Wednesday, January 25, 2012

စိတ်

ဒီလို ရာသီဥတုမျိုးပေါ့ ကျွန်တော် မနှစ်သက်တာ..စိုထိုင်းထိုင်း မှုန်ကုပ်ကုပ်နဲ့။လူကို ပျင်းရိသလိုလို ဆွေးမြေ့သလိုလို ဖြစ်စေတာ။တောင်ပေါ်ကို လှမ်းကြည့်တော့လည်း သစ်ပင်တွေတောင် “ငိုက်မြည်းနေ ကြတယ်။“ရှုတည်တည်ကြီးနဲ့..ဘယ်လို ရာသီဥတုလဲဟ”လို့ ကျိန်ဆဲရင်း လျှောက်လာတာ လမ်းအကွေ့ရောက်တော့ တရုတ်အဘိုးကြီးတစ်ယောက်နဲ့ တွေ့တယ်။“မင်္ဂလာပါ..ကောင်လေး”တဲ့ ဗမာလို ကောက်တွတ်တယ်။အသာပြန်ပြုံးပြရင်း “မင်္ဂလာပါ အဘိုးကြီး”လို့ပြန်နှုတ်ဆက်တော့ “အေး”ဆိုပြီး သူကလည်း သူ့လမ်းသူသွားတယ်။ဒီတရုတ်အဖိုးကြီးက သူမင်္ဂလာပါ ပြောတဲ့ အချိန်မှာ သူ့ကို မင်္ဂလာပါ ပြန်ပြောမှ သူက ကြိုက်တာ။ပြန်မပြောလို့ကတော့ ဗမာလို ဆဲတော့တာပဲ။ဘယ်သူက သင်ပေးထားလည်း မသိဘူး။“မင်္ဂလာပါရယ် ဆဲတာရယ်ပဲ သိတာ။အဲ့တော့ သူက မပြောခင်တစ်ခါတစ်လေ ကိုယ်က အရင်စပြော ထားရတယ်။

တိုက်တန်းတွေအောက်ရောက်တော့ အကြွေးဝယ်နေကြဆိုင်လေးကို သွားတယ်။ဒီနေ့ ဒမ်ကလေး လာမယ် ဆိုတော့ အသားလေး၊အရွက်လေး ၀ယ်ထားအုံးမှ။ကိုယ့်တစ်ယောက်ထဲ ရှိနေရင်တော့ ဖြစ်သလိုပဲစားတ ယ်။အစားအသောက်အတွက် မီးခိုးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရတာကို စိတ်မပါဆုံးပဲ။သူလာမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ၀ယ်ထားအုံးမှပေါ့။အသားငါးလေးတွေဝယ်ပြီး ကောင်တာကိုသွားတယ်။ပြီးတော့ ထုံးစံအတိုင်း “အဘမ်း..ယူ တူလစ် ဒုလု..နန်တီ ဂါဂျီ ဒပတ် ဆာယာ ဘယာ” လို့ပြောပြီး ခပ်တည်တည်နဲ့ အိမ်ပေါ်ကို တက် တယ်။နောက်က အကြွေးကို သူ့ဘာသာ ဘယ်လိုမျက်နှာနဲ့ ရေးမှတ်ရေးမှတ် ဂရုစိုက်မနေတော့ဘူး။ဒါက အကြွေးဝယ်တိုင်း ကျင့်သုံးနေကြ ဥပဒေသတစ်ခု။အိမ်ပေါ်ရောက်တော့ ထမင်းစားပွဲကိုတန်းသွားပြီး မနေ့ ညကကျန်ခဲ့တဲ့ တူးနေတဲ့ ကြက်ဥကြော်ကို ကောက်ဝါးပစ်တယ်။ပြီးတော့ ဘုရားပန်းအိုးကို ရေလဲဖို့အတွက် .ဘေဇင်ကိုသွားတော့မှ “ဒီနေ့ ရေပိုက်တွေပြင်စရာရှိလို့ ရေခဏဖြတ်မယ်”လို့ ကြိုပြီး သတိပေးထားတာကို သတိရတယ်။ခဏဆိုပေမဲ့ တစ်ခါတစ်လေ သူတို့ခဏက ရွှေပြည်ကြီးက အာဏာရှင်တွေတက်သလောက် ကိုကြာတာ။။အောက်ကို နောက်တစ်ခါပြန်ဆင်းပြီး စောစောကဆိုင်ကပဲ ရေဘူးတွေ ဆင်းဝယ်ပြီး “အဘမ်း. သန်ပ လတ်ဂီး” မြန်မာလိုတော့ “ထပ်ပေါင်းလိုက်အုံး ဘော်ဒါကြီး” လို့ပြောပြီး နောက်တစ်ခါ ပြန်ချီတက် တယ်။

ဘုရားပန်းရေလဲ၊ ဘုရားရှိခိုးခြင်း ကိစ္စပြီးတော့ အိပ်မယ်ဆိုပြီး မိန်းမကိုဖုံးခေါ်တယ်။အိပ်တော့မယ်လုပ်မှ “မွေးနေ့တုန်းက လက်ဆောင်ပေးထား တဲ့ ကျောက်စိမ်းပုတီးလေးနဲ့ ပုတီးစိတ်ပါအုံး”ဆိုပြီး နေ့တိုင်း ထပ်ကာ ထပ်ကာ ပြောနေတာကို ဒီနေ့ သူလည်းကုသိုလ်ရအောင် ကိုယ်လည်း စိတ်ကလေးငြိမ်အောင် ဒီနေ့ အိပ် ယာက စောစောထပြီးစိတ်မဲ့အကြောင်း ဖုံးထဲမှာ ပြောပြလိုက်တယ်။သူလည်း တော်တော်စိတ်ချမ်းသာ သွားတာကို စဉ်းစားရင်း ကိုယ်လည်း စိတ်ချမ်းသာလို့။

“ဒုန်း...ဒုန်း..ဒုန်း”
ဟ..ဘာသံပါလိမ့်..။အိပ်မလို့လုပ်ကာမှ အောက်ထပ်ကကလေးက နံရံကို တူနဲ့ထုပြန်ပြီလား မသိဘူး။တဆက်တည်းပဲ တဂျဲဂျဲအသံနဲ့အတူ နံရံကို စူးနဲ့ဖောက်သံ။ဒါဆိုရင် ခလေး မဟုတ်တော့ဘူး။အိမ် ပြင်တာလား၊အဲကွန်းတပ်တာလား တစ်ခုခုပဲနေမယ်။ရပ်မလား ရပ်မလားနဲ့ နားထောင်နေမိတာ  အသံက -တော်တော်ကြာတဲ့အထိ မရပ်ဘူး။ဒီအသံကိုအံတုပြီးတော့ အိပ်လို့ရနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ နာရီကို ကြည့်လိုက်တော့ အချိန်က နေ့လည်နှစ်နာရီအတိ။“အင်း..အချိန် ရှိပါသေးတယ်လေ”လို့ ကိုယ့်ဘာ သာဆိုပြီး ခေါင်းရင်းကစာအုပ်တစ်အုပ် ကောက်ဖတ်ရင်း အိပ်ပျော်သွားတယ်။အိပ်လို့ ကောင်းနေဆဲရှိတုန်း တဒုန်းဒုန်းအသံက ပေါ်လာပြန်ပြန်ပြီ။နာရီကို ထပ်ကြည့်တော့ ညနေလေးနာရီခွဲ။အင်း.ဒီလူတွေ နည်းနည်းတော့ လွန်ပြီ။စာအုတ်ပြန်ဖတ်ရင်း စောင့်တာ ညနေ ခြောက်နာရီ ထိုးကာနီးတော့ အသံတွေ အားလုံး တိတ်ကုန်တယ်။စိတ်ချလက်ချ အိပ်ရင်တော့ အလုပ်ဝင်ရမဲ့ အချိန်တောင် နိုးမှာမဟုတ်တော့တာကို ပြန်တွေးမိပြီး ပုတီးစိတ်ဖို့လည်း ရှိနေတာကြောင့် ရှစ်နာရီ အလာမ်းပေးပြီး အိပ်လိုက်တယ်။

နာရီက ထဖို့ အချက်ပြတော့ လူက မထချင်ဘူး။အိပ်ရေးက မ၀တော့ စိတ်က မကြည်ဘူး။ရေချိုး ခေါင်းလျှော် ပြီး ဘုရားရှိခိုး၊ပုတီးစိတ်ဖို့ လုပ်တယ်။

“ဗုဒ္ဓံ..မြတ်စွာဘုရားကို၊ ပူဇေမိ..ပူဇော်ပါ၏ဘုရား”..
“ဒုန် ဒုန်း ဒုန်း”..ဟ.လုပ်ကြပြန်ပြီ။သြော် ငါဘုရာရှိခိုးနေတာပဲလေဆိုပြီး ရှေ့ ကိုဆက်တယ်။
“ဓမ္မံ..တရားတ်ာမြတ်ကို၊ ပူဇေမိ..ပူဇော်ပါ၏ဘုရား”
“ဒုန်း..ဒုန်း..ဒုန်း..ဒုန်း”

ကျွန်တော် သံဃာကိုတောင် မကျော်နိုင်တော့။ချက်ချင်းပဲ အောက်ထပ်ကိုဆင်းပြီး နံရံကို ဖောက်နေတဲ့သူ ထုရိုက်နေသူတွေကို တွေ့တဲ့အရာနဲ့ကောက် ရိုက်တယ်။ပြီးတော့ သူတို့အားလုံးကို အသင့်တွေ့တဲ့ ကြိုးနဲ့တုပ် ၊ဆယ့်ခြောက်ထပ်ကနေ အောက်ကိုပစ်ချလိုက်တယ်။တစ်ယောက်က သစ်ကိုင်းမှာ ငြိနေပြီး လေထဲမှာ တန်းလန်းကြီးဖြစ်နေတယ်။လုပ်ချင်တာ လုပ်ပြီးလို့ အာရုံတွေ စုစည်းပြီးချိန်၊ ကျွန်တော် သတိထားမိချိန်မှာ လက်အုပ်ချီရင်း ပုဒ်မ (၃၀၇)ကို အပီအပြင်ကြီး ကျူးလွန်မိလိုက်ပြီ။မြန်လိုက်သည့်စိတ်။ဘုရားတော့ ပြီးအောင် ရှိခိုးလိုက်ပြီး ပုတီးမစိတ်ဖြစ်တော့။ခဏနေတော့ မိန်းမ လုပ်သူက “ဘုရားရှိခိုး ပုတီးစိတ်ပြီး တာတောင် ရတဲ့ကုသိုလ်လေး သာဓုမခေါ်ခိုင်းဘူး”ဆိုပြီး ဖုံးထဲကနေပြောပါတယ်။စိတ်ထဲမှာ ပေါက်နေတာနဲ့ နဲ့ “မိန်းမရာ..ယောကျာင်္းဘုရားရှိခိုးတာက ဒို့ပြည်က အကျဉ်းသာတွေ လွှတ်ပေးသလိုပါပဲကွာ..အပြစ်ကင်း တဲ့လူက နည်းနည်း ရာဇ၀တ်သားကများများ ..ကျုပ်လည်း အဲလိုပဲ..ကုသိုလ်က အစိတ်သားတောင် မပြည့်တပြည့်ကွာ..ငရဲကတော့ တစ်ပိဿကျော်ကျော် ရလိုက်တယ်.ကဲ သာဓုခေါ်ချင် လည်း ခေါ်ကွာ” ဆိုတော့မှ ဖုံးချသွားတယ်။ဖုံးချကာနီးတောင် “ဒေါသကို အခွန်ဆောင်ပြီးသာနေရရင် ကျုပ်ယောကျာင်္း လုပ်သမျှလစာက သူ့ဒေါသ အခွန်ဆောင် ရတာနဲ့တောင် လောက်မယ်မထင်ဘူး”ဆိုပြီး မကြားတကြား လုပ်သွားသေးတယ်။

အသက်တစ်ရက်ကြီးလာတာနဲ့အမျှ ဆင်ခြင်တုန်တရားက နည်းနည်းလာတယ်။အိပ်ယာထတိုင်း အသစ်မထွက်နိုင်တော့တဲ့မျက်နှာကို အဓိပ္ပါယ်မဲ့ သလို ကုန်းရုန်းပြီးသစ်နေမဲ့ အသစ်ပြန်ရနိုင်မဲ့ စိတ်ကိုတော့ မသိမသာ..သိသိသာသာ လွှတ်ချထားခဲ့မိတယ်။ငါ တစ်ယောက်ထဲပဲလား..ငါ့လိုလူတွေ ဘယ်နှစ်ယောက်များ ရှိနေနိုင်မလဲ..

အချိန်တွေ..အချိန်တွေ နည်းသည်ထက် နည်းလာနေပြီ...
စိတ်တွေ...စိတ်တွေရော......

လေးစားစွာဖြင့်
ကိုရင်
2:23(GMT)

26 comments:

လင်းခေတ်ဒီနို said...

အင်းး ငါတစ်ယောက်တည်း မဟုတ်ပါဘူးကွယ် . . . အဖော်အပေါင်းနဲ့ပါကွယ်း)))

ဒီမယ် ကိုရင် . . ဘယ်က ဒမ်ကလေးလဲဗျ ဒမ်အိုးး ( Dan old ) ဗျ . .း)))))))

လူတွေက မှန်တညကိုပြောရင် စိတ်တိုတယ်ဆိုပဲ . . အဲဒီသူ စိတ်တိုရင် . . သေချာတယ် အဲဒီဟာ သေချာပေါက် အမှန်ပဲး))))

SHWE ZIN U said...

သည်းခံ တကာကြီး သည်းခံ သည်းခံရင် နိဗ္ဗါန် ရောက်တယ် တဲ့ မဒမ် က

ကိုဇော် said...

ဟီးဟီး ... မှတ်ပလားကွ. .

မိုးသက် said...

အသက်တစ်ရက်ကြီးလာတာနဲ့အမျှ ဆင်ခြင်တုန်တရားက နည်းနည်းလာတယ်။အိပ်ယာထတိုင်း အသစ်မထွက်နိုင်တော့တဲ့မျက်နှာကို အဓိပ္ပါယ်မဲ့ သလို ကုန်းရုန်းပြီးသစ်နေမဲ့ အသစ်ပြန်ရနိုင်မဲ့ စိတ်ကိုတော့ မသိမသာ..သိသိသာသာ လွှတ်ချထားခဲ့မိတယ်။ငါ တစ်ယောက်ထဲပဲလား..ငါ့လိုလူတွေ ဘယ်နှစ်ယောက်များ ရှိနေနိုင်မလဲ..
အားပေးသွားပါတယ်အစ်ကို

လွင်ပြင်လှိုင်းငယ် said...

“ဒေါသကို အခွန်ဆောင်ပြီးသာနေရရင် ကျုပ်ယောကျာင်္း လုပ်သမျှလစာက သူ့ဒေါသ အခွန်ဆောင် ရတာနဲ့တောင် လောက်မယ်မထင်ဘူး”
ဟီ ဒီစာသားလေးတော့ ကြိုက်တယ်ဗျို့

khin said...

ကိုရင်ရေ
ရုပ်တစ်ခု စိတ်ကိုးဆယ်တဲ.၊ ကိုရင်တစ်ယောက်တည်းမဟုတ်ဘူး
ကျားကျားလည်းပါပါတယ်ရှင်
ထစ်ကနဲဆို ဗျစ်ခနဲဘဲ(ဟိဟိ)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

စိတ် ကလေးကိုလာဖတ်သွားပါတယ်... စိတ်စိတ် ...

မေဓာဝီ said...

ကိုရင် ဥပမာပေးတာ မိုက်တယ်။ ဘုရားရှိခိုးတာ အကျဉ်းသားလွှတ်သလိုဆိုတဲ့ ဥပမာ သဘောကျပါဘိ။ :)
အချိန်တွေ နည်းသည်ထက် နည်းလာ ...
အကုသိုလ်တွေ များသည်ထက် များလာ ...
အတူတူပါပဲ ကိုရင်ရေ ...

သူကြီးမင်း (တုံးဖလား) said...

ကိုရင်ဇီးကွက်၊ အိပ်ရေးပျက်၊ အမျက်ထွက်နေသည်။
ညဘက်အလုပ်၊ နေ့အိပ်ပုပ်၊ ငုတ်တုတ်ထိုင်မေ့သည်။
နေ့ဘက်အသံ၊ ကြားရမှန်၊ ဧကန်ဖြစ်တတ်သည်။
ဟိုလူအမှား၊ ဒီလူမှား၊ စကားများတတ်သည်။
ကိုရင်ပုတက်၊ ဒေါသထွက်၊ ပွက်ပွက်ဆူနေသည်။
ဒေါသနဲ့သေ၊ ငရဲပြည်၊ မသွေရောက်ရမည်။
ထို့ကြောင့် ဒေါသ၊ လျော့ကာချ၊ မာနကင်းသင့်သည်။
ဒမ်ကလေးကို၊ ချစ်တယ်ဆို၊ ပြုံးချိုနေရမည်။
သူကြီးဆုံးမ၊ သြ၀ါဒ၊ မုချယူသင့်သည်။
ဆုံးမစကား၊ နေ့တိုင်းကြား၊ သေသွားထက်နတ်ပြည်။
ကိုရင်မဒမ်၊ ထိုမောင်နှံ၊ ဖန်ဖန်ချစ်ကြိုးသီ။
ဘ၀ဆက်ဆက်၊ ဆုံပေါင်းဖက်၊ ချစ်သက်ရှည်စေမည်။း)

ညိမ်းနိုင် said...

တဂျီးကွန်မန့်ကတော့ လန်ထွက်နေတာပါပဲလားဗျာ....။
အချိန်တော့မရှိတော့ဘူးကိုရင်...ယခုပင်လျှင် မသေခင်
က ကြိုတင်ကောင်းမှုလေးဘာလေးလုပ်တော့...ဟုတ်ပ
လား...........။

blackroze said...

ဟိုတဂျီးဆိုတဲ့လူကြီးပေးသွားတဲ့ကောမက်က
ဂွတ်တယ်..
ကဗျာလေးနဲ့ကောမက်ပေးသွားတာ
ဒေါသလျော့ပါ ပါးပါးထိပ်ပြောင်ရယ်..

မဒမ်ကိုး said...

ငါတော့ပိုစ့်ထက်တောင်တဂျီးမန့်ကိုပိုကြိုက်နေ၏ ခွိခွိး)

Angelhlaing(May everybody be happy and healthy! said...

ဘာပဲဖြစ်ဖြစ် ကြည်နူးစ၇ာလေးပါ အကို၇... ဒီလိုလေးတွေ ဆိုပေမယ့် ချစ်မဝတဲ့ ချစ်ဇနီးလေးပဲ မဟုတ်လားလို့နော်....:):)

အလင်းသစ် said...

ဒါလေးများ ရွှေယောက်ဖကလည်း နားထဲဂွမ်းဆို့ထား လိုက်ပြီးနေတာကို..ပြောမယ့်သာ ပြောရ ကျွန်တော်လည်း ဆူရင်မနေ တတ်ဘူး..ဟိုဘဝက မြင်းဖြစ်ခဲ့လားမသိဘူး.. နားစည်လှုပ်ရင်ကို အိပ်မရတာ..ဟီးးး.. ကိုယ်တွေကတော့ ကံကောင်းသဗျ.. တစ်ထပ်လုံးမှာ ကိုယ်အကြီးဆုံး ဆိုတော့..ဟဲဟဲ.. လူအိပ်ချိန်မှာ ဘာသံမှမကြားချင်ဘူးလို့ပဲ ပြောထားလိုက်တယ်.. နားအေး ပါအေးပါ ရွှေယောက်ဖရ.. နားအေး၊ပါးအေး။။။

ညီရဲသစ် said...

ဟုတ်တယ် ကိုရင်ရေ... ညဆိုင်းဆင်းတိုင်း အဲဒီဒုက္ခတွေ ခဏခဏကြုံရလေ့ရှိတယ်... ကိုယ်ချင်းစာမိပါတယ်...

မိုးနင်း said...

အားမငယ်ပါနဲ့ ကိုရင်ရယ် အတို့လိုလူတွေ အများကြီးပါပဲ အနော်တို့လည်း ပါပါတယ်..:)

တောက်ပကြယ်စင် said...

ဒကာလေး ကိုရင်ရေ တဂျင်းမီးခမန့်က အရမ်းမိုက်တယ်နော်။ လွင်ပြင်လှိုင်းငယ်ကြိုက်တဲ့ စာသားလေးကို ဘုန်းဘုန်းလည်း သိပ်...သဘောကျတယ်။ စိတ်သာလျှင် လောကကို ဦးဆောင်တယ်တဲ့ ဓမ္မပဒပါဠိထဲမှာ...

(KFC, KFC,....)

နေ၀သန် said...

း).. တစ်ကြောင်း၊ တစ်ကြောင်းနဲ့ ထိအောင်ကို ညှိသွားတယ်... :P

ခင်မင်လျက်
နေ၀သန်

AH said...

သြော်... ဘွ ဘွ... မြန်လိုက်တာ တစ်နှစ် တစ်နှစ်..

မိုးဇက် said...

ကိုရင်ကလဲဗျာ ..........စိတ်လေးနည်းနည်းလျှော့ပေါ့ ၊ မဟုတ်ရင်
ကျောင်းထိုင်ဘုန်းဘုန်းရဲ့ ဆူခံထိနေအုံးမယ် ။ စကားမစပ် ကိုရင်တစ်ရောက်ထဲမဟုတ်ပါဘူး ၊ ကျွန်တော်လဲပါတယ်ဗျ ၊ ခုချိန်ထိ သစ်နေတဲ့စိတ် သစ်မလာနိုင်သေးဘူး

ခင်တဲ့
မိုးဇက်

San San Htun said...

ကိုရင်တို့ များ တော်ချက်တော့..ဒေါသကို ဥပမာပေးတတ်ပုံက..:P

Lps said...

အသက်တစ်ရက်ကြီးလာတာနဲ့အမျှ ဆင်ခြင်တုန်တရားက နည်းနည်းလာတယ်။အိပ်ယာထတိုင်း အသစ်မထွက်နိုင်တော့တဲ့မျက်နှာကို အဓိပ္ပါယ်မဲ့ သလို ကုန်းရုန်းပြီးသစ်နေမဲ့ အသစ်ပြန်ရနိုင်မဲ့ စိတ်ကိုတော့ မသိမသာ..သိသိသာသာ လွှတ်ချထားခဲ့မိတယ်။ငါ တစ်ယောက်ထဲပဲလား..ငါ့လိုလူတွေ ဘယ်နှစ်ယောက်များ ရှိနေနိုင်မလဲ..

အချိန်တွေ..အချိန်တွေ နည်းသည်ထက် နည်းလာနေပြီ...
စိတ်တွေ........အားပေးခဲ့ပါတယ်ဗျာ
လေးစားခင်မင်လျှက် (လွမ်း) lwanpaishin@gmail.com

Thameesan said...

စိတ်တွေ..စိတ်တွေရော..
ဆိုတော့..ခြံထဲမှာပါးP
အင်မတိအင်မတန်
စိတ်ကုန်နေသည်.ဆိုပါလျှင်
မဒမ်လေးဆီမှ..ခွင့်ယူကာ
တောထွက်၍..ရဟန်းပြုပါလေး)

ချစ်ခင်လျှက်

အဖြူရောင်နတ်သမီး said...

စိတ်လျှော့ကိုရင်.. ဘုန်းဘုန်းမျက်စောင်းထိုးနေပြီ..း)

မောင်သီဟ said...

သင်္ကန်းဝတ်မယ်ဆိုရင်ပြောကိုရင်
း)း)
ရဟန်းဒကာဖြစ်ချင်လို့



မောင်ဘကြိုင်

အမ်တီအန် said...

အင်း... စိတ်..စိတ်..ပါကွယ်။
ဒီစိတ်ကပဲ မွှေနေတာလေ...။

Related Posts Plugin for WordPress, Blogger...