ပစ်ပစ်
ကလေးက ကိုယ့်ကိုတဂ်ပိုစ့်လုပ်ထားတယ်။ မားမား သူတဂ်လုပ်ထားတဲ့ပိုစ့်ကို မရေးဘူးလားတဲ့ ။ .. အင်း ရေးမယ်ရေးမယ်ပေါ့ .ထုံးစံအတိုင်း အရှုပ်တွေလုပ်နေတာလား
အလုပ်တွေရှုပ်နေတာလား . ကိုယ့်ကိုယ်ကိုယ်တောင်မသေချာမရေရာလို့ ဟိုသီချင်းလို မသေချာဘူး
မရေရာဘူး ဘာမှမသိဘူး သီချင်းတောင်ဆိုရမလိုဘဲ .
ပြန်ကြည့်လိုက်တော့လဲ
ဘာတွေမှန်းမသိခဲ့ဘူး ၀မ်းနည်းခြင်းဝမ်းသာခြင်းတွေလဲပြည့်နှက်လို့ စိုးရိမ်ပူပန်ခြင်းနဲ့
သောကတွေလဲ အပြည့်ဘဲ . ဒေါသ မောဟတွေ တောင်အဆစ်ပါလိုက်သေးတယ် ဘာလဲလို့မမေးနဲ့ ကိုယ်ကိုယ်တိုင်ပြန်ကြည့်တောင်
ဘာဆိုဘာမှမသိဘူးဖြစ်နေခဲ့တာ . ။
အရင်ကဆို
တွေ့သမျှမြင်သမျှ ရေးဖို့ဦးနှောက်ကစဉ်းစား လက်ကချရေးဖြစ်ပေမယ့် ခုတော့ ရေးဖို့မြင်လာတာတောင်
အကြွေးမှတ်လေလျော့ဘဲ . ။ အရည်အသွေးတွေကျဆင်းလာတာလား။ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီစကားက နည်းနည်းမြင့် ကောင်းမြင့်နေမယ် အမှန်တော့
အပျင်းကြီးသွားတာဆိုရင် ပိုမှန်မလားဘဲ . ပင်ပန်းတယ် စိတ်မောတယ် နေမကောင်းဘူး ဒါတွေကလဲ
ခိုင်လုံတဲ့အကြောင်း ပြချက်တွေ ဆိုပေမယ့် လူဆိုတာ
ကိုယ့်တာဝန်ကိုယ်တော့ထမ်းရတာဘဲမဟုတ်လား ။
