Thursday, March 1, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )



ကိုသက်တန့်ချိုက ဒိုးကန်ကို တဂ်လိုက်ပါတယ် . အရမ်းကျေးဇူးတင်ပါတယ် အကိုသက်တန့် .
ဘာလို့ဆိုတော့ အဲဒါကိုရေးဖို့အာရုံရှိနေခဲ့တဲ့အချိန်မှာ တဂ်လိုက်တဲ့အတွက်ပါ..


ဒိုးကန်တို့ မြန်မာနိုင်ငံမှာဘာကြောင့် ခေတ်နောက်ကျကျန်ခဲ့ရသလဲ ဖွံ့ဖြိုးတိုးတက်မှု့နှောက်နှေးခဲ့ရသလဲလို့မေးရင်  ဆက်သွယ်ရေးကွန်ယက်တွေ နှေးကွေးခဲ့လို့ပါ.
သူများနိုင်ငံမှာ ဆင်းကတ်တစ်ကတ်ကို ဈေးပေါပေါနဲ့သက်တောင့်သက်သာဝယ်လို့ရနေချိန်မှာ
လိုင်းကောင်းကောင်းနဲ့ဆက်လို့ရနေချိန်မှာ ကျမတို့နိုင်ငံမှာက ဖုန်းတစ်လုံး (သို့) ဆင်းကတ်တစ်ကတ်ကို သိန်းဆယ်ဂဏန်းချီပြီးပေးဝယ် ကြရပါတယ်။
ဝယ်ချင်တိုင်းလဲဝယ်လို့မရခဲ့ပါဘူး ။ ဂျီအက်စ်အမ် တို့ကြိုးဖုန်းတို့ဆိုတာ တွေက အဆင့်ဆင့်ဖြတ် ကျော် နိုင် မှ ပိုက်ဆံတွေ သိန်းဂဏန်းအထက်နဲ့သုံးနိုင်မှ ကိုင်နိုင်တဲ့အနေအထားတွေပါ ။
နောက်တဆင့် စီဒီအမ်အေတွေပေါ်လာပြန်ပါတယ် . ဟောနောက် ၅ သိန်းတန် 800 MHZ စတဲ့ ၇၃ ဖုန်းတွေပေါ်လာပါတယ်။
ငါးသိန်းမကပါဘူး  အထွေထွေနဲ့ဆို ၆ သိန်းလောက်ကုန်မှရတာပါ ဒါတောင်ဟန်းဆက်ဖိုးမပါသေးပါဘူး ။
ခုဟိုတလောက ရွှေပြည်တံခွန်ကုမဏီကနေ ၅၀၀၀ တန်ဆင်းကတ်တွေထုတ်မယ်လို့ပြောတဲ့အချိန်မှာ မြန်မာ့ဆက်သွယ်ရေးကနေ ကလေးရန်ဖြစ်သလို တခုပြီးတခု ကြေညာချက်တွေထုတ်ပြန်နေခဲ့တာကို မြင် ရကြားရပြန်ပါတယ် ။
သူများနိုင်ငံတွေမှာဆင်းကတ်လဲဈေးချိုသလို ဆက်သွယ်ရေးကွန်နက်ရှင်တွေကလဲ ခုလိုမျိုးအော်ဟစ် ပြော ဆိုမနေရပါဘူး ။ နောက်တခု က ခနခနSystem တွေပြောင်းနေတာမျိုးလဲ မမြင်ရပါဘူး။Prepaid  Card ကိုသုံး ချင်သုံး .ဒါမှမဟုတ်လိုင်းဖွင့်သုံးတဲ့သူတွေက Postpaid နဲ့ ပေးကြရတာပါဘဲ ။
အိန္ဒိလိုနိုင်ငံမျိုး ထိုင်း. လာအို ကမ္ဘောဒီးယား . ဘင်္ဂလားဒေရှ့်လိုအိမ်နီးချင်းနိုင်ငံတွေမှာတောင်တောနယ် တွေမှာ ကအစ ဖုန်းသုံးစွဲနိုင်ပါတယ် ။ ဖုန်းကိုင်နိုင်တယ်ဆိုတာ ယခင်ကတော့ပြယုဒ်တစ် ခုလိုသဘောထား ကြပေမယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ ဖွံဖြိုးတိုးတက်မှု့သော့ချက်ဆိုတာတော့ မမေ့သင့်ပါဘူး ။


ကျမတို့ ဆိုလိုချင်တာက ရွှေပြည်တံခွန်ဘက်ကလဲမဟုတ်ပါဘူး .  ပြည်သူတွေအားလုံးအတွက် လုပ်သင့်လုပ်ပေးထိုက်တဲ့အရာတစ်ခုကိုဖြစ်နေတာမို့ ခုလိုဝိုင်းဝန်းတောင်းဆိုလိုက်ရပါတယ် ။

ကိုသက်တန့်မေးထားတဲ့မေးခွန်းလေးတွေကို ရင်ဘတ်ထဲကနေခံစားမှု့အပြည့်နဲ့လှိုက်လှိုက်လှဲလှဲ ဖြေကြားလိုက်ပါတယ် ။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဖြေ။      ။၊ လုံး ၀ မမြင်ပါဘူး။ ဘာလို့လဲဆိုတော့ ဆင်းကတ်တစ်ကတ်ရဲ့ ကုန်ကျစရိတ်ဟာ       အဲလောက်မှမရှိတာမို့ပါ ။ 

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ဖြေ။    ။ လုပ်သင့်ပါတယ် ။ ဦးဆောင်တဲ့သူတွေကိုအရမ်းချီးကျူးပါတယ် ။ 

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဖြေ။ ။ ဖြစ်သင့်တာပေါ့ ။ ဘာလို့လဲဆိုတော့ ပြောင်းလဲလာတဲ့အစိုးရကို ကျမတို့ပြည်သူတွေ လက်သင့် ခံလာ သလိုဘဲ  ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့စဉ်းစားပေးဖို့ ပြည်သူတွေတင်မြောက် ထားတဲ့ ပြည့်သူလွှတ်တော်က နေပြည်သူတွေရဲ့ ဆန္ဒကို သိသင့်တဲ့အတွက် တင်ကိုတင်ပြသင့်ပါတယ်။ 

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ဖြေ။ ။ ဘယ်နှယ့်မေးလိုက်ပါလိမ့်။ ကြိုဆိုတာပေါ့ရှင်။ ပြည်သူတွေဟာ ဒီ၅၀၀၀ တန်ဖုန်းကိုသာရခဲ့မယ်ဆိုရင် အချိန်နဲ့တပြေးညီအလုပ်တွေလုပ်နိုင်လာမယ် ။ လူတန်းစားမရွေး သုံးနိုင်လာရင် ကျန်းမာရေး လူမူ့ရေး စီးပွားရေးတွေ  အကုန်တရှိန်ထိုးတိုးတက်လာမှာ ကျမတော့အရမ်းအရမ်းကိုကြိုဆိုပါတယ် ။ 

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။ 
၅၀၀၀ တန်ဖုန်းပေါ်လာဖို့ ကျမတို့ဘာ့ကြောင့်တောင်းဆိုရသလဲဆိုရင် အဖြေကရှင်းပါတယ် ။ အခြေခံလူတန်းစားတွေပါ ဖုန်းကိုင်နိုင်ဖို့ရည်ရွယ်ပါတယ်။ နိုင်ငံတကာမှ ဆင်းကတ်ဆိုတာ ဈေးချိုချိုနဲ့ရပြီးဆက်သွယ်ရေး တွေကောင်းမွန်နေချိန်မှာ ကျမတို့နိုင်ငံမှာတော့ ဖုန်းတခါဆက်ရင်လဲ လူမကြား ချင်မှအဆုံးအော်နေရတဲ့ ဒုက္ခကလဲမသေးပါဘူး။ လိုင်းတွေပူးနေတာ ။ ပိုက်ဆံတွေလျော့ကုန်တာ စသဖြင့်အမျိုးမျိုးသော အကြောင်းအရာတွေကြားနေရတဲ့အချိန်မှာ ဒီ ၅၀၀၀ တန်ဆင်းကတ်ကို ထုတ်လုပ် ပေးစေချင်သလို ကွန်နက်ရှင်ကိုလဲကောင်းစေချင်ပါတယ် ။ နောက်တစ်ခုက ဘယ်ဂျီအက်စ် အမ်ဖုန်း နဲ့မဆို ထည့်လို့ရတဲ့ဆင်းကတ်လေးတော့လုပ်ပေးစေချင်ပါတယ် ။ 
နိုင်ငံတော်ရဲ့ဘက်ဂျက်ကို ဒီ၅၀၀၀ တန်ဆင်းကတ်ကနေလုံးဝမထိခိုက်နိုင်ပါဘူး ။ ဘာလို့လဲဆိုရင်ဆက် သွယ် ရေး တွေတိုးတက်လာတာနဲ့အမျှ ကျန်တဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာတွေမှာ လဲတိုးတက် လာမှာ မို့ လို့ဖြစ်ပါတယ် ။

၆။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
လုံးဝ မမြင်တဲ့အပြင် ရှုံ့ချပါတယ် ..။ဘာလို့လဲဆိုရင် ဒီနှစ်သိန်းတန်ဖုန်းဟာ လဲ ကိုယ်ကြိုက်တဲ့ ဟန်းဆက် နဲ့ ထည့် လို့မရဘဲ သူတို့သတ်မှတ်တဲ့ သူတို့တင်သွင်းတဲ့ဟန်းဆက်တွေနဲ့ဘဲထည့်လို့ ရမှာ ဖြစ်ပါတယ်
ဒီနှစ်သိန်းဆိုတဲ့ပမာဏကို စီးပွားရေးအသင့်အတင့်ပြေလည်တဲ့သူတွေက သုံးစွဲနိုင်ပေမယ့် အခြေခံ လူတန်းစား တွေလုံးဝမသုံးစွဲနိုင်ပါဘူး ။ နောက်တစ်ခုက ခု ၇၃ ဖုန်းတွေလို သု့ဟန်းဆက်နဲ့ သူသုံးရတဲ့ အတွက် အားလုံးပေါင်းလိုက်ရင် ၄သိန်းလောက်ကျမယ်ဆိုတဲ့အသံထွက်လာဦးမှာမို့လို့ပါ ။ ဆင်းကတ်တကတ်ကို  စကာင်္ပူဒေါ်လာနဲ့တွက်ရင်တောင် ၃၀၀ ကျော်ကျနေတဲ့ဖုန်းကို ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ထင်ပါတယ် ။ 
ပြည်သူတွေအတွက် အောက်ခြေလူတန်းစားတွေအထိ ကြည့်ပေးဖို့လိုနေပြီဖြစ်ပါတယ် ။
ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ လူတန်းစားမရွေးသုံးစွဲနိုင်မယ့် ၅၀၀၀ တန်ဆင်းကတ် များထုတ် ပေးပါ လို့ တောင်းဆိုရင်း ပေါ်ပေါက်လာမယ့်ဆင်းကတ်များကိုလဲ အင်တာနေရှင် နယ် ဟန်းဆက်များ နဲ့ထည့် လို့ရပါစေ ကွန်နက်ရှင်ကောင်းပါစေ လို့ ၀ိုင်းဝန်း တောင်းဆို လိုက်  ရပါတယ်ရှင် .

၁. မစံပယ်ချို +ကိုလွင်ပြင် 
၂. ကိုညိမ်းနိုင် 
၃. သဂျီးကိုကိုမောင် 
၎. ကန်ဒီ
၅. ကိုထွတ်(မျှစ် )
၆.ကိုရဲ
၇. Za (စိုင်းစိုင်း)
၈. ညီရဲ (ညီရဲသစ်)
၉.ချစ်စံအိမ်
၁၀. ဂျယ်လီပစ်ပစ်
၁၁.ဆြာဦးဟန်ကြည်
၁၂.မိုးဇက် 
၁၃.မကြီးရွှေစင် 
၁၄.ချောကလက်ကျူးပစ်လေး
၁၅.မောင်မောင် 
၁၆.အလင်းသစ်
၁၇.အိန်ဂျယ်လှိုင် 
၁၈.အန်တီတင့်
၁၉ .မောင်တစ်လုံး
၂၀.နေဇော်လင်း
၂၁.မိုးခါး
၂၂.လင်းခေတ်ဒီနို
၂၃.ငွေလမင်း
၂၄.အမမမြသွေးနီ
၂၅.ကိုအောင်ထွတ်(AH )
၂၆. သနပ်ခါးမေ (ညီမလေးမြတ်ကြည် )
၂၇.မမမီးမီးငယ်
၂၈. အမတိုက်ဂါးခင်စိန်
၂၉.စန်းထွန်း (ကိုစန်းထွန်း)
၃၀.မမိုးပန်ချီ (ဗိုလ်အောင်ဒင် 
၃၁.အမှတ်တရနေ့စွဲများ (ကိုရဲ )
၃၂. သမီးစံ 
၃၃.ဝေမိုးနိုင်(မုံရွာ )
၃၄.ဇင်မျိုး
၃၅.အိမ်မက်စေရာ
၃၆.အမအလွမ်းမြို့လေး
၃၇.မမမေဓာဝီ
၃၈.ရိုစ့်
၃၉.မကြီးသိဂါင်္ကျော်
၄၀.အလင်းစက်များ (ကိုလတ်)
၄၁.ကေအိုတူး (ကိုတူး )
၄၂.အမအိုင်အိုရာ
၄၃.ဆောင်းနှင်းရွက်(ပေါ်တလှည့်ပျောက်တစ်ခါမင်းသမီး )
၄၄.ဘုန်းဘုန်းရွေှ့ဝန်းရတနာ
၄၅.မမမယ်သံ
၄၆.အကိုဘကြိုင်ချဉ်ပေါင်ခြံ
၄၇.အကို ကိုကိုစိန်
၄၈.ပူးပူး
၄၉.ဘုန်းဘုန်းတောက်ပကြယ်စင်
၅၀.ကိုတည်ငြိမ်အေး (ကိုဆုံဆီ )
၅၁.မမသဒ္ဒါလှိုင်း

ကျန်ခဲ့သူများသတိတရနဲ့ဆက်တဂ်ပေးကြပါကုန် 

မဒိုးကန် 
၂း၄၅မိနစ်
၂၉ရက် ၂လ ၂၀၁၂ ခုနှစ်


30 comments:

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကို အင်တိုက်အားတိုက်ပါပဲလားမမရေ...မိုက်တယ်ဝေ့...:):)

Thameesan said...

အားလုံးအတွက်..
အချိန်တန်နေပြီအစ်မ..း)

Candy said...

ဟုတ် ရေးပါမယ် မမ..
မမရဲ့ အားရစရာပိုစ့်လေးကို ဖတ်သွားပါတယ် :D

ညိမ်းနိုင် said...

အင်း...ရေးဆိုလည်းရေးရမှာပေါ့လေ....သို့ပေမယ့်
နဲနဲတော့စောင့်ပါဦးဗျနော့....

မိုးခါး said...

အောင်မလေးတော် အမုန်းကို တဂ်တော့တာပဲ .. အယောက် ၅၀ တိန် :P

ရေးမယ် .. ခုပဲသွားရေးပြီ .. ၀ှစ် :D

phyu said...

yes, i agreed to all Mdm Koh answer.

rgds/nang myint

ချစ်စံအိမ် said...

မမအမြင်နဲ့ လေးကိုထောက်ခံပါတယ်မမရေ
လမင်းတော့ရေးပြီးပြီနော်:)

မောင်ဘုန်း said...

တောက်ခံပါတယ် ဗျ ....

Anonymous said...

သားက Sunday လောက်မှရေးမယ်နော်..ကျနော်ပါတီထောင်မလို့  မဲထည့်မလားပြော..အာဏာရလို့ ကတော့ ဒို့ ဘလော့ဂါတွေ စာရေးလို့ ရအောင် လိုင်းအရင်ကောင်းအောင် လုပ်ပေးမယ် မပူနဲ့  ဂြိုလ်သာတွေဆီက လိုင်းကို ယူမှာ...တိန်..မဲထည့်ကြနော်....ပါတီထောင်မယ်...ရွေးကောက်ပွဲဝင်မယ်..ဒံ.....ဒန်း......ဒဏ်

Lps said...

မဒမ်ရေ ရူပါလန်းတဲ့ နော်က မန့်သွားတယ်နော်...။
ဖတ်သွားပါတယ်ဗျာ တဂ်ကလေး နော်လည်းပြန်တဂ်ထားပါတယ်ဗျာ...
ခင်မင်လေးစားလျှက်(လွမ်း)
www.lwanpaishin.blogspot.com

မောင်သီဟ said...

လွန်ဖူးလား ဒယ်အိုးရယ် တဂ်ချက်ကကမ်းကုန်တယ်
တကယ် များကြီးပဲ အင်းးး ကောင်းပါတယ်လေ ကောင်းပါတယ်း)း)
မောင်ဘကြိုင်ရဲ့ အချဉ် အဲ အမြင်လေးကိုရေးပေးပါ့မယ်

စံပယ်ချို said...

အရှုပ်တွေ နဲနဲပါးတာနဲ့ တထိုင်ထဲရေးလိုက်ပါ့မယ်ရွှေဒိုးရေ
ချစ်တဲ့ jasmine

မိုးသက် said...

အစ်မရေ.. သိပ်ကိုကောင်းတဲ့ပို့စ်လေးပါ.။
အစ်မပြောတာတွေက သိပ်ပြတ်သားတာပဲ..မိုက်တယ်။
အရေးအသားက အားရစရာကြီး.

နေ၀သန် said...

အိမ်း.. လုပ်ကြကွယ်ရို့... :D.. သူတို့ခေတ်နဲ့ သူတို့အခါဆိုတော့လည်း.. .. ရှိစေဦးတော့ကွယ်.. :P

ခင်မင်လျက်
နေ၀သန်

ချောကလက်ကျူးပစ်လေး said...

ဂယက်တော်တော်ကြီးပါလား
ရမှပဲအေးမှာပါ..:P

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဂွတ်သကွယ် ... မြန်မြန်ရနိုင်စေဖို့ဆုတောင်းပေးပါတယ်..

ချစ်တဲ့

ဝသုန်

လွင်ပြင်လှိုင်းငယ် said...

ညီမရေ အရေးအသားတွေက မိုက်တယ်ဟေ့
တဂ်ထားတာလဲ ရေးပေးပါ့မယ်နော်

San San Htun said...

ဒိုးကန်ရေးတာ လာဖတ်တယ်..အားရင် ရေးမယ်နော့..ပျော်စရာကြီးဟေ့.. တပုံကြီး တဂ်ထားတာ..

Han Kyi said...

ရေးရမှာပ...လောလောဆယ် ဖုန်းအကြောင်းရေးဖြစ်နေတာလေးနဲ့ ရောပြီးတင်လိုက်မယ်...အလုပ်ကတော့ အများသား ဂျာရစ်ရေ...စာမေးပွဲနီးနေလို့...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်သင့်ပါပြီ
သူများနိုင်ငံတွေတောင် လွယ်လွယ်ကူကူ ဖုန်းကို ကိုင်နိုင်ရင် ကိုယ့်နိုင်ငံမှာလည်း ကိုင်ဖို့သင့်ပါပြီ။

အဖြူရောင်နတ်သမီး said...

မြန်မာပြည်မှာ ဖုန်းတစ်လုံးကို အစိမ်း၂၅၀၀ပေးရတယ်လို့ ဒီကလူတွေကိုပြောပြတုန်းက သူတို့တွေ အရမ်းကို အံ့သြကြတယ်...း(

Mrs. Bagel said...

Thank for remembering me Ama :)

မောင်စေတနာ said...

ဖတ်သွားပါတယ် မမ ..ရေးပေးပါ့မယ် ..ရေးထားတာတွေ
တကယ်ကောင်းပါတယ် ...

မောင်မောင် said...

အစ်မဒမ်ကိုးရဲ. ဆန္ဒတွေ ဖြစ်လာတော.မှာပါ။

blackroze said...

မားမား ပစ်ပစ်လာဖတ်သွားတယ်
တက်င်္ဂထားတာကိုတော့ ဒီကနေဘဲ
ရေးပေးလိုက်တယ်နော် မားမား


၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

= မမြင်ပါဘူး..

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

= လုပ်သင့်ပါတယ် ..ဒါလည်းတောင်းဆိုမှု့
တမျိုးပါဘဲ...

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

= ပြည်သူတွေရှဲ့ဆန္ဒကို တင်ပြတောင်းဆိုမှု့ပါဘဲ။
တင်ပြတောင်းဆိုသင့်တဲ့ ကိစ္စတခုပါဘဲ..။
ကောင်းတယ်လို့မြင်မိပါတယ်။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

= ကြိုဆိုပါတယ်..

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

= ပစ်ပစ်အမြင်ကိုပြောရမယ်ဆိုရင်တော့
ဆက်သွယ်ရေးကျယ်ပြန့်လာတာကို လက်ခံပါတယ်
ဒါပေမဲ့တခုစဉ်းစားရမှာက မြန်မာနိုင်ငံရဲ့
ဆက်သွယ်ရေးအနေအထားပါ..အခုဆိုရင်
ဖုန်းတလုံး သိန်းငါးဆယ်ပေးမှရတဲ့ GSM ဖုန်းတွေ
ကနေ နောက်ဆုံးထုတ်လိုက်တဲ့ ငါးသိန်းတန်
ဖုန်းတွေအထိဆိုရင် ၁၀ စုနှစ်တခုကိုတောင်
ကျော်နေပါပြီ..ဒါပေမဲ့ ဖုန်းခေါ်ဆိုတဲ့
အနေအထားမှာတော့ လူကြီးမင်းနဲ့ ဆုံရင်ဆုံ
ဖုန်းခေါ်လို့ရပြန်တော့လည်း
ကြားရလား မကြားရဘူးလား ဆိုတဲ့
စကားနှစ်လုံးကို ထပ်ခါထပ်ခါ သုံးနေရဆဲပါ..
အဲတာလေးကိုတော့ အရင်ဆုံး
ပြင်သင့်တယ်လို့ထင်ပါတယ်..ဖုန်းဆိုတာက
လူကိုယ်တိုင် မသွားနိုင်တဲ့အခါ
ကိုယ်တိုင်ကိုယ်ကျ သွားလို့မဖြစ်နိုင်တဲ့
အရေးပေါ်အခြေအအနေတွေမှာ
(စီးပွားရေး..လူမှု့ရေး..
မိသားစုအရေး..အစုံပေါ့ရှင်)
မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းပါ..
အဲလိုအခြေအနေမျိုးမှာ
ကြားရလားမကြားရဘူးလား ဆိုတာဘဲ
ထပ်ခါတလဲလဲ ပြောနေရမယ်ဆိုရင် ..
ဒီဖုန်းရဲ့ဝန်ဆောင်မှု့ ကဘာလဲလို့
မေးပါရစေ....
ဘာအတွက် ဖုန်းကိုအသုံးပြုကြတာလဲလို့
မေးပါရစေ..။
အဲဒီတော့ ငါးထောင်တန်ဖုန်းဆိုတာကို
ကြိုဆိုသလို..တောင်းဆိုတဲ့နေရာမှာလည်း
အဓိကနဲ့သာမည ခွဲခြားပြီး
တကယ်လိုအပ်နေတဲ့
့အချက်လေးတွေကိုပါ
ထည့်သွင့်စဉ်းစားသင့်တယ်လို့
ပြောပါရစေရှင်..။

ကျမအားလုံးကိုခင်မင်လေးစားပါတယ်
ကျမရဲ့ အမြင်မှာ အမှားပါသွားတယ်ဆိုရင်
နားလည်ပေးပါလို့..။။။

Z@! said...

အမရေ လာအားပေးသွားပါတယ်ခင်ဗျ
စိုင်းစိုင်းလဲ ရေးပြီး တင်ပြီးသွားပါပြီခင်ဗျ

http://zaizailife.blogspot.com/2012/02/blog-post_29.html

ဒါနဲ့စကားမစပ် မနက်ဖြန် မန်းတလေးသွားမှာမို့ သုံးလေးရက်လောက်တော့ ပျောက်ပါဦးမယ်ခင်ဗျ :)

Anonymous said...

အမှန်အတိုင်း ၀န်ခံရရင် ငါးထောင်တန်ဖုန်းကိစ္စကို အကောင်အထည်ပေါ်စေချင်တာကလွဲပြီး ဘာမှ မသိပါဘူး။ ဒါကြောင့်မို့ ငါးထောင်တန်ဖုန်းနဲ့ ပါတ်သတ်တဲ့ အချက်အလက်တွေ ရှာဖွေ ဖတ်ရှုလိုက်ဦးမယ် အန်တီကိုး။ ပြီး ရေးသင့်၊ မရေးသင့်လည်းစဉ်းစားရဦးမယ်ဗျ။ ကိုယ်က မြန်မာပြည်ထဲနေနေတာဆိုတော့ ကုပ်ခံရမှာလဲထည့်တွက်ရသေးတယ်ခင်ဗျ။

Yin Sue said...

မဒိုးကန်ရေ....လာဖတ်ကြောင်းဗျ...နောက်ကျလို့ဆောရီးပါ.....အစ်မရေးတာလေးတွေ အားရကြောင်းပါ....မိုက်တယ်....

အလင်းသစ် said...

စိတ်လျော့လေ ငါ့အမရဲ့.. အခုဆို ကိုယ်တွေတစ်သက် မမြင်ဘူးခဲ့တဲ့ ATM စက်တွေတောင် တွေ့လာရပီ.. လွန်ခဲ့တဲ့ ၅ နှစ်လောက်ကအထိ အင်တာနက်သုံးစွဲမှု အဲလောက် မတွင်ကျယ်ခဲ့ပေမယ့် အခုဆိုအရမ်းတွင်ကျယ်လာခဲ့ပြီပဲ.. လာတော့မှာပါ..ဖြည်းဖြည်းပေါ့.. ရေတွင်းက တူးနေတုန်းဆိုတော့ ရေကြည်ချက်ချင်းသောက်ချင်လို့ မရသေးဘူးလေ :P

ကိုတူး said...

တဂ် ထားတာ မတိလိုက်ဖူး မာမီရယ် ..

Related Posts Plugin for WordPress, Blogger...