ကောင်ကင်ကြီးမှာ
ကြယ်လေးတွေစုံနေတယ်ချစ်သူ..လမင်းကြီးကလဲသာလို့ ..
လေညှင်းလေးကလဲ
သဲ့သဲ့တိုက်လို့ ……
ကြည်လင်နေတဲ့
တိမ်ကင်းစင်နေတဲ့ ကောင်းကင်းကြီးအောက်မှာ သူနဲ့ကိုယ်ခုံတန်းလျားလေးပေါ်မှာထိုင်ရင်း
ကောင်းကင်ကြီးကို အတူတူမော့ကြည့်ဖြစ်တယ်..
ကလေးတစ်ယောက်လို
သူကကိုယ့်ပခုံးကိုပြန်မှီထားရင်း ကိုယ့်လက်ချောင်းလေးတွေနဲ့သူ့လက်ချောင်းလေးတွေနဲ့
ထိတို့ ဆော့ကစားနေသေးတယ်..
ပြီးတော့..ကောင်းကင်ကြီးကိုလက်ညိုးထိုးပြတယ်
....
သူနဲ့ကိုယ်က
လားရာအရပ်ချင်းလဲမတူသလို ဘ၀ချင်းခြားနေသူနှစ်ဦး..
သို့သော်လည်းအချစ်ခြင်းတော့ထပ်တူကျနေလိမ့်မည်ဆိုတာကိုတော့
သူရောကိုယ်ရော မပြောဘဲသိနှင့်နေခဲ့သည်.
လူတိုင်းလူတိုင်း
သူနည်းသူ့ဟန်နှင့်သူ အချစ်ကိုဖွဲ့ဆိုခဲ့ကြသည်. ထို့အတူဘဲ သူနှင့်ကိုယ်လည်းအချစ်ကိုဖွင့်ဆိုပုံခြင်းကွာခြားကောင်းကွာခြားနိုင်သည်။
ဆံပင်ရှည်ရှည်နှင့်
စကားပြောတိုင်း ထိုဆံပင်များကိုဝဲခါသွားအောင် လက်ချောင်းများဖြင့်ထိုးဖွတတ်သောထိုကောင်လေးသည်
ကိုယ့်အတွက်အင်မတန်နှစ်သက်စရာ အပြုအမူတစ်ခုဖြစ်နေသလို ကိုယ်ရဲ့စိတ်ပျော့မှု့ကိုလဲသူမချင့်မရဲနှင့်
အားမလိုအားမရဖြစ်နေတတ်သူ…
ဖုန်းဆက်တိုင်း
..မေ.. ကိုယ့်ကိုချစ်လား ဟု အကြိမ်တရာမကမေးသူ..
ကိုယ်ကမဖြေဘဲရီနေရင်
..သူစိတ်တိုစွာဖြင့် ..ဖြေမှာလားမဖြေဘူးလားမေ ခုဖြေပါ ဟုအားမလိုအားမရအော်တတ်သူ….
ကောင်မလေးတွေနဲ့သ၀န်တိုတိုင်း
..သူပြန်ဖြေတတ်ပုံက ကိုယ်ကကောင်မလေးတွေကို အပျော်စတာပါ .မေရယ် ..ကိုယ့်ဘ၀မှာ ကိုယ့်မိသားစုပြီးရင်အချစ်ဆုံးက
မေ ပါ လို့ ..ပြောတတ်သူ..
တခါတလေ စိတ်ဆိုးမာန်ဆိုးနဲ့..မင်းဟာလေ
ကိုယ်ချစ်တာကိုမသိတဲ့မိန်းခလေး ..ပိန်းလွန်တယ် .. ဒူလွန်းတယ် ဝေးလွန်းတယ်လို့ . ကိုယ့်ပခုံးကိုရမ်းခါပြီး အားမလိုအားမရပြောတတ်ပြီး ရင်ခွင်ထဲမှာအကြာကြီးထည့်ထားတတ်တဲ့သူ…
မေ..ကျွန်တော့်ကိုမချစ်ဘူးမလားလို့
ကိုယ့်အချစ်တွေကိုမမြင်တိုင်း သူအားမလိုအားမရမေးတတ်တဲ့အခါ. ကိုယ်တိုးတိုးလေးရီမိတယ်…
အချစ်တွေကိုထုတ်ပြမှမြင်မှာလားဟု
ပြန်မေးတိုင်း ဖြေပါ ကြားချင်တယ်ဟု ခပ်တည်တည်နဲ့စိုက်ကြည့်ပြီး နေတတ်တဲ့ သူ့ကိုမြင်ရင်ကိုယ်မရီချင်ဘဲမနေနိုင်…
မေ..ကျွန်တော်လက်ထပ်ရတော့မယ်
.အိမ်ကသဘောတူတဲ့သူနဲ့မယူချင်ဘူး ..မေရှိတဲ့နေရာကိုကျွန်တော်လိုက်ခဲ့မယ်မေ..လို့ သူဝမ်းနည်းတကြီးပြောလာတဲ့နေ့က
.. ကိုယ်သူ့ကိုအံသြတကြီးမော့ကြည့်မိလိုက်တယ် .. ထိုကောင်လေးသည်ဘယ်လိုခွန်အားမျိုးတွေနှင့်
ကိုယ့်ကိုချစ်ခဲ့သလဲ ..
ကျွန်တော့်ကိုလက်ထပ်ပါမေ..
ဟုထပ်တလဲလဲ ကမူးရူးထိုးပြောနေသည့် ထိုကောင်လေးသည် ကိုယ်ချစ်ခဲ့သော ကိုယ်မြတ်နိုးခဲ့သော
ကိုယ်တန်ဖိုးထားခဲ့သော ကိုယ့်ရဲ့ချစ်သူလေး..
ကိုယ်မြတ်နိုးတဲ့ဆံပင်ရှည်ရှည်တွေကို
စိတ်ဆိုးလာရင်ညှပ်ပစ်လိုက်ရမလားလို့ ခနဲ့တဲ့တဲ့ အမြဲပြောတတ်တဲ့ထိုကောင်ကလေး …သည်တရံတခါတွင်
လူကြီးဆန်သလောက် တခါတရံတွင်ကလေးဆိုးကြီးလို ကိုယ့်ကိုအရွဲ့တိုက်တတ်သေးသည်။
သှူု့ကိုသူဘယ်လိုထိန်းကျောင်းရမှန်းသိနေသော်လည်း
ကိုယ့်ရှေ့ရောက်ရင် ပိဘိကလေးလေးတစ်ယောက်လို အကြိုက်ဆိုးချင်တိုင်းဆိုးပြီး ကိုယ့်ကိုနည်းနည်းတော့ဂျစ်တိုက်လိုက်ရမှကျေနပ်တဲ့ချစ်သူ.....
ကိုယ့်သူငယ်ချင်းများ
သူ့သူငယ်ချင်းများကို အားအားရှိသ၀န်တိုပြီး တခါတလေ မင်း သူရကိုကြိုက်နေတာမလားလို့ အခြောက်တိုက်စွပ်စွပ်စွဲစွဲပြောပြီးတိုင်း
သဘောကျစွာရီနေတတ်တဲ့သူ…
မေ ..မင်းသိတဲ့အချစ်ကိုဖွဲ့ဆိုစမ်းပါလို့
တခါတလေ အတင်းအကြပ်တောင်းဆိုတိုင်း ကိုယ်ရီမောမိတဲ့အခါ စီးကရက်တစ်လိပ်ကိုမီးညှိရင်း
ကိုယ့်ကိုမကျေနပ်တဲ့အကြည့်နဲ့ ကြည့်တတ်တဲ့ကိုယ့်ရဲ့ချစ်သူလေး..
မင်းပြောမှာလားမပြောဘူးလားလို့
လက်မောင်းနှစ်ဖက်ကိုအားမလိုအားမရ ဖျစ်ညှစ်ပြီးမေးပြိးတိုင်း ကိုယ့်မျက်နှာတချက် ပျက်သွားတာနဲ့
ဆောရီးပါမေရယ် .. ကိုယ်တမင်လုပ်တာမဟုတ်ရပါဘူး မေရင်ထဲကအချစ်တွေကိုမြင်ချင်လို့ပါသိချင်လို့ပါလို့
ကလေးတစ်ယောက်လိုအသံတိမ်တိမ် လေးနဲ့ပူဆာတတ်သေးတယ်..
တခါတလေ .ကိုယ့်ဆီကိုယ်ဖုန်းဆက်ရင်း
ကိုယ်က ရီစရာစကားတွေပြောမိတဲ့အခါ ကလေးတစ်ယေ.ာက်လိုဟက်ဟက်ပက်ပက်
သဘောတကျနဲ့ရီတတ်သေးတယ်..အဲဒီအချိန်မှာတော့ မင်းဟာ တကယ့်ကိုပီဘိကလေးလေးတစ်ယောက်ပါပဲ
….
တခါတလေအရက်တွေမူးပြီး
ဖုန်းတွေခေါ်တတ်သလို ကားမောင်းနေရင်းနဲ့လဲ အခန့်မသင့်ရင်လမ်းမှာကားရပ်ပြီး မက်စေ့ထပို့နေတတ်တဲ့သူ…
ကိုယ်နဲ့မင်းဆုံဆည်းပါ့မလားလို့
ကိုယ်မေးတိုင်း…မေရယ် သတ္တိရှိစမ်းပါ .. ကျွန်တော်ဟာယောကျာင်္းပါ ..မေလက်ခံနိုင်ရင် ကျွန်တော်ဘာမဆိုရင်ဆိုင်မယ်မေ
တဲ့..ကဲ ..ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ချစ်သူလေးလဲလို့ ..
ကိုယ်သိနေခဲ့တာတခုက
မင်းရဲ့မေမေဟာ မင်းကိုသိပ်ချစ်လွန်းတဲ့မိခင်တစ်ယောက် . မင်းကိုသူတစ်ယောက်ထဲ ဘ၀ကိုရင်ဆိုင်ကျွေးမွေးခဲ့ရှာတာ
. ဘ၀မှာပင်ပန်းမှု့တွေနဲ့ အတူရလာတဲ့နှလုံးရောဂါ.. .. ဒါတွေကိုသာကိုယ်ကြိုမသိခဲ့ရင်
..မင်းတောင်းဆိုသမျှလိုက်လျောမိခဲ့မှာပါချစ်သူ………………….
မေ ..ကျွန်တော့်ကိုတကယ်မချစ်ဘူးဟု
ဆိုလာလေတိုင်း ..ဟုတ်တယ် ကိုယ်မင်းကိုတကယ်မချစ်ဘူးလို့ တိုးတိုးလေးဖြေလိုက်မိတယ်ဆိုရင်ဘဲ
ချက်ခြင်းထပြန်သွားပြီး..ဖုန်းဆက်တဲ့အခါ မက်ဆေ့တွေပို့တဲ့အခါ တခြားကောင်မလေးတွေရဲ့နာမည်နဲ့
ကိုယ့်ကိုမှားချင်ယောင်ဆောင်ပြီး ကိုယ်နာကျင်အောင်မင်းလုပ်တာ ကိုယ်သိတာပေါ့….
မင်းရဲ့မျက်နှာပေါ်မှာကိုယ့်ကိုချစ်တဲ့အချစ်တွေဟာလျှို့ဝှက်သိပ်သည်းနေသလိုပဲ
..ကိုယ့်နှလုံးသားထဲမှာလဲ မင်းကိုချစ်တဲ့အချစ်တွေဟာ သိမ်မွေ့နူးညံ့တဲ့မေတ္တာတွေနဲ့ အပြန်အလှန်
ချည်နှောင်နေကြတာမင်းလည်း သိခဲ့တယ် ကိုယ်လဲသိနေခဲ့တယ်မဟုတ်လားလေ…..
ကိုယ်ပြန်တော့မယ်ချစ်သူ
လို့ပြောလိုက်တဲ့အချိန်မှာအံ့သြတကြီးနဲ့....... ...မေ..ကျွန်တော့်ကိုထားသွားမလို့လား. အဲလောက်မေရက်စက်နိုင်တယ်လားလို့
တုန်တုန်ရီရီနဲ့မေးလာတဲ့မေးခွန်းတွေကို ကိုယ်မဖြေရက်ဘူးချစ်သူ…
စီးကရက်တလိပ်ကိုဖွာပြီး
ခပ်လှမ်းလှမ်းကိုကြည့်နေတဲ့မင်းရဲ့မျက်ဝန်းတွေထဲမှာဝမ်းနည်းခြင်း အရိပ်အယောင်တွေကိုမြင်တွေ့နေရတယ်..
ကိုယ်..ပြောလိုက်တဲ့စကားတခွန်းကြောင့်ဘဲ
မင်းချက်ခြင်းလှည့်ထွက်သွားခဲ့တဲ့အချိန်မှာ ကိုယ်မတားမိခဲ့တော့ဘူး..
ကိုယ်ရဲ့ချစ်သူဟောင်းနဲ့ကိုယ်ပြန်တွေ့တယ်..လက်ထပ်ဖို့ခေါင်ုးငြိမ့်လိုက်ပြီဆိုတဲ့စကားကို
… ကိုယ်ဘယ်လောက်နာကျင်စွာပြောခဲ့ရလဲ မင်းသိရဲ့လား…
တညလုံးအရက်တွေမူးအောင်သောက်ပြီး
.မေ.ခင်ဗျားသိပ်ရက်စက်တယ်လို့ အကြိမ်တရာမက ဖုန်းထဲကနေအော်ဟစ်နေတဲ့ မင်းကို ကိုယ်ဘယ်လိုခံစားချက်နဲ့ဆက်ပြီးနားထောင်ရမလဲကွယ်..
ပတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး…လေတိုးသံလေးတွေကိုဘဲ
ကြားနေရတဲ့ အချိန်မှာ ကိုယ့်ရဲ့အိမ်ရှေ့ကခုံတန်းလေးပေါ်မှာ ..မင်းရယ်ကိုယ်ရယ် အတူရှိနေခဲ့ကြတယ်..မနက်ဖန်မနက်ဆိုတဲ့အချိန်
တခုကိုမင်းနဲ့ကိုယ် ရင်ဆိုင်ကြရတော့မယ်လေ..
မနက်ဖန်မနက် ၈ နာရီမှာကိုယ်ဟာမင်းနဲ့ ချစ်သောဒီမြေဒီရေကိုအပြီးစွန့်ခွာတော့မယ်အချိန် ကို...မင်းနဲ့အတူစောင့်နေမိတယ်...
မေ..ကျွန်တော့်ကိုစောင့်နေပါ
..တနေ့ကျရင် ကျွန်တော်မေ့နောက်ကိုရအောင်လိုက်ခဲ့မှာပါတဲ့ ..
ဟင့်အင်းကိုယ်စောင့်နေမှာမဟုတ်ဘူး..မင်းလက်ကိုလက်ထပ်ရမယ်..မင်းမေမေကိုမင်းစိတ်ချမ်းသာအောင်
ထားရမယ်လေ ..ကိုယ်လဲအဲလောက်ဆိုလက်ထပ်ပြီးနေလောက်ပြီ..
မေရယ်..ခင်ဗျား
ကျွန်တော့်အပေါ်မရက်စက်လွန်းဘူးလားဟင်..
ကိုယ့်ပခုံးပေါ်မှာသူကလေးတစ်ယောက်လိုမှီပြီး
ပြောနေတယ်.. ..ကိုယ်နှစ်သက်တဲ့မင်းရဲ့ဆံပင်တွေကို လက်ချောင်းလေးနဲ့သပ်တင်ပေးတော့ ကိုယ့်လက်ချောင်းတွေကိုမင်းဆုပ်ကိုင်ထားတယ်...
ကိုယ်ခနတာစိတ်လွတ်သွားတယ်..မင်းကိုမစွန့်လွှတ်ချင်တော့ဘူး ချစ်သူရယ်.....
..ဒါပေမယ့် ကိုယ်သတိပြန်ဝင်လာတဲ့အချိန်မှာ မင်းလက်ထဲကနေကိုယ့်လက်ကိုရုန်းထွက်လိုက်မိတယ်..
....
မင်းကိုယ့်ကိုတအံတသြနဲ့ကြည့်လို့..........................
ကိုယ်လမင်းကြီးကိုမော့ကြည့်လိုက်မိတော့ .. လမင်းကြီးကကိုယ့်ကိုရီပြနေတာလား
အားပေးနေတာလား နားလည်မှု့တွေပေးနေတာလား မကွဲမပြားမသေမချာတော့ ..သေချာတာကတော့ကိုယ့်မျက်လုံးမှာလဲမျက်ရည်တွေနဲ့ပြည့်နေပြီဆိုတာတော့
ကိုယ်သိလိုက်တယ် ..မင်းမသိအောင် ကိုယ်ခေါင်းကိုတချက်ခါတော့ .
မေ..ကျွန်တော့်ပခုံးကိုမှီပေးပါတဲ့
… အမြဲကိုယ့်ပခုံးကိုပဲမှီခိုလာတဲ့ ကိုယ့်ရဲ့ချစ်သူလေးက ပြောလာတဲ့စကား…
ကိုယ်..မင်းပခုံးထက်ကိုမှီလိုက်တဲ့အချိန်မှာဘဲ
..ရင်ထဲမှာနွေးထွေးတဲ့အရာတစ်ခုဖြတ်သန်းစီး ဆင်းသွားခဲ့တယ်..
ကိုယ့်ပါးပြင်ပေါ်ခပ်နွေးနွေးအနမ်းတစုံတရာနဲ့အတူ.
တင်းကြပ်တဲ့ပွေ့ဖက်မှု့ကိုပါ ကိုယ်ခံစားလိုက်ရတယ်…
မင်းပါးပြင်ပေါ်ကမျက်ရည်တချို့ ကိုယ့်မျက်နှာကိုယ်စိုစွတ်လာတာကို သတိထားမိလိုက်တဲ့အချိန်မှာ .မင်း ငိုနေပြီဆိုတာကိုယ်သိလိုက်တယ် ...
မင်းဝမ်းနည်းနေမယ်ခံစားနေရမယ်ဆိုတာ
ကိုယ်လဲသိတယ် ကိုယ်ကြေကွဲနေရမယ်ဆိုတာလဲ မင်းသိနေတယ်....
မင်းနဲ့အတူကောင်းကင်ကြီးကိုမော့ကြည့်မိလိုက်တော့
..ကြယ်လေးတွေကမှိတ်တုတ်မှိတ်တုတ်နဲ့ လမင်းကြီးကိုခစားလို့ …
ကိုယ်စောင့်နေမှာပါချစ်သူရယ်….
မင်းလာမယ့်တနေ့ကိုကိုယ်စောင့်နေမှာပါ…အဝေးတစ်နေရာကနေ ကိုယ်စောင့်နေမှာ…
ကိုယ် ကိုကိုယ်တိုင်ဘယ်လောက်ကြေကွဲနေရလဲ ..မင်းကိုမသိစေချင်တော့ပါဘူး............
.....................................
.
အဲဒါဘဲပေါ့ချစ်သူရယ်..
အချစ်ဆိုတာတခါတလေရယူ ပိုင်ဆိုင်ခြင်းမှမဟုတ်ခဲ့တာဘဲကွယ်… လျို့ဝှက်နက်နဲသောအချစ်တွေမှာလဲ
သိမ်မွေ့နှုးညံ့တဲ့ချစ်ခြင်းမေတ္တာတွေပြည့်နှက်နေတယ်ဆိုတာ မင်းခံစားမိ တဲ့တနေ့ကျရင်
..မင်းကိုယ့်ကိုနားလည်လာပါလိမ့်မယ်ချစ်သူ…………………………..
ခုတော့ နားလည်မှု့အသင်္ချေနဲ့မင်းကို
ကိုယ်ချစ်လျှက်နဲ့ထားခဲ့တယ်ဆိုတာ တော့..အကြွင်းမဲ့ယုံလိုက်ပါ တော့ ချစ်သူရယ်…………….။
မဒမ်ကိုး
၅း၃၂ မိနစ်
စနေနေ့ (
၆.၁၀.၂၀၁၂ )
21 comments:
ပေါင်းမယ်ထင်နေတာကွယ် ..
ချစ်တိုင်းလည်း မညား .. (သီချင်း) ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ချစ်ရသူတိုင်း ပျော်ရွှင်စွာ
ပေါင်းဖက်ရပါစေ
တွဲလက်တွေမြဲပါစေ
ချစ်တဲ့ sis jasmine
ချစ်သူတွေဝေးသွားကြတယ် ချစ်ကြနဲ့ခွဲသွားကြတယ်ဆိုငိုချင်တယ်..
ဖတ်ရတာတော့ကောင်းတယ်...မပေါင်းသလို
ဇာတ်သိမ်းကိုမြင်ရတော့..ရင်ထဲနာလိုက်တာ..
အခုတလော အဲလိုဇာတ်သိမ်းမျိုးတွေ မခံစားနိုင်ဘူး
ကိုယ့်အဖြစ်နဲ့ ဆင်နေလို့လေ..ထားခဲ့လိုက်တာကို
အပြစ်မမြင်ပါနဲ့ ချစ်သူရယ်..အဲဒါမင်းအတွက်ပါ...
မားမားရာ ချစ်သူတွေဝေးတဲ့အကြောင်း
မရေးပါနဲ့လေ
ရင်စနာစရာ ...မမရေ.. ခံနိုင်ရည် မရှိသလိုပဲ..:(
ညီမလေးဒိုးကန်ရေ
မကြီးရောက်ခဲ့တယ်နော်။ စာလေးထဲဖတ်ပြီးမျှောလာတာ
အဆုံးမှာ သီချင်းလေးနဲ့ ကြေကွဲသွားတယ်။
ကျန်းမာရေးကို ဂရုစိုက်နော်။
ချစ်တဲ့
မကြီးလွမ်း
တီတင့်က ဇာတ်လမ်းဆိုရင် ပေါင်းမှသဘောကျတာ မဒိုးရဲ့ တစ်နည်းနည်းနဲ့ဝေးသွားတာမျိုး ဖတ်မိရင် စိတ်မကောင်းဖြစ် ကျန်တတ်လို့ ညထဲက ဖတ်ပြီးပေမယ့် ကွန်မန့်အခုမှ တစ်ခေါက်ပြန်ရေးရင်း နောက်တစ်ခေါက် ဖတ်သွားတယ် မဒိုး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မေ..တော်ပါပီ.။
မမြဝင်း ရက်စက်တယ်း( နောက်ဆို ကိုယ့်ကို သည်းထိတ်ရင်ဖိုတွေဖြစ်အောင် မကျီစယ်ပါနဲ့ကွယ်..နေကောင်းအောင်နေနော်..း))
ချစ်တဲ့သူတိုင်းပေါင်းပြီး ပေါင်းတဲ့သူတိုင်း ချစ်ကြရင်
ဒီကမ္ဘာမြေက ဘယ်လောက်လှလိုက်မလဲနော်
ငါ့ညီမလေး အလိုရှိရာ
ဆန္ဒ အားလုံးပြည့်ပါစေ
ချစ်သူတိုင်းဆုံစည်းပေါင်းဖက်ကြပါစေ
ဇာတ်လမ်းလေးကလွမ်းစရာလေး
အားပေးသွားပါတယ်ကွယ်
ခင်တဲ့အန်တီလေးမေခင်
ချစ်တိုင်းမညားညားတိုင်းမချစ်
ဇာတ်လမ်းလေးဖတ်ပြီးလွမ်းမိတယ်
သူဓါတ်ကူးသွားတာလား...နိုး..မရေးပါနဲ့ မညားတဲ့ မပေါင်းတဲ့ဇာတ်တွေထပ်မရေးပါနဲ့ ငါ့သမီးရယ်...
မညားဘူးပေါ့... ဟင့် ၀မ်းနည်းတာ :(
သီချင်းတောင် အဆစ်ပါလိုက်သေးတယ်... >.<
အလွမ်းဆိုတာကို ကြားလည်းမကြားချင် စဉ်းလည်းမစဉ်းစားချင်တော့ပါဘူး.. နာကျင်ရလွန်းလို့
အင်း... သိမ်မွေ့တဲ့ မေတ္တာတွေ တပွေ့တပိုက်ကြီးနဲ့ပဲ ချန်ခဲ့ရပြန်တယ်...၊ လူနှစ်ဦးတည်း ပေါင်းရမယ့် ကိစ္စမှာ နှစ်ဦးတည်းမကတဲ့ ဘဝတွေ ပါဝင်ပတ်သက်လာတဲ့ အခါ လွတ်လပ်စွာ ရှင်သန်ခွင့် မရတဲ့ ချစ်ခြင်းတွေကို ထမ်းပိုးပြီး ခရီးဆက်ကြရအုံးမယ် ထင်ပါတယ်ဗျာ...၊
နူးညံ့တဲ့ စာစုလေးမို့ ဖတ်ရတာ လှုပ်ခတ်တယ် ညီမရေ...။
အော် အော်.. ပိယေဟိ ၀ိပ္ပယောကော ဒုက္ခောဆိုတာ ဒါမျိုးပြောတာနေမှာ...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
လွမ်းသွားပါတယ်ဗျာ။ဇာတ်လိုက်မင်းသမီးနဲ့လက်ထပ်မယ့်သူကဘယ်လိုပေါ်လာတာလဲဗျာ။တော်တော်ရှုပ်တာပဲ။ကောင်လေးတော့ကျန်ခဲ့ပြီပေါ့။
လူဇိုး..ရက်စက်တယ်..နှစ်ယောက်စလုံး သနားစရာ..
Post a Comment