Sunday, August 5, 2012

မေတ္တာနဲ့ လွန်းမဲ့ကြိုး


စပါးဝါရွှေ၊ ၀င်းပါစေ
 ပန်းတွေသင်းပါစေ
ငှက်ကလေးတွေ မိုးတိမ်ကြား
 ပျံနိုင်ကြစေသား
နေရောင်ခြည်လည်း ဖွေးပါစေ
 လေပြေ အေးပါစေ
ချစ်မိတ်ဆွေ ပေါင်းဖော်များ ကျန်းမာကြစေသား

အို..အို..အို
ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း.. 
အဲ့ဒီဆုတောင်းကဗျာလေးကို ကလေးငယ်တွေ ပျော်ရွှင်စွာနဲ့ ရွတ်ဆိုကြတဲ့အသံကိုကြားတိုင်း ကျွန်တော်တို့တွေရဲ့ နှလုံးအိမ်တွေ ပျော့ပြောင်းလာစမြဲ မဟုတ်လား..။မေတ္တာတရားနဲ့ အတိပြီးတဲ့ကမ္ဘာကြီးကို တည်ဆောက်မယ်ဆိုရင် ကလေးငယ်လေးတွေမှာ ပညာရည်မြင့်မားဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ ထူးချွန်ထက်မြတ်နေဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံရဲ့ အနာဂတ်သားကောင်း၊ သမီးကောင်းများစွာ ပါဝင်နေနိုင်ပြီး လက်ရှိ ပညာသင်နှစ်မှာ ကလေးငယ် (၃၀၀)ကျော် ပညာသင်ကြားပေးနေတဲ့ သာယာကုန်းရွာ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်နေတဲ့ ကျောင်းဆောင် ဆောက်လုပ်လှုဒါန်းနိုင်ဖို့ လှုဒါန်းထားကြသော -ကျောင်းဒကာ၊ ကျောင်းအမများမှာ အောက်ပါအတိုင်းဖြစ်ပြီး သတ်မှတ်ထားသော အလှုပိတ်ရက်မှာ အလွန်နီးကပ်လာပြီဖြစ်ကြောင်း အလှုရှင် များအား ထပ်မံ အသိပေး နှိုးဆော်အပ်ပါတယ်ခင်ဗျား..။

မိမိတို့ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလိုက်ယုံဖြင့် ကျောင်းဒကာ ဒကာမအဖြစ်ခံယူလို့ ရနိုင်မဲ့ အခွင့်အရေးအား မြန်မာမုဒိတာလူငယ်များ အဖွဲ့နှင့် အမြန်ပူးပေါင်းပြီး ရယူလိုက်ပါ။

the donor list

လေးစားစွာဖြင့်
ကိုရင်
21:01(GMT)

9 comments:

သူကြီးမင်း (တုံးဖလား) said...

ဖြတ်ပိုင်းမှာ မုဒိတာ တံဆိပ်တုံးကြီးနဲ့ အတော်လန်းနေပါလား ကျောင်းဒကာ။း))

nandasara.ashin said...

ဝမ်းလည်းသာတယ်၊ ၀မ်းလည်း နည်းမိပါတယ်။ ၀မ်းနည်းဆိုတာက တတ်နိုင်သလောက် ပါဝင်လှူဒါန်းဖို့ အခွင့်မသာသေးတာကြောင့်ပါ။ အလှူ့ရှင်များလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...

တောက်ပကြယ်စင် said...

ရူပါလန်းသော ဘုန်းဘုန်းတောက်က ဒုတိယ မန့်သွားပါသည်။

mstint said...

အလှူရှင်များနဲ့ အလှူခံ အမှုဆောင်များအားလုံး စေတနာသဒ္ဓါတရား ထက်သန်မှုများအတွက် သာဓု သာဓု သာဓု။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kokoseinygn said...

ကုသိုလ်အားလုံးအတွက်
သာဓုခေါ်မိပါတယ်
ငါ့ညီနဲ့ညီမ.....တို့၇ဲ့မွန်မြတ်တဲ့
ရည်ရွယ်ချက်တွေအတွက်
လေးစားမိပါတယ်။

နွေတေးရှင် (မင်းဧရာ) said...

ကောင်းတယ် ဇာတ်ဆရာ....
အဲသည် သီချင်းသံလေးကိုကြားရတိုင်း
စိတ်တွေက ကျောင်းဝန်းအတွင်းကို ရောက်ရောက်သွားတယ်။

မိုးညချမ်း said...

အလှူ့ရှင်/အလှူ့မများရဲ့ လှူဒါန်းတွေအတွက် သာဓု သာဓု သာဓု ... မမရဲ့ပိုစ့်ထဲက ကဗျာလေးကိုဖတ်ရင်း ကျောင်းသားဘ၀လေးကို သတိရသွားလို့ ညလေးတော့ ကျောင်းသားဘ၀ ပိုစ့်လေးတစ်ခုတော့ ရေးဖြစ်အုံးမယ် ထင်ပ ... :)

မောင်မောင် said...

အစ်မရေ ဒီထက်ပိုပြီးကောင်းမှုကုသိုလ်တွေလုပ်နိုင်ပါစေ

ဖြိုးဇာနည် said...

ကျောင်းဒကာကြီးရေ အားကျသဗျာ

Related Posts Plugin for WordPress, Blogger...