Friday, March 9, 2012

မရမ်းချောင်းအနာကြီးရောဂါဂေဟာအတွက် အလှုရှင်များဖိတ်ခေါ်ခြင်း

အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှု
၂။ဆေး၊ ဆန်အလှု
၃။အ၀တ်အထည်
၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှုဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ပါဝင်အားဖြည့် လှုဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။


မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တပည်ရှိပါတယ်။လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတိုပတွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကိုသွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဘူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။လက်ရှိ အချိန်မှာ တိုင်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက်အတိုအရှည့် မညီကြပါဘူး။ဒါ့ကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ဖိနပ်ပြတ်သွားပြီး လှုဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှုရှင်တွေရဲ့ လှုဒါန်းမှုကို မျှော်လင့်ကာချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။ 
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ
အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်ာမျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ကူညီသည့်သူများကို အားကိုးရင် အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။လက်ရှိ အဆိုပါ ဝေဒနာရှင်းများအတွက် လှုဒါန်းနေသူများ ရှိကြသော်လည်း လှုဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉


ဂျပန်နိုင်ငံ အကျိုးတော်ဆောင် 
ရန်နိုင် @ နေ၀သန်ရဲ့ အိုအေစစ်
nay.naywathan@gmail.com
+81 80 3852 5214

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
+၆၀ ၁၄၇၂ ၄၅၄၀၂
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

ကျွန်တော်တို့ရဲ့ မိခင်ဆိုဒ်အား  ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျား

လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)

15 comments:

မိုးသက် said...

သာဓုပါဗျာ.. အစ်မ.ကျွန်တော်တို့လည်းအဖွဲ့လေးတစ်ခု
လုပ်ထားတယ်.။အဲဒီကို လည်း လှူဖို့အကြံပြုလိုက်ဦးမယ်
အစ်မ.။

မောင်သီဟ said...

ကောင်းတဲ့အလုပ်ပဲ ကိုရင်
အောင်မြင်ပါစေ...

မဒမ်ကိုး said...

အလှုရှင်များကိုကျေးဇူးတင်ပါတယ်

blackroze said...

မားမား
ပစ်ပစ်သူငယ်ချင်းတွေကို
ပြောထားတယ်

ဖြိုးဇာနည် said...

အုပ်စုလိုက် စုပေါင်းပြီး လှူဖို့

စီစဉ်ထားပါတယ်။ဒညင်းသီး လိုမျိုး

တစ်ပုဒ်လောက် လုပ်ပါအုံး သဘောကျလွန်းလို့

အလွမ်းမြို့ said...

လာခဲ့တယ်။ သာဓုပါကွယ်။ မကြီးလွမ်းလည်း ပါဦးမယ်။ ဆက်သွယ်လိုက်မယ်နော်။



ချစ်တဲ့
မကြီးလွမ်း

mstint said...

မနေ့ကဖတ်ပြီး ကွန်မန့်တင်မရလို့ တဂျီးဘလော့မှာ နောက်တစ်ကြိမ်ဖတ်ပြီး မန့်ခဲ့တယ်။
ပရဟိတလုပ်ငန်းအတွက် သာဓု သာဓု သာဓု။
အလှူငွေအတွက် တတ်အားသ၍ လှူပါ့မယ် ကိုရင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ညီမရေ မအားလို့ နောက်ကျမှ လာဖြစ်တယ်
အလှူအတွက် သာဓု သာဓု သာဓု ပါနော်

လွင်ပြင်လှိုင်းငယ် said...

ကိုရင်ရေ
အလှူအတွက် သာဓု သာဓု သာဓု ပါနော်

စံပယ်ချို said...

aရွှဒိုးရေ တတ်နိုင်သလောက်လှူကြတာပေါ့နော်
ချစ်တဲ့ sis jasmine

San San Htun said...

သာဓုပါတော်..ဗညားကို ဆက်သွယ်လိုက်မယ်

နွေတေးရှင် (မင်းဧရာ) said...

ယခုလိုမျိုး ကောင်းမှု့ကုသိုလ်အတွက် နှိုးဆော်ကြသော အကျိုးကြောင့် ကောင်းခြင်းဟူသမျှ ကိုရင်+မဒမ် တို့ခံစားရပါစေဗျာ။

ပိုစ်ထဲမှာ ဖော်ပြထားတဲ့ မလေး ph နံပါတ်တွေကို ယူသွားတယ်ဗျာ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

သာဓုပါ ကိုးကိုးရေ...
စာနာတတ်တဲ့ မိတ်ဆွေလေးတွေရလို့ဝမ်းမြောက်မိတယ်..
ရန်ကုန်ကိုပြောထားလိုက်ပါ့မယ်..
ဆက်သွယ်ပြီးလှူလိုက်ဖို့..

ချစ်တဲ့
ဝသုန်

Z@! said...

မြန်မာပြည်ကသူတွေရဲ့ ဖုန်းနံပါတ်ကို မှတ်သွားကြောင်းပါခင်ဗျ.. :)

အရောက်နောက်ကျတာခွင့်လွှတ်ပါ.. အလည်လွန်သွားလို့ အဟီး

8Yar said...

ထပ်လာဖတ်သွားပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေဗျာ။

Related Posts Plugin for WordPress, Blogger...