ချက်ကြမယ်ဟေ့
ဒံပေါက်ကောင်းကောင်း
ဂျာရစ် အသွင်ပြောင်းပြီး
ဟင်းချက်နည်းတင်ရတာမဟုတ်ပါဘူးဆိုတာကိုတော့ကြိုတင်ဝန်ခံထားပါရစေ။ ကိုယ်တိုင် ချက်တဲ့
ဒံပေါက်ကို ဆွမ်းတင်ရင်း ဖေ့ဘွတ်မှာ တင်ပေးလိုက်လို့ သူငယ်ချင်းတွေရဲ့ စားချင်တယ်ဆိုတဲ့
အသံလေးတွေ တကယ်စားလိုက်ရရင်တော့ကွာ ဆိုတဲ့ အသံလေးတွေကိုကြားတော့ ဂျာရစ်စိတ်ထဲ အင်မတန်မှကို
တကယ်ပဲ ကျွေးချင်မိပါတယ်။ သို့သော်လည်း တနိုင်ငံစီနေကြသူများအဖို့ စိတ်သာရှိပြီး တကယ်မကျွေးနိုင်တဲ့ဘ၀မို့
ဂျာရစ်ကြိမ်ဖန်များစွာကြိုးစားရင်း ရလာတဲ့ရလာဒ်တစ်ခုကို သူငယ်ချင်းတွေကိုစားစေချင်တဲ့
စိတ်ဆန္ဒနဲ့တင်ပေးလိုက်တာပါ။
အစကတော့တင်ဖို့လဲအစီအစဉ်မရှိပါဘူး။ဟင်းချက်တဲ့ဘလော့လဲမဟုတ်တဲ့အတွက် မတင်ချင်ပါဘူး။ ဒါပေမယ့် လုပ်နည်းလေးအရမ်းလွယ်လို့ ခုလိုဟိုဟာမစားရဲဒီဟာမစားရဲ အန္တာရယ်များနေတဲ့အချိန်မှာ အလွယ်တကူလုပ်စားနိုင်လို့ မျှဝေလိုက်ခြင်းသာဖြစ်ပါတယ် ။
