အဲဒီနေ့ကပေါ့ .........
ပန်းနုရောင်ကဗျာမလေး
ကျနော့်အပါးက
လျှပ်တပြက်လေး ရှပ်ပြေးသွားတယ် ။
အဲဒီနေ့ကပေါ့ ...............
သူမရဲ့ရနံ့သင်းသင်း
ရင်တွင်းစီးလို့
နှုးနူးညံ့ညံ့
ကျနော့်နှလုံးသား လှိုင်းထသွားတယ် ။
အဲဒီနေ့ကပေါ့ ...............
မျက်လုံးချင်းဆုံ
ရင်တွေခုန်လို့
ကဗျာမလေး ပျော်မြူးခဲ့တယ်။
အဲဒီနေ့ကပေါ့ ...........
တိမ်တိုက်လွှာတွေကြား
လက်တွေ့ဘ၀ကိုမေ့ထားလို့
သူမနဲ့ကျနော်
ဖြတ်သန်းစီးမျောခဲ့တယ်။
အဲဒီနေ့ကပေါ့ ..............
ကဗျာမလေးရဲ့ပါး
ပန်းနုရောင် သံစဉ်များ
ရစ်မူးခုန်ဆင်း စွန်းထင်းခဲ့တယ် ။
အဲဒီနေ့ကပေါ့ .............
ကျနော့်ရင်ငွေ့ကြား
ဘုရင်မတစ်ပါးလို
သူမ..ကခုန်ကစားခဲ့တယ်။
အဲဒီနေ့ကပေါ့ ............
တသက်မမေ့နိုင်စရာစကား
တိုးတိုးလေးလှုပ်ရှား
“ ရှင့်ကိုကျမချစ်တယ် ” တဲ့ကွယ်။
အဲဒီနေ့ကပေါ့ .......
သူမရဲ့နှုတ်ခမ်းပါးပါး
ဖူးငုံစပန်းတပွင့်အလား
ပျားသကာလိုချိုမြခဲ့တယ် ။
အဲဒီနေ့ကပေါ့ ....
မိုးစက်မြူမှုန်တွေကြား
မထင်မှတ်ထားသမျှ
အေးစက်စိမ်းကားစွာ
ကဗျာမလေး စိုစွတ်ခဲ့တယ် ။
အဲဒီနေ့ကပေါ့ ....
အိမ်မက်ကလန့်နိုး
ယောင်တောင်တောင်အိပ်မက်ဆိုးတွေနဲ့
လက်တွေ့ဘ၀ကိုတိုးဝင်လို့
“ ကျမကိုမေ့လိုက်တော့ ”လို့
သူမရွတ်ဆိုခဲ့တယ် ။
အဲဒီနေ့ကပေါ့ ....
မြှားအစင်းတစ်ရာပစ်ခွင်း
နှလုံးသားကိုချနင်းလို့
ပန်းနုရောင်ကဗျာမလေး
ကျနော့်အနားက
တိတ်တဆိတ်လေး ဖြတ်ပြေးသွားတယ် ။ ။
မဒမ်ကိုး
၁၃.၈.၂၀၁၂
တနလာင်္နေ့
20 comments:
ကဗျာကရိုးရိုးလေးနဲ့ပီပြင်တယ်နော်..
အမဒမ်ကိုး
ကဗျာရေးသူ မဒမ်ရဲ့ ကဗျာဆန်သော ကဗျာထဲက ကဗျာမလေး ကို ကဗျာဖတ်သူက ကဗျာဆန်စွာ ခံစားသွားကြောင်းပါဗျာ
နောက်ဆုံးအပိုဒ်လေးက
ရင်ကိုပိုထိသလားလို့
ကြိုက်လို့ထင်ပါရဲ့
အဟမ်း အဟမ်း (ဈေးကိုင်တဲ့လေသံနဲ့ :P )
အရေး အသားလေးတွေက ကဗျာဆန်လိုက်တာ
သူများတွေများ ရေးတတ်လိုက်ကြတာ :P
ကဗျာလေးကိုလာရောက်အားပေးသွားတယ်နော် ^_^
ကဗျာလေးကို ခံစားသွားပါတယ်...
လှလှပပ နူးနူးညံ့ညံ့ ချစ်ခြင်းတရားတွေ ပြည့်နေတဲ့ ကဗျာလေး......မမ။
ခံစားအားပေးလျှက်...
ကဗျာမလေးကတော်လိုက်တာ...။
လာလည်ခံစားသွားပါတယ်။ ပထမပိုင်းနဲ.တန်းလန်းကြီးထားသွားတဲ. ပိုစ်.ကိုလည်းဖတ်ဖို.စောင်.မျှော်နေပါတယ်နော်။
ကဗျာနူးနူးညံ့ညံ့လေးအားပေးသွားတယ်။
ဘက်စုံပါလား မဒိုးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဲဒီနေ့ကပေါ့
သူမရဲ့ရနံ့သင်းသင်း
ရင်တွင်းစီးသို့
နူးနူးညံ့ညံ့
ကျနော့်နှလုံးသားလှိုင်းထသွားတယ်
ကဗျာလေးခံစားသွားပါတယ်
“ကဗျာမလေးရဲ့ပါး
ပန်းနုရောင် သံစဉ်များ
ရစ်မူးခုန်ဆင်း စွန်းထင်းခဲ့တယ် ။...”
ရိုးရိုးလေး...၊ ဒါပေမယ့် နူးညံ့တယ် ညီမရေ...။း)
အဲဒီနေ့ကပေါ့ ............
တသက်မမေ့နိုင်စရာစကား
တိုးတိုးလေးလှုပ်ရှား
“ ရှင့်ကိုကျမချစ်တယ် ” တဲ့ကွယ်။
ဟိုးးးးးးးးးးးးးး
ကျုပ်တို့ရဲ့ ဇာတ်ဆရာ လက်ရာမှတ်နေတာဗျ..
မင်းသမီး ဖြစ်နေသကိုး..
ကောင်းတယ်ဗျာ
ချစ်ခြင်းတွေ စီးဆင်းနေသလို ကြည်နူးခြင်းတွေ ပျော်ဝင်နေသလို
တစ်ယောက်ရင်ကို တစ်ယောက်က ခိုလို့ ...။
ကဗျာဆန်တဲ့ကဗျာမလေးဘဲ။း)
အိုင်အိုရာ
အဲဒီနေ့ကပေါ့ သူမကဗျာဖတ်ပြီး ကျနော် စိတ်လေသွားတယ် . . အော် သူမလည်း အကွဲထဲက အကွဲသမားတစ်ဦး တစ်ဦးဖြစ်ခဲ့ပေါ့ . . .
ဗညား
အဲဒီနေ့ကပေါ့.....
ကဗျာဖတ်သွားတာလေ
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
မိုက်တယ်ကွာ
ပန်းရောင်လေးက နူးညံ့လှပသလို
ကဗျာလေးကလည်း နူးနူးညံ့ညံ့ ချစ်စရာအေ..
နောက်ဆုံးပိုင်းကိုဖတ်တော့မှ ဖြတ်ခနဲ ကြေကွဲသွားတယ်
ကဗျာလေး အရမ်းလှတယ်။
အားပေးသွားတယ် ညီမ ဒိုးကန်ရေ။
ပန်းနုရောင်ကဗျာမလေး အကြောင်းဖတ်သွားတယ်။
အဲဒီနေ့ကပေါ့
သူမ ကဗျာတစ်ပုဒ်ရေးထားတယ်။
အဲဒီနေ့ကပေါ့
ကျွန်တော်ကဗျာလာဖတ်သွားတယ်။
အဲဒီနေ့ကပေါ့
ကျွန်တော်မှတ်ချက်ပေးသွားတယ်။
(မှတ်ချက်မပေးရင် ရူပါမလန်းဘူးပြောလို့)နောက်တာပါ။
အဲဒီနေ့ကပေါ့
ကျွန်တော်အဲဒီကဗျာကိုခံစားလို့ရသွားတယ်။
Post a Comment