းနှင့်တွေ့ကြရာဝယ်

ကိုစိန်ထွန်းစီးကရက်ဖွာကာအခန်းထဲတွင်ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေရင်းမြမြခင်နှင့်မိမိခင်တို့ ညီအစ်မနှစ်ဦးအကြောင်းကို တွေးနေမိသည်။ ထိုစဉ် ဒရိုင်ဘာကိုဘမောင် ရောက်လာပြန်သည် ။

“ ဆရာ .. မမိမိခင် က ဆရာ ကိုယ်တိုင်အောက်ကိုကြွခဲ့ပါလို့ ပြောခိုင်းလိုက်လို့ပါဆရာ”
ကိုဘမောင်၏စကားအဆုံးကိုစိန်ထွန်းစိတ်ထဲထောင်းခနဲဒေါသထွက်သွားသည်။ပြီးတော့မှမျက်မှောင်ကြုံ့ သွားပြီး ..

“ အေး. ..ငါခုလိုက်ခဲ့မယ် ..မင်းရှေ့ကသွားနှင့်လိုက် ”

Monday, September 10, 2012

ကျားထောင်ချောက် အပိုင်း (၂ )



(၁) အမုန်းတရားတို့စလေပြီ.........

သို့နှင့် မြမြခင်တစ်ယောက်ဆေးရုံပေါ် တွင်အရေးပေါ်ခွဲစိတ်ခဲ့ရတော့သည်..သမီးလေး မွေးသည်. ။..
  မြမြခင်တစ်ယောက် သတိလည်လာချိန်တွင်မတော့ ကိုစိန်ထွန်းကိုလဲအနားအကပ်မခံ ။ အကြောင်းပြချက် လဲမပေး။ဝင်းဝင်းကိုလဲမမြင်လိုလှပါဟူဆိုသဖြင့် ကြီးလှတစ်ယောက်သာ အနားတွင်စောင့်ရှောက်ရလေ တော့သည်။
ကိုစိန်ထွန်းလာလျှင်လဲခပ်စိမ်းစိမ်းကြည့်ကာမျက်နှာလွဲသွားတတ်သကဲ့သို့ကလေးကိုလဲ ကြည့်ယုံသာအကြည့်ခံလေသည်။ကိုစိန်ထွန်းမှာအကြောင်းရင်းကိုမေးမရချေ..။မတွေ့ချင်လို့ဟု သာတခွန်းထဲဖြင့် သူနာပြုဆရာမကိုမောင်းထုတ်စေသည်...။
ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ကိုစိန်ထွန်းကိုသူစိမ်းပြင်ပြင်သာ ဆက်ဆံနေသဖြင့် ကိုစိန်ထွန်း အံသြနေသည်။ ကြီးလှကိုခြိမ်းခြောက်မေးမြန်းသော်လည်း ကြီးလှမှာလက်အုပ်ချီကာ .ဘူးခံကာ မသိကြောင်းငြင်းရရှာပြီး ကလေးမွေးချိန်သွေးသားအပြောင်းအလဲမို့ စိတ်အပြောင်းအလဲဖြစ်နိုင်ကြောင်း ဖာထေးပြောဆိုရရှာလေသည်။ ..

Tuesday, July 31, 2012

ကျားထောင်ချောက်


 

( ၁)

ကိုစိန်ထွန်း လက်ကိုင်ပ၀ါလေးဖြင့်မျက်ရည်စလေးများကိုသုတ်ရင်း  ငိုသံပါကြီးဖြင့်ပြောလိုက်သည်.   
  “ သွားပါတော့ မြရေ သွားပါတော့ .အေးအေးချမ်းချမ်းသာ သွားပါတော့ ..”
ဘေးမှဒရိုင်ဘာကိုဘမောင်က ဆရာတပည့်ပီသစွာ ဖေးမနေသည်။.
“ စိတ်ထိန်းပါဆရာ စိတ်ကိုထိန်းပါ ...သွားလေသူကသွားပြီပဲ စိတ်ကိုထိန်းမှပေါ့ဆရာရယ်..”   ပြောကာမှကိုစိန်ထွန်း ပိုဆိုးလာသည်...။

 “ ငါရင်ကွဲတယ်ကွာ ..မောင် ဘယ်လိုဖြေရမလဲ မြရယ်..မောင်တစ်ယောက်ထဲမနေခဲ့ပါရစေနဲ့မြရယ်..  မြရေ ..မြရေ ” 
 ကိုစိန်ထွန်း ၏ မျက်ရည်များက တာကျိုးသည့်အလား ဒလဟော  ကျနေသည်.။
ဘေးမှ အသုဘရှု့သူများကတော့ ကိုစိန်ထွန်းကို သနားဂရုဏာသက်နေကြသည်။
မြမြခင် ရုတ်တရက်ဆုံးပါသွားသဖြင့် ကိုစိန်ထွန်း အရူးတစ်ပိုင်းဖြစ်နေရှာသည်ပေါ့ .။


Related Posts Plugin for WordPress, Blogger...