Thursday, July 5, 2012

ဒီပခုံးနဲ့ ဒီလက်ရုံး

ဒီပခုံးနဲ့ ဒီလက်ရုံး

ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်တဲ့
အဖေနဲ့အမေရဲ့ ကျေးဇူးတွေနဲ့
သမီးလူလားမြောက်ခဲ့ရတာပါ။

သားမရှိလို့ အားမရှိဘူးမထင်ပါနဲ့ အမေ
သားထက်အားကိုး စေရပါ့မယ်..

ဇရာအရွယ်မို့အားမငယ်ပါနဲ့ အမေ
ဒီလက်ရုံးဒီပခုံး မှာ အားအင်တွေအပြည့်ရှိနေပါတယ်.

ဒုက္ခတွေကို တွေးဆွေးကာပူမနေပါနဲ့အမေ...
ဒီပခုံး ပေါ်မှာလေ အဖေနဲ့အမေကိုထမ်း
ပျော်ပျော်ကြီးလျှောက်စမ်းပါ့မယ်။ 

ဒီပခုံးနဲ့ဒီလက်ရုံးဟာလေ သန်မာတောင့်တင်းလိုက်သမှ
ခွန်အားတွေအပြည့်နဲ့မို့ ယုံကြည်လိုက်စမ်းပါ အမေရယ်
နောက်ဆုံးထွက်သက်တိုင်
သားတစ်ယောက်သဖွယ်
အားဖြစ်စေရပါ့မယ် ..
သမီးတစ်ယောက်သဖွယ်
ထီးတစ်ချောင်းလိုလည်း
အုပ်မိုးကာပေးပါ့မယ်..။

ကျေးဇူးရယ်ဆပ်ခွင့်ရလို့
ပျော်ပျော်ကြီး ထမ်းပါရစေ..
ဒီပခုံးနဲ့ဒီလက်ရုံးကို
စိတ်ထဲရှိသမျှ.
အားကိုးလိုက် စမ်းပါ့ အမေ ။ 

(ဘာရယ်တော့ မဟုတ်ပါဘူး။တနေ့က အိမ်ကိုဖုန်းဆက်တော့ အမေကပြောတယ်။ မိုးတွေအပြင်မှာ သည်းသည်းမဲမဲ ရွာနေတယ်တဲ့။အဘိုးရဲ့နာရေး ပြီးတဲ့အချိန်မှာ အားလုံးရှင်းလင်း ပြန်သွားကြလို့ အဖေနဲ့အမေနှစ်ယောက်တည်း အိမ်မှာကျန်ခဲ့တယ်။ကျနော်ဖုန်းဆက်တဲ့အချိန်မှာ အဖေမရှိဘူး အပြင်သွားနေတယ်။မိုးတွေ သည်းသည်းမဲမဲ ရွာနေတဲ့အချိန် အမေ အထီးကျန်တယ်လို့ ခံစားနေရပါလိမ့်မယ်။ အမေကတစ်ယောက်တည်း .အားငယ်တဲ့အကြောင်းပြောလို့ ကျနော် အားမငယ်ပါနဲ့အမေ။ သမီး နေ့တိုင်းဖုန်းဆက်မှာပါလို့ အားပေးလိုက်မိတယ်။ ကျနော်တို့ စကားတွေ -တော်တော်များများ ပြောဖြစ်ခဲ့တယ်။  အဲဒီပြောဖြစ်ခဲ့တဲ့ စကားတွေတချို့ကို ကဗျာအဖြစ်နဲ့ ပြန်ဖော်ကြည့်လိုက်တာပါ ။ )  

မဒမ်ကိုး
နေ့လည် ၁ နာရီ တိတိ
ကြာသာပတေးနေ့ 
၅ ရက် ၇ လ ၂၀၁၂ 

35 comments:

စံပယ်ချို said...

ရွှေဒိုးအမေတော့မသိဘူးနော် အမက ရွှေဒိုးရေးတဲ့ကဗျာ
ကိုဖတ်ပြီးအားတွေရှိလာသလိုပဲ မိဘတွေဘယ်လောက်များဝမ်းသာ
မလဲတွေးကြည့်ရင်တောင်သိနိုင်တယ်
အမေ ကိုလဲဖတ်ကြည့်ဖို့ပြောလေ

အမ်တီအန် said...

အမေ မပြောနဲ့
ကိုယ်တွေတောင်ဖတ်ရင်း အားတွေ ရှိလာတယ်။
ဒိုးကန်ရဲ့ သန်သန်မာမာ ပခုံးတွေ၊ လက်ရုန်းတွေတောင် မှန်းကြည့်လိုက်မိတယ် :)
မိဘကို စာနာနားလည်ပြီး စောင့်ရှောက်တဲ့ သားသမီးတွေဟာ အမြဲ သွားလေရာ ခလုတ်မိဆူးမငြိဘူးတဲ့..။

လွင်ပြင်လှိုင်းငယ် said...

ညီမရေ ကဗျာဖတ်ရင်း ကျွဲရိုင်းသောက်စရာမလိုပဲ
အားအင်တွေပြည့်လာတယ် ။

သဒ္ဓါလှိုင်း said...

မိဘကို သိတတ်နားလည်တဲ့ သမီးလေး အမြဲတမ်း ကျန်းမာချမ်းသာမှာပါ။ မိဘအားကိုးရမယ့် သမီးလေး တစ်ယောက်အဖြစ်လည်း ရှင်သန်ခွင့်ရပါစေ ညီမ..။
ချစ်တဲ့
မမသဒ္ဓါ

yellowtree said...

မိဘက သားသမီးကို အရွယ်ရောက် လူလားမြောက်အောင် ကျွေးမွေးမယ်လို့ စိတ်ဆုံးဖြတ်နိုင်ပေမယ့် သားသမီးက မိဘအတွက် အားတခု ထီးတလက် အဖြစ်ရှိနေပေးပါမယ်လို့ စိတ်ဆုံးဖြတ်နိုင်တာ ဖတ်ရကြားရတာ ကျေးဇူးတင်လိုက်တာ.. ကြက်သီးမွေးညင်းထအောင် အမေ့ကိုယ်စား ၀မ်းသာ ကျေးဇူးတင်ပါတယ်..

Angelhlaing(May everybody be happy and healthy! said...

ချစ်ဖို့ကောင်းတဲ့ မမ... အားသစ်တွေနဲ့ ဆထက်တိုးလို့ ကျေးဇူးဆပ်နိုင်ပါစေ မမရေ..

khin said...

မိဘကိုကြည်.ရှု.စောင်.ရှောက်ခြင်းသည် ဘုရားတည်တာတဲ.ညလေးရဲ. မိဘကျေးဇူးတထူးသိတတ်သူသည် ဆင်းရဲသောလည်း ခနတာတဲ.။

မိုးသက် said...

ကြည်နူးဖို့လည်းကောင်း.အားလည်းတက်စေတဲ့.
ကဗျာလေးပါအစ်မ.။ ကျေးဇူးအများကြီးတင်ပါတယ်.။ ဖတ်ရတာတော်တော်ကျေနပ်သွားတယ်.။
ကျန်းမာရေးဂရုစိုက်ပါ.။
မောင်ငယ်.
မမမ

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကျေးဇူးရယ်ဆပ်ခွင့်ရလို့
ပျော်ပျော်ကြီး ထမ်းပါရစေ..
ဒီပခုံးနဲ့ဒီလက်ရုံးကို
စိတ်ထဲရှိသမျှ.
အားကိုးလိုက် စမ်းပါ့..အမေ
အဲဒီစာသားလေးကဖတ်လိုက်တိုင်းအားရှိစေမယ့်စာသားလေးပါ...
အမမိဘကျေးဇူးတွေအများကြီးဆပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်

AH said...

ကျေးဇူးတင်ပါတယ် မဒမ်... ဒီပိုစ့်လေးကို ဖတ်လိုက်ရတော့ အရမ်းအားရှိသွားတယ်။ မဒမ်က ကံကောင်းပါတယ်၊ အဖေရော၊ အမေရော မိဘနှစ်ပါးစလုံးကို လုပ်ကျွေးဖို့ အခွင့်အရေး အပြည့်ရှိပါသေးတယ်။ နောက်ပြီးတော့ ဒီလို လုပ်ကျွေးရမယ်ဆိုတဲ့ အသိ ရှိတယ်၊ ဒီအသိနောက်မှာ လုပ်ကျွေးနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီတော့ လုပ်ကျွေးခွင့်ဆိုတဲ့ အရာကို ဆုပ်ကိုင်နိုင်တယ်။ မဒမ့်ကဗျာလေးဟာ အဓိပ္ပာယ်ပေါင်းများစွာနဲ့ ပြည့်နှက်နေတယ်.... ဖတ်တဲ့လူပေါင်းများစွာကို အားဖြစ်စေတယ်။ အရမ်းကောင်းပါတယ် ခင်ဗျာ...

kokoseinygn said...

ငါ့ညီမလေး အလိုရှိရာဆန္ဒအားလုံး
ပြည့်စုံပါစေကွယ်....

ချစ်စံအိမ် said...

လေးစားပါတယ် မမေ၇
လိုရာပြည့်ပြီးကျန်းမာပျော်ရွှင်ပါစေ

ဖြိုးမောင်မောင်(CTM) said...

ရောက်ခဲ့တယ် ဒန်ဒန်

Unknown said...

အမေ့ ကို အားပေးတဲ့ အကြောင်း ဖတ်ရတာ တော်တော်ကို နှစ်သက်မိမလို့ ... ကြည်နူးစိတ်နဲ့ ရေးမလို့ပါ ... တခါမှ မရေးဖူးသေးတော့ ... >> ရူပါလန်းသော blogger များသာ မန့်သွားတတ်ကြ၏ ...။ ဆိုတာနဲ့ တွန့်သွားတယ် ... >> မိဘအတွက် အားကိုးလောက်တဲ့ သားသမီး ဖြစ်ခွင့်ရတာ တကယ်ပဲ ကျေနပ်စရာ ကောင်းပါတယ် မဒမ်ကိုး ခင်ဗျာ ...။

သိ င်္ဂါ ရ said...

အမေ့ ကို အားပေးတဲ့ အကြောင်း ဖတ်ရတာ တော်တော်ကို နှစ်သက်မိမလို့ ... ကြည်နူးစိတ်နဲ့ ရေးမလို့ပါ ... တခါမှ မရေးဖူးသေးတော့ ... >> ရူပါလန်းသော blogger များသာ မန့်သွားတတ်ကြ၏ ...။ ဆိုတာနဲ့ တွန့်သွားတယ် ... >> မိဘအတွက် အားကိုးလောက်တဲ့ သားသမီး ဖြစ်ခွင့်ရတာ တကယ်ပဲ ကျေနပ်စရာ ကောင်းပါတယ် မဒမ်ကိုး ခင်ဗျာ ...။

ညီလင်းသစ် said...

ဒီလိုကဗျာမျိုး ဖတ်ခွင့်ရတဲ့ ဘယ်မိဘကများ အားမရှိဘဲ နေပါ့မလဲ? ဒီပုခုံးနဲ့ ဒီလက်ရုံးတဲ့...၊ ‘သမီးတစ်ကောင်၊ နွားတစ်ထောင်’ ဆိုတဲ့ ဆိုရိုးလေးကို အနှုတ်လက္ခဏာ သဘောထက် အခုလို ခွန်နဲ့အားနဲ့ တောင့်တင်း၊ သန်မာ တဲ့ဖက်ကနေ တွေးမိသွားပြီ၊း) မျက်စိထဲမှာတောင် ဖုန်လုံးကြီးတွေ အလိပ်လိုက် အလိပ်လိုက်နဲ့...။

Candy said...

ကောင်းလိုက်တဲ့ ကဗျာလေး..

SHWE ZIN U said...

သာဓု သာဓု သာဓု ညီမရေ

အလွမ်းမြို့ said...

အဝေးရောက် အလွမ်းတို့အတွက်
တကယ်အားရှိစေတဲ့ ကဗျာလေးကို
(ကိုရင်+မဒမ်)ရေးခဲ့လို့
ကျေးဇူးတင်တယ်။
အားပေးခဲ့ကြောင်း


ခင်မင်တဲ့
အလွမ်း

Anonymous said...

ကဗျာ မဟုတ်တဲ့ သမီး ၁ ယောက်ရဲ့ ဖွင့်ဟသံလေး ကိုနားဆင်သွားတယ်နော် .... :)

ဆောင်းနှင်းရွက် said...

အိမ်ကို ဖုန်းဆက်ပြီးတိုင်း
ရင်ထဲမှာ အမြဲ
ဟာတာတာ ကြီး ဖြစ်ကျန်ခဲ့တယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Cameron said...

လိမ်မာလိုက်တဲ့ ငါ့သမီးလေး ဂျာရစ်လေး...း))

တောက်ပကြယ်စင် said...

မရှိတော့တဲ့ အမေကိုတောင် သတိရသွားပြီ။ မဒိုးကန်လည်း မိဘအားကိုးရတဲ့ သမီးရတနာအဖြစ်နဲ့ ထာဝရရှင်ပါစေလို့...

နွေတေးရှင် (မင်းဧရာ) said...

ကောင်း၏ သိပ်ကိုကောင်း၏...

လက်တလော ကိစ္စလေးတွေနဲ့ ယဉ်ကြည့်မိတော့ အတော့်ကိုကွာနေ၏......

မီးနဲ့လည်းတူကြပါ၏
တစ်ချို့ထီးနဲ့လည်း တူကြပါ၏။

Thameesan said...

မိဘကိုစိတ်ချမ်းသာအောင်ထားတော့
ကိုယ်လည်းစိတ်ချမ်းသာတာပေါ့...
ချစ်သမီးကို..(မိဘတွေအပေါ်ထားတဲ့မေတ္တာလို)
တူသောအကျိုးလေးပေးအုန်းမှာပါ..း)

မောင်သီဟ said...

ဒယ်အိုးလေး မိဘလုပ်ကျွေးပြုစုစောင့်ရှောက်နိုင်တဲ့ သမီးလေးဖြစ်ပါစေဗျာာာ

မီးမီးငယ် said...

လိမ္မာလိုက်တာ ဒန်အိုးလေးရာ...

မိုးသူ(တောင်ကြီး) said...

ကောင်းလိုက်တဲ့ကဗျာဗျာ
ပုခက်လွှဲတဲ့နဲ့ မိသားစုတစုတင်မကဘူး
ကမ္ဘာကြီးကိုတောင်သိမ့်သိမ့်တုန်သွားစေတဲ့ 
အမျိုးကောင်း သမီးတွေရှိနေတယ်ဆိုတာသာဓကပါပဲ
ဒီကဗျာလေးက မိဘတိုင်းရဲ့ ရင်အစုံနဲ့  သားသမီးတိုင်းအတွက်ခွန်အားတွေကိုဖြစ်စေပါတယ်
ကြက်သီးများတောင်ထမိပါရဲ့ 

ကဗျာကောင်းတွေကို ဆက်လက်ဖော်ကျူးနိုင်ပါစေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

blackroze said...

မားမား...လိမ်မာတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ ကဗျာ.
ဒီကဗျာဖတ်ပြီး အဖေနဲ့အမေ ဘယ်လောက်များ ကြည်နူးဝမ်းမြောက်သွားမလဲလို့နော်။
အမယ် ငါ့ညီမက ဒီလိုလေးတွေလည်း ရသား..
ကဗျာလေးကောင်းလို့ အားကျသွားသကွဲ့

Iora said...

မိဘကိုတန်ဘိုးထားတဲ့သားသမီးတိုင်းကိုလေးစားမိပါတယ်။
မဒိုးရောမဒိုးမိဘတွေရောစိတ်ချမ်းသာပါစေလို့ ....
အိုင်အိုရာ

Latt Latt said...

မိဘကျေးဇူးပိုတိုးလို့ဆပ်နိုင်ပါစေ

Unknown said...

ခံစားသွားပါတယ်ဗျာ...:-)

Anonymous said...

သူတို့ ကျေနပ်ကြမှာပါအမရေ..

ဖြိုးဇာနည် said...

ကျွန်တော်တို့စကားတခွန်းက မိဘအတွက်အားပါ

Related Posts Plugin for WordPress, Blogger...