Thursday, July 12, 2012

ဝမ်းနည်းမိုးတိမ်






တခါတလေ ရင်နာရစေတာတွေလဲ
ပြန်မတွေးပါရစေနဲ့ ..။

တိမ်မဲတွေအရိပ်မိုးသလို
စိတ်အငြိုးတွေလဲအစိုးမရပါစေနဲ့။

သံသယတွေနဲ့ အန်ဟနေရတာမို့
ခံစားရသမျှ ပြန်ဖွင့်ခါမပြချင်လည်း
သိပ်သည်းကာ ကြိတ်တည်းမနေတတ်သူမို့
တကိုယ်ထဲကွယ် ...................
ရေရွတ်နေဆဲ.....................။

မဒမ်ကိုး
၂း၁၀ မိနစ်
၁၂.၇.၂၀၁၂
( ဖေ့ဘွတ်မှာတင်မိထားတဲ့ကဗျာလေးကို ပျောက်ပျက်သွားမှာဆိုးလို့ ဘလော့မှာ သိမ်းထားဖို့ရည်ရွယ်ပြီးတင်လိုက်ပါတယ် )

20 comments:

ယုန်ကလေး said...

ခံစားချက်တွေနဲ့ တိုက်ဆိုင်လို့ထင်ပါတယ်.... ဒီကဗျာလေးကို အရမ်းကြိုက်တယ်...

Thandar Lwin said...

ဘာတွေ ရေ ရွတ်လဲ (ကိုရင် ကို သိပ်သိပ်ချစ်တယ်လို့လား)

Angelhlaing(May everybody be happy and healthy! said...

တခါတလေ ရင်နာရစေတာတွေလဲ
ပြန်မတွေးပါရစေနဲ့ ..။
တိမ်မဲတွေအရိပ်မိုးသလို
စိတ်အငြိုးတွေလဲအစိုးမရပါစေနဲ့။


ထိတယ်မမရေ...ကွတ်တိ..:):)

3rdthameetaw said...

စကားလုံးတွေထိတယ်ဗျာ

မိုးညချမ်း said...

“တစ်ခါတစ်လေ ရင်နာရစေတာတွေလည်း ပြန်မတွေးပါရစေနဲ့” ... ပြန်တွေးမိလိုက်တိုင်း တဆစ်ဆစ်နဲ့ နာကျင်ရလို့ပါ ... :)

မိုးသက် said...

အဲ့လိုတွေရှိသေးတယ်လား..။
တစ်ခါတစ်လေသာဖြစ်ပါစေ..အစ်မရာ..။
ကိုရင်ကကြည့်ပြီး ငါးခူပြုံးလေးနဲ့ ကျွန်တော်ရေးတဲ့ ကွန်မန့်ကို ဖတ်နေတယ်..ဟိ.။

စံပယ်ချို said...

ရွှေဒိုးလေးက ကဗျာရေးကောင်းတယ်

တိမ်မဲတွေ အရိပ်မိုးသလို စိတ်အငြိုးတွေလဲ
အစိုးမရပါစေနဲ့ တဲ့ ကောင်းလိုက်တဲ့စာသားလေးတွေ

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကောင်းတယ် ညီမရေ

ညိမ်းနိုင် said...

အံမယ်....ဒါမျိုးလေးတွေလည်း ရတာပဲလားဟ ဒိုးကန်ရ..၊
ဂွတ်တယ်......။

မောင်သီဟ said...

ဘယ်ချိန်ကရေးထားတာလဲဒယ်အိုးလေးး)
ကိုရင်တော့ဖတ်ပြီး ပြုံးနေမှား)

နွေတေးရှင် (မင်းဧရာ) said...

သည်လိုဘဲပေါ့ ဂျာရစ် ရယ်....
တစ်ချို့ခံစားမှု့တွေက ဖွင့်ချလို့ မရသလို
တစ်ချို့ ခံစားမှု့တွေက မျိုချလို့ မရပြန်ဘူး
အဲသည်လို အထိအတွေ့ တွေကြားမှာ ကျွန်တော်တို့ နှလုံးသားတွေက ထုသားပေသားကြသွားရတာပါဘဲ။

...အလင်းစက်များ said...

ရိုက်ချင်ထှာ...... ညေးက ဒါမျိုးလည်း ဖြစ်တာပဲလား။

ဒါ့ကြောင့် ညိန်းနိုင်ညီမ ဖြစ်နေတာ။ :D

ငါ့များ လွန်းပြားပြား တဲ့ ဒင်းက။ ညေးကို ဓညင်းသီးလာကျွေးပြီးကို သတ်အုန်းမယ်။ သတိထားနေအေ။

ဖြိုးဇာနည် said...

ဂျာရစ်တို့လုပ်လိုက်ရင် ထိထိမိမိတွေပဲဟ

အလွမ်းမြို့ said...

လာရောက်အားပေးသွားတယ် ညလေးရေ.
စာသားလေးတွေ မိုက်တယ်




မကြီးလွမ်း

ချစ်စံအိမ် said...

မမဒမ်တို့ ဒါလည်းရတာပဲကို..
ကြိုက်တယ်..

သူကြီးမင်း (တုံးဖလား) said...

ရေရွတ်နေတာနဲ့စာရင် အကျယ်ကြီး အော်ပစ်လိုက်တာက အတိတ်က အရိပ်မဲတွေကို ပိုလွင့်ပြယ်နိုင်စွမ်းတယ်တဲ့။

Cameron said...

ကြိုက်တယ် ငါ့သမီး....း)

Unknown said...

ခံစားသွားပါတယ် အမရေ....:-)

mstint said...

ရင်တွင်းခံစားချက်လေးတွေကို
ကဗျာလေးနဲ့အံထုတ်နေပါလား မဒိုးရေ။
မြိုသိတ်မထားတာအကောင်းဆုံးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သိ င်္ဂါ ရ said...

သံသယမိုးတိမ် ဆိုပြီး ကျွန်တော် ကဗျာလေး တစ်ပုဒ် ၂၀၀၀ ၀န်းကျင်လောက်က ရေးထားဖူးတာလေး ပြန်သတိရမိတယ် ... ။ ကဗျာ အတိုလေး တွေ ဖတ်ရတာ တမျိုးကောင်းတယ် ..

Related Posts Plugin for WordPress, Blogger...