တခါတလေ ရင်နာရစေတာတွေလဲ
ပြန်မတွေးပါရစေနဲ့ ..။
တိမ်မဲတွေအရိပ်မိုးသလို
စိတ်အငြိုးတွေလဲအစိုးမရပါစေနဲ့။
သံသယတွေနဲ့ အန်ဟနေရတာမို့
ခံစားရသမျှ ပြန်ဖွင့်ခါမပြချင်လည်း
သိပ်သည်းကာ ကြိတ်တည်းမနေတတ်သူမို့
တကိုယ်ထဲကွယ် ...................
ရေရွတ်နေဆဲ.....................။
မဒမ်ကိုး
၂း၁၀ မိနစ်
၁၂.၇.၂၀၁၂( ဖေ့ဘွတ်မှာတင်မိထားတဲ့ကဗျာလေးကို ပျောက်ပျက်သွားမှာဆိုးလို့ ဘလော့မှာ သိမ်းထားဖို့ရည်ရွယ်ပြီးတင်လိုက်ပါတယ် )
တခါတလေ ရင်နာရစေတာတွေလဲ
ပြန်မတွေးပါရစေနဲ့ ..။
တိမ်မဲတွေအရိပ်မိုးသလို
စိတ်အငြိုးတွေလဲအစိုးမရပါစေနဲ့။
သံသယတွေနဲ့ အန်ဟနေရတာမို့
ခံစားရသမျှ ပြန်ဖွင့်ခါမပြချင်လည်း
သိပ်သည်းကာ ကြိတ်တည်းမနေတတ်သူမို့
တကိုယ်ထဲကွယ် ...................
ရေရွတ်နေဆဲ....................
မဒမ်ကိုး
၂း၁၀ မိနစ်
၁၂.၇.၂၀၁၂
20 comments:
ခံစားချက်တွေနဲ့ တိုက်ဆိုင်လို့ထင်ပါတယ်.... ဒီကဗျာလေးကို အရမ်းကြိုက်တယ်...
ဘာတွေ ရေ ရွတ်လဲ (ကိုရင် ကို သိပ်သိပ်ချစ်တယ်လို့လား)
တခါတလေ ရင်နာရစေတာတွေလဲ
ပြန်မတွေးပါရစေနဲ့ ..။
တိမ်မဲတွေအရိပ်မိုးသလို
စိတ်အငြိုးတွေလဲအစိုးမရပါစေနဲ့။
ထိတယ်မမရေ...ကွတ်တိ..:):)
စကားလုံးတွေထိတယ်ဗျာ
“တစ်ခါတစ်လေ ရင်နာရစေတာတွေလည်း ပြန်မတွေးပါရစေနဲ့” ... ပြန်တွေးမိလိုက်တိုင်း တဆစ်ဆစ်နဲ့ နာကျင်ရလို့ပါ ... :)
အဲ့လိုတွေရှိသေးတယ်လား..။
တစ်ခါတစ်လေသာဖြစ်ပါစေ..အစ်မရာ..။
ကိုရင်ကကြည့်ပြီး ငါးခူပြုံးလေးနဲ့ ကျွန်တော်ရေးတဲ့ ကွန်မန့်ကို ဖတ်နေတယ်..ဟိ.။
ရွှေဒိုးလေးက ကဗျာရေးကောင်းတယ်
တိမ်မဲတွေ အရိပ်မိုးသလို စိတ်အငြိုးတွေလဲ
အစိုးမရပါစေနဲ့ တဲ့ ကောင်းလိုက်တဲ့စာသားလေးတွေ
ကဗျာလေးကောင်းတယ် ညီမရေ
အံမယ်....ဒါမျိုးလေးတွေလည်း ရတာပဲလားဟ ဒိုးကန်ရ..၊
ဂွတ်တယ်......။
ဘယ်ချိန်ကရေးထားတာလဲဒယ်အိုးလေးး)
ကိုရင်တော့ဖတ်ပြီး ပြုံးနေမှား)
သည်လိုဘဲပေါ့ ဂျာရစ် ရယ်....
တစ်ချို့ခံစားမှု့တွေက ဖွင့်ချလို့ မရသလို
တစ်ချို့ ခံစားမှု့တွေက မျိုချလို့ မရပြန်ဘူး
အဲသည်လို အထိအတွေ့ တွေကြားမှာ ကျွန်တော်တို့ နှလုံးသားတွေက ထုသားပေသားကြသွားရတာပါဘဲ။
ရိုက်ချင်ထှာ...... ညေးက ဒါမျိုးလည်း ဖြစ်တာပဲလား။
ဒါ့ကြောင့် ညိန်းနိုင်ညီမ ဖြစ်နေတာ။ :D
ငါ့များ လွန်းပြားပြား တဲ့ ဒင်းက။ ညေးကို ဓညင်းသီးလာကျွေးပြီးကို သတ်အုန်းမယ်။ သတိထားနေအေ။
ဂျာရစ်တို့လုပ်လိုက်ရင် ထိထိမိမိတွေပဲဟ
လာရောက်အားပေးသွားတယ် ညလေးရေ.
စာသားလေးတွေ မိုက်တယ်
မကြီးလွမ်း
မမဒမ်တို့ ဒါလည်းရတာပဲကို..
ကြိုက်တယ်..
ရေရွတ်နေတာနဲ့စာရင် အကျယ်ကြီး အော်ပစ်လိုက်တာက အတိတ်က အရိပ်မဲတွေကို ပိုလွင့်ပြယ်နိုင်စွမ်းတယ်တဲ့။
ကြိုက်တယ် ငါ့သမီး....း)
ခံစားသွားပါတယ် အမရေ....:-)
ရင်တွင်းခံစားချက်လေးတွေကို
ကဗျာလေးနဲ့အံထုတ်နေပါလား မဒိုးရေ။
မြိုသိတ်မထားတာအကောင်းဆုံးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သံသယမိုးတိမ် ဆိုပြီး ကျွန်တော် ကဗျာလေး တစ်ပုဒ် ၂၀၀၀ ၀န်းကျင်လောက်က ရေးထားဖူးတာလေး ပြန်သတိရမိတယ် ... ။ ကဗျာ အတိုလေး တွေ ဖတ်ရတာ တမျိုးကောင်းတယ် ..
Post a Comment