Monday, September 3, 2012

ပန်းဖူးပန်းငုံ စုံစုံလင်လင်ဤရဂုံတွင်

ခေါင်းဆောင်ကောင်းတို့ဖူးပွင့်မည်
တက်ကြွညီညာချီ 
အနာဂတ်ကောင်းတဲ့စာသင်ကျောင်း
ငါတို့အုတ်မြစ်လောင်း။

မဒမ်ကိုး

မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက်ခြေလှမ်းကို စတင်လိုက်ပြီးနောက် ရုပ်လုံးစဖော်ရာမှာ သာယာကုန်းဘုန်းတော်ကြီး ပညာရေးကျောင်းအတွက် လိုအပ်နေတဲ့ ထမင်းစားဆောင်ကို စတင်ဆောက်လုပ်ရန်အတွက် အုတ်မြစ်ချပန္နက်ရိုက်ပြီဖြစ်ပါတယ် ။ အလှုရှင်များရဲ့ ကောင်းမှုနဲ့ စတင်ရုပ်လုံးဖော်နိုင်ခဲ့တဲ့ ဒီအဆောက်အဦးအုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ၂၉ ရက် သြဂတ်စ်လ ၂၀၁၂နေ့မှာ သာယာကုန်း ဘုန်းတော်ကြီးကျောင်း သန်လျင်မြို့မှာ ကျောင်းထိုင်ဆရာတော်နှင့်အတူ ပန္နက်ချပွဲမင်္ဂလာကိုအကျဉ်းရုံးပြုလုပ်ခဲ့ကြပါတယ် ။ 

အလှုရှင်များ ကုသိုလ်ပွားများ နိုင်စေရန်အလို့ငှာ ပန္နက်ရိုက်မင်္ဂလာအခမ်းအနားမှပုံများနှင့်တကွ ဗီဒီယိုဖိုင်ကိုပါ ပူးတွဲ တင်ပေးလိုက်ပါတယ် ။ 

ပန္နက်တင်ဖို့ပြင်ဆင်နေကြပုံ



ပန်းကလေးများပွင့်တော့မည်ဖူးတံဝင့်လိုချီ နေချည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း












မြန်မာမုဒိတာလူငယ်များအဖွဲ့ကိုယ်စား
မဒမ်ကိုး

9 comments:

AH said...

လှိုက်လှိုက် လှဲလှဲကို ခံစားရတယ်.... ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ

khin said...

ကြည်နူးပီတိဖြစ်ရပါတယ်ရှင်။
မမကျားမိသားစု

အလွမ်းမြို့ said...

သာဓု ၃ကြိမ်ခေါ်ဆိုပြီး ကြည်နူးပီတိ ယူသွားပါတယ်
ဒိုးကန်ရေ။

လရိပ်အိမ် said...

ဝမ်းသာစွာနဲ့စောင့်မျှော်နေပါ့မယ်။

နွေတေးရှင် (မင်းဧရာ) said...

အညွှန့် အတက် ကလေးတွေပေါ့ဗျာ
စုပေါင်း၍ ရေလောင်းပေးသူများအတွက်လည်း
အတိုင်းမသိကို ၀မ်းမြောက်မိတယ်။

မိုးသူ(တောင်ကြီး) said...

သာဓု သာဓု သာဓုပါ
ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပါတယ်ခင်ဗျာ

စံပယ်ချို said...

ပုံတွေကြည်ပြီး ကြည်နူးပီတိဖြစ်ရပါတယ်
အလှူရှင်များလဲ နောင်ဒီထက်ပိုပြီးလှူနိုင်ပါစေလို့

အိပ်မက်ကောင်းကင် said...

ပုံလေးတွေကိုကြည့် ရင်းပီတိဖြစ်မိပါတယ်
သာဓု . သာဓု . သာဓု ပါ

မောင်သီဟ said...

Dကဗျာလေးကိုဟိုးရက်တွေကဖတ်ဖြစ်တယ် ဒယ်အိုးရေ
မမန့်နိုင်ခဲ့ဖူးကွယ်
ကဗျာလေးကိုသဘောအတော်ကျနေတာ

အခုကွန်လေးရတုန်းလာမန့်ထှာာာ

း)

Related Posts Plugin for WordPress, Blogger...