ကြိုတင်မြင်ရတဲ့အကြောက်တရားနဲ့ ကြိုတင်မမြင်ရတဲ့အကြောက်တရားတဲ့ ..............................
အစစအရာရာတွေးကြောက်တတ်တဲ့ကျမကိုအကြောက်တရားဆိုတာဘာလဲဆိုရင်တော့လက်ညိုးညွန်သမျှအကြောက်တရားဖြစ်နေတော့ မှာဘဲ ။
ဟုတ်ပြီ ... ကြိုတင်မြင်ရတဲ့အကြောက်တရားကဘာလဲ ......
ကြိုတင်မြင်ရတဲ့အကြောက်တရားဆိုတာ ကျမအတွက်တော့ သေခြင်းတရားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
သစ္ဆေသရဲကြောက်တတ်သူကျမအဖို့သရဲကြောက်တာထက်ကိုကိုယ့်မျက်စိအောက်မှာနိစ္စဓူဝမြင်တွေ့နေရတဲ့လူတိုင်းသွားနေရတဲ့လမ်းဖြစ်ပြီး တနေ့ကျရင် ကိုယ်တိုင်လည်း ကြုံတွေ့လာရမယ့် သေခြင်းတရားပါပဲ။
တနေ့ဒီလမ်းကိုသွားရမယ်ဆိုတာသိနေပေမယ့်မြင်နေရပေမယ့်တရားမပြည့်သူပီပီကိုယ့်မျက်စိအောက်မှာတင်အချစ်ရဆုံးအဖွားကစတင်လို့သေခြင်းတရားကိုရင်ဆိုင်သွားခဲ့ရတယ်။အဲဒီနောက်ကျမတို့မိသားစုမှာပြန်မလာနိုင်တော့တဲ့သံသရာမှာဒီလူဒီခန္ဒာနဲ့ပြန်မဆုံနိုင်တော့ဒီခရီးကြီးကိုဒုတိယမြောက်ထွက်ခွာသွားသူကကျမရဲ့အဘိုးပေါ့။ကျမအတွက် စိတ်နှလုံးကြေကွဲယူကြုံးမရဖြစ်ရတဲ့ ဒုတိယမြောက်အကြိမ်ပေါ့။
ကျမကမ္ဘာမှာခုမိသားစုလေးယောက်ဖြစ်လာတဲ့အချိန်မှာအဖေရယ်အမေရယ်ချစ်ခင်ရသူရယ်ကျမကိုယ်တိုင်ရယ်တချိန်ကျရင်ဘယ်သူအရင်ထွက်ခွာသွားကြဦးမလဲ။ ကျမတွေးပြီးကြောက်နေမိတယ်။ရိုးသားစွာပဲဝန်ခံရရင်အတ္တကြီးသူကျမအတွက်ခိုကိုးရာနည်းပါသူကျမအတွက်ကျမအဖေနဲ့အမေကျမ အနားကဘယ်အချိန်ဘယ်သူစထွက်ခွာသွားမလဲ။အဲလိုကြောက်နေတဲ့ကျမကိုယ်တိုင်ရောသူတို့ထက်အရင်သူတို့ကိုအိုကြီးအိုမနဲ့ထားခဲ့ရမှာလား။နောက်ကျမချစ်ခင်ရသူကရော။သူ့ကိုအားကိုးလို့ချစ်ခင်လို့ဘ၀မှာအတူလက်တွဲခဲ့သူ။သူကရောကိုယ့်ကိုလက်တွဲဖြူတ်ပြီးအရင်ထားသွားမလား။ကိုယ်ကဘဲသူ့ကိုလက်တွဲဖြူတ်ခဲ့ပြီးဒီခရီးလမ်းကြီးကိုအရင်ထွက်ခွာသွားရမှာလား၊
မြတ်စွာဘုရားတောင်ရှောင်လွဲမရတဲ့ဒီသင်္ခါရကိုရှေ့ကလူတွေလည်းသွားနှင့်သည်။တနေ့တနေ့သွားသူများလဲမနည်းတော့ပြီ။ဒါကြီးကိုမြင်တွေ့နေရက်နဲ့မပြင်မဆင်နိုင်သေးဘဲတနေ့တနေ့စားဝတ်နေရေးလုံးပန်းနေရဒေါသလောဘမောဟတွေနဲ့ကျင်လည်နေရင်းဒီခရီးကိုသွားရမယ်မှန်းသိသိနဲ့မပြင်မဆင်နိုင်သေး။ဒါ့ကြောင့်ကျမအတွက်တော့ကြိုတင်မြင်နိုင်တဲ့အကြောက်တရားဟာဘာလဲလို့မေးရင်တရားမရှိသေးသူပီပီဖြေမယ့်အဖြေကမျက်စိအောက်မှာဘဲနေ့စဉ်မြင်တွေ့နေရ တဲ့ သေခြင်းတရားပါပဲ။
ကြိုတင်မမြင်ရတဲ့အကြောက်တရားတဲ့။ဟုတ်ပြီပာပြမယ်။ကျမကြောက်တဲ့အထဲမှာကြိုတင်မမြင်ရတဲ့အကြောက်တရားလဲပါတယ်။ ဘာလဲဆိုတော့မတော်တဆအမှု့။ ဒါမှမဟုတ် မမြင်ရတဲ့ အန္တာရာယ် ။ သဘာဝဘေးအန္တာရာယ်ဖြစ်ချင်ဖြစ် မယ်။ ဒါမှမဟုတ် သွားလာရင်း ကိုယ်မှားတာဘဲဖြစ်ဖြစ် သူများဖက်က စမှားတာဘဲဖြစ်ဖြစ်မမြင်နိုင်ဘဲ ကြုံတွေ့လာရမယ့်အန္တရာယ်မျိုးဆိုပါတော့။ လမ်းလျှောက်သွားနေရင်း ရှေ့က ခရီးသည်တင်းဘတ်စ်စကားက ဘရိတ်မမိဘဲလမ်းပြောင်းပြန်ဝင်လာပြီးတည့်တည့်ဝင်တိုက်ခံလိုက်ရတာမျိုး။မသေမရှင်ဆန့်တငင်နဲ့အကြောဆွဲပြီး မသေမရှင်ဖြစ်နေရမှာမျိုး။ကိုယ်သွားနေတာအမှန်သူများကမှားလိုက်လို့ရမ်းကားလိုက်လို့အလကားနေကိုယ့်အသက်ပေးလိုက်ရမှာမျိုး။ ခုလိုခေတ်ပျက်ကြီးမှာအိမ်မှာထိုင်နေရင်းအမူးသမားက၀င်လာပြီးဓားနဲ့ဝင်ခုတ်သွားတာမျိုး။ကိုယ့်ဖာသာလမ်းသွားနေတာခပ်ကြောင်ကြောင်ခပ်ရူးရူးဆေးကြောင်နေတဲ့သူကလူတွေကိုဓားနဲ့ရမ်းသမ်းထိုးသွားတာမျိုး။အိမ်မှာနေအကောင်းသားရှော့ပင်းမောဈေးသွားဝယ်ရင်းဈေးဝယ်စင်တာမှာဈေးဝယ်ရင်းအကြမ်းဖက်သူတွေမသမာသူတွေရဲ့လက်ချက်နဲ့ဗုံးကွဲလို့ခပြတ်လက်ပြတ်နဲ့မသေမရှင်ဝေဒနာခံစားနေရမှာမျိုး။ကိုယ့်အိမ်ကိုယ်နေပါရက်နဲ့မသမာသူကအလစ်သမားက၀င်ပြီးပစ္စည်းလည်းယူပါရဲ့လူလည်းသတ်ပါရဲ့ဆိုတာမျိုးတွေ။ ကိုယ်ကဂရုစိုက်နေပါရက်နဲ့ဂရုမစိုက်သူပေါ့လျော့သူတစုံတစ်ယောက်ကြောင့်ကြုံတွေ့လာနိုင်တဲ့မီးဘေးတွေ။ကိုယ့်ဖာသာကိုယ်အနားယူချင်လို့အပျော်ခရီးထွက်ပါတယ်။လမ်းဘေးကလက်သရမ်းသူတွေရဲ့လာက်စာလုံးတွေကျောက်ခဲတွေကနေလာဘသားကောင်တွေကြောင့်မမျှော်လင့်ဘဲအမေမွေးတုန်းကအကောင်းထသွားမှကျိုးမှန်းသိဆိုတာမျိုးတွေ။အဲလိုကြိုတင်မသိမမြင်နိုင်တဲ့အကြောက်တရားတွေပေါ့နော်။အဲဒါတွေထက်အဆိုးတကာ့အဆိုးဆုံးကတော့နိစ္စဓူဝမြင်တွေ့နေရတဲ့သတင်းတွေအမြင်မတော်မှု့တွေကိုမြင်ရဖတ်ရပြီးအကုသိုလ်ပွားမိတာတွေအာသဝေါကုန်ခန်းသူပုဂ္ဂိုလ်မဟုတ်လေတာရယ်ကြောင့်စိတ်ကနေဖြစ်ပေါ်လာတဲ့ဒေါသမောဟမာန်မာနတွေကြောင့်သေရင်ဘယ်ဘုံဘ၀ရောက်မလဲဆိုတာတွေးတွေးပြီးတော၊့ကြာက်မိတော့တာပါပဲ။
ဒါကြောင့်မို့ကျမအတွက်တော့ကြိုတင်မြင်ရတဲ့အကြောက်တရားနဲ့ကြိုတင်မမြင်နိုင်ရတဲ့အကြောက်တရားဆိုတာခုအထက်ကပြောခဲ့သလိုပါပဲ။တဂ်ပိုစ့်ကိုစတဂ်လိုက်တဲ့မစနိုး(နှင်းနဲ့မာယာ)နဲ့ဝိုင်းဝန်းတိုက်တွန်းသူတီတင့်နဲ့တကွစာရေးဖော်ရေးဖက်များအားလုံးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။အလုပ်နည်းနည်းရှုပ်စိတ်နည်းနည်းရှုပ်နေတာကလွဲလို့ဘလော့ထဲကိုနောက်ဆိုမကြာမကြာလာဖြစ်ပါ့မယ်လို့အားလုံးကိုအသိပေးပါတယ်။
ကဲ ဒီပိုစ့်လေးနဲ့ အတူ ဘလော့ထဲကိုပြန်ရောက်လာပါပြီ။
ချစ်ခင်လေးစားလျှက်
မဒမ်ကိုး
12/3/2014
ဗုဒ္ဒဟူးနေ့
4:20 PM
18 comments:
အဟိ ရူပါလန်းသူ နံပါတ်တစ် စပြီးရေးပါ့မယ်...
ကြောက်တတ်တဲ့သူကို ရေးချပြသွားတာ ကြောက်စရာအကုန်ပါပဲလား...
အနုကြမ်းစီးတာရော ရှော့ပင်းမောမှာ ဗုံးပေပါက်တာရော...
တကယ်တော့ တွေးပြီါ်ကြောက်မယ်ဆိုရင် ကြောက်စရာတွေက တပုံတပင်ရယ်ပါ...
ပသိလေး သတိလေးနဲ့ အကြောက်တရားကို မေ့ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ် နော်...
ချစ်သော
နှင်း
အဟိ ရူပါလန်းသူ နံပါတ်တစ် စပြီးရေးပါ့မယ်...
ကြောက်တတ်တဲ့သူကို ရေးချပြသွားတာ ကြောက်စရာအကုန်ပါပဲလား...
အနုကြမ်းစီးတာရော ရှော့ပင်းမောမှာ ဗုံးပေါက်တာရော...
တကယ်တော့ တွေးပြီါ်ကြောက်မယ်ဆိုရင် ကြောက်စရာတွေက တပုံတပင်ရယ်ပါ...
အသိလေး သတိလေးနဲ့ အကြောက်တရားကို မေ့ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ် နော်...
ချစ်သော
နှင်း
ချစ်စွာသော ဘလော့ဂါအပေါင်းတို့...
ဘကုန်းကျေးရွာ၏ အားကောင်းမောင်းသန် ဘလော့ဂါကြီး စိန်ဂျာရစ် ခေါ် တင်သိန်းအေးတစ်ယောက် ဘလော့ရွာအတွင်းသို ပြန်လည်ဝင်ရောက်လာပြီဖြစ်သောကြောင့် ဘကုန်းကျေးရွာပြီး အသစ်တစ်ဖန် အသက်ဝင်လှုပ်ရှားပြီဟူ၍သာ ဂဏှာဟိ ( မှတ်ကြကုန်လော့...း)
တဂ်ပို့စ်လေး လာဖတ်တယ် မဒိုးရေ...
သွေးနဲ့ကိုယ် သားနဲ့ကိုယ် တည်ဆောက်ထားကြတဲ့လူသားတိုင်း များများကြောက်တာနဲ့ နည်းနည်းကြောက်တာပဲ ကွာခြားတယ်ထင်ပါရဲ့နော်။
စိတ်ရှင်းတဲ့နေ့လေးတွေမှာ မဒိုးရဲ့ နောက်တက်လာမဲ့ ပို့စ်လေးတွေ စောင့်မျှော်နေမယ် :)
မေတ္တာဖြင့်
တီတင့်
မားမားရေ
တွေးလိုက်ရင်တော့ ကြောက်စရာကောင်းတာတွေကြီးပါဘဲ
ကြိုသိနေတာလည်း ကြောက်ဖို့ကောင်းးသလို
လျှပ်တပြက်တွေကလည်း ပြင်ဆင်ချိန်မရလို့
ကြောက်ရတာပါဘဲလေ..
တွေးရင်တော့ကြောက်တတ်စရာကြီးပါပဲ မဒမ်ရယ်
အလကားနေရင်းနဲ့တောင်၊
ဘာမှန်းမသိကြောက်နေမိတာအမှန်ဘဲ
သတ္တိမရှိသူလို့ပြောလည်းခံရမှာဘဲ
လူများကြားထဲရောက်ရင်
ကြောက်နေတာအမှန်ဘဲ..
မသိလည်းကြောက်၊
သိလည်းကြောက်..
မီးမီးကြောက်ကြောက်..
Blog လောကမှ ပြန်လည်ကြိုဆိုပါတယ်ရှင်။ :)
မမရဲ့အကြောက်တရားနဲ့ မိုးညအကြောက်တရားတွေနဲ့ရယ်က မိဘတွေနဲ့ဆက်နွယ်နေတာခြင်း တူတာပေါ့နော် … :)
ကျွန်တော်က ကွယ်လွန်မှာထက်..
တစ်ချို့အခြေအနေတွေကို ပိုကြောက်တယ်...။ ဒါပေမယ့် .. အင်း. ငမိုးဘလော့တွင်ဆက်ဖတ်ပါရန်..။
အို . . တံကားမဂျီး . . သေခြင်းတရားကို မကြောက်လေနှင့် . . မသေခြင်းတရားကို ကြောက်ပါလေ . .
ဒီခေတ်က ဆေးရုံစရိတ် ဆေးခန်းစရိတ် ဆေးစရိတ် သူနာပြုစရိတ်က မသေးသဖြင့်
အသက်ကြီးလေ ပိုက်ဆံ ပိုကုန်လေ ဖြစ်၏ သို့ပေသောကြောင့် မသေခြင်းတရားကိုသာ ကြောက်ပါလော့ တံကားမဂျီး ဒိုးကန် . .း))))
ရွှေဒိုးရေ------သေခြင်းကတော့ မဖြစ်မနေသေရမှာမို့
ဒီပြင်အရာတွေကို ပိုပြီးကြောက်မိတယ်.....
စဉ်းစားကြည့်တော့လဲ လူလောကမှာ ကြောက်စရာတွေ အတော်များတယ်နော်.......
ရွှေဒိုးက မဂျီးဂျက်ထက်တောင်ပိုပြီးကြောက်တတ်တယ်
အစက အဲလောက်ကြောက်တတ်မှန်းမသိခဲ့ဘူး
ကြောက်စရာကောင်းတဲ့ သေခြင်းတရားမှာ ကိုယ်သေမှာထက် ကိုယ်အပေါ်အရမ်းကောင်းသူတွေ သေမှာကို ပိုကြောက်မိနေတယ် ။
ဘလော့လေးကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
ခိုင်လေး ( ရွှေတောင် )
ကြောက်စရာကောင်းတဲ့ သေခြင်းတရားမှာ ကိုယ်သေမှာထက် ကိုယ်အပေါ်အရမ်းကောင်းသူတွေ သေမှာကို ပိုကြောက်မိနေတယ် ။
ဘလော့လေးကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
ခိုင်လေး ( ရွှေတောင် )
ငယ်ငယ်တုန်းက သေခြင်းတရားဆိုတာကို သူငယ်ချင်းတွေကြားမှာ စနောက်ခြင်းနဲ့ ကျွမ်းဝင်ခဲ့ဘူးခဲ့တယ်မမ... အသက်ရွယ် ရလာချိန်မှာ ..တော့ အဝေးရောက်နေချိန် အဖေနဲ့ အမဆုံးတာကို သတင်းစကားအဖြစ်နဲ့ပဲ ကြားနာခဲ့ရပြီး ဖြေသိမ့်ခဲ့ရတယ်... အရင်းနှီးဆုံးသူတွေရဲ့ နောက်ဆုံးခရီးတွေကို ရင်ဆိုင်ဖို့ အင်အားမရှိတာကို နားလည်မိတယ်.... ဒါပေမယ့်လည်း ရင်ဆိုင်ခွင့်တောင် မရတဲ့ အခြေနေမျိုးတွေကိုလည်း နောက်ထပ်ကြုံရမှာ တွေးပြီး ထိတ်လန့်မိတယ် ..မမရေ..
Welcome back :)
ဒိုးကန်ရေးပြမှ မမြင်ရတဲ့ အကြောက်တရားတွေ တယ်များပါလားသိရတယ်.. ရှာရှာဖွေဖွေ တွေးတတ်ရေးတတ်ဆိုပေမယ့် တကယ်ကြောက်ရမယ့် အရာတွေချည်းပဲ...
အမ်တီအန် = မြသွေးနီ ..ဖြစ်ပါကြောင်း ညီမငှယ့်...:)
Post a Comment