Wednesday, November 14, 2012

လွမ်းတော်မူလို့စာကိုစီတယ်




♫♪♫ လွမ်းတော်မူလို့စာကိုစီတယ်...တိမ်နီတိမ်ဝါတိမ်ပြာတွေသန်းပြန်တော ဘယ်ဆီသို့ဘယ်ညာသို့လွမ်းပါရမယ်..ညွန်းကာစကွယ်မယ် လွမ်းပါ ရတယ် ကြာပင်အိုင်ကြီးအလယ်...မိုးအခါဝယ် ပျိုးရှာမယ် ချစ်သူပန်ဖို့ရယ် ရည်ရွယ်ကာထားခဲတယ်..ပဒုမ္မာကြာရယ် ကျုပ်ရည်းစားနဲညားအောင် ဖန်ဦးကွယ် ..♫♪♫
ကိုငြိမ်းမောင်တိုးတိုးလေးလိုက်ညည်းဆိုနေမိသည်။

ခင်ခင်ထားကို သူမထင်မှတ်ဘဲတွေ့လိုက်သည်နေ့ကစလို့ဖြင့် ရင်ထဲမှာနေမထိ ထိုင်မထိနှင့် မအိပ်နိုင်မစားနိုင် တမှိုင်မှိုင် တတွေတွေနှင် သတိရ လို့သာနေမိသည်။ ခင်ခင်ထားရဲမျက်လုံးနက်နက်များ ဆံမြိတ်ရှည်ပေါ်မှာ ပန်ဆင်ထားသည်စံပယ်ကုံးများ..။တိုင်းမင်းကြီး၏ သမီး ခင်ခင်ထားအချောအလှခင်ခင်ထား..၊မာနခဲ ခင်ခင်ထား..၊နာမည်ကြီးလှသူ ခင်ခင်ထား.၊ကိုငြိမ်းမောင်ရဲ့ နှလုံး ဘ၀င်မှာတောစွဲထင်ရတောသည်။

အရာရှိပေါက်စလေး ကိုငြိမ်းမောင် သည်မြို့ကိုရောက်လာကတည်းက ခင်ခင်ထား၏သတင်း ကြားဖူးသော်လည်း ခရိုင်မင်းကြီးအိမ်အလှုမှာ နဖူးတွေ့ဒူးတွေ့ ခင်ခင်ထားကို မင်လိုက်ရသောအခါ ကိုငြိမ်းမောင်နှလုံးသား သွက်သွက်ခါလှုပ်ရှားရလေတောသည်.။

ခင်ခင်ထားကလည်း ကိုငြိမ်းမောင်ကို တချက်တချက်လှမ်းလှမ်းကြည်သလို ကိုငြိမ်းမောင်ကလည်း ခင်ခင်ထားကို မျက်နှာမလွဲစတမ်း ကြည့်နေမိ -လေသောအခါ လူပျိုအပျိုတို့၏ နှလုံးဘ၀င်သည် သိင်္ဂါရ ဓာတ်ကူးစီးလေတောသည်။ ခင်ခင်ထားက မျက်လွှာအောက် ချသွားသလိုဘဲ ကိုငြိမ်းမောင်က သောက်နေသည်အအေးခွက်ထဲဆေးလိပ်ပြာချွထည်မိလေသည်။

…………………………………………………………………………………………….

ထိုပွဲအပြီးကတည်းက ကိုငြိမ်းမောင် ခင်ခင်ထားကို အင်မတန်မှလွမ်းဆွတ်၏။ မတွေ့မနေနိုင်လှသဖြင်ခင်ခင်ထားတိုအိမ်သိုဝင်ထွက်ရန် အကြောင်းရှာရပြန်တောသည်။ အင်စပက်တာ ကိုအောင်မောင်း အကူအညီဖြင် ခင်ခင်ထားဖခင်ကြီးအလုပ်သို့ အ၀င်အထွက်လုပ်ရမှ ခင်ခင်ထား တို့ အိမ်သို့ ချောင်းပေါက်မတတ်ရောက်ရလေတောသည်။

ခင်ခင်ထား ကိုငြိမ်းမောင်ကို အလှုမှာကတည်းက သတိထားမိသည်။သူမကိုယ်စူးစိုက်ကြည့်နေသော ကိုငြိမ်းမောင်မျက်ဝန်းများကို ခင်ခင်ထား အင်မတန်မှ ရင်ခုန်လှုပ်ရှားမိသည်.။သို့သော်လည်း မာနခဲခင်ခင်ထားအဖိုဟန်ကိုယ်ဖို့နေရပေမည်။တိုင်းမင်းကြီးသမီး ခင်ခင်ထားသည် မည်သူကိုမျှ စိတ်မ၀င်စားပဲ မာနတံခွန်ထူခဲသည်မှာ လူတကာကြားရေပန်းစားခဲသည်။ ကိုငြိမ်းမောင်၏ စူးစူးရှရှမျက်လုံးများ ပိရိသေသပ်သော နှုတ်ခမ်းများနှင့် -ယောကျာင်္းပီသသောမျက်နှာပါးသိုင်းမွှေးစိမ်းစိမ်းများကို ခင်ခင်ထား ရင်ခုန်သလိုလိုတော့ရှိသည်။ ကိုငြိမ်းမောင် အိမ်လာတိုင်းရှာင်ဖယ်ကာ -နေပေမယ်ကန်လန်ကာခန်းစီးကြားမှ ကိုငြိမ်းမောင်နှင်ဖခင်ကြီးတို့၏ အသံများကို နားစွင်ရင်း ခင်ခင်ထား ရင်ခုန်ရသည်.။

ခင်ခင်ထားကိုရှာနေသော ကိုငြိမ်းမောင်မျက်လုံးများကို ခန်းစီးစနောက်ကွယ်မှ မင်ရတိုင်း ခင်ခင်ထားအဖို့ ရွှေရင်လှိုက်မော ရင်ခုန်ဇာနှင်ပျိုနှမ လွမ်းဆွတ် ရလေသည်။  မိန်းခလေးမို့ ဟန်ကိုယ်ဖို့က တစ်ကြောင်းမာနကို ထိန်းသိမ်းချင်သည်က တစ်ကြောင်းနှင် အခန်းထဲမှ အခန်းပြင် မထွက် -သော်လည်း ကိုငြိမ်းမောင် ဖင်မလီယာကားလေး ဆင်ဝင်အောက်မှထွက်ရင်ဖြင်လသာဆောင်သိုကသောကမျောပြေးကြည်ရသည်မှာလည်း အခေါက်ပေါင်းမရေနိုင်။ ကိုငြိမ်းမောင်ကားလေးမောင်းရင်းလသာဆောင်မှ မိန်းမပျိုတစ်ယောက်အရိပ်ကို လှမ်းမြင်ရင်ဖြင်နတ်ဒေ၀ီတစ်ပါး ဆင်းသက်သလာသလို ငေးမောကြည်ရင်း ကားကို မမောင်းချင်မောင်းချင်နှင့် မောင်းထွက်ခဲရသည့်အကြိမ်တိုည်းများလှပြီ။ 

အင်စပက်တော်ကိုအောင်မောင်းကပင် ''ကိုယ့်လူကိုငြိမ်းမောင်တို့ ညံ့ချက်ကတောဗျာ'' ဟု ပြောယူရသည်အထိ အကြိမ်တရာမက ၀င်ထွက်နေ -သော်လည်း ကိုငြိမ်းမောင် ခုချိန်ထိ ခင်ခင်ထားကို နှစ်ကိုယ်ကြားပြောနိုင်ရန် အခွင်အရေးကမရ။ ရင်ထဲတွင် ထိမ်းသိမ်းရသည်များကလည်း ဖိသိပ်ထားရသည်မှာ များလာပြီ ။

'' စားလဲခင်ခင်ထား..သွားလဲခင်ခင်ထား..အိပ်လဲခင်ခင်ထား..ဘယ်လိုများနေရပါ့ ခင်နှမရယ်''..။ကိုငြိမ်မောင်ဖြစ်အင်ကို မကြည်ရက်နိုင်တော့တဲ့ မြှားနတ်မောင်ကပဲ ဖန်ဆင်း -ပေးလေသလား. ကိုအောင်မောင်း၏ အကြံအစည်ကောင်းသည်လားမသိ.။ အကြံပေး၏ သဘောအတိုင်း စာချွန်တော် -ရေး၍ ခင်ခင်ထားအား အမှာတော်ပါးလေသည်။စာထဲတွင်မတော့ ..

'' ချစ်လှစွာသော နှမခင်ခင်..
မောင့်နှ လှသွေးကြွယ်၏ အလှအပအပေါ် သီဝိမင်းလို တိန်းညွတ်မိပါသောကြောင်ဒီမောင်ရင်တွင်းဝယ် မကြည်စားမ၀င်အိပ်မပျော် ရင်တွင်းမှာ အပူများ လူလုံးပင်မပေါ်တောဟာကြောင်.ချစ်ခင်ခြင်းအလျင်းရှိ ခင်ခင်သိအောင် ပောရရင်တော့ဖြင် ဟောသည်ကကောင်ငိမ်းမောင်မှာလေ ခင်ခင်အပေါ် မေတ္တာသက်ဝင်ချစ်ခင်မိနေကြောင်းပါ..ခင်ခင်..''

ခင်ခင်ရဲချစ်အဖြေကိုစောင့်မျှော်နေတဲ
ငြိမ်းမောင်

လက်ထဲစာလေးရောက်လာတော့ ကတုန်ကယင်နဲ့ဖွင့်ကြည့်ပြီး ခင်ခင်ထားတစ်ယောက် ရင်အစုံပင့်သက်ပင်ရှိုက်ရ အောင် အသက်ရှုမှားကာ .အခန်းထဲခေါက်တုန့်ခေါက်ပြန်လမ်ေးလျှာက်မိနေသည်။ မျက်ဝန်းစူးစူး နှုတ်ခမ်းနီထွေးထွေး မျက်ခုံးထူထူ နှင့် သူ့ပုံရိပ်က ခင်ခင်ထား နှလုံးအိမ်ထဲကပ်ညိလို့နေတာကြာလှပါပေါ့ ။ မိန်းခလေးပေမို့ အိနြေ္ဒဆယ် မူဟန်ပိုနေရတာကို ဖြင့် သူဟာသူပဲနားလည်ပါတော့လား ခင်ခင်ထားအလိုမကျနှုတ်ခမ်းက စူမိသည်။ နေနှင့်ဦး ပစ်ထားလိုက်ဦးမည်။

ကိုငြိမ်းမောင် စာချွန်တော်ပို့ပြီးအရေးပေါ်ခရီးထွက်ခဲ့ရသည်။ ခင်ခင်ထားအားလည်းနှုတ်မဆက်နိုင်။ လူကခရီးထွက်နေသော်လည်း စိတ်ကခင်ခင်ထားဆီသာရောက်နေသည်။ ခင်ခင်ထားတစ်ယောက်တော့ဖြင့် မေ့များမေ့နေပြီလား။ ကိုငြိမ်းမောင်တစ်ယောက် အလုပ်သာလုပ်ရသည်။ စိတ်ကတော့ဖြင့်မဖြောင့် ။ ပြန်ချင်လှပြီ ခင်ခင်ထားရှိရာမြို့ဆီသို့ ။

ခင်ခင်ထား လေသာဆောင်ရှေ့ထွက်ထွက်မျှော်ရသည်မှာ တလခန့်ပင်ရှိတော့ပေမည်။ ကိုငြိမ်းမောင်စာကိုရပြီး မူလိုက်မဟဲ့လို့ အားတင်းပြီး အဆက်အသွယ်လာလုပ်သည့်ကိုအောင်မောင်း ကိုပင်ထွက်မတွေ့။ နောက်တော့မှ ကိုငြိမ်းမောင်မလာမလာနှင့် ရင်ထဲ ငိုချင်သလိုလို ရီချင်သလိုလို .ညညအိပ်လို့လဲမပျော် ရွှေမျက်ရည်တော်က စို့ရသေးသည်။ မူမိတာမှားပြီလားတွေးရင်း ယောကျာင်္းပီသသူ သူ့အမူအယာများကို ပြန်ပြန်တွေးရင်း ၀မ်းနည်းတကြီး ခင်ခင်ထား ခေါင်းဦးနှင့်မျက်နှာအပ်ကာ ငိုကြွေးရတော့သည်။

ကိုအောင်မောင်းပြောချက်အရ ထိုနေ့ကခင်ခင်ထားမျက်နှာလေး ညိုးလျော်ကျသွားသည်တဲ့ ။ သည့်နောက်မှာတော့ ကိုငြိမ်းမောင် ခင်ခင်ထားထံစာတွေအဆက်မပြတ်ထည့်ဖြစ် သည်။ အလွမ်းစာလွှာများ တစ်စောင်ပြီးတစ်စောင်ပါး၏ ။
ခင်ခင်ထားထံမှတစ်စောင်ထဲသောစာကိုကိုငြိမ်းမောင်ဖတ်ရလေသောအခါ…မနည်းပင်စိတ်ကိုချူပ်တည်းထားရလေသည်.။.. ကိုငြိမ်းမောင်တာဝန်တွေပြီး လို့ ခင်ခင်ထားရှိရာသို့ ကသောကမျောပြန်ပြေးလာသည်.။ တွေ့ချင်လှပါပြီ။ ခင်ခင်ထား၏ အလှမျက်နှာလေး ကို။

အိမ်ရှေ့ရောက်တော့ လေသာဆောင်ကနတ်ဒေ၀ီအားမတွေ့ရ။ ဟိုဟိုသည်သည်ကြည့်လိုက်တော့ ..ဆံမြိတ်ခွေ ခပ်လျော့လျော့နှင့် .ခင်ခင်ထား မျက်နှာလေးပင်ချောင်ကျလို့ ။.

ကိုငြိမ်းမောင်ကိုမြင်တော့ ခင်ခင်ထား၏ ခပ်ဖျော့ဖျော့မျက်ဝန်းတို့သည် ရွှန်းလဲ့တောက်ပအရောင်လဲ့စွာဖြင့် ၀မ်းသာအဲလဲပြေးလာပြီး ကိုငြိမ်းမောင်ရှေ့သို့ရောက်သောအခါ.တုန့်ခနဲရပ်သွားလေသည်။ ကိုငြိမ်းမောင်အားမလိုအားမရဖြင့် ခင်ခင်ထား၏ဆင်စွယ်လက်မောင်းနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်တော့ခင်ခင်ထား မျက်လွှာချသွားပြီးကိုယ်လေး ယို့သွားသည်. ကိုငြိမ်းမောင် သည်းခံနိုင်စွမ်းကုန်သွားပြီ.။ ခင်ခင်ထားကိုရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း ခင်ခင်ထားမျက်နှာလေးကို လက်နှင့်အသာအယာမော့စေလိုက်သည်.။ မျက်နှာလေးမှာချောင်ကျလို့ .။

ချစ်ရည်ရွှန်းလဲ့နေသည့်မျက်ဝန်းများဖြင့်ခင်ခင်ထား .ကိုငြိမ်းမောင်ကိုမော့ကြည့်လာသည်။ ကိုငြိမ်းမောင်ခင်ခင်ထားကိုပွေ့ထား ရင်းမှ ခင်ခင်ထားမျက်နှာအနားကပ်ကာမေးလိုက်သည်။

ခင်ခင်..ကို့ ကိုချစ်တယ်မဟုတ်လား .

အို .ကိုကိုမောင့်ကိုချစ်တယ်လို့ခင်ပြောမိလို့လား။

ဟင် ..ခင်ခင်ရေးလိုက်တဲ့စာကကို့ကိုချစ်တယ်လို့ပြောတယ်လေ .

ဟင့်အင်း ခင် ကိုကိုမောင့်ကိုချစ်တယ်လို့မပြောမိပေါင်နော်…ခင့်ကိုနှစ်လနီးပါးပစ်သွားတဲ့ကိုကိုမောင့်ကိုခင်မချစ်ပေါင်…

နှုတ်ခမ်းလေးစူက ခပ်တည်တည်နှင့်ပြောလာသော ခင်ခင်ထားကိုကိုကိုမောင် တင်းတင်းကြပ်ကြပ်တိုးဖက်လိုက်သည်။ ပြီးတော့မှ ကဲ..ဒီစာကသက်သေပဲမဟုတ်လားခင်..ကြည့်ပါဦး…

ဘလေဇာကုတ်အကျီထဲမှာခေါက်ချိုးရာမပျက် သိမ်းထားသောစာလေးတစ်စောင်အားကိုငြိမ်းမောင်ထုတ်ပြလိုက်လေသည်။


ကိုကိုမောင်

ခင့်ကိုချစ်တယ်ဆိုရင်ဖြင့် ကြာဖြူကြာနီအစုံခူးလို့ လူကြီးစုံရာနဲ့တောင်းရမ်းလှည့်ပါရှင်။


ခင်ခင်ထား

ဧည့်ခန်းထဲမှာတော့ ချစ်သူနှစ်ဦး၏ပျော်ရွှင်ရယ်မော သံနှင့်အတူ.ဘယ် အရပ်ဘယ်ဆီက လွင့်လာမှန်းမသိသည့် သီချင်းတစ်ပုဒ်အားကြားလိုက်ရလေသည်။

လွမ်းတော်မူလို့စာကိုစီတယ် .တိမ်နီ တိမ်ဝါ တိမ်ပြာတွေသန်းပြန်တော့ ဘယ်ဆီသို့ဘယ်ညာသို့လွမ်းပါရမယ် ညွန်းကာစမယ် ကြာပင်အိုင်ကြီးအလယ်.

မိုးအခါဝယ် ပျိုးရှာမယ် ချစ်သူပန်ဖို့ရယ် ရည်ရွယ်ကာထားခဲ့တယ် ..ပဒုမ္မာကြာရယ် ကျုပ်ရည်းစားနဲ့ညားအောင်စောင့်ဦးကွယ် ..




ပြီးပါပြီ


ချစ်ခြင်းအားဖြင့်


မဒမ်ကိုး

၁၁း၃၇ မိနစ်

၁၄ရက် ၁၁လ ၂၀၁၂ ခုနှစ်


22 comments:

Candy said...

ရေးလည်း ရေးတတ်ပါ့.. ဟိဟိ အဲ့ခေတ်ကို တကယ်ပြန်ရောက်သွားသလိုလို :D :D

မိုးသက် said...

နုထှာ.. ။ ချစ်တူကိုတောင်လွမ်းလာပီ....။

ညီရဲသစ် said...

သေချာတယ် အမူပိုသူများ အပျိုကြီး ဖြစ်မယ်...:P

blackroze said...

မားမားရယ်..
ဖတ်ပြီးတော့ မျက်စိထဲမြင်ယောင်ပြီး
စိတ်ကူးတွေယဉ်သွားမိတယ်..

အိမ်မက်စေရာ said...

ရေးတက်လိုက်တာ. နုနုထွတ်ထွတ်လေးနဲ့ ဟိုဘက်ခေတ်ထဲ ကိုယ်တောင်ရောက်သွားသလား ခံစားမိလိုက်တယ်..
အမတော် တော်လိုက်ပုံများ အဟိ

သူကြီးမင်း (တုံးဖလား) said...

ကိုကိုငြိမ်းဆိုလဲ တော်သေး။
ကိုငြိမ်းမောင် ဆိုလဲ ဟုတ်သေး။
ခုတော့
ကိုကိုမောင်တဲ့။ တော်ပါသေးရဲ့ နောက်က ပန်းရနံ့လေး မပါပေလို့။း))

ဒိုးကန်
စာရေးဟန်တွေ ပြောင်းလဲလာပြီ။ ပရိုလုပ်တော့မယ် ထင်တယ်။

ချစ်စံအိမ် said...

မဒမ်ရေးထားတာလေးကြိုက်တယ်..အားပေးခဲ့ပါတယ်

Anonymous said...

ဆေးဖြစ်ဝါးဖြစ်ဖတ်သွားပါတယ်ခင်ဗျ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကညိန်း တစ်ယောက်တော့ဖြင့် သူလည်းအဲ့ဂလို အချောအလှ ကလေးများ တွေ့လေမလားလို့ စိတ်ကူးယဉ်နေလောက်ပြီ ဒိုးကန်

Ma Ma Ei Ei said...

မဒမ် အရမ်း ရက်စက်တယ် :( ...ကျားထောင်ချောက် တတိယပိုင်းကို.ဆက်ပြီးတော့  မျှော်နေမယ်နော် ... မျှော်နေမယ်နော် ...ဆန့် တငန့် ငန့် နဲ့ မို့ လို့ ပါ.....

နွေတေးရှင် (မင်းဧရာ) said...

ဂျာရစ်ရယ်...
ညေးသိပ်ကိုရက်စက်တယ် လူကိုလွမ်းအောင်လုပ်တယ်း)။

ကောင်းတယ်ဗျာ
အဲသည့်သီချင်းကိုနားထောင်ပြီး စိတ်ထဲမှာ အောင်ပင်လယ်ကို ရောက်သွားသလိုဘဲ
နုအိချိုမြနေတဲ့ ၀တ္တုလေးနဲ့ဆိုတော့ စိတ်ထဲတကယ်ကို ချမ်းသာသွားတယ်။

mstint said...

လျှိုထားတဲ့အရည်အချင်းတွေ ထုတ်ပြလာပြီပေါ့လေ မကြာမှီ စာအုပ်ထုတ်မှာနဲ့အတော်ပဲပေါ့း) တိမ်နီ တိမ်ဝါ တိမ်ပြာတွေသန်းပြန်တော့ ဆိုလာတော့ ဘာမဆိုင်ညာမဆိုင် အိမ်က ကြာပင်လေးတွေဆီ စိတ်ရောက်သွားလို့ ဓာတ်ပုံသွားရိုက်လိုက်သေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

မေမြို့မိုးပြောတာ ဟုတ်ပါ့...နုထှာ..
နုရွနေတာပဲနော်.....ဖတ်ရင်းဖတ်ရင်း..
စိတ်တောင်ထိန်းနိုင်တော့ဘူး..မကြီးဒိုးကန်တို့
အရေးအသားပီပြင်ပုံများ..အဟွင်း..အဟွင်း..
ဒီက အလိုလိုမှ အလိုလိုကို.....
ရေးတာလေးရော..
စကားလုံးသုံးနှုန်းတာလေးရော...ဇာတ်အိမ်လေးရော
ကြိုက်တယ်ဗျာ...အစကနေ အဆုံးထိကို ပါသွားတာပဲ.
ကောင်းတယ်ဗျ...ညလေးသိပ်ကြိုက်တယ်..
ခင်မင်နေတဲ့..
ခင်မင်ချင်တဲ့...မိုးနတ်

ညောင်ညိုရိပ် said...

အင်း.... ကြာပင်အိုင်ကြီး အလယ်...ဒမ်ကိုးကတော့ ဒီဘက်မှာ ရေးဟန် တော်တော်ထက်သဗျာ...။

စံပယ်ချို said...

ခင်ခင်ထားနဲ့ ကိုငြိမ်းမောင်
ကိုငြိမ်းမောင်နဲ့ ခင်ခင်ထား
ကြာဖြူ-ကြာနီ-အစုံ ခူးပေးလိုက်ပါ့မယ်
ချစ်တဲ့ sis jasmine

ညီလင်းသစ် said...

မျက်စိထဲ ရင်ဖုံး၊ ထိုင်မသိမ်း၊ တစ်ပတ်လျှို.. စတာတွေတောင် ပြန်မြင်လာတယ်၊ ညီမက အတော်လေး သတိထားပြီး အနုစိတ် ရေးထားတာပဲကိုး..၊း) ရည်းစားစာ...အဲ.. ချစ်သဝဏ်လွှာကအစ သဘောကျမိတယ်..။း)

lwannaung said...

စာနဲ့ ကိုအံ့ကြီး သီချင်းတွေအတွက် ကျေးဇူးပါခင်ဗျ။

မိုးသူ(တောင်ကြီး) said...

နောက်ကြောင်းပြန်လှည့်သွားမိတယ်ဗျ

မိုးသူ(တောင်ကြီး)

အလင်းသစ် said...

ဟာဗျာ....စာကိုဖတ်လို့ လွမ်းတော်မူသွားတယ်... :P :P

အလွမ်းမြို့ said...

လက်စွမ်းတွေ ထက်နေသဗျို့.
ကိုရင့်လက်ချက်လား ဒိုးကန်လက်ချက်လား.
တော်ပါပေ၏


ခင်တဲ့
မကြီးလွမ်း

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်မမရေ... အကို ကိုကိုမောင် ပြောသလိုပဲ ..အခုတစ်လော မမရေးတဲ့ စာတွေ အရမ်းကောင်းလာတယ် ... အားကျလျှက်ပါမမရေ..

Han Kyi said...

နန်းတော်ရှေ့ကြီးရဲ့ သီချင်းသံကိုတောင် ပြန်ကြားလာတယ်...ကိုယ့်ခေတ်ကို ပြန်ရောက်သွားသလိုပါကလား စိန်ဂျာရစ်...

အင်း...ပဒုမ္မာကြာရယ်...ကျုပ်ရည်းစားနဲ့ ညားအောင်စောင့်ဦးမယ်...း)

ဟန်ကြည်

Related Posts Plugin for WordPress, Blogger...