ပစ်ပစ်
ကလေးက ကိုယ့်ကိုတဂ်ပိုစ့်လုပ်ထားတယ်။ မားမား သူတဂ်လုပ်ထားတဲ့ပိုစ့်ကို မရေးဘူးလားတဲ့ ။ .. အင်း ရေးမယ်ရေးမယ်ပေါ့ .ထုံးစံအတိုင်း အရှုပ်တွေလုပ်နေတာလား
အလုပ်တွေရှုပ်နေတာလား . ကိုယ့်ကိုယ်ကိုယ်တောင်မသေချာမရေရာလို့ ဟိုသီချင်းလို မသေချာဘူး
မရေရာဘူး ဘာမှမသိဘူး သီချင်းတောင်ဆိုရမလိုဘဲ .
ပြန်ကြည့်လိုက်တော့လဲ
ဘာတွေမှန်းမသိခဲ့ဘူး ၀မ်းနည်းခြင်းဝမ်းသာခြင်းတွေလဲပြည့်နှက်လို့ စိုးရိမ်ပူပန်ခြင်းနဲ့
သောကတွေလဲ အပြည့်ဘဲ . ဒေါသ မောဟတွေ တောင်အဆစ်ပါလိုက်သေးတယ် ဘာလဲလို့မမေးနဲ့ ကိုယ်ကိုယ်တိုင်ပြန်ကြည့်တောင်
ဘာဆိုဘာမှမသိဘူးဖြစ်နေခဲ့တာ . ။
အရင်ကဆို
တွေ့သမျှမြင်သမျှ ရေးဖို့ဦးနှောက်ကစဉ်းစား လက်ကချရေးဖြစ်ပေမယ့် ခုတော့ ရေးဖို့မြင်လာတာတောင်
အကြွေးမှတ်လေလျော့ဘဲ . ။ အရည်အသွေးတွေကျဆင်းလာတာလား။ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီစကားက နည်းနည်းမြင့် ကောင်းမြင့်နေမယ် အမှန်တော့
အပျင်းကြီးသွားတာဆိုရင် ပိုမှန်မလားဘဲ . ပင်ပန်းတယ် စိတ်မောတယ် နေမကောင်းဘူး ဒါတွေကလဲ
ခိုင်လုံတဲ့အကြောင်း ပြချက်တွေ ဆိုပေမယ့် လူဆိုတာ
ကိုယ့်တာဝန်ကိုယ်တော့ထမ်းရတာဘဲမဟုတ်လား ။
ဘလော့ဂါက
စာမရေး ဖဘမှာပျော် နေတာ ဘာလဲ ပေါ့ ။ အရင်တုန်းက လဲ ရေးချင်လှပါချည်ရဲ့ဆိုတာ လဲ ဘယ်သူလဲ
။ ခုမှ ရေးဖို့ အရှိန်မရသေးပါဘူးဆိုတာလဲ ဘယ်သူလဲ ။။။ ပြန်မေးရင်အရှက် တောင် ကွဲသွားနိုင်တယ်
။
ဘလော့တွေလဲလိုက်မလည်ဖြစ်ဘူး
။ အကုန်လုံးကိုသတိရနေတယ် ကိုယ့်တာဝန်မကျေဘူးဆိုတာ သိပေမယ့် မျက်နှာပူပူနဲ့ဖေ့ဘွတ် ဆိုတဲ့မှော်ရုံတောမှာ
ကိုယ်ဟာပျော်နေမိပြန်တယ် ။
ခု
ကိုယ်ဖေ့ ဘွတ်ကိုစွန့်ခွါကြည့်တယ် ရသားဘဲအဆင်ပြေသားဘဲ .ခနတဖြုတ်တော့ သံယောဇဉ်မကုန်လို့ဝင်ကြည့်ဖြစ်ပေမယ့် ကြာကြာမနေဖြစ်တော့ဘူး ။ အရင်တုန်းကတော့ စားစားသွားသွား
ကိုယ်ဟာ ဒီလောကမှာပျော်နေခဲ့ဖူးပါတယ် ။ ဘာလုပ်လုပ် ဘာကိုင်ကိုင် ဖဘလေးမှာမှရင်မဖွင့်ရရင်စားမ၀င်ရယ်တဲ့မှ
အိပ်မပျော်ပါဘူး ။ ကိုယ့်ကိုကိုယ်ဘလော့ဂါဆိုပြီး ဂုဏ်ယူရအောင် မာန်တက်ရအောင်လဲ ဘလော့ဆိုတာမှာရေးတဲ့သူမို့ဘလော့ဂါဖြစ်တာဘဲဟာ
အစိုးရအသိအမှတ်အပြုလက်မှတ်ရထားတာလဲ မဟုတ်ပေါ့ ။
ခုတလော
အကုန်အဆက်အသွယ်ဖြတ် တရားနာဖြစ်တယ် ။ သေမှာကြောက်တာလဲပါကောင်းပါချင်ပါမယ်။
နောက်တခုကိုယ့်မှာမကောင်းတဲ့အကျင့်တခုက
တခုခုကိုစွဲလမ်းရင် အသေအလဲစွဲလမ်းတတ်ပြီး ကိုယ့်စိတ်မှာမလိုချင်တော့ ဘူးဆိုရင် ရှေ့မှာဘာလာချပေးပေး
လှည့်တောင့်မကြည့ှ်တော့တဲ့အထိ ဖြစ်တတ်တဲ့အကျင့်ကိုလဲ ပြင်ရဦးမယ်။
နောက်ထပ်ဘာအသိတရားရသေးလဲဆိုတော့
. အလုပ်ရှင်နဲ့ပတ်သတ်ပြီး မြင်မိတာလေးတွေပေါ့ . သားသမီးတွေ ကျောင်း ပိတ်တာနဲ့ စက်ရုံထဲကိုခေါ်လာတယ်
ယောကျာင်္းလေးတွေဆိုရင် စက်ရုံထဲမှာစက်တွေအကြောင်းနားလည်အောင်လွှတ်ထားတယ် အဲဒီ့နေ့ကို
မုန့်ဖိုးပေးတယ် အချိန်ပိုင်းဆင်းတယ်ပေါ့ . သမီးမိန်းခလေးကျတော့ရုံးပေါ်မှာ ဖိုင်တွေစီခိုင်းတယ်
တံမြက်စည်းကအစ လှည်းခိုင်းတယ် ။ အဲဒီနေ့ အလုပ်လုပ်ခရတယ် ။ ငယ်ငယ်လေးထဲက ပုံစံသွင်းထားတယ်
။ ကြီးလာရင်တနေ့ကျသူတို့ဒီနေရာကိုဆက်ခံရမယ်ဆိုတာ မိဘက စီစဉ်ထားပြီးသား။
အဲဒီမှာဘာတွေးမိလဲဆိုတော့
တရုတ်တွေ မှာကောင်းတဲ့အချက်ကအဲဒါဘဲ ။ သားသမီးတွေနောင်ရေး အတွက် သူတို့မှာ ရှိပြိးသား
လက်ဆင့်ကမ်းစရာအမွေပေါ့။ လူကြီးတွေပြောတဲ့စကားပြန်အမှတ်ရမိတယ် ။ တရုတ်က သားသမီးကို
လုပ်ငန်းအမွေပေးနိုင်တယ် ကလေးသိတတ်တာနဲ့ ရွှေအကြောင်း အပေါင်ဆိုင်အကြောင်း စက်ရုံတွေအကြောင်းသင်ပေးနိုင်တယ်
။ ကုလားက သားသမီးကို သံစကနေေ ရွှဖြစ်တဲ့နည်း အမွေပေးနိုင်တယ် ။ မြန်မာတွေကတော့ သားသမီးကို
ဈေးတာင်ခေါင်းရွက် ဖရဲသီးခွဲရောင်း တတ်ဖို့နည်းနဲ့ သူ များ အလုပ်သမားဖြစ်ဖို့ဘဲအမွေပေးနိုင် တယ်တဲ့ ။ ဒါဟာငြင်းလို့မရတဲ့ အချက်တချက်ထဲမှာ ပါ
နေတာ ကို နှစ်မကုန်ခင်မှာ သိလိုက်ရတယ် ။ အင်း…ကိုယ့်အလှည့်ကျရင် ရော ဘာပေးနိုင်မလဲလို့
စဉ်းစားမိ လိုက်တယ် ။သေချာတယ် ဘာမှမရှိသေးတာတော့။
နောက်တစ်ခု
က အခန်းဖော်ရဲ့ပြသဒါးနေ့ရက်တွေကို ခံစားလာရတဲ့အခါဘာတွေးမိလဲဆိုတော့ သမာသမတ်နဲ့ သဟဇာတဆိုတဲ့
စကားလုံးကို ပြန်သုံးသတ်မိလာတယ် ။ ကိုယ်ကချည်းဘဲ အမြဲ တပြုံးပြုံးနဲ့ ငုံ့ခံပြီးကွယ်ရာကျမှ
လက်သီးလက်မောင်း တန်းနေလို့လဲမရဘူးမဟုတ်လား ။ ကဲ သမာသမတ်ကျအောင် ပြောပြီးရင်တော့ လူအများနဲ့နေရတာ
သဟဇာတဆိုတဲ့ စကားကို လဲ ဆက်လက်ကျင့်သုံးရပေဦးမယ်လို့တွေးမိလိုက်တယ် ။ လူဆိုတာ အမြဲချည်းတော့
သူများအပြော ကိုငုံ့ခံနိုင်မယ်မဟုတ်တာ သိပေမယ့် အရှုံးပေးတော့လဲ နှလုံးအေးနေပြန်ပါရောလို့ သုံးသတ်မိတယ် ။
ပြင်ပအပေါင်းအသင်းထက်တစ်ယောက်ထဲနေရတာကို
နှစ်သက်လာတဲ့ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာရောဂါများရနေပြီလား လို့တောင်တခါတခါသံသယ၀င်လာမိသေးတယ်
။ဘာလို့ဆိုတော့ အချိန်ပြည့် ကွန်ပြုတာ ဖုန်းတွေ
တက်ပလပ်တစ်လုံး အိုင်ပေါ့ကိုနားကြာထိးုပြီး ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်သထက်ပြတ်လာတယ်
။ ရောဂါကိုအလိုမကျသလို ကိုယ့်ကို ကိုယ်လဲ စိတ်တိုင်းမကျတော့ . အထီးကျန်ခြင်းကိုဘဲ အဖော်လုပ်ဖြစ်သွားတယ်
။
အချစ်ကိုမယုံကြည်တတ်တော့တာ 2012 အကုန်လောက်မှာ ပိုပြင်းထန်လာတယ် ။ အချစ်ကို မကိုးကွယ်ချင်တော့ဘူး။ သေချာတာ ကိုယ်ဟာအချစ်ကို
မယုံကြည်တော့တာဘဲ ။ ဒါပေမယ့် ကိုယ် ဟာ အလွမ်းသီချင်းတွေ အသည်းကွဲသီချင်းတွေကို နှစ်သက်သူ
တစ်ယောက် ဖြစ်သွားတယ် ။
အေးချမ်းတဲ့
မိသားစုဘ၀လေးတစ်ခုလိုချင်တယ် ။ ကိုယ်နေချင်တာ မိဖုရား ဖြစ်နေတာ ဘုရင်မဖြစ်နေသလားလို့
။ အစစအရာရာ ကိုယ်ရှေ့ကပြေးနေရမယ်ဆိုလဲမဟုတ်သေးဘူး။ အမှန်တော့အပျင်းကြီးလာတာများလားသူတစ်ပါးကိုမှီခိုချင်စိတ်ဖြစ်လာ
တာများ လား။
နောက်တစ်ခုက
ကိုယ်နည်းနည်း အရည်အသွေးကျဆင်းလာတယ် ။ မနက် ၆ နာရီထနေကြလူက ခုဆို ၇ နာရီ နိုးစက်ကိုတောင်
အဆင့်ဆင့် ပေးရတဲ့ အထိဖြစ်နေတတ်တယ် ။ ၆ခွဲမှာ
နိုးစက် သုံးလုံးနဲ့ တစ်ခါ လေးဆယ့်ငါးမိနစ်မှာ တစ်ခါ ၇နာရီအတိမှာ တစ်ခါ ခနခနအဆင့်ဆင့်
နိုးစက်ပေး ရတဲ့ဘ ၀ရောက် လာတယ် ။
ခပ်ကြောင်ကြောင်သူငယ်ချင်းတစ်ယောက်
ရဲ့ အားမနာလျှာမကျိုးလင်ဇီးရောဂါ ကိုလာဟောလို့ စိတ်ပျက်စွာနဲ့ သူဖုန်းကို မကိုင်ဘဲ
ရှောင် နေရတဲ့ နေ့တွေလဲများလာတယ် ။ တဆင့်စကား နဲ့ရမ်းကုပြီးပိုက်ဆံရဖို့တဘို့ထဲ ကြည့်ပြီး
တော့ ကိုယ်မလုပ်နိုင်ဘူး ။ ကိုယ့်စိတ်ကလဲတမျိုးရယ် ။ လူမချမ်းသာပေမယ့် စိတ်တော့ချမ်းသာချင်သား
။
အများကြိးပါပဲ
။ 2012 မှာ 21 ရက်နေ့တော့ဖြင့်ဘာဖြစ်မယ် ညာဖြစ်မယ် 12.12.12 မှာ ထီထိုးရင်ဘဲ ထီပေါက်တော့မလိုလို
မင်္ဂလာဘဲအမှတ်တရထဆောင်ရမလိုလို . ဒါမှမဟုတ် တိုက်ပေါ်ကခုန်ချပြီး အမှတ်တရလုပ်ရတော့မလိုလို
. နဲ့ ယောင်ဝါးဝါးနေ့ ရက်တွေ ကိုအချိန်ကုန်ခံပြီး
ဖြတ်သန်းတဲ့အထဲမှာ ကိုယ်လဲ တစိတ်တပိုင်းပါသွားခဲ့သေးတယ် ။
တရက်ကစီးတီးဟောမှာဈေးဝယ်နေတုန်း ညီမငယ်တစ်ယောက်ကလာနှုတ်ဆက်တယ်။ အမဘလော့ဂါမဒမ်ကိုး မဟုတ်လားတဲ့
. ကိုယ်ရှက်ရှက်နဲ့ရီပြီးပါးစပ်ကိုလက်ညိုးထောင်ပြိးတိုးတိုးလို့လုပ်ပြမိတယ်။ပြိးတော့ရီမိတယ်။
ကိုယ်ဘာကိုရှက်တာလဲ .ကိုယ့်ကိုလူတွေကြည့်ပြီး မလွတ်လပ်မှာကိုစိုးတာပါ . ။ ကိုယ်ကဘာကောင်မှမဟုတ်ဘူးလေ
။ ဒါပေမယ့် သူက အမရေးတဲ့ကျားထောင်ချောက်ကို သိပ်ကြိုက်တယ်တဲ့ . အဲဒီမှာ ကိုယ်ဘာ ပြန်သတိရလဲဆိုတော့
သြော် ..ငါစာနဲ့အဆက်အသွယ်ပြတ်နေ ပါပေါ့လားပေါ့ . အသိတရားတခု ၀င်သွားတယ် ။စာရေးတာဝါသနာပါလို့ ဒီလောကထဲဝင်ခဲ့တာ ။ဘာပဲဖြစ်နေနေစာတော့ရေးရဦးမယ်မဟုတ်လား ။ ကျေးဇူးပါ
ညီမငယ် ။ စာကြွေးတွေဆပ်ရပါဦးမယ် ။
ပိုက်ဆံနဲ့ပတ်သတ်လို့
လဲ 2012 ထဲမှာ ငါတော့ဖြင့်ဘယ်လောက်စုလိုက်မယ်ပေါ့ ။ လက်သီးလက်မောင်း တန်းလိုက်တာများ
ဦးတေဇလောက်နိးနီးမှီတော့မလိုဘဲ ။ အချိန်တန်တော့နှစ်သာကုန်သွားရော . ဒုံရင်းကဒုံရင်း
မုန့်ပုလင်းဖြစ်နေတာဘဲ ။
လိုချင်တာတွေများလွန်းနေတော့
ဘယ်ဟာကိုရွေးရမှာလဲ ။ လှတာလေးမှလိုချင်တယ်။ အရွယ်လေးရှိတုန်းလှချင်တယ် . အဲလိုဘဲ .လိုချင်တယ် ၀ယ်တယ် ဘာဖြစ်လဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာ
…အေး ၀ယ် ကုန်တာပေါ့ မစုမိဘူးပေါ့ ဒါဘဲလေ
.ဒါဘဲပေါ့ ။
အိုင်တီနည်းပညာထွန်းကားမှု့ရဲ့နောက်မှာ
ကိုယ်ဟာသားကောင်တစ်ကောင့်ဖြစ်မှန်းမသိဖြစ်လာတဲ့ 2012 မှာ ကိုယ်လိုချင်တဲ့ အသစ် အသစ်တွေများလာတယ်
။ ၀ယ်တယ် ။ ၀ယ်တယ် ၀ယ်တ.ယ် ။။အဲဒီတော့ ကုန်တယ် ကုန်တယ် ကုန်တယ်။
နောက်တစ်ခုက ရတနာပစ္စည်းတွေနဲ့ကျောက်မျက်ရတနာတွေကို နှစ်သက်တတ်လာတယ် ။ အထူး သဖြင့် စိန်လိုဟာမျိုးတွေမြင်ရင် ကိုယ်တမက်တမော ကြည့်ဖြစ်သလို ကိုယ့်လက်ချောင်းတွေနဲ့ လိုက်မလိုက် စိတ်ဝင်စားတတ်လာတယ် . ဒါလဲတက်မက်မှု့တွေ သိပ်များလာတာဘဲမဟုတ်လား။
နောက်တစ်ခုက ရတနာပစ္စည်းတွေနဲ့ကျောက်မျက်ရတနာတွေကို နှစ်သက်တတ်လာတယ် ။ အထူး သဖြင့် စိန်လိုဟာမျိုးတွေမြင်ရင် ကိုယ်တမက်တမော ကြည့်ဖြစ်သလို ကိုယ့်လက်ချောင်းတွေနဲ့ လိုက်မလိုက် စိတ်ဝင်စားတတ်လာတယ် . ဒါလဲတက်မက်မှု့တွေ သိပ်များလာတာဘဲမဟုတ်လား။
အဖြေကရှင်းနေတာဘဲ
2012 မှာ ဘာမှဖြစ်မလာဘူးလို့ ပြောချင်တာဘဲ အဓိကကတော့ ။ အဲဒီတော့ သူများတွေလို 2012
ဘာမှဖြစ်မလာလို့ 2013 ကျရင် တော့ဘာဖြစ်ရမယ်လို့တော့ မမျှော်လင့်တော့ ပါဘူး ။ဒါပေမယ့်
တနေ့ပြီးတနေ့ ကုန်လွန်သွား တာနဲ့အမျှ .အကျိုးရှိအောင် အသုံးချပြီးတော့ ဘဲနေဖြစ်နေ လိုက်တော့တယ်
။ ပြောတာထက်လက်တွေ့အလုပ်လုပ်ပြတာ ပိုကောင်း လိမ့်မယ် ထင်ပါတယ် ။
ပြောရရင်တော့
2013 မှာ ကိုယ် ပိုရက်စက်တတ်သွားမလား ပိုပြတ်သားသွားတတ်မလားတော့မသိဘူး ။ ခုလောလောဆယ်တော့
ကိုယ်ကြိုက်တတ်တဲ့ကျွဲရိုင်းတောင်ပြတ်နေပြီ ဆိုပါတော့ .. အဲ…ဒါပေမယ့် ကော်ဖီတော့မပြတ်နိုင်သေးဘူး
. မတည့်ပါဘူးလို့ဆရာ ၀န်က အကြိမ်ကြိမ်ပြောလဲ မလုပ်နိုင်သေးပြန်ဘူး ။ ဒီလိုနဲ့ မုန့်လုံးကိုစက္ကူကပ်နေတော့တာပါပဲ
..
တခုရှိတာတော့ ကိုယ်နေမကောင်းဖြစ်တာစိတ်စိတ်လာတယ်.စိတ်ဓာတ်လဲကျသလို စိတ်လဲညစ်မိတယ် အားလဲငယ်မိတယ် ။ 2014 ဆိုတာ အသက်ရှင်နေသေးရင်တော့ မြင်တွေ့ခွင်ရရဦးမှာဘဲမဟုတ်လား။
တခုရှိတာတော့ ကိုယ်နေမကောင်းဖြစ်တာစိတ်စိတ်လာတယ်.စိတ်ဓာတ်လဲကျသလို စိတ်လဲညစ်မိတယ် အားလဲငယ်မိတယ် ။ 2014 ဆိုတာ အသက်ရှင်နေသေးရင်တော့ မြင်တွေ့ခွင်ရရဦးမှာဘဲမဟုတ်လား။
ဘယ်သူတွေကိုယ့်အနားမရှိတော့ဘူးပြောပြော
. ကိုယ့်ကိုမွေးထုတ်လိုက်တဲ့ ကိုယ့်အမေတော့အနား မှာရှိနေသေးတယ်။ နားမကြားတော့ပေမယ့် ရဲရင့်နေသေးတဲ့ကိုယ့်ရဲ့အဖေရှိနေသေးတယ် ။ နောက်တခု
ကိုယ်က မမွေးထုတ် လိုက်ရပေမယ့် သမီးလေးတစ်ယောက် လိုညီမလေး တစ်ယောက် လိုချစ်ရတဲ့ကိုယ့်ရဲ့သမီး
ပစ်ပစ်လေးရှိနေသေးတယ် ။ ကိုယ့်သူငယ်ချင်းတွေရှိနေသေးတယ် ။ ကိုယ့်ရဲ့ တအူထုံဆင်းမဟုတ်ဘဲ ကိုယ့်ကိုချစ်ကြတဲ့ စာရေးဖော်မောင်နှမတွေရှိနေသေးတယ် ။ အနည်းဆုံးတော့ အရူးတစ်ယောက်ရဲ့ရေးတဲ့စာတွေကို အားပေးကြတဲ့ ကိုယ့်စာကိုဖတ်နေတဲ့သူတွေရှိနေသေးတယ် ။ အဲဒီအတွက် တော့ ကျေးဇူးတင်တယ် .
ကဲ
အရူးလိုဘဲ တောင်စဉ်ရေမရ စိတ်ထဲရှိတာချရေးဖြစ်သွားတယ်။အဲဒါတစ်ခုတော့ ခွင့်လွှတ်ပေးကြ.ပါဦး
နောက်တစ်ခုက ဖေ့ဘွတ်က ကိုယ့်မောင်နှမတွေ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ်စိတ်ပူအောင်လုပ်မိ တယ် ။ ကိုယ်သေရင် အကုန်ထားခဲ့ရမှာ ဆိုတဲ့အတွေးနဲ့ တစ်ယောက်ထဲတိတ်တိတ် ကလေး နေမိတာ လဲပါတယ် ။ အားလုံးကို သတိရနေတယ် . ချစ်လဲချစ်တယ် ။
နောက်တစ်ခုက ဖေ့ဘွတ်က ကိုယ့်မောင်နှမတွေ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ်စိတ်ပူအောင်လုပ်မိ တယ် ။ ကိုယ်သေရင် အကုန်ထားခဲ့ရမှာ ဆိုတဲ့အတွေးနဲ့ တစ်ယောက်ထဲတိတ်တိတ် ကလေး နေမိတာ လဲပါတယ် ။ အားလုံးကို သတိရနေတယ် . ချစ်လဲချစ်တယ် ။
ဒါနဲ့ပေါ့နော်
..စကားမစပ် .ကိုယ့်ဘလော့ လေး သုံးနှစ် ကို ယောင်တောင်ပေါင်တောင် အမောင်တောင်မြောက်မှန်းမသိ
ပြည့်သွားခဲ့ပြန်ပြီ ။
မဒမ်ကိုး
၁၁.၁.၂၀၁၃
သောကြာနေ့
21 comments:
စိတ်တွေလေနေရင် စိတ်တွေအရမ်းညစ်နေရင် အာနာပါနများများလုပ်ပါ။ အင်သစ်အားသစ် မွေးမြူပါ။
၂၀၁၃ဟာ ကောင်းသောနှစ်ဖြစ်လာမှာပါ။
ရွှေဒိုးရေ
တူတူပါပဲနော် ကုလားကြီးနဲ့ အရာကြီးပါပဲ
ဖြစ်ချင်တာတွေ လိုချင်တာတွေများနေတယ်
ဘယ်ဟာတောင် ဘယ်ဟာမြောက်မှန်းလဲမသိတော့ဘူး
ဆေးရုံနဲ့ အိမ် အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်နေရလို့
တနေ့ရွှေ တနေ့ငွေ အဲလိုဖြစ်နေတာလေ
ကျန်းမာရေးကိုဂရုစိုက်ပြီး
ပြင်မယ်ဆိုတဲ့ စိတ်လေးလဲပြင်နိုင်အောင်လုပ်လိုက်ပါညီမလေးရေ
၂၀၁၂မှာ ကျန်းမာရေးညံ့တယ် ဘာမှမဖြစ်လာဘူး
တူလိုက်တာနော်
ထပ်တူခံစားခဲ့ရတယ်ရွှေဒိုးရေ
လူဆိုတာအရူးမျိုးပဲလေ...ဘာမှတွေးမကြောက်နဲ့ အားမငယ်နဲ့ အနဲဆုံးဒီစာရေးဖော်ရေးဖက်တွေရှိသေးတယ်..။
တောင်စဉ်ရေမရ လျှောက်ရေးသွားတယ်သာဆိုတယ်
ကလောင်ရှင်က လက်စွမ်းထက်တော့ ဘယ်လိုပဲ
ရေးရေး ကောင်းသကွာ...ကော်ဖီနဲ့ ကျွဲရိုင်းတော့
မသောက်နဲ့ကွာ..မိုးနတ်အဖေက ပြောတယ်..
ကော်ဖီတို့ လက်ဖက်ရည်တို့ဆိုတာ ခွန်အားသူခိုးတဲ့
ကျွဲရိုင်းဆိုတာကလဲ သောက်တုန်းခဏလန်းဆန်းသလို
ထင်ရပေမဲ့...တကယ်တမ်းကျ အာဟာရရှိတဲ့အရာ
မဟုတ်ဘူး..ကျန်းမာရေးကိုသာ သေချာ ဂရုစိုက်ပြီး
ချမ်းသာအောင်လုပ်ပါ...မ ..ဘာလို့အဲလောက်တောင်
မျှော်လင့်ချက် မဲ့နေရတာလဲ ဗျာ...၂၀၁၄ မှာ
မကို အလန်းဇယားပုံစံလေးနဲ့ မြင်ချင်တယ်..
မ ကော်ဖီပြတ်မဲ့နေ့ကို စောင့်နေတယ် ဒါဗြဲ..:)
ချစ်တဲ့...မိုးနတ်
လူ့ဘဝကိုပိုင်ဆိုင်ထားတဲ့ လူသားတိုင်း အဖက်ဖက်က ပြီးပြည့်စုံတယ်ဆိုတာ မရှိသလောက် ရှားပါတယ် မဒိုးရေ။ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူတိုင်း ပျော်ရွှင်မှု ကြည်နူးမှုတွေနဲ့အတူ စိတ်ဆင်းရဲမှု ၀မ်းနည်းကြေကွဲမှုတွေကို အလှည့်ကျရင်ဆိုင် ဖြေရှင်းနေရမှာ ဓမ္မတာပေါ့နော်။
Fighting !!!
သုံးနှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေလို့ တောင်းဆုပြုခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မဒမ်ပိုစ့်လေးဖတ်ပြိ အသိတိုးစေခဲ့တယ် ကျန်းမာရေးဂရုစိုက်ပါနော်.. ၂၀၁၃ မှာ ကျန်းမာပျော်ရွှင်လိုရာပြည့်ပါစေ
အစ်မရေ ...ဘယ်လိုပဲ ဖြစ်ဖြစ် စာတော့ ဆက်ရေးပါနော် ... ကျနော် လည်း ကျားထောင်ချောက် ပရိတ်သတ် တစ်ယောက်ပါ ... ... ။
ဘ၀တစ်လျှောက်
ဘေးဘယာတွေ ကင်းဝေးစွာနဲ့
ချမ်းမြေ့ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ..
အစစအရာရာ ဂရုစိုက်ပါကွယ်...း))
ကျွန်တော်လည်း ဖေ့စ်ဘွတ်ကို ဖြည်းဖြည်းချင်း ဖြတ်တော့မယ်အစ်မရေ..:)
ကွန်မန့်တခါတလေမှ ချန်ဖြစ်ပေမယ့် အမြဲလာလည်ပါတယ် အစ်မရေ။ ၂၀၁၃ နှစ်ဦးကစပြီး ကျန်းမာပျော်ရွှင်ပါစေနော်။ ပိုစ့်တွေလည်း နေ့တိုင်းတင်နိုင်ပါစေ။ ဖေ့ဘွတ်ခ်ကတော့ ကျွန်တော်တို့လည်း လျှော့နေပါပြီ။
(လီယို)
မားမား
ပစ်ပစ်လာသွားတယ်...
မားမားအနားမှာ မားမားကို
ချစ်တဲ့သူတွေ အမြဲရှိနေမှာပါ..မားမားက မသိလိုက်ဘဲချစ်နေတဲ့သူ
မားမားက သိနေတဲ့
ချစ်နေတဲ့သူတွေ ရှိနေပါတယ်..
စိတ်ညစ်စရာတွေကို 2012 မှာ
ထားခဲ့လိုက်ပါမားမား
2013မှာပျော်စရာတွေကြီးဘဲ
ပိုင်ဆိုင်ရပါစေ ..ပစ်ပစ်ဆုတောင်းပေးတယ်
( မားမား facebook ကို ဖြတ်တာကတော့
ဖြတ်ပါ..ပစ်ပစ် viber ကနေဖုန်းခေါ်တာလေးတော့ ကိုင်ပါနော် ..
ပစ်ခေါ်တိုင်း မားမားမကိုင်လို့း( )
မမဒိုးကန်ရေ .. ရောက်တယ် ..
ဖတ်တယ် .. ပြန်တယ်နော် ..း))
ဒါနဲ့ ကျားထောင်ခြောက်က မပြီးသေးဘူးမလား ..
ဇာတ်သိမ်းတော့ မဖတ်ရသေးသလိုပဲ ..
(ကိုယ့်ကိုယ့် ဇဝေဇ၀ါ)
ခင်မင်လျှက်
ဆောင်းနှင်းရွက်
သုံးနှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ ဘလော့ဂင်းရင်း
စာချစ်သူများနှင့် ပျော်ရွှင်နိုင်ပါစေ ။
၃ နှစ်ပြည့် အမှတ်တရ ပို့စ်လေးကနေ.....
သက်ဆုံးထိတိုင်
အကျိုးပြု စာတွေ ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
သုံးနှစ်ပြည်.ဘလောစ်.ပို.မှနောင်နှစ်ပေါင်းများစွာတိုင်
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင်.စာချစ်သူများနှင်.
ပျော်ရွှင်စွာအကျိုးပြုစာပေများအများကြီးရေးသားနိုင်ပါစေ။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်
(3)နှစ်ပြည့် တဂ်ပိုစ့်လေးကို လာအားပေးသွားပါတယ် မမရေ ... (၃)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ကဗျာများ စာများ ဆက်လက်ထုဆစ်နိုင်ပါစေရှင် ...
ကျန်းမာရေးသေချာဂရုစိုက်ပါမဒိုးကန်လေးရေ။
ကျန်းမာရင်ဘာမဆိုရင်ဆိုင်ရတာအားရှိသေးတယ်။
အိုင်အိုရာ
ကျမ်းမာရေးတော့ ဂုစိုက်ဟ....၊ဖဘ ကတော့ ဖြတ်တာပဲ
ကောင်းပါတယ်ဟာ...။
ဟုတ်ပါ့အေ Fb မှာပေါ်ပြီး ဘလော့ကို မေ့မေ့နေတာ မနည်းသတိပေးနေရတယ်.
သုံးနှစ်ပြည့်ကနေ နောက်ထပ် နှစ်များစွာ စာတွေ ဆက်ရေနိုင်ပါစေ..
နေ့ရက်တိုင်းလည်း စိတ်ချမ်းသာပါစေ ငါ့ညီမရေ..
ဘဝရဲ့ အစိတ်အပိုင်းတွေကို ဖတ်လိုက်ရသလိုပါပဲ၊
2013မှာ အပျော်ဆုံး နှစ်တစ်နှစ်ဖြစ်ပါစေလို့
နာကျဉ်ခံစားရခြင်းကင်းဝေးပါစေ ညီမ။
ဒီပို့စ်လေး တစ်ပုဒ်ထဲနဲ့တင် ညီမရဲ့ စိတ်အတင်အချ၊ အသွားအလာတွေ အများကြီးကို ခံစားလိုက်ရတယ်...၊ ဇဝနဥာဏ်လေး ကွန့်ပြီး ရေးတတ်တဲ့ ညီမရဲ့ ပို့စ်တွေက ပေါ့ပေါး ပျော်ရွှင်ရသလို အခုလို သုံးသပ်၊ တွေးဆတာတွေ ပါတဲ့ ပို့စ်ကလည်း အတွေးတွေကို ဆက်ပြီး ဆန့်ထုတ်စေတယ်..၊
အဆုံးသတ်မှာ ရေးထားသလိုပါပဲ၊ ညီမဒိုးကန်ကို ချစ်ကြသူတွေက တကယ့်ကိုမှ အများကြီး၊ အားလုံးကို သိမှာတောင် မဟုတ်ဘူး၊း) လူမှာ စိတ်ဓါတ်က အရေးအကြီးဆုံးပါပဲ၊ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်မကျဘဲ ခေါင်းမော့ပြီး ပြန်ထနိုင်ဖို့ ကြိုးစားပါ ညီမရေ..၊ Cheer up..!!!
Post a Comment