ခုတလောအလုပ်မအားတဲ့ကြားကဘဲဆင်အမျိုးအနွယ်တွေကိုခွဲရင်းနဲ့ကျောက်ဆည်ဆင်၊ရိုးမဆင်၊ဘင်္ဂလားဆင်၊ဆင်တကာ့ဆင်ထဲမှာလိမ်ဆင်ကအကောင်ကြီးဆုံးနေမှာပဲလို့တွေးနေမိတာ။ဒီရက်ပိုင်းတွေမှာမြန်မာပြည်မှာအဟော့အဖြစ်ဆုံးသတင်းပလင်းတွေထဲမှာဖြစ်နိုင်ချေမရှိပါပဲသိသိကြီးနဲ့လိမ်ဆင်သတင်းကြီးနှစ်ခုကတော့အဟော့ဆုံးဖြစ်မှာပါပဲ။ဘာရယ်ဘာရယ်လို့တော့မပြောလိုဘူးပေါ့လေ။ဘယ်သူဘာလုပ်လုပ်ကိုယ်လုပ်မှကိုယ်စားရတာမလား။ပြောချင်တာကတော့လိမ်တဲ့သူတွေကိုပြောချင်တာမဟုတ်ဘူး။အလိမ်ခံရတဲ့သူတွေကိုပြောချင်တာ။အေးလေ..လိမ်ပါတယ်ဆိုမှတော့ယုံအောင်မဖြီးလို့ဘယ်လိုလုပ်မလဲ။အလိမ်ခံရတယ်ဆိုတာလိမ်တဲ့သူတော်လို့မှမဟုတ်တာအလိမ်ခံရတဲ့သူညံ့လို့။ဟုတ်တယ်လေ.အလိမ်ခံရတဲ့သူကညံ့လို့သူများလိမ်တာခံရတာမဟုတ်ဘူးလား။မစိန်တင်တို့တော့အဲလိုပဲယုံကြည်တယ်။
မပြောဘူးလား။မပြောချင်ပါဘူး။ကြားနေရမြင်နေရတော့လည်းပြောချင်လာတာပေါ့နော်။ပြောပြန်ရင်လဲမစိန်တင်တို့အလွန်ပဲဖြစ်ဦးမယ်။အရင်တုံးကဂျီတော့ခေတ်မှာတစ်ယောက်နဲ့တစ်ယောက်ကော်ပီကူးပြရတာဖော်ဝပ်လုပ်ရတာတွေကနေဖွရတာ။ခုတော့ မောင်ဇူကာဘတ်ကျေးဇူးနဲ့ဖေ့စဘုတ်ဆိုတာကြီးပေါ်လာတော့သတင်းပလင်းအတင်းစုံဆိုတာလဲလက်တို့ပြီးတော့ပြောရဦးမယ်ဆိုတာမျိုးပေါ့လေ။တပတ်နဲ့တပတ်မရိုးရမထပ်ရစေဘူး။လိမ်တဲ့လူကလဲနာမည်ပျက်တပတ်ထက်မပိုဘူး။ရုပ်ရှင်တွေကြည့်ရသလိုသရုပ်ဆောင်ကွက်တွေလဲပီပြင်ကြတာမှသရဖူမပြောပါနဲ့ရွှေစင်ဆုတွေတောင်ရလောက်တယ်.။
ခေတ်စကားနဲ့ပြောရမယ်ဆိုရင်အဲဒီမှာစတွေ့တာဘဲဆိုပါတော့။
တခုခုဆိုမျက်စိမှိတ်စုံကန်းယုံတတ်တာမြန်မာလူမျိုးတွေရဲ့ရိုးရာမပျက်စရိုက်လိုဖြစ်နေပြီ။ချင့်ယုံပါချင့်ယုံပါလို့ဆိုနေတဲ့ကြားကချင့်ယုံဆိုတာကိုရှင့်ယုန်လို့ကြားလေတော့သနားစဖွယ်ဖွဖွလေး
ခေါင်းပွတ်လို့ရင်ခွင်ထဲထည့်ထားပြီးသနားလိုက်တာသနားလိုက်တာလို့တဖွဖွဆိုချင်တဲ့အမျိုးမဟုတ်လား။ရိုးရာနဲ့ခြောက်ရင်ကြောက်တတ်တဲ့အမျိုးလူကိုင်တာသာခံပလိုက်မယ်။နတ်ကိုင်မှာတော့ကြောက်တယ်ဆိုတဲ့အမျိုး။သင်္ကန်းပတ်ပြီဟေ့ဆိုတာနဲ့ဝိနည်းညီတာမညီတာမသိဘူး။အိုဘာဖြစ်ဖြစ်ဦးတော်သာချဒါသာသနာ့အနွယ်မစော်ကားကောင်းဘူးဆိုတဲ့အမျိုး။တခုခုများသွားမရေးလိုက်နဲ့အမလေးဗုဒ္ဒဘာသာမဟုတ်ဘုးလား။သူများလုပ်တာကဖျက်ယဖျက်ပြောရကောင်းလား။နိုင်ငံတကာကြီးနဲ့ကိုယှဉ်ချပစ်လိုက်ကြတာအဆိုးဆုံး။
ဟောဓာတ်ကူးတာကိုယ်တော်ကြီးမတော့မယ်ဘာလာကပ်စမ်းဟဲ့ဆိုအိမ်မှာရှိတာမရှိတာထားမမြင်ရတာကြီးကမမှာကို မျှော်ကိုးပြီးရှိသမျှထုတ်ပေါင်ကပ်လေတဲ့အမျိုး။ဘယ်အချိန်ကသေပြီးလေမှန်းမသိတဲ့၁၀၁ပါးသောနတ်မင်းတွေအပြင်အင်းနားအောက်တားအပ်ပါးဘီလိုးအန်ဒါနတ်များကတမျိုး။ကြောက်ကြတယ်ပေါ့။မကြပါပေါ့။မယုံနဲ့လို့မဆိုလိုပါဘူး.ယုံကြည်ရာကိုးကွယ်ကြတာပေါ့။ဒါပေမယ့်ပေါ့လေဒီနတ်တွေကဒုက္ခပေးတာမပေးတာထက်အဲနတ်တွေရဲ့နာမည်ကြီးကိုင်ကိုင်လုပ်စားသူတွေကဒုက္ခပေးတာမဆိုးဘူးလားမေးလိုက်ချင်တယ်။အရင်တုန်းကနားမလည်ခင်ငယ်ရွယ်သူဘ၀ကနတ်တို့ဗေဒင်တို့ဆိုတာအကြွင်းမဲ့ကိုယုံကြည်ခဲ့ပြီးလို့ဆရာတော်တွေရဲ့တရားတော်တွေနာပြီးနောက်မှာဒါတွေကိုအယုံအကြည်မရှိတော့တာဝေဖန်ပိုင်းခြားပြိးတော့ကိုအယုံအကြည်ကိုလုံးဝကိုမရှိတော့တာ။တော်ကြာကြားရပြန်ပြီ။ဘိုးတော်ကပွားပေးမယ်ဆိုလို့ရွှေတွေအကုန်ထည့်လိုက်တာပါသွားပြီတို့။လူချစ်ဆေးပေးမယ်ဆိုပြီးဘိုးတော်ပွားပလိုက်တာကလေးတစ်ယောက်ရသွားတယ်တို့။ပြီးတော့မှသာရင်ထုမနာဖြစ်ကြတိုင်ကြတောကြ။အစထဲကအယုံလွယ်သူတွေအပြစ်မဟုတ်ဘူးလား။။
ဟောခုနောက်ဆုံးပေါ်ကတော့ဘာတဲ့ရွှေဝါရောင်နတ်နဂါးကြီးဆိုပါလား။မြန်မာပြည်မီးမမှန်တာနဂါးပြည်မှာများမီးတွေထွန်းထားလို့များလား။တွေးကြည့်တာပြောပါတယ်။တော်ကြာလာကိုင်နေဒုက္ခ။ကြားတော့ရီမိတယ်ပေါ့။နဂါးဆိုတာမရှိဘူးလို့မပြောဘူး။မမြင်သင့်အရပ်မြင်သင့်အရပ်ကိုမေတ္တာပို့ရတဲ့နောက်တော့မမြင်သင့်တာတွေအရပ်ဒေသတခုမှာရှိနေနိုင်တာဘဲမဟုတ်လား။ဒါပေမယ့်ခုခေတ်ပေါ်ရွှေရောင်နဂါးမင်းကြီးလောက်တော့ပေါတောတောဖြစ်ဟန်မတူဘူး။ဘာပဲဖြစ်ဖြစ်တော့အယုံလွယ်သူတွေကြောင့်နဂါးမင်းကျေးဇူးနဲ့ဈေးသည်တွေလှေသမားတွေအလုပ်ဖြစ်သွားတာတော့ကြံဖန်ကျေးဇူးတင်ကြရမှာဘဲပေါ့။(တင်တတ်ရင်ပြောပါတယ်:P)
အိုင်အက်စ်တွေမပြောပါနဲ့ မြန်မာပြည်မှာအစွန်းရောက်သူတွေရှိနေမှန်းနဂါးပေါ်မှသိရတော့တာအများကြီးပဲ။ဟုတ်တယ်လေ။ပိုစ့်တခုရဲ့ကွန်းမန့်တွေသွားကြည့်လိုက်ပါလား။အခန့်မသင့်ရင်အဆဲတောင်ခံသွားရဦးမယ်။ကိုလံဘီယာကမြွေအသေကြီးကိုကူးပြီးတစ်ပုံ၂၀၀နဲ့ရောင်းစားလဲဝယ်ကြတာဘဲ။ပြီးခါမှအညာခံရမှန်းသိကာမှသိရော။သိတဲ့အချိန်ကျတော့လည်းရှက်ရှက်နဲ့အမလေးဘာဖြစ်လဲအေ၂၀၀များသူတောင်းစား ပေးသလောက်တောင်မရှိပါဘူးပေါ့။အလဲ့အဲအဲအထဲကိုယ့်အမျိုးတွေတောင်ပါချင်ပါနေမှာ။နတ်ဘုံနတ်နန်းနတ်စခန်းတွေမက်ကြမြင်ကြတယ်ဆိုတာသီလအားကောင်းသမာဓိအားကောင်းလေမှမြင်ရတာမျိုးမဟုတ်လားခုတော့ပေါတောတောနဂါးမင်းခမျာဟိုလူ့ဝင်ပူးရဒီလူ့ဝင်ပူးရသူလဲသောင်တူးစက်ပိတဲ့ကြားကမနည်းတိုးထွက်ပြီးကားခိုးစီးပြီးဟိုမြို့သည်မြို့ပြေးရနဲ့တော်တော်မောရှာမှာလို့တွေးတွေးသနားနေမိတာ။
ခေါင်းလောင်းကြီးကိုဘုရားပေါ်ပင့်ပြီးအများပြည်သူဖူးမျှော်ကြည်ညိုရန်လို့ဆိုလေတော့
ခေါင်းလောင်းမှန်သမျှထိုင်ဦးချရမယ့်ကိန်း။အင်း..စိန်ဂျာရစ်တို့တော့လာအရိုက်ခံရဖို့နီးနေပြီ။ထားလိုက်ပါတော့။ပရိယတ္တိပရိပတ္တိဖက်လိုက်နေတဲ့ဆရာတော်တွေအရောင်အ၀ါညိုးမှိန်ပြီးပရာဒိုစီးလို့ဘယ်အကောင်ကြီးကြီးနဲ့ပိုင်တယ်အာဏာစောင်းထက်ဆိုတဲ့ဘုန်းကြီးမှအရောင်အ၀ါတောက်ပတဲ့ခေတ်ဖြစ်နေတာကြည့်ရတာတော့မသက်မသာရှိနေတာမျိုး။
မြန်မာလူမျိုးတွေမှာအကြီးမားဆုံးပျော့ကွက်ကဘာလဲဆိုတော့သနားအောင်လုပ်ပြရင်သနားတတ်ကြတာ။ဒါကတော့သနားကြင်နာစိတ်ရှိသူတွေကိုခုတုံးလုပ်ချင်သူတွေအတွက်ပေါ့လေ။ကလေးလေးတွေနေပူထဲချထားပြီးမိုးရွာထဲချထားပြီးတောင်းတာမျိုး၊အကောင်းကြီးကနေထော့နဲ့ထော့နဲ့နဲ့သွားတောင်းတာမျိုး။အကိုကြိးအမကြီးတို့ရယ်ဆိုပြီးနှာသံလေးပေါက်ပြီးလက်ကလေးတွေကွေးလို့နံနွင်းလေးတွေလိမ်းပြီးတောင်းကြတာမျိုး။အနှပ်ခံရလွန်းလေတော့ရိုးသွားပြီလေ။မသနားဘူးဟာမထည့်ဘူးဟာအလကားလိမ်တောင်းတာလို့များဖွဘုတ်မှာရေးကြည့်ပြောကြည့်ပါလား။စာနာစိတ်မရှိတဲ့မိန်းမ။လူကြမ်းမ၊၊ကိုယ်ချင်းစာစိတ်မရှီတဲ့မိန်းမလို့အပြောခံရတာနဲ့တင်တခါထဲသောင်တူးစက်ပိတာထက်ဆိုးပီးသေမှာမြင်ယောင်မိတယ်။
အဲဒါဘဲလေ။လူတွေကကိုယ်ချင်းစာစိတ်ရှိတယ်သနားတတ်တယ်ဆိုတာကိုထားသင့်တဲ့နေရာမထားပဲမထားသင့်တဲ့နေရာတွေထားကြတဲ့အတွက်အမှန်တရားဆိုတာတွေကွယ်ပျောက်လာကုန်တယ်။အဲဒီသနားညှာတာခြင်းအယုံလွယ်ခြင်းတွေကိုအညှာကိုင်ပြီးလူတချို့ဟာလိမ်ဆင်ကြီးတွေကိုပေါ်ပေါ်တင်တင်လုပ်လာကြတယ်။သူတို့နာမည်ပျက်တပတ်ပေါ့။သတင်းဖြစ်တလပေါ့။ဘာလို့လုပ်ရဲလဲ။အဖြေကရှင်းတယ်။မျက်စိစုံလုံးကန်းယုံလွယ်ကြသူတွေများလို့ပေါ်တင်ကြီးလိမ်လာကြတယ်။ဒါပါပဲ။ဖြစ်နိုင်ချေရှိ၏မရှိ၏ကျိုးကြောင်းဆက်စပ်တွေးခေါ်မှု့ဆိုတာကိုခနဘေးချိတ်ပြီးသမိုင်းတွေရာဇ၀င်တွေစာပေကျမ်းဂန်တွေအရပိပိရိရိတောင်မဟုတ်တဲ့ကျိုးကြောင်းဆီလျော်မှု့မရှိတဲ့လိမ်ဆင်ကြီးတွေအောက်မှာသွပ်သွပ်ခါပျော်ဝင်နေကြတာဟာဖြင့်ကောင်းတဲ့အလားအလာတော့မဟုတ်တာအမှန်ဘဲ။
အားနွဲ့ရင်သနားတတ်သူ၊နိုင်ငံကြီးနဲ့ချီလိုက်ရင်သနားတတ်သူတွေအမျိုးနဲ့ကိုင်လှုပ်ပလိုက်တာနဲ့သည်းသည်းလှုပ်နာတတ်သူတွေအတွက်လိမ်ဆင်တွေလုပ်မယ့်နောက်ထပ်တောလိမ်ဆင်ကြီးတွေတောထဲကနေ
မြို့ကိုတက်လာပြီးလူလည်လုပ်ကြလိမ့်ဦးမယ်ဆိုတာပါပဲ။မျက်ရည်ကျပြယုံနဲ့ရိုးရာကိုင်ခြောက်ယုံနဲ့အမျိုးဘာသာသာသနာဟေ့လို့ဆိုလိုက်တာနဲ့အမှန်အမှားကိုအနုလုံပဋိလုံမစဉ်းစားတော့ဘဲမျက်စိသာစုံမှိတ်ယုံနေကြမယ်ဆိုရင်ဖြင့်ခင်ဗျားတို့ကျနော်တို့အတွက် နောက်ထပ်နောက်ထပ်သောဘာသာရေး၊နိုင်ငံရေး၊လူမှု့ရေးအလိမ်တကာ့အလိမ်ဆင်ဆန်းများဖက်ရှင်ဈေးကွက်မှာဖောဖောသီသီတွေ့လာရတော့မယ်ဆိုတာလေးလက်တို့သာပြောလိုက်ချင်ပါတယ်။့အယုံမလွယ်တတ်တော့တာကြာပြီမို့မျက်ရည်ကျပြယုံ၊ဖြဲခြောက်ယုံနဲ့တော့မစိန်တင်တို့အလွယ်မယုံတတ်ခဲ့တာကြာပြီမို့ကိုင်ချင်တာကိုင်အညောင်းပြေတယ်ပဲသဘောထားလိုက်ပါ့မယ်။
ယုံမှားရင် အကုန်ပါးမှာမို့ ခုတော့လေ မစိန်တင်တို့လေ ခုတော့ ပြုံးနေသာယုံ........................။
နောက်ဆုံးလေလက်တို့ချင်တာကဘာကြီးပေါ်လာလာဘာကြီးဖြစ်ဖြစ်ဘယ်သူကြီးကိုယ်ထင်ပြပြအရင်ဆုံးလေ...............ရှင့်ယုန်..ရှင့်ယုန်ခင်မျ..ရှင့်ယုန်ပါခမျ။
ကဲ ဒါပါပဲ
မနေနိုင်တဲ့
မဒမ်ကိုး
16/9/2014
စင်္ကာပူစံတော်ချိန် 1နာရီ
အင်္ဂါနေ့
10 comments:
သဘောကျလိုက်တာ။ ရေးတာတော်လိုက်တာ။
ဒါမှ ဒေါ်စိန်တင်ကွး))))))))
ဟုတ်ပ... ရေးတတ်တာ...
ဆင်ရော ယုန်ရော နဂါးရော... ခေါင်းလောင်းရော.. စုံလို့...း)))
ရူပါ လန်းသော ဘလော့ဂါ ဖြစ်လိုသောကြောင့် အတင်း လာမန့်... ခိခိခိ
လိမ်တာကခေတ်စားနေတဲ့ခေတ်ဖြစ်နေပါရောလားအမရေ
မဒိုးပို့စ်လေးကို ဖတ်တိုင်း ပြုံးစိစိနဲ့ဖတ်ခဲ့ရပေါင်းများပြီ... သတ္တ၀ါပေါင်းစုံနဲ့စီကုံးခဲ့တဲ့ ရှင့်ယုန်ပို့စ်လေး ကြည်နူးစွာ ဖတ်သွားတယ်.... 'အလိမ်ခံရတယ်ဆိုတာ လိမ်တဲ့သူတော်လို့မှမဟုတ်တာ အလိမ်ခံရတဲ့သူညံ့လို့' ကွက်တိပဲ မဒိုးရေ....
မဒိုးရေ သဘောကျစွာ ပြုံး ပြုံးနှင့် ဖတ်သွားပါကြောင်း :) :)
ဒီနေ့မှရူပါကလန်းတော့လာမန့်ရပါတယ်
ရှင့်ယုံနော်..
အရင်ကဘုတ်အုတ်ထဲမှာ
နဂါးသတင်းများစွာဖတ်ပြီး
ခေါင်းတောင်နောက်သွားတယ်
နောက်ဆုံးတော့လည်း…
ဘာမှဟုတ်ဘူးတဲ့..;)))
ကမ္ဘာကြည့်, ကြည့်တတ်တဲ့ အမျိုးသမီးကြီးတယောက် ဘီးဆံပတ်ကြီးပတ်၊ ပြောင်းဖူးဖက်ကြီးဖွာပြီး အိမ်ရှေ့ ရေကပြင် ပေါ်ကနေ ခေတ်ကာလ သားသမီးတွေ နုံပုံ၊ အ,ပုံတွေကို ကရုဏာ ဒေါသနဲ့ ပြောနေသလား မှတ်ရတယ်၊ ဖတ်ရသူ အဖို့မှာ လေသံ အနိမ့်အမြင့်တွေတောင် ကြားလာရတဲ့ အထိ….၊
သဘောကျတယ် ညီမဒိုးကန်…။း))
အဲလိုဘာမှန်းညာမှန်းမသိယုံလွယ်တာကြောင့်လိမ်တဲ့သူတွေလုပ်စားလို့ ရနေတာပေါ့။
ကဲ..နဂါးစီး အဲစီးလို့ မရတော့ဆွဲပြိးခေါင်းလောင်းသွားကြည့်လိုက်အုန်းမယ်။ ခေတ်မမှီမှာစိုးလို့ ။
အိုင်အိုရာ
Post a Comment