မမမိုးငွေ့ကမနေ့ကဖဘထဲမှာ တဂ်လာတော့ သွားဖတ်လိုက်တော့ တဂ်ပိုစ့်လေးကိုတွေ့ရတယ် .
ဘလော့ဂါတွေစည်ကားသိုက်မြိုက်ခဲ့တဲ့ တဂ်ပိုစ့်တွေနဲ့ဘ၀ကို ပြန်လွမ်းသွားလို့မအားတဲ့ကြားကပဲ ဖဘသုံးချိန်ကိုဖြတ်တောက်ပြီး ကိုယ့်ဖက်သာကိုယ်ပဲ တက် အဲလေ တဂ်လိုက်တော့တယ် .
ခုတလောတဲ့ ..ဟင်းးဟင်းး ခုတလောတွေများလွန်းလို့ ပြောချင်နေတာ ပြောချင်နေတာ ..
တွေးနေမိတာက ..
စကာင်္ပူ ၂၂ သန်းဆုကြီးပေါက်ရင်သိပ်ကောင်းမှာပဲလို့
Small Business လေးတစ်ခု လို့ လဲအမြဲတွေးမိပါတယ် ကော်ဖီဆိုင်ဒါမှမဟုတ် အစားအသောက်ဆိုင် ပေါ့
မဆိုးဘူးလေ ကိုယ်လဲတနင့်တပိုးစားရ ကျန်တာလေးလဲ ရောင်းရဆို အဆင်ပြေတာဘဲမဟုတ်လား
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိနေတာက
သြော် ငါတနေ့တနေ့တော်တော်စားတာပါလား
ကျန်းမာရေး
ပေါ်တခါပျောက်တလှည့် သိပ်မချီးကျုးရဲတဲ့ဘ၀ပါလေ
ဖတ်ဖြစ်တဲ့စာအုပ်တွေ
အများကြီးပဲ ( အိမ်သာထဲဝင်တဲ့တချိန်ဘဲစာဖတ်တာဆိုတော့ တခါသွားတစ်အုပ်ဆွဲတာ အကုန်တစ်ဝက်တစ်ပျက်ချည့်းပဲ မပြီးသေးတာတွေချည်းဘဲး)
ရောက်ဖြစ်နေတာက
အလုပ်လေ နေ့တိုင်းရောက်နေတာပေါ့
နားထောင်ဖြစ်နေတာတော့
When i was your man & just give me a reason ( အဲဒါက အက်ဖမ်ရေဒီယိုက အမြဲလာနေလို့း))
ဖြစ်ချင်နေတာက
ခုအရေးအခင်းတွေမှာ မိုးပေါ်ပျံလွှားပြီး လင်းနို့လူသားလို ယားခနဲ ယားခနဲ ခုန် ခုန်ပြီး ဓားနဲ့လိုက်ခုတ်ချင်တာဘဲ ..( ငှက်ပျောပင်တွေကိုပြောပါတယ်း))
စားဖြစ်နေတာက
မုန့်ဟင်းခါး ( ပေးတဲ့သူက အထုပ်လေးတွေပေးတော့ချက်ရတာအဆင်ပြေတယ်လေ အရည်ဆိုတော့အ၀င်လဲလွယ် အထွက်လဲလွယ်တယ်မလား :PPPPP
သနားနေမိတာက
ကိုယ့်ကိုကိုယ်ပေါ့ ( မြန်မာပြည်က တချို့မုန့်လေးတွေ ပြန်တုန်းကမစားခဲ့ရဘူးဆိုပြီး တအားသနားနေတာ )
လွမ်းနေမိတာက
အိပ်ယာလေ ( ယာယာမဟုတ်ဘူးနော် ..အိမ်ကဂျာရစ်အိပ်ယာကိုပြောတာာ )
မေ့လျော့ဖြစ်နေတာက
ပေါင်ချိန်ဖို့ ( တမင်မေ့ထားတာ )
ခါးသက်နေမိတာက
ကော်ဖီဖျော်တိုင်းအမှုန့်များပြီး နို့ဆီနဲနဲ့သွားလို့ သောက်တိုင်းခါးနေတယ်
တမ်းတနေမိတာကတော့
ဒံပေါက်လေးများစားရရင်ပေါ့း))
ကြိတ်ပြီးချီးကျုးနေမိတာက
အလဲ့တယ်တော်တဲ့ငါပါလားပေါ့ ..သိပ်မ၀သေးပါဘူးထိန်းထားနိုင်သေးတယ်ပေါ့
ကြိတ်ပြီးအထင်သေးနေမိတာက
ဟိုကောင်မ ငါ့လောက်တောင်မ၀ဘူး ပိန်ကပ်နေတာဘဲ ကျန်း ကျန်း
ဆန္ဒမရှိတဲ့နေရာ
အလုပ်ကို
ဆန္ဒရှိတဲ့ ကိစ္စ
နေ့တိုင်းနေဖင်ထိုးအောင်အိပ်ချင်နေတား))
မုန်းတီးနေမိတာက
ငါခုထိထိုင်မစားရသေးပါလား ( ထစားနေရတုန်းပဲး အဲလေ ရှာစားနေရတုန်းပဲလို့ ))
ချစ်နေတာက
ကိုယ့်ကိုကိုယ်လေ
စိတ်ပျက်နေမိတာက
ဗိုက်ခေါက်
စွဲလန်းနေမိတာက
ကိုရီးယားကားနဲ့ဖေ့ဘွတ်
လိုအပ်နေတာက
ဆမ်ဆောင်းအက်စ်ဖိုးလေး
ရောက်နေတဲ့နေရာက
သမိုင်းမရှိတဲ့တိုင်းပြည်လေး)
နက်နက်နဲနဲပြန်စဉ်းစားမိနေတာက
ဘောစ့်ကသိပ်ကပ်စေးနဲတာဘဲလို့ (လစာမတိုးလို့ )
ပျော်စေပျက်စေစနောက်ပါတယ် ..ကဲ တကယ်သိချင်သူများအတွက် ခုတလော ဂျာရစ်ရဲ့စိတ်အခြေအနေပါ။။
တွေးနေမိတာက….တစ်နေ့တစ်ရက်နဲ့အသက်တွေကြီးလာပြီ
ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက…လူတွေကိုစိတ်ရင်းနဲ့ပေါင်းပြီးရင်ပင်ပန်းရလွန်းလို့တော်တော်
ဆင်ခြင်နေတယ်
ကျန်းမာရေး………အားမရဘူး
ဖတ်ဖြစ်တဲ့စာအုပ်တွေက… ဒီဇိုင်းစာအုပ်တွေ
ရောက်ဖြစ်နေတာက…..ဖေ့ဘွတ်ထဲ
နားထောင်ဖြစ်နေတာက …..Pink ရဲ့ Just Give me a reason
ရွတ်နေဖြစ်တဲ့ကဗျာက…..ကိုယ်တိုင်ရေးခဲ့တဲ့ ကမ္ဘာအပြင်ဘက်ထွက်ရပ်သူ
ဖြစ်ချင်နေတာက…စိတ်သိပ်မာကျောတဲ့မိန်းမ
စားဖြစ်နေတတ်တာက…မုန့်ဟင်းခါး
သနားနေမိတာက….လူတွေအပေါ်ရင်ဘတ်နဲ့ရင်းပြီးအမြဲခံစားပေးတတ်ပေမယ့် ကိုယ့်အပေါ်ကျရင်မကောင်း တတ်လွန်းလို့ ကိုယ့်ကိုကိုယ်ပဲပြန်သနားနေမိတယ်
လွမ်းနေမိတာက ……အချိန်ကာလတစ်ခုကိုပါ
မေ့လျော့ပစ်နေရတာက...…ကိုယ့်အပေါ်မကောင်းတဲ့သူကိုသူ့လိုစိတ်ပြန်မမွေးမိအောင် လို့ကြိုးစားနေ တယ်
ခါးသက်နေမိတာက …. .ဟန်ဆောင်ခြင်းတွေ. လောဘတွေ ရမ္မက်တွေ
တမ်းတနေမိတာက …….ကိုယ့်အပေါ်ရင်ဘတ်နဲ့ရင်းတဲ့သူ
ကြိတ်ပြီးချီးကျူးနေမိတာက…...ကိုယ့်ကိုကိုယ်ပဲ..ငါလုပ်နိုင်သေးတယ်ငါတောင့်ခံနိုင်သေးတယ် ဆိုတဲ့အတွေး နဲ့ ချီးကျူးတယ်
ကြိတ်ပြီးအထင်သေးနေမိတာက….ကိုယ့်ကိုကိုယ်ပဲ..အမြဲတမ်းသူများကိုငဲ့ပြီးတွေးတွေးပေးလို့ ကိုယ့်ကိုကိုယ် အထင်သေးတယ်. စိတ်ခနခနထိခိုက်တတ်လို့ ပျော့ညံ့သူလို့တွေးပြီးအထင်သေးတယ်
ဆန္ဒမရှိတဲ့နေရာ …..ဟန်ဆောင်မှု့တွေနဲ့ရီပြရတဲ့နေရာတွေ
ဆန္ဒရှိနေတဲ့ကိစ္စ…….တစ်ထပ်ခွဲတိုက်ကလေးဆောက်ပြီးအပေါ်ထပ်တစ်ထပ်လုံးကိုကိုယ်တစ်ယောက် ထဲနေဖို့အခန်းလှလှလေးလုပ်ချင်နေတာ။ဝရန်တာလေးရယ်.ကိုယ်စာရေးဖို့နေရာလေးရယ်.ဖန်တီး ချင်နေတယ်
မုန်းတီးနေမိတာက….အတိတ်ကိုပြန်ပြန်သတိရတတ်တဲ့လွမ်းတဲ့အခါကျလာတဲ့မျက်ရည်တွေ စိတ်တွေ ပျော့ညံ့တဲ့စိတ်ဓာတ်တွေ
ချစ်နေတာက …အိပ်ယာပေါ်က မစ်ကီနဲ့ မင်နီလေး
စိတ်ပျက်နေမိတာက ...ဘာမဟုတ်တာလေးကအစ အစွဲအလန်းကြီးနေတတ်တဲ့စိတ်
စွဲလန်းနေမိတာက …တစုံတရာ အဖြေရှာမရဘူး
လိုအပ်နေတာက ….စစ်မှန်တဲ့မေတ္တာတရား နဲ့ အားပေးမယ့်သူ
ရောက်နေတဲ့နေရာက…..မောဟတွေနဲ့ပြည့်နှက်နေတဲ့နေရာ
နက်နက်နဲနဲပြန်စဉ်းစားနေမိတာက …..အရင်လိုအချိန်တွေမဖြုန်းသင့်တော့ဘူး
ချစ်ခြင်းအားဖြင့်
မဒမ်ကိုး
၂၆ ရက် မတ်လ ၂၀၁၃
၉.၃၀ မိနစ် တပေါင်းလပြည့်နေ့
15 comments:
တဂ်ပို့စ်လေး ဖတ်သွားပြီ မဒိုးရေ...
ပျော်စေပျက်စေရော အတည်လေးရော ဖတ်သွားတယ်။
တော်ပါသေးရဲ့ ငှက်ပျော်ပင်လောက်ခုတ်တာ ဟိဟိ
♪♪♫♪ ♫ ♪ ♫ ဖြစ်ချင်တိုင်းလဲ မဖြစ်ရပါ ... မဖြစ်ချင်တာလဲ ဖြစ်ရတာ အဲ့ဒါ ဘ၀သံသရာ...တဲ့း)
ဆန္ဒမရှိလည်းရီပြရတဲ့နေရာဆိုတာဖတ်ရင်း သီချင်းလေးညည်းသွားတယ် မဒိုးရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Thanks for the tag post sis... muah...muah...:)
မဒမ်ပိုစ့်ဖတ်တိုင်း ပြုံးမိတာတော့ အမှန်ပဲ ကျန်းမာရေးဂရုစိုက် မဒမ်းရေ
“ဟိုကောင်မ ငါ့လောက်တောင်မ၀ဘူး ပိန်ကပ်နေတာဘဲ ကျန်း ကျန်း” .... ညလေးကို ပြောတာများလားဟင် ... :P
ဦးဟန်ကြည်တော့ အခုတလော လူတစ်ယောက်မှမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သွားနေချင်တာပဲသိတယ်...အနှီနေရာမှာ ဖွဘုတ်လည်းမရှိ သတင်းတွေလည်း မသိရရင် ဘယ်လောက်ကောင်းလိမ့်မလဲ...တစ်ခါတစ်ခါ လူဖြစ်ရတာ စိတ်ကုန်ပါဘိတော့တယ်
ခုတလော နှစ်ခုစလုံးကဖတ်လို့တယ်
မားမားရေ
မပြုံးဘဲကိုမနေနိုင်ဘူး။
မဒိုးကန်စာလေးတွေဖတ်ရတာ။
ကျန်းမာအောင်နေနော်။
အို်င်အိုရာ
ခုတလောကို ၂ခုတောင်ရေးထားပါလား ၊ အံ့ဩဖွယ် ၊ စာတွေတောက်တောက် တောက်တောက် (တောက်ခေါက်တာမဟုတ်ပါ)နဲ့ရေးနိုင်တယ်။
လူ့လောကမှာ ဟန်ဆောင်မှုက အရေးကြီးဆုံးဘဲလားမသိပါဘူး။
လရိပ်ကတော့ ဟန်ဆောင်မှုကိုမုန်းတယ်။ မကြိုက်သော်လည်း ကြိုက်ရသည်။
ရေးသွားတာ မိနေတာပဲ၊
စင်္ကာပူ၂၂ သန်းထီ၊
၂.၂ သန်းဖြစ်ပါလိမ့်မည်၊
ပထမဆု ပေါက်တယ်လို့ မကြားဖူးသေးပါ။
အေးဟ...နာလည်းထီပေါက်ချင်တာမှ တအားပဲ....၊
ထီများထပေါက်လို့ကတော့ ညန်မာပြည်မှခြံအကျယ်
ကြီးဝယ်ပလိုက်ဦးမယ်...၊အဲ....ထီတော့မထိုးမိဘူးအေ...
ခိခိခိ
း) ဖတ်ပြီးပြူး အဲလေ ပြုံးရယ်မိတယ်ဒယ်အိုးရေ
း) လူနဲ့မလိုက်ဖူး ရယ်စရာပြောတတ်ရေးတတ်ပါ့ဟယ်
း)
အသူလဲ အခုထီပေါက်ချင်နေတယ်.. :D
သူ့ရဲ့ ခုတလော ဖတ်ရတာ တရုတ်သိုင်းကားထဲက မင်းသမီးတောင် သွားပြေးမြင်ယောင်မိပါရဲ့း)
ခုထိ စိတ်က မကုန်သေးဘူး။ ဓါးသိုင်း က ကချင်နေသေးတယ်။
ဟီးးးးးး ရီရတယ်... နောက်တဲ့ဟာမှာ ရေးလိုက်တာ အစားအသောက်က ပြေးမလွတ်ဘူး ဟီးးး xD xD
Post a Comment