Saturday, June 16, 2012

မြေဇာပင်များ

အိပ်ယာကနိုးထတိုင်း ပြုလုပ်နေကြအကျင့်တစ်ခုက ခေါင်းရင်းက ပြတင်းပေါက်ကိုဖွင့်ပြီး မနက်ခင်းလေကို တ၀ကြီးရှုရှိုက်ရခြင်းပဲ။ ကျွန်တော်နေတဲ့ -နေရာက တောင်တွေ ပတ်လည်ဝိုင်းနေတာဆိုတော့ တောင်တွေကို ဖြတ်တိုက်လာတဲ့ မနက်ခင်းလေနုအေးဟာ ကျွန်တော် တစ်နေ့တာအတွက် ပထမဆုံး ထိတွေ့ဆက်ဆံတဲ့ ပါတ်ဝန်းကျင်တစ်ခုပါ။ပြီးတာနဲ့ တောင်ထိပ်က တာဝါတိုင်ကြီးရယ် အုံ့ဆိုင်းဆိုင်းမြူတွေရယ်ကို ဇာတိမြေအလွမ်းပြေ အနေနဲ့ ငေးငေးကြည့်မိတယ်။ဒီနေရာလေးကို  ရောက်ခဲ့ပြီးတဲ့အချိန်ကစပြီး ဘယ်လောက်အလုပ်များများ မပျက်မကွက် လုပ်လေ့ရှိတယ်။

ဒါပေမဲ့ ဒီရက်ပိုင်းတွေတော့ ကျွန်တော် မလုပ်ဖြစ်ဘူး။ကျွန်တော်နှစ်သက်တဲ့ တောင်ပြန်လေက အခုတစ်လော သွေးညှီနံ့တွေနဲ့..။တောင်ထိပ်က တာဝါတိုင်ကြီးကလည်း အေးစက်စက်နဲ့ မြူခိုးတွေကလည်း  မိုးခိုးငွေ့တွေအလား အရောင်တွေရင့်လို့..တစ်ရက်၊ နှစ်ရက် စောင့်ကြည့်ပေမဲ့ -နေ့တိုင်းနီးပါးရလာကြောင့် ဒီရက်ပိုင်းတွေမှာ မနက်တိုင်း အခန်းတံခါးကိုဖွင့်ဖို့ မကြိုးစားတော့ဘူး။နေ့တိုင်း မျက်နှာသစ်နေကြ ရေကလည်း ညှီ စို့စို့နဲ့…လမ်းပေါ်ထွက်လို့ တစ်ယောက်ချင်းစီကို နှုတ်ဆက်မိတိုင်း၊ ဖြတ်ကျော်မိလိုက်တိုင်း သူတို့တွေဆီကလည်း သွေးညှီနံ့တွေပဲ ရနေတယ်။ ကျွန်တော်များ တစ်ခုခုမှားနေတာလား၊ ဒါမှမဟုတ် သူတို့တွေတစ်ယောက်စီတိုင်းရဲ့ ကိုယ်သင်းရနံ့တွေများလား..

စိတ်ပြေလက်ပျောက် အင်တာနက်ပေါ်လျှောက်သွားမိရင်လည်း လတ်တလောရခိုင်အရေးကြောင့် လူသေအလောင်းတွေ၊ ဓါးခုတ်ရာတွေနဲ့ ဒီလို အနံ့တွေပဲ ရနေတယ်။facebook ထဲရောက်တော့လည်း profile တစ်ခုစီတိုင်းမှာ အသုဘဇာပန အခမ်းအနားတွေနဲ့ facebook တစ်ခုလုံးဟာ -သွေးချင်းချင်းနီလို့..။ သေချာဂရုထားပြီး ပါတ်ဝန်းကျင်ကို လေ့လာကြည့်မှ လောကတခွင်လုံး သွေးရောင်သန်းနေတာက အံ့သြစရာကောင်းတယ်။
အဆိုးဝါးဆုံးက ရခိုင်ပြည်နယ်က နယ်စပ်ဒေသတွေ ကျူးကျော်ခံရလို့ ဆိုတဲ့သတင်း...အံ့သြတုန်လှုပ်စရာကောင်းတယ်။တက်လာသမျှ သတင်းတိုင်း ကလည်း စိတ်ချမ်းသာစရာ တစ်ခုမှမပါဘူး။ အောက်က ပေးထားတဲ့ comment တွေကလည်း ပလူပျံလို့၊ တကယ့် အမျိုးသားရေးစိတ်နဲ့ -အော်ကြ ရေးကြသူတွေရော၊ ရောယောင်ပြီး လူကြားရေးစိတ်နဲ့ အော်ကြပြောကြသူတွေရော ပြည့်လို့ နှက်လို့..။ 

တက်လာသမျှ သတင်းတိုင်းမှာလည်း ဒီအရေးကိစ္စဟာ သတင်းဌာနတွေရဲ့စနက်ကြောင့် စဖြစ်ခဲ့ရတယ်လို့ သတင်းတင်ဆက်သူတွေရော ထင်မြင် ချက်ပေးသူတွေကပါ တစ်ညီတစ်ညွတ်တည်း ဝေဖန်ခဲ့ကြတယ်။ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ဒါပေမဲ့ ရာခိုင်နှုန်းအပြည့်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေကရော ရခိုင်ပြည်နယ်ကို ဘယ်နှစ်ကြိမ် စကားထဲမှာထည့်ပြီး ပြောဆိုခဲ့ဘူးပါသလဲ။ ရခိုင်ပြည်နယ်ရဲ့တန်ဖိုးကို ဘယ်လောက်များ သိရှိနားလည်ခဲ့ပြီး ဘာတွေများ ကာကွယ်ပေးခဲ့ဘူးပါသလဲ...။

 ကျွန်တော်တို့တွေက အရုပ်လှလှလေးတွေအများကြီးကို ပိုင်ဆိုင်ထားတဲ့ ကလေးငယ်လေးတွေနဲ့တူတယ်။ ပေါများနေတော့ ကိုယ့်အရုပ်တစ်ခုချင်းစီ ရဲ့ တန်ဖိုးကို ကိုယ်ကိုယ်တိုင် နားမလည်ကြဘူး။အဲ့ဒီတော့ တန်ဖိုးထား စောင့်ရှောက်ရမှန်းကို မသိဘူး။ဒီနေ့မှာ သူများစော်ကားတာကို ခံလိုက်ရမှ သူများက လိုချင်တက်မက်လာမှ “ဒါ ငါ့ပစ္စည်းကွ”လို့ ငိုယိုတိုက်ခိုက်ပြီး ပြန်တောင်းနေရသလိုမျိုး..။ဒီနေ့ ရခိုင်ပြည်နယ်ကြီးအရေးမှာလည်း ဒီလိုပါပဲ။ နိုင်ငံသားအများစုရဲ့အမြင်မှာ ရခိုင်လူမျိုးနဲ့ မြွေပွေးကို တွဲပြီးမြင်ကြတော့ ရခိုင်တိုင်းရင်းသားတွေကလည်း မြန်မာနိုင်ငံသားဆို မယုံကြတော့ဘူး။ အပယ်ခံရဖန်များလာတော့ ရခိုင်တိုင်းရင်းသားတွေကလည်း သူတို့ကိုယ်သူတို့ တသီးတခြား ခံစားလာရပြီး သူတို့စိတ်ထဲမှာ “ရခိုင်ပြည်နယ်”ဆိုတဲ့ အသုံးအနှုန်းကိုတောင် “ရခိုင်ပြည်”လို့ ပြောင်းလဲ သတ်မှတ်လာတဲ့အထိပါပဲ။ကျွန်တော်ထင်ပါတယ်..ဒီနေ လူအမျာ့းအော်နေကြတဲ့ အရေးမှာလည်း ရခိုင်ပြည်နယ်ကို မကာကွယ်ရင် ပြည်မကြီးကလူတွေပါ ကြာရင် နေရာပျောက်လာနိုင်တယ်ဆိုတဲ့ “ကိုယ့်အသား နာကာနီးအခြေအနေကြောင့်” အားလုံး ကယောင်ကတန်း ထအော်နေကြတာများလား.. တကယ်သာ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေ ယဉ်ကျေးမှုကို သိရှိနားလည်လို့ ညီရင်းအစ်ကိုလိုခံစားရလို့ ဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ကြိမ် သူများစော်ကားတာ မခံရနိုင်တော့ပါဘူး..။

နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့အားလုံး သိရှိနားလည်ထားရမှာက ဒီနေ့ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အရေးဟာ အမျိုးသားရေးကိစ္စပါ။အဆမတန် များပြားလာတဲ့ အိမ်ယာမဲ့လူတန်းစားတွေက အိမ်ရှင်ကို တက်ပြီးနေရာလုတဲ့ အရေးပါ။ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံရဲ့ အရေးပါ။ ဒီနေရာမှာ ကျွန်တော်တို့အထူးသတိပြုရမှာက ရိုဟင်ဂျာ၊ ဘင်္ဂါလီတွေနဲ့ အစ္စလာမ်ဘာသာကို မရောထွေးမိစေဖို့ပါပဲ။ ခြေမမကောင်းရင် ခြေမကိုပဲ ဖြတ်ရ ပါမယ်။ လက်မ မကောင်းရင် လက်မကိုပဲ ဖြတ်ရပါလိမ့်မယ်။ရိုဟင်ဂျာတွေ၊ ဘင်္ဂါလီတွေလို့ နာမည်( by name) တပ်ပြီး သေချာသုတ်သင်ရမဲ့ပွဲပါ။ အစ္စလာမ်ဘာသာဝင်တွေလို့ ရောထွေးမသုံးစွဲကြဖို့ အထူးသတိထားရပါမယ်။ အမျိုးသားရေးထိကရုဏ်းကနေ ကိုယ်မဆင်မခြင်သုံးစွဲလိုက်မိတဲ့ စကားတစ်ခွန်းကြောင့် ဘာသာရေးထိကရုဏ်းဘက် ကူးသွားရင် အားလုံးရဲ့ဆုံးရှုံးမှုပမာဏဟာ အခုထက်ပိုလာနိုင်သလို အခုထက်လည်း ကျယ်ပြန့်လွယ်ပါလိမ့်မယ်။သွေးဆူပြီး ပရမ်းပတာပြောနေကြမဲ့အစား ကိုယ်ပိုင်တဲ့နေရာဒေသရဲ့ တန်ဖိုးကို နားလည်အောင် ကြိုးစားရတော့မဲ့ အချိန်ပါ။

အခုလို ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားတစ်ခုမှာ သတင်းတွေကို ရှယ်ယာလုပ်ကြတဲ့ လူတွေအနေနဲ့လည်း သတိရှိဖို့လိုပါတယ်။ သတင်းဆိုရင်ပြီးရောဆိုတဲ့စိတ်နဲ့ မရှယ်မိကြဖို့လိုပါတယ်။အထူးသဖြင့် facebook လိုနေရာမျိုးမှာ မရှယ်မိဖို့ ပိုပြီးသတိထားရပါမယ်။ ရေးတဲ့သူ ကတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးပါပဲ “သုံးနှစ်သားလေး ရေထဲမျောလာတာ ဆယ်ပေးမဲ့သူမရှိဘူးကွာ..၊ တော်တော် အသုံးမကျတဲ့သူတွေ”လို့ ဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ရေးလိုက်ပါတယ်။ဒါကို facebook သုံးတဲ့လူတစ်ယောက်ကတွေ့ပြီး “ဟာ..တော်တော် အကြင်နာတရား ခေါင်းပါးတဲ့လူတွေပဲ.. ကလေးကို ကယ်ရကောင်းမှန်း မသိဘူး” ဆိုပြီး ထင်မြင်ချက်ပေးကာ စပြီး ရှယ်ပါတော့တယ်။ နာရီပိုင်းအတွင်းမှာ အဲ့ဒီမဆင်မခြင် ရှယ်ယာလုပ်လိုက်တဲ့ သတင်းတစ်ခုဟာ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာအထိ ကျယ်ပြန့်သွားပါတယ်။ တကယ်တော့ မူရင်ရေးသားသူပြောတဲ့ သုံးနှစ်သားဆိုတာ သက်ရှိကလေးငယ် သုံးနှစ်သားကို ဆိုလိုတာမဟုတ်ပဲ သစ်သားချောင်း (3" x 2") ကို ဆိုလိုတာ ဖြစ်ပါတယ်။ဟုတ်ကဲ့... ဒီနေ့ facebook မှာ သတင်းတွေကို ရှယ်ယာလုပ်နေတဲ့သူတွေထဲမှာ သုံးနှစ်သားတွေ များနေပါတယ်။

ကမ်းပါးစွန်းတစ်ခုမှာ ရောက်နေပါတယ်။ လေရဲ့အရှိန်ကြောင့် အချိန်မရွေးပြုတ်ကျပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ အပြောအဆို၊ အနေအထိုင် ဆင်ခြင်ကြစေလိုပါတယ်။ ခြေမ မကောင်းရင် ခြေမကိုပဲဖြတ်ကြစို့..။ လက်မမကောင်းရင် လက်မလို့ပဲ အမည် ( by name ) တပ်ပြီး သုတ်သင် ကြစို့..။ဒီနေ့  ရခိုင်ပြည်နယ်ကို ထိပါးစော်ကားလာတာ ရိုဟင်ဂျာ၊ ဘင်္ဂါလီ အကြမ်းဖက်တွေပါ။သူတို့တွေကို ကျွန်တော်တို့တွေ အစ္စလာမ်ဘာသာနဲ့ ကွဲပြားပြီးမြင်နိုင်ဖို့ လိုပါလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်အရေးမှာ ကိုယ်တိုင်ကိုယ်ကျ ဘာမှပါဝင်မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့အားလုံး နှုတ်စောင့်စည်းခြင်းအားဖြင့် ပြသနာ ပိုမိုမကြီးထွားလာအောင် ထိန်းထိန်း သိမ်းသိမ်း နေကြစို့လားဗျာ..။

“လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတဲ့အချိန်ပါ။
တောမီးလောင်တာ ရှည်ကြာလေ တောကြောင်တွေအတွက် အစာရေစာ ပေါများလေပါ။ အခုအချိန်ဟာ ကိုယ်ရှယ်ယာလုပ်လိုက်တဲ့ သတင်းတစ်ခုစီ တိုင်းမှာ အသက်တွေ သွေးတွေ ပါနေတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။သင့်ကြောင့် မီးမလောင်ပါစေနဲ့။

လေးစားစွာဖြင့်
ကိုရင်
21:52 ( GMT )
.

16 comments:

Anonymous said...

ကိုရင်ကြီး.. စူပါလိုခ်ဗျာ..
ဂျာမနီနဲ့ စပိန်လောက်ပဲ စိတ်ဝင်စားနေတယ် ထင်တာ :D..။

let me share in FB..

သူကြီးမင်း (တုံးဖလား) said...

သူတို့ဘက်က အဲဒီလို ဖြစ်အောင် ဆွဲခေါ်လိုက်။
ဒီဘက်ကလဲ အဲဒီလို ဖြစ်အောင် ဆွလိုက်။
သတင်းဋ္ဌာနတွေကလဲ ကလိပေးလိုက်နဲ့။

ဆိုတော့..

အားလုံး ရောကုန်ရောပေါ့။

Candy said...

ညီမကတော့ သေချာမသိရင် မရှယ်တာများတယ်..
အစ်ကိုပြောသလို ဆင်ခြင်သင့်တာတော့ အမှန်ပဲ

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ပဲ လိုက်နာသင့်တာ အမှန်ပဲအကိုရေ..

မိုးသက် said...

ဟုတ်ပါအိ..။မှတ်သားစရာများပါသလို.. ဆင်ခြင်စရာများလည်းပါပါအိ..။

AH said...

ဘာမှ မရေးတော့ဘူးနော်... အားကို.. ထောက်ခံမဲ တစ်မဲ ထည့်သွားပြီ။

စံပယ်ချို said...

စွယ်စုံရတဲ့ ကိုရင်ရေ
လုံးဝကိုထောက်ခံပါတယ်

နွေတေးရှင် (မင်းဧရာ) said...

အင်းပေါ့ဗျာ...
နိုင်ငံရေး ဆိုတဲ့ပရိရယ် ကြားမှာ
ကျုပ်တို့ကတော့ တည်ကြက်သာသာပေါ့ ကိုရင် ရာ....

ဘာကိုမှ မမြင်ရအောင်ဖုံးကြ သတင်းသမားများကလည်း အမှန်အကန် အတင်းတွေချ ကျုပ်တို့ကမျက်ကန်းတွေ ဘဝ

တိတ်တိတ်လေး နေလို့မရတော့လို့
ပြောပြတော့လည်း က၀ိ တွေက ရှေ့ကဗျ

ဝေးဝေးနေကြတာ ကောင်းပါတယ်။

Thameesan said...

ငြိမ်နေလိုက်တော့တာဘဲ
(အဆင်ပြေမယ်ထင်လို့)း))

San San Htun said...

ရှယ်သူများ သတိထားသင့်သည်..ကိုယ်တိုင်ပါလို့  ဆင်ခြင်ရမည်..

khin said...

ကို၇င်ေ၇
လက်မထောင်သွားပါတယ်နော်

ညိမ်းနိုင် said...

ဘာမှပြောစရာမရှိ.......

ဖြိုးဇာနည် said...

စကားလေးတခွန်းနဲ့အာားပေးချင်ပါတယ်
ကိုယ်တို့မြန်မာတွေ အနောက်မှာ ရပ်တည်ထားတယ်
အရှေ့မှာ ရင်ဆိုင်ပေးမယ် စိတ်ဓါတ်ခိုင်ကြပါစေ

Han Kyi said...

မှန်တယ်ကိုရင်ရေ...ဒီဖြစ်စဉ်မှာ လူမျိုးနဲ့ ဘာသာကို ဒွေးရောယှက်တင်ဖြစ်ကုန်ကြရင် ပြဿနာပိုကြီးသွားနိုင်တယ်...ပြောရရင် ဖြစ်စဉ်အစကို ဂဃနဏမသိဘဲ စွတ်တင်နေကြတဲ့လူတွေကလည်း ဒုနဲ့ဒေးဗျား..

လွင်ပြင်လှိုင်းငယ် said...

ထောက်ခံတယ်ဗျို့

မိုးသူ(တောင်ကြီး) said...

ဟုတ်ပါတယ် ဂဃနဏမသိပဲ
ကိုယ်တင်လိုက်တဲ့ စကားလုံးကြောင့်
နဖူးတွေ့ ဒူးတွေ့ တွေ့ နေရတဲ့ 
ရခိုင်ပြည်နယ်သားတွေ မြေဇာပင်ဖြစ်ရတယ်နော်
ကိုရင်ရေ ဒီပိုစ့်လေးဖတ်ပြီးတော့
အသိတခုတိုးသွားပြန်ပါတယ်
လေးစားလျှက်
မိုးသူ(တောင်ကြီး)

Related Posts Plugin for WordPress, Blogger...