Friday, July 20, 2012

ချစ်သောခင်


ချစ်သောခင်



ခင်
မနမ်းဝံ့ပေါင်ကွယ်
မွှေးရနံ့ပျယ်မှာစိုးလို့ပါ။

ခင်
မခူးဝံ့ပေါင်ကွယ်
နွမ်းကြေသွားမှာစိုးလို့ပါ။

ခင်
မလှမ်းဝံ့ပေါင်ကွယ် ။
မမှီမကမ်း ရော်ရမ်းသွားမှာစိုးလို့ပါ။

ခင်
မချစ်ဝံ့ပေါင်ကွယ်
အဆင့်ရယ်မတူ အလွှာခြား
ဘ၀များရယ် ကွာလွန်းတော့
ရင်နာရမှာစိုးလို့ပါ။

ခင်
လွမ်းပါရစေတော့ကွယ်
အဝေးကသာပဲ ....
မတူမတန် မူဟန့်နွဲ့ယမင်းရယ်
ပန်းအလှမောင့်အိပ်မက်ကို
ပင်ယံထက်မှာဘဲ မင်းမူတော့ကွယ် ။

မဒမ်ကိုး
၁၂း၂၈မိနစ်
၁၄ ရက် ၇ လ ၂၀၁၂

 ( ဖေ့စ်ဘွတ်ခ်မှာတင်ပြီးသားကဗျာလေးတစ်ပုဒ်ပါ . ပျောက်ပျက်သွားမှာစိုးလို့ ပြန်တင်လိုက်ပါတယ်း)

သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လှုဒါန်းထားသူများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 




26 comments:

Yin Sue said...

ကဗျာအဟောင်းလေးပေါ့မကြီးဒိုး......လွမ်းဘဲနေတော့မှာပေါ့နော်.....:P

မိသိန်းကြည် said...

ယုံပါ..
ရင်သို့တိုးဝေ့ဆဲပါခင်..း)

ဖြိုးမောင်မောင်(CTM) said...

အလဲ့  ခင်
ခင်ခင်မခင်ခင်
ခင့်ကိုသာပဲ
ဒီမောင်ခင်တယ်။
း)

စံပယ်ချို said...

အစက အဆုံးထိကြိုက်တယ်
ရိုးရှင်စွာဖွဲ့ထားတဲ့အချစ်ကဗျာလေးမို့

ခုမှဖတ်ရတော့လဲအသစ်ပေါ့နော်

မိုးညချမ်း said...

အဲလိုနဲ့ပဲ ကျန်ရစ်ဖြစ်တော့မှာပဲ မမရ ... :P

တောက်ပကြယ်စင် said...

မဖတ်ရသေးတော့
အသစ်စက်စက်ကလေး
ဒိုးကန်ရေ...

အလွမ်းမြို့ said...

ညလေးရေ... သူမချစ်ခိုင်းတိုင်း မုန်းလို့မဖြစ်
အချစ်က အမုန်းမဟုတ်ဘူး...အဟီး
မဆီမဆိုင် သီချင်းဆိုသွားတာနော်.
မကြီး အားပေးတွားတယ် ..


ခင်တဲ့
မကြီးလွမ်း

mstint said...

ကဗျာလေး ရိုးရိုးအေးအေးလေးနဲ့ ကောင်းတယ်။
ငယ်ဘဝကိုပြန်ရောက်သွားသလိုပဲ မဒိုးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

ဒီကဗျာက ဒီလိုမျိုး ထိန်းသိမ်းသင့်ဒယ်.. :P

မီးမီးငယ် said...

ဒီလိုလည်းဖြစ်တယ်..။
ဟင်းးးးဘက်စုံကြီးတော့။
:P

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးကရိုးရိုးလေးနဲ့ကောင်းတယ်...

မိုးသူ(တောင်ကြီး) said...

မဒိုးကန်ရေ.....

အခုလို နူးနုးညံ့ညံ့

ကဗျာလေးတွေဖတ်ရတာ

ရင်ထဲကိုဘ၀င်ကျတယ်ဗျာ

ကျေကျေနပ်နပ်ကြီးကို

ကွန်မန့် ပေးသွားပါကြောင်း

ခင်တဲ့
မိုးသူ(တောင်ကြီး)

ပန်းချီ said...

ကဗျာလေးက ကနွဲ့ကလျ နဲ့ နန်းဆန်လိုက်တား)

khin said...

ချစ်သောခင်
ရှင်

လွင်ပြင်လှိုင်းငယ် said...

တော်တော်လေးကောင်းတဲ့ ကဗျာလေးပဲ ညီမရေ

နွေတေးရှင် (မင်းဧရာ) said...

ကဗျာနဲ့ ရုပ်နဲ့ ဘယ်လိုမှကို ဆက်စပ်မရဘူးး)။

အလင်းသစ် said...

ခင်တဲ့လား..ဟိဟိ

ကြည်ဖြူခင်ခင် said...

အာ.. မမဒိုးကန်တော့ ရင်ခုန်အောင် တော်တော်လုပ်တာပဲ.. လူဆိုး.. :P

ကဗျာလေး ကောင်းတယ်ရှင်.. :)

ဆူးသစ် said...

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ကဗျာသမားလို့ပဲ အမြဲတမ်းခံယူချင်တော့ ကဗျာရေးတဲ့သူဆို လေးစားနေမိတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ရေးတဲ့ကဗျာအတွက် နှလုံးသားက နိုးကြားနေတာကိုက ကဗျာရေးသူအတွက် ချစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ တစ်ခုတော့ ကျွန်တော်အကြံပြုပါရစေ။ ကဗျာကို ဖော်ပြပြီး အလှူစာရင်းကိုတွဲတင်တာမျိုးတော့ မလုပ်ပါနဲ့လားဗျာ။ အပေါ်ကခံစားလာတာတွေ ဘယ်ရောက်သွားမှန်းကို မသိတော့လို့ပါ။ ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင်ပါ။ ကျွန်တော်ပြောချင်တာက နောက်တစ်ခုခုမှာ သတ်သတ်ဖော်ပြပေးတာပိုကောင်းမလားလို့ပါ။ ကဗျာက အချစ်ကဗျာဆိုတော့လေ။ ဥပမာ-ဘုရားတရားကဗျာအောက်မှာဖော်ပြပေးတယ်ဆိုရင်တော့ သင့်တော်တာပေါ့နော်။ ကျွန်တော်ပြောတာမှားရင်တော့ တောင်းပန်ပါရဲ့ခင်ဗျား။ ကျွန်တော်လည်း အမြင်ကိုမျှတာပါ။

Cameron said...

အလဲ့...ငါ့သမီးနုနေပါ့လား...။

Candy said...

အဲ့ဒါကြောင့် ဖတ်ဖူးပါတယ်လို့ ဟိ

Angelhlaing(May everybody be happy and healthy! said...

ခင်တဲ့..ချစ်တက်ပုံများ..အားကျစရာ..မမ:)))

Latt Latt said...

နူးညံ့သော ကဗျာ... ကောင်းပါ၏

ဝေဖြိုးဟန်(အင်းစိန်) said...

မဒိုးကန်ရေ..လွမ်းပါရစေတော့ကွယ်...အဝေးကသာပဲ.. က အနော့်ဘဝလိုပဲ။ အနော်လို အဲ့ဒီစာသားလို ဖစ်နေတာ။ ပြောရင်းတောင် လွမ်းသွားပြီ...

အဖြူရောင်နတ်သမီး said...

ပန်းကလေးက ဖြူဖြူဖွေး..
မနမ်းရက်ပေမယ့်
ဖွဖွလေးတော့
နမ်းပါရစေကွယ်..

ပန်းကလေးက ဖြူဖြူဖွေး
မခြွေရက်ပေမယ့်
ဖွဖွလေးတော့ ထွေးပွေ့ခွင့်ပြုပါကွယ်..း)

San San Htun said...

ကဗျာလေးက ချစ်စရာလေး..

Related Posts Plugin for WordPress, Blogger...