Wednesday, January 16, 2013

ကျားထောင်ချောက် အပိုင်း (၃)


(၁) လှယမင်းနှင့်တွေ့ကြရာဝယ်

ကိုစိန်ထွန်းစီးကရက်ဖွာကာအခန်းထဲတွင်ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေရင်းမြမြခင်နှင့်မိမိခင်တို့ ညီအစ်မနှစ်ဦးအကြောင်းကို တွေးနေမိသည်။ ထိုစဉ် ဒရိုင်ဘာကိုဘမောင် ရောက်လာပြန်သည် ။

“ ဆရာ .. မမိမိခင် က ဆရာ ကိုယ်တိုင်အောက်ကိုကြွခဲ့ပါလို့ ပြောခိုင်းလိုက်လို့ပါဆရာ”
ကိုဘမောင်၏စကားအဆုံးကိုစိန်ထွန်းစိတ်ထဲထောင်းခနဲဒေါသထွက်သွားသည်။ပြီးတော့မှမျက်မှောင်ကြုံ့ သွားပြီး ..

“ အေး. ..ငါခုလိုက်ခဲ့မယ် ..မင်းရှေ့ကသွားနှင့်လိုက် ”
ကိုစိန်ထွန်းအမိန့်အတိုင်းကိုဘမောင်ရိုရိုကျိုးကျိုးဖြင့်အောက်ဆင်းသွားလေသည်။ကိုစိန်ထွန်းနည်းနည်းတော့ စိတ်ထဲလှုပ်ရှားသလိုရှိနေသည်။ဘာကြောင့်ရယ်မှန်းလဲမသိ။မှန်ရှေ့တွင်တချက်ရပ်လိုက်ပြီး ကြေနေသယောင် ရှိသောအကျီကိုနည်းနည်းဆွဲဆန့်လိုက်ပြီးသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်သည်။ဆီဝနေသောဖီးပြီး သားခေါင်းကိုလဲဘီးဖြင့်အကြောင်းမရှိအကြောင်းရှာသပ်လိုက်သေးသည်။ဘာဖြစ်နေသည်မသိ။ စိတ်တို့နည်းနည်းဂနာမငြိမ်သလိုလို ။ ...

အသက်ကို၀၀ရှုပြီးကြောင်လိမ်လှေကားကြီးအတိုင်းဆင်
းလာခဲ့သည်။လှေကားတစ် ၀က်လောက်ရာက်တော့အိမ်ရှေ့ဧည့်ခန်းမကြီးဆီမှစန္နရားသံကိုကြားလိုက်ရသည်။ တီးခတ်နေသည့်ပုံစံ မဟုတ်။  စန္နရားခလုပ်များကိုဆော့ ကစားနေသည့်ပုံစံဖြစ်ပုံရသည် ။ 

သူဖြတ်ခနဲမြမြခင်ကိုသတိရသွားသည်။မြမြခင်နှင့်သူလက်ထပ်ပြီးသည်အိမ်ပေါ်ကိုရောက်သည့်အချိန် တွင်မဟော်ဂနီရောင်ဖိတ်ဖိတ်ထနေသောစန္နရားအကြောင်းကိုမေးဖူးရာမြမြခင်ကသည်စန္နရားမှာ မိမိခင်ဟိုက်စကူးအာင်သည့်အချိန်တွင်ဖခင်လုပ်သူမှဝယ်ပေးထားတာဖြစ်ြေ
ကာင်း.မိမိခင်သည် စန္နရားတီးဝါသနာအလွန်ပါပြီးတက္ကသိုလ်တွင်လဲစန္နရားနှင့်ပတ်သတ်ပြီးဆုတံဆိပ်များစွာရဖူးကြောင်းပြောပြ   ဖူးလေသည်မမြခင်ကတော့သူမက တယာသာလျှင်ဝါသနာပါပြီးစန္ဒရားမတီးတတ်သဖြင့်အမြဲတမ်း ညီအစ်မနှစ်ယောက်သီချင်းကိုတွဲတွဲတီဲး့ကြောင်းပြောခဲ့သည်ကိုသူအမှတ်ရသွားသည် ။ 
သူခြေလှမ်းများဆက်လက်လှမ်းလိုက်သည့်အချိန်တွင်ဧည့်ခန်းကိုအပေါ်စီးမှမြင်ရသောမြင်ကွင်းကြောင့် ရုတ်တရက်သူအံသြမှင်သက်သွားသည်။ဘရိုကိတ်လုံချည်အနက်ပွင့်ကြီးတွေနှင့်ဇာအကျီခပ်ပါးပါး ကိုဝတ်ထားသောဆံနွယ်အခွေများကိုဘေးကိုချလျှက်ချောမောလှပသည့် မိန်းခလေးတစ်ဦးပင်ဆယ်ဟီး ကိုစီး ထားပြီး ပန်းပုရုပ်တရုပ်ရပ်နေသည့်အလား....................။
ပါးလွှာသည့်ဇာအကျီကြားမှယှက်သန်းထားသောဘော်လီရွှေကြိုးများကို အထင်းသား မြင်နေ ရပြီး ဖြူလွှနေသောလက်ချောင်းများက စန္ဒရားခလုတ် များပေါ် တွင် ပြေး လွှားဆော့ကစားနေသည် ။ ပြီးတော့ သူမကမြမြခင် ၏ပုံတူပန်ကြီးကားကြီးကိုမော့ကြည့်လျှက်နောက်ကျောပေးရပ်နေသည်။
ကိုစိန်ထွန်း ရင်ခုန်သလိုလိုစိတ်လှုပ်ရှားသလိုလိုနှင့် ခေတ္တခဏ အံသြမှင်သက်နေမိသည်။ 
တကယ့်..............ဒါ..ဒါ...မိမိခင်..မိမိခင်... ..
စိတ်လှုပ်ရှားလိုက်သည်မှာလှေကားလက်ရန်းကိုကိုင်ထားသောလက်များပင်ချွေးစေးများပျံလာသလိုခံစားရသည်။ကိုစိန်ထွန်း ခြေလှမ်းများပင်မှားလာသလိုလို ..................။
ဟန်မပျက်ဆင်းလာရင်းခပ်လှမ်းလှမ်းအရောက်ချောင်းတချက်ဟန့်လိုက်တော့လှလွန်းဆွေယမင်းရုပ်က
ခေါင်းလှည့်ကာကြည့်သည်။ ကိုစိန်ထွန်းရင်တွေ ဒိုင်းခနဲ ဒိုင်းခနဲ .. 
  " မိမိခင် ..မိမိခင်ပါနော် .. .."

. ကိုစိန်ထွန်း အသံကိုဟန်မပျက်ထိန်းပြီးမေးလိုက်သည်။ 
“ ဟုတ်ပါတယ် ကိုကိုထွန်း.. မိမိခင်ပါ..”
အဖြေနှင့်အတူနီထွေးသောနှုတ်ခမ်းတစ်စုံကပါအပြံူံးများပွင့်အာကျလာသည်။မျက်နှာကတော့ ညိုးလျလျပေမင်မျက်ဝန်းများက စူးစူးရှရှတောက်တောက်ပပရှိလှသည်။ကိုစိန်ထွန်းဆိုဖာတွင် ၀င်ထိုင်လိုက်ရင်းစီးကရက်တစ်လိပ်ကိုမီးအသာညှိလိုက်သည်။ ထွက်လာသောမီးခိုးများကြောင့်မိမိခင်လက် တချက်ဝှေ့လိုက်ရာ . ..
" ဆောရီးပါ မိမိ ...ကိုယ်ဆေးလိပ်သောက်ပါရစေ."

" ရပါတယ်.ကိုကိုထွန်း...သောက်ပါ .. ကိစ္စမရှိပါဘူး .."

ကြည်လင်ပြတ်သားသောအသံမှာ သြဇာအာဏာစက်ရှိနေသယောင်ယောင်ကိုစိန်ထွန်းခံစားရသည်။
မိမိခင်ကပြောရင်းမျက်နှာချင်းဆိုင်မှလွတ်နေသောဆိုဖာပေါ်သို့တင်ပါးလွဲခြေချိတ်ထိုင်လိုက်သည်။ မိမိခင်၏ဟန်ပန်အမုအယာများမှာဝမ်းနည်းနေသော်လည်းကိုယ့်ကိုကိုယ်ယုံကြည်မှု့အပြည့်ရှိနေသည့် အသွင်မှာအထင်အရှားပင်...

 ကိုစိန်ထွန်းကပင်စပြီး စကားစလိုက်သည်
 
" မြကိစ္စနဲ့ပတ်သတ်ပြီး ကိုယ်လဲတော်တော်စိတ်ထိခိုက်နေရပါတယ် မိမိ ..."
“မိနားလည်ပါတယ်..ကိုကိုထွန်း..မိပြန်လာတာလဲ မမရဲ့နာရေးကိစ္စကြောင့် နောက်ဆုံးမျက်နှာကိုမြင်ချင်လို့ပြန်လာခဲ့တာပါ "   ဒါပေမယ့်မမမျက်နှာကိုနောက်ဆုံးတောင်ကန်တော့ခွင့်မရလိုက်တာတော့ မိအရမ်းဝမ်းနည်းမိတယ် ."
" ဟုတ်ပါတယ် .ဘယ်လိုမှမတတ်နိုင်တဲ့အဆုံးမို့လို့မိမိပြန်လာတာကိုကိုယ်တို့မစောင့်လိုက်နိုင်တာပါ . မိမိပြန်လာမယ်လို့လဲ မထင်ထားကြဘူးလေ."

ကိုစိန်ထွန်းစကားသံအဆုံး မိမိခင်၏ ခပ်အက်အက်ရီသံကထွက်ပေါ်လာသည်။

" အဟက်ဟက်. .... တစ်ဦးတည်းသောဆွေမျိုးလဲဖြစ်အမရင်းလဲဖြစ်တဲ့သူရုတ်တရက်ကြီးဆုံးသွားတာကိုမှ မိမိပြန်မလာရင်မိမိဘာဖြစ်သွားမလဲ  ....ကိုကိုထွန်း .မိမိအဲလောက်အသည်းမမာပါဘူးလေ.."
" ကဲ ..ဟုတ်ပါပြီ .မိမိရယ် ..မိမိဘယ်တုန်းကရောက်လဲ ခုရော မိမိဘယ်မှာနေဖို့စီစဉ်ထားလဲ .."
ကိုစိန်ထွန်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ 
" မိ.ဒီနေ့မနက်ဘဲရောက်တာပါ ။ဒါပေမယ့် ခုလောလောဆယ်တော့ မိ သူငယ်ချင်းတစ်ယောက် စီစဉ်ပေးတဲ့ ဟိုတယ်မှာတည်းနေပါတယ် ။ နောက်ပိုင်းတော့ ဒီအိမ်မှာဘဲနေမှာပါ...ကိုကိုထွန်း...မမမြ နဲ့ကိုကိုထွန်းနဲ့ခွဲနေကြတယ်လို့ကြားတယ်။.အဲဒီတော့ မိ ..ရက်လည်ပြီးတာနဲ့ပြောင်းလာမယ် မမအခန်းမှာနေမယ် .။.မိ အတွက် ကြီးလှ ကိုဘဲအဖော်ခေါ်ထားပါ့မယ် ..သြော်တခုတော့ပြောရဦးမယ်.. ..မိရဲ့သူငယ်ချင်းဘိလပ်ကကျောင်းနေဖက်ဖရန့်တစ်ယောက် က  နောက်အပတ်ထဲမှာရောက်မယ် သူ့ကိုလဲ ဒီမှာဘဲ ခနတည်းခိုင်းဖြစ်မယ်ပေါ့ နော် ..ဘာလို့ဆိုတော့ သူကဘိလပ်မှာနေတာလဲ ကြာပြီ . မိနဲ့လဲ အင်မတန်ရင်းနှီးလေတော့ သူဒီလာတုန်း မိအိမ်မှာတည့်းပြီး သူ့ကိုဟိုဟိုသည်သည်လိုက်ပို့ဖို့လဲရှိလို့သူ့ကိုမိအခန်းတစ်ခန်းပြင်ထားပေးရမယ်ကိုကိုထွန်း..ကိုမိက ကြိုပြောပြ တာပါ ။ "
မမာသော်လည်းခွင့်တောင်းသည်မဟုတ်သည့်အမိန်သံအရိပ်အယောင်စကာလုံးများကိုတရစပ်ပြောသွား ပုံကို ကိုစိန်ထွန်းအောင့် သက်သက်ဖြစ်မိသော်လည်း ဘာမှပြောလို့မရ။ 
"ကောင်းပီလေ..စီစဉ်ပေးပါ့မယ်။မိမိကြိုက်တဲ့အချိန်သာပြောင်းလာပါ။..ကိုယ်... ကြီးလှကိုပြောထားလိုက်ပါ့ မယ် .."

" သြော် နောက်တစ်ခု က ဒီအိမ်မှာ တခြားသူစိမ်းတွေဘာတွေများ ရှိနေသေးလား ရှိနေတယ်ဆိုရင် . မိ အခန်းကို ကြီးလှ တစ်ယောက်ထဲပဲ ၀င်ထွက်ပါစေ ကိုကိုထွန်း. .မိက မိပစ္စည်းတွေကို သူတစ်ပါးယူကိုင်တာ တွယ်တာ မကြိုက်လို့ပါ " 

" ဒီအိမ်မှာ ကြီးလှအပြင် မြမြကိုယ်ဝန်ရှိကတည်းက အဖော်ရအောင်ခေါ်ထားတဲ့ ကိုယ့်ဆွေနီးမျိုးစပ် ညီမတစ်ယောက်တော့ ရှိတယ် မိမိ။ ကိုယ်ပြောထားလိုက်ပါမယ် "

" ခနနေရင် ကြီးလှ ကိုခေါ်လိုက်ပါ ကိုကိုထွန်း မိ.မှာစရာရှိတာ မှာခဲ့ချင်လို့ "
မိမိခင်စကားအဆုံး ကိုစိန်ထွန်း အိမ်ထဲကိုတချက်လှမ်းကြည့်ရင်း အသံပြုလိုက်သည်။ 

နောက်ဖက်ခန်းဆီမှ ထွက်လာသောကြီးလှခင်မျာ မိမိခင်ကို မြင်လိုက်သည်ရှိသော် . အပြေးတပိုင်းနှင့် လာပြီးဖက်ငိုတော့သည်။ 

" မိမိလေးရယ် . ရက်စက်လှချည်လား ခုမှပြန်လာရသလား.အမြလေးမရှိတော့ဘူး . အမြလေးမရှိရှာတော့ဘူး ..အကိုကြီးတို့လဲမရှိတော့ဘူး ..... အီးးဟီးးးးဟီးးး "

ကြီးလှတစ်ယောက် မိမိခင်ကိုဖက်ရင်းချုံးပွဲချငိုလေတော့သည်။ မိမိခင်မှာကြီးလှကိုဖက်ပြီးမျက်ရည်အ၀ိုင်း သားနှင့် နှစ်သိမ့်ရပြန်သည်။ 

" တိတ်ပါ ကြီးလှရယ် .မိလဲဘယ်လိုမှမတတ်သာလို့ နောက်ကျသွားရတာပါ. မိမှာ မမမြရဲ့နောက်ဆုံးမျက်နှာတောင် မြင်ခွင့်ရလိုက်တာမဟုတ်ပါဘူး . မိဘယ်လောက်ခံစားရမလဲ ဆိုတာသာ ကြီးလှတွေးကြည့်ပါတော့ "  

" သေချင်းသေ အိုနေတဲ့ ကျုပ်သေပါတော့ မိမိလေးရယ် .ဘယ်နှယ့် သူတော်ကောင်းကလေးမှ သေရတာ တုန်း ။ အင်မတန်စိတ်နှလုံးကောင်းရှာတဲ့ ကလေးမ.  ကံဆိုးလိုက်တဲ့ကလေးမ "
 
အရွယ်အိုရှာပြီဖြစ်သော အိမ်ထိန်းကြီး ကြီးလှ. မြမြခင်နှင့်မိမိခင်တို့ ကို မိခင်နှင့်မခြားတလှဲ့ဆီ ထိန်း ကျောင်းလာခဲ့သော  ကြီးလှ။ မြမြခင်မျက်စိအောက်တွင် ပိုးစိုးပက်စက် သေသဖြင့် စိတ်ထိခိုက်နေ ရှာသည်။ 

"မငိုပါနဲ့တော့ ကြီးလှရယ် ..မိလဲ အရမ်းကိုစိတ်ထိခိုက်နေရတာပါ ။ ဘယ်တတ်နိုင်ပါ့မလဲလေ။ သူ့ကံကို က ဒီလောက်ပဲပါလာလို့ပေါ့ ။ မိလဲ ဒီအိမ်ကို မမမြ ရက်လည်ပြီးတာနဲ့ ရွှေ့လာမယ် ။ မိနေဖို့အခန်းကို ပြင်ထားပေးနော်..   မမအိပ်ခန်းနဲ့ ကပ်လျှက်က အရင်မိနေခဲ့တဲ့အခန်းကို ပဲပြင်ထားပေးပါ ။ မမအခန်းကိုလဲ ဘယ်သူမှမ၀င်မထွက်ပါစေနဲ့ ။ မမရှိတုန်းကအတိုင်း ပဲထားပေးပါ ။"

" အေးပါ မိမိလေးရယ် . ကြီးလှပြင်ထားပေးပါ့မယ် . မိမိလေးကိုမြင်ရင် အမြလေးကိုပိုသတိရတယ်. ကြီးလှ ဖြင့်ရင်ထဲမချိဘူး ကွယ် .. "

ပြောရင်းကို ချုံးပွဲချငိုပြန်လေသည်။  ဆိုဖာဘေးတွင် ကျုံ့ကျုံ့လေး ထိုင်ရင်း မျက်ရည်များကို ပ၀ါစွန်းတဖက်ကိုသုတ်လိုက် ဖြင့် လုပ်နေသော ကြီးလှကို ကိုစိန်ထွန်းကြည့်မရတော့ချေ။ သက်သက် အိုက်တင်လုပ်နေသလိုလိုခံစားလာရသည် ။ သို့ဖြင့်တချက်လှမ်းဟန့်လိုက်သည်။ 

" ကြီးလှ အဲလိုငိုနေတော့ရော မြကပြန်ရှင်လာမှာမို့လို့လား . ကျန်ခဲ့တဲ့သူတွေစိတ်ဆင်းရဲတာဘဲ ရှိမပေါ့. ဘယ်နှယ့် အော်ကြီးဟစ်ကျယ်နဲ့ မငိုနဲ့ ကျုပ်မကြိုက်ဘူး .  သွားတော့ နောက်ဖေးကို..."

ကိုစိန်ထွန်း၏ ခပ်ငေါက်ငေါက်စကားသံအဆုံး ကြီးလှခင်မျာ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟု ပြောကာ ခေါင်းကိုငုံ့ ရင်း မျက်ရည်သုတ်ခါ နောက်ဖက်သို့ ခပ်ကုတ်ကုတ်ကလေးဝင်သွားရှာလေသည်။ 
နောက်ဖေးခန်းသို့ ကြီးလှ ၀င်ရောက်ပျောက်ကွယ်သွားချိန်တွင် မိမိခင်၏ ခပ်မာမာလေသံ ထွက်ပေါ် လာ လသည်။ 
 
" အို ..ကိုကိုထွန်းအဲလိုမပြောပါနဲ့ . မိမိတို့ မမတို့ဆိုတာ ကြီးလှလက်ပေါ်မှာကြီးရလာရတာ . မာမီက မိတို့ ကို မွေးရုံဘဲမွေးနိုင်တာ။အစစအရာရာ ကြီးလှဘဲ ထိန်းကျောင်းပြီးချီးသေးကအစလုပ်ပေးခဲ့ရတာ။ မိမိတို့တသက် ကြီးလှဟာ အမေလိုဘဲ ။  နောက်ပြီး မမမြက ကြီးလှမျက်စိရှေ့တင်သေတာဆို ။ ဒီတော့ ခမျာခံစားရတာ ပေါ့ ။ ဒါတော့ကိုကိုထွန်းနားလည်ဖို့ကောင်းတယ် "

ကိုစိန်ထွန်းကဗျာကယာတောင်းပန်လိုက်သည်။

'  ဆောရီးပါ မိမိရယ် . ကိုယ်က မိခရီးရောက်မဆိုက် စိတ်ဆင်းရဲမှာဆိုးလို့ပါ ။"

"နာရေးကြောင့်ပြန်လာတဲ့လူကိုစိတ်ထိခိုက်မှာဆိုးလို့ ဆိုတဲ့စကားနဲ့တော့မပိတ်နဲ့လေ ကိုကိုထွန်း 
ဒီအကြောင်းတွေဟာ မကြားချင်လဲကြားမမြင်ချင်လဲ မြင်နေရမှာဘဲမဟုတ်လား ။ ဒီအိမ်ကြီးထဲမှာ မိမရှိတုန်း ဒယ်ဒီရယ် မာမီရယ် မိ တူမလေးရယ် ဆုံးပါးသွားခဲ့တယ် . ခု မမမြလဲသေပြီ။ မိရဲ့ မိသားစုဝင်တွေ အကုန်မရှိတော့မှ ပြန်ရောက်လာရတဲ့ မိ အတွက် ဒီလောက်လေးကြားတာလောက်နဲ့တော့ ထူးပြီး စိတ်မထိခိုက်တော့ပါဘူး ကိုကိုထွန်း။ ရပါတယ် ။ မိအတွက် စိုးရိမ်ပေးတဲ့ ကိုကိုထွန်းကို လဲကျးဇူး တင်ပါတယ် ။"    
ကိုစိန်ထွန်းစီးကရက်မီးခိုးများကိုမှုတ်ထုတ်လိုက်ရင်းမိမိခင်ကိုတချက်ကြည့်လိုက်မိသည်။ ခပ်ဆတ်ဆတ်ပြောပြီး  ဆိုဖာပေါ်တင်ပလွဲထိုင်နေသော မိမိခင်၏ပုံစံမှာမြမြခင်နှင့်ဆင်သယောင်ရှိသော်လည်းမြမြခင်ထက်ပိုပြီး သွက်လက်ထက်မြက်ဟန်ရှိပြီး ပန်းပုရုပ်တခု ကိုထုဆစ်ထားသည့်ပုံအတိုင်းကျော့ ရှင်းလှပနေသည်။ 

စင်ရော်တောင်မျက်ခုံးအောက်မှကော့သွယ်နေသောမျက်တောင်များနှင့်အထက်အောက်ညီညာသော နှုတ်ခမ်းပါးပါးတို့ကမိမိခင်၏မျက်နှာအလှကိုပိုမိုပေါ်လွင်နေစေသည်။ ခါးကိုခပ်မတ် မတ်ထားပြီး ခြေထာက်ချိတ်ကာတင်ပလွဲထိုင်နေသောပုံစံမှာမိန်းမပျိုတစ်ယောက် ၏ကောက်ကြောင်းကို ထင်ရှားစွာမြင်နေရသလိုပါးလွှာသောနိုင်လွန်မှန်ဇာလွှာအောက်မှရွှေကြိုးနှစ်ချောင်း ကိုယှက်ထားတဲ့ရင်အစုံမှာအသက်ရှုနေသဖြင့်နိမ့်တုံမြင့်တုံဖြင့်မြင်ရသောပုရိသအပေါင်းမှာ ရင်ခုန်လှုပ် ရှားသွားနိုင်သည် ။  ကိုစိန်ထွန်း ကိုယ်တိုင်ပင် စိတ်တွေလှုပ်လှုပ်ရှားရှား ဖြစ်နေမိသည်။ ...

မိမိခင်ပြန်သွားတော့ တစ်ညလုံး ကိုစိန်ထွန်းအိပ်မပျော်။ မိမိခင်စီးလာသည့် ဘောက်စ် ၀က်ဂွန်ကား လေးခြံ ထဲမှာထွက်သွားသည်အထိ မျက်စိတစ်ဆုံး ဧည့်ခန်းပြတင်းပေါက်မှ ကြည့်နေခဲ့ မိသည်။ 


ဘိလပ်မှာပညာတော်သင်သွားနေသူမိမိခင် ၊ မဟုတ်မခံ မာနခဲ မိမိခင် ၊ အချောအလှ မိမိခင် ဒီလိုပုံစံနှင့်ကတော့ ချုချင်သူတွေ ၀ိုင်းဝိုင်းလည်နေမည့်မိမိခင် .........." ...မိမိခင် ......မိမိခင် ."....နှုတ်မှ မိမိခင် နာမည်ကိုတိုးတိုးရေရွတ်ရင်း စီးကရက်တစ်လိပ်ကို မီးညှိလျှက်  ကုလားထိုင်ပေါ်တွင်ခြေပြစ် လက်ပစ်ထိုင်ချလိုက်သည်။ 

မျက်နှာကျက်ပေါ်တွင်လဲ မိမိခင် ၏ မခို့တရို့မျက်နှာ က ခပ်ရေးရေးပေါ်လာသည်။ 
ကိုစိန်ထွန်း   ခေါင်းကိုခါရမ်းပြစ်လိုက်သည်။ အဓိပါယ်မရှိလိုက်တာ မိမိခင်ကို ခုတစ်ကြိမ်သာမြင်ဖူး ခဲ့သည်။  အဘယ့်ကြောင့် မိမိခင်သည် စိတ်ထဲရောက်လာသနည်း။ သူ့ကိုသူပြန်မေးဖြစ်သည်။ 
ဂဏာကမငြိမ်သလိုလို ။ စိတ်လှုပ်ရှားသလိုလို ။ 

ဒါဆို မြမြခင်ရောမချောဘူးလား။ ချောပါသည် ။ မြမြခင်အလှက တည်ငြိမ်သည့် အလှ။ မြမြခင် မျက်နှာက အေးချမ်းသည်။ ရိုးသည်။ မိမိခင်ကလှသည်။ ထက်မြက်ပုံရှိသည်။ ၀တ်ပုံ စားပုံတွေက ဘိလပ်ကပြန်လာသူလို့ပြောစရာမလိုလောက်အောင်ပင် ခေတ်ဆန်သည်. ။ 

ညက ၀င်းဝင်းနွားနို့ လာတက်ပို့သည်ကိုပင် ထားခဲ့ဟုပြောပြီး တံခါးပိတ်ထားလိုက်မိသည်။  ၀င်းဝင်းမျက်လုံးများက စူးစမ်းသလိုလို သူ့ကိုကြည့်သွားတာ ကိုစိန်ထွန်းမြင်လိုက်သော်လည်း မသိကျိုးကျွန် နေလိုက်သည်။ မိမိခင် ကိုခနလေးစဉ်းစားနေချင်သည်။နောက် လေးရက်ကြာလျှင် မိမိခင်ဒီအိမ်ကြီးသို့ရောက် လာတော့မည်။  သူနှင့် တစ်အိမ်ထဲနေရပေတော့မည် ။ 
ထိုင်လိုက်ထလိုက် အိပ်ယာပေါ်ပြန်အိပ်လိုက် ဟိုဘက်လှိမ့်လိုက် သည်ဘက်လိမ့်လိုက်နှင့် ကိုစိန်ထွန်းတစ်ယောက် အတွေးဝင်္ကဘာမှာ ချာ ချာ လည်နေလေတော့သည်။......................။ 


မဒမ်ကိုး
၉ နာရီ ၅၅ မိနစ်
၁၆ ရက် ၁လ ၂၀၁၃ 


 ကျားထောင်ချောက် အပိုင်း (၁)

ကျားထောင်ချောက် အပိုင်း ( ၂ ) 

19 comments:

blackroze said...

မားမားကလည်း..တခါတည်းပြီးအောင်မရေးဘူး..ဟင့်

AMK said...

ကိုစိန်ထွန်း အချိုးမပြေတဲ့  ပုံစံ ကြည့် ၇တာ ဗီလိန်ပဲ

Thazin said...

မိမိခင်ကရေလည်လန်းတယ်နော်ကိုစိန်ထွန်းတင်ဟုတ်ဖူးသွပ်များတို့ပါကြွေသွားပီ

မိုးသက် said...

ရောဂါတိုးတယ် ကျားထောင်ချောက်ရယ်...

Butterfly said...

ရက်စက်ပြန်ပီ မမရယ် ....အပိုင်း(4) မြန်မြန်လုပ်ပါဦးနော် :)

Unknown said...

ကိုစိန်ထွန်းကြီးပဲဖြစ်ချင်သကွာ

အင်ကြင်းသန့် said...

အရမ်းဖတ်လို့ကောင်းတယ်။ အဆက်မျှော်နေမယ်...

Unknown said...

ဖတ်လို.ကောင်တုံး...
အပိုင်း ၄ ကိုမျှော်နေမယ်ကွယ်။
အားပေးလျှက်၊ခင်တဲ.အန်တီလေးမေခင်

Cameron said...

ငင် ဇာတ်သိမ်းတေးဝူးလား.... တော်တော်ကြာအူးမယ် နောက်တပုဒ်ဖတ်ရဖို့က နာတိနေတယ်နော်..။

sosegado said...

စိတ်ဝင်စားစွာဖြင့် အဆက်ကို စောင့်နေပါကြောင်း
ခင်မင်လျှက်

နွေတေးရှင် (မင်းဧရာ) said...

ကိုစိန်ထွန်း တစ်ရေးနိုးလာပီး))။

ညေးနှယ်အေ လွန် လွန်ရန်ကော ဂလောက်အကြားကြီး နေရသလား တစ်ပိုင်းနဲ့ တစ်ပိုင်းက။

မိုးညချမ်း said...

မမကတော့ လုပ်ပြီ ချန်ထားပြန်ပြီ တစ်ဝက်တစ်ပျက် :)

မိုးနတ်ကြယ်စင် said...

ချစ်မရေ...အဆက်ကိုမျှော်နေတယ်နော်..
ရေးချက်တွေပီပြင်လွန်းတာမို့ မိမိခင်နဲ့
ကိုစိန်ထွန်းတို့များ အနားမှာရောက်လာသလား
ထင်ရတယ်...မြန်မြန်ဆက်ပါ မရယ်...
ဒီမှာတို့လို့ တစ်လစ်နဲ့ ကျန်နေရတယ်....:(
ချစ်တဲ့....မိုးနတ်

စံပယ်ချို said...

အဲတာလေးကို စိတ်ရှည်ရှည်စောင့်နေရသူပါ
ကျေးဇူးပါရွှေဒိုးရေ
ကျန်တဲ့အဆက်လေးတွေလဲ မြန်မြန်လာပါစေလို့

မောင်ဘုန်း said...

ကိုစိန်ထွန်းပဲ သာမလား မိမိခင်ပဲ သာမလားပဲ .... စိတ်ဝင်စားမို့  ကောင်းလားပြီ ....
အစ်မရေ ...အဆက်လေး မျှော်နေမယ် နော် ...

မိုးသူ(တောင်ကြီး) said...

အိုးးးးးးးး နံပါတ်သုံးပြီးတော့ တို့ လို့ တွဲလောင်းကြီး

half feel လေးနဲ့ ကျန်ခဲ့တယ်ပေါ့ကွယ်

အပိုင်းလေး မျှော်ပါအုံးမယ် ကိုကိုစိန်ထွန်းရေ ...

လွင်ပြင်လှိုင်းငယ် said...

အဟင့်.....မျှော်ရအုံးမပေါ့ ။
ဇာတ်ရှိန်ကမြင့်နေပြီကို စောင့်ယုံပဲပေါ့ ။

kokoseinygn said...

အလည်ေ၇ာက်တယ် ညီမလေး
စာကြွေးတွေဖတ်ရင်းပေါ့
နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ။

San San Htun said...

မိမိခင်နဲ့  ကိုစိန်ထွန်း ဘယ်လိုဇာတ်လမ်းသွားမလဲလို့  သိချင်မိတယ်..နောက်အပိုင်း မျှော်နေတယ် ခင်ည..

Related Posts Plugin for WordPress, Blogger...