Tuesday, January 17, 2012

ကျေးဇူးတင်ခြင်း ခံစားမှုစာမျက်နှာ

 
ကျေးဇူးတင်ပါတယ်ဆိုတာ စကားစု စကားလုံးလေးတစ်လုံးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ဒီစကားလေး ကို သုံးနှုန်းပြီးရင် သုံးလိုက်တဲ့သူရော၊ အသုံးခံလိုက်ရတဲ့သူရော၊ စိတ်ထဲမှာ ကျေနပ်ဝမ်းသာ ဖြစ်နေမယ်၊ ဖြစ်သွား လိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။ကျမတို့တစ်တွေဟာ မမျှော်လင့်ပဲ သူငယ်ချင်းတွေစုပြီး မထင်မှတ်တဲ့ ကုသိုလ်တစ်ခုကို စုပေါင်းလုပ်ဖြစ်ခဲ့ကြပါတယ်။မမျှော်လင့်တဲ့တစ်မနက်ခင်းကနေ ကြားလိုက် ရတဲ့ သတင်းတစ်ပုဒ်အတွက် ကြုံတွေ့ခဲ့ရတဲ့ငရဲခန်းတစ်ညတာကို ဖြတ်သန်းခဲ့ကြတဲ့ မိသားစုဝင်တွေအတွက် ကျွန်မတို့တစ်တွေ လူသားဆန်စွာ ခံစားခဲ့ကြရပါတယ်။ဘေးလူတွေဖြစ်ကြတဲ့ ကျမတို့တွေတောင် အခုလို ၀မ်းနည်းကြရမယ်ဆိုရင် မိသားစုဝင်တွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ အသိ၊ ခံစားမှု၊ ကြေကွဲမှုတွေဟာ ဘာနဲ့မှတောင်တိုင်းရမှာ မ ဟုတ်ပါဘူး။

“စိတ်မကောင်းပါဘူးရှင်၊ ၀မ်းနည်းပါတယ်ခင်ဗျာ၊ ထပ်တူပါပဲ” ဆိုတဲ့ စကားလုံးလေးတွေနဲ့ နှစ်သိမ့်လို့တော့ ရကောင်းရပေမယ့် ဒီလိုအပူတွေကို ကြေကွဲဝမ်းနည်းစွာ ခံစားနေကြရမယ့်သူတွေအတွက် လုံလောက်ပါ့မ လားလို့ အကြိမ်ကြိမ်တွေးမိတယ်။“ငါသာ အဲဒီနေရာမှာဆိုရင်ရော”လို့ ကျမအကြိမ်ကြိမ် ပြန်မေးမိတယ်။ စိတ်မခိုင်သူ ကျမအတွက်တော့ ကျမရဲ့မိဘ၊လင်သားသာ တစ်စုံတရာဖြစ်ခဲ့ရင် သွက်သွက်ခါအောင် ရူးသွား မှာသိနေတယ်။ကျမ သူတို့ဓာတ်ပုံတွေမြင်တိုင်း စိတ်ထဲမချိဘူး။ဖြစ်ဖြစ်ချင်း ညနေမှာတင် ကျမလက်တွေက အိမ်ကိုဖုန်းဆက်ပြီးသား ဖြစ်နေတယ်။မေမေ့ကို ချက်ခြင်းဖုန်းဆက်ပြီး “သွားလှုပေး ပါမေမေရယ်” ဆိုတော့  ချက်ခြင်း မေမေက  ငွေသားငါးသောင်းကျပ်နဲ့ အ၀တ်တွေ၊ စောင်၊ခြင်ထောင်တွေ သွားပြီးလှုခဲ့ပါတယ်။ကျမ အားမရဘူး။ဘာလို့လဲလို့ မမေးနဲ့၊သေတဲ့သူတွေအကြောင်း ကျမခေါင်းထဲ ရောက်လာပြန်တယ်။ကျမဟာ အ -ရမ်း ကျိကျိတက်ချမ်းသာတဲ့ မိသားစုဝင်က ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ခင်ပွန်းသည်ကိုဖွင့်ပြောတော့ သူက ကျမကို “မိန်းမသဘောပါ လှုချင်သလောက်လှုပါ”တဲ့။စိတ်ထဲ လှုချင်တာတောင် လစာနဲ့တိုင်းထွာနေ ရတဲ့ သူတွေဆိုတော့ ကျမစဉ်းစားမိလိုက်တယ်။ကျမရဲ့သူငယ်ချင်းတွေ သူတို့တွေ..သူတို့တွေ ပါဝင်လာကြ ရင် သေတဲ့ သူတွေကို တတ်နိုင်သလောက် ကူညီနိုင်မယ်လို့တွေးမိလိုက်တယ်။

သူတို့ တစ်တွေကို ကျမ တိုင်ပင်လိုက်တယ်။ပထမဆုံး ကိုညိမ်းနိုင်ပါ။နောက်တော့ ကိုလွင်ပြင်နဲ့ မမစံပယ် သူတို့ကလည်း ချက်ခြင်းအားတက်သရော လှုမယ်ပြောကြတယ်။နီးစပ်ရာကိုပါ အလှုပါခံပေးကြဦးမယ်တဲ့။ တကယ် တက်ကြွတဲ့ ဇနီးမောင်နှံပါ။အချစ်တူသလို စိတ်တူတဲ့သူတွေပေါ့။အဲဒီညမှာဘဲ ကျမတို့အကိုကြီး သဂျီးမင်း(ကိုကိုမောင်-ပန်းရနံ့)ကို ဖွင့်ပြောလိုက်တယ်။သူကြီးဆိုတဲ့ နာမည်နဲ့လိုက်အောင်ကို သူကလည်း ဦးဆောင်ပေးခဲ့တယ်။သူကတော့ အင်္ဂလန်တစ်ခွင်ပေါ့။ နောက်တော့ ကျမမောင်လေးဗညား(လင်းခေတ်ဒီနို) ကို ပြောလိုက်တော့ သူကလဲ မွေးနေ့နဲ့တိုက်ဆိုင်နေတာရယ်ကြောင့် လှုမယ် အမတော်ဆိုပြီး ချက်ခြင်းပြော လာတယ်။ဒီလိုနဲ့ ပြောလိုက်လာလိုက်တာ ထိုင်ဝမ်ကညီမလေးဂျယ်လီပစ်ပစ် (ခံစားမှု့သံစဉ်)လဲ မနေရနဲ့ ဟိုး ရွာနောက်ဖျားက မောင်(စွယ်စုံကျမ်း )တို့ကအစ အကုန်ပါလာပါတော့တယ်။ဒီလိုနဲ့ ကျမတို့တစ်တွေ ပိုစ့် -တွေရေးခြင်းကို ခဏရပ်ပြီး အလှုအတွက် လုံးပမ်းကြရပါတော့တယ်။သက်ဆိုင်ရာနိုင်ငံအလိုက် အလှုခံပေး တဲ့အထိ ဖြစ်သွားပြီး ပြင်ပက အလှုရှင်တွေပါ ပါဝင်လာခဲ့ကြပါတယ် ။ 


စင်္ကာပူမှာဆို ကျမနာမည်ကြီးသာ “အလှုကိစ္စအတွက် ဆက်သွယ်ပါလို့” တတ်ထားတာ တကယ်ကျတော့ ကျမ ဘာမှမလုပ်တတ်ပါဘူး။လုပ်လည်းပဲ မလုပ်ဖူးပါဘူး။အကိုညိမ်းနိုင်(မျောလွင့်တိမ်)ခင်မျာ အကုန်ခေါင်း ခံ လုပ်ရပါတယ်။အင်္ဂလန်မှာဆိုရင်လည်း အရှင်ဇနက(အင်္ဂါမောင် )နဲ့ သူကြီး-ကိုကိုမောင်(ပန်းရနံ့)တို့ဟာ အားတက်သရော အလှုခံဖို့ကြိုးစားပေးခဲ့ကြပါတယ်။မလေးရှားမှာလည်း ကိုလွင်ပြင်လှိုင်းငယ်နဲ့မမစံပယ်တို့ လင်မယားဟာ သူတို့ပတ်ဝန်းကျင်မှာသာမက နီးစပ်ရာမိတ်ဆွေများဆီကပါ အလှုခံပေးခဲ့ကြပါတယ်။ -မောင်လေး(စွယ်စုံကျမ်း)ဟာလဲ ကျမတို့ လက်လှမ်းမမှီတဲ့ဘလော့ဂါတွေဖြစ်တဲ့ အကိုအမတွေ၊မောင်ငယ်ေ- တွနဲ့ပါ ဆက်သွယ်ပြီးအားတက်သရော အလှုခံပေးခဲ့ကြပါတယ်။နောက်ပြီး မြန်မာအိုင်တီနန်းတော်ထဲက -မောင်လေးဇင်ငြိမ်းဦးပါ။သူကတော့ ကျမတို့ “လှုမယ်ဟေ့”ဆိုတိုင်း အမြဲတက်တက်ကြွကြွ ပါဝင်တတ်တဲ့ ခလေးတစ်ယောက်ပါပဲ။နောက် ထိုင်ဝမ်မှာနေတဲ့ ညီမလေး ဂျယ်လီပစ်ပစ် (ခံစားမှု့သံစဉ် )ခင်မျာလဲ ရတဲ့ အချိန်ထဲကနေ သူ့ခင်မျာ အလှုအတွက် တစ်တပ်တအားအလှုခံပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။အမေရိကားက တာဝန်ယူခဲ့တဲ့ မောင်လေး ဗညားဆိုလည်း နီးစပ်ရာ ဘလော့ဂါများကို စုစည်းပြီး တာဝန်ယူ အလှုခံပေးခဲ့ပါ တယ်။မြန်မာပြည်ဘက်ကတော့ သူငယ်ချင်းဖြစ်တဲ့ ကိုကျော်စွာစိုးမြတ်(ခ)အင်ဒရူးက တာဝန်ယူ အလှုခံပေး ခဲ့ပါတယ်။

ဒီလိုနဲ့တဆင့်စကား တဆင့်နားနဲ့လည်းကောင်း။ဘလော့ဂါအသီးသီးကလည်း ကိုယ်ပိုင်စာမျက်တွေပေါ်မှာ အချိန်ပေးပြီး အလှုခံပေးလိုက်ကြတာ တဖြည်းဖြည်းနဲ့ အရင်ကမျှော်လင့်ခဲ့သလို သုံးသိန်းလောက်တောင် ရ ပါ့မလားဆိုတာကနေ အလှုငွေပမာဏတွေ တရိပ်ရိပ်တက်လာတဲ့အချိန်မှာ ကျမတို့တစ်တွေ အရမ်းကို စိတ် အားတက်ကြွခဲ့ရပါတယ်။အမှန်တော့ ကျမတို့စိတ်ထဲမှာ ကျမတို့လှုမယ့် သူတွေကို ဖြစ်ဖြစ်မြောက်မြောက် ပမာဏတစ်ခုကို ရသွားစေချင်တဲ့ စေတနာပါ ။ အားလုံးဟာ အလှုငွေများများ ရကြပါစေ။များများလှုပေးနိုင် ပါစေဆိုတဲ့ စိတ်စေတနာနဲ့ လုပ်လိုက်ကြတာ ကျမတို့သတ်မှတ်ထားတဲ့ အချိန်တစ်ပတ်အတွင်းမှာဘဲ သိန်း နှစ်ဆယ်ကျော်သွားတဲ့အတွက် အလှုခံသူတွေအကုန် ပီတိဖြစ်ရပါတယ်။ကျမတို့ကို ဖြူသလား မဲသလားမသိ -စေတနာသန့်သန့်နဲ့ လှုဒါန်းဖို့ငွေတွေ လွှဲပေးခဲ့ကြတဲ့သူတွေကို အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ် ဆို တဲ့အကြောင်းလေးပြောပါရစေရှင်။နောက်တစ်ခုကတော့ အဲလိုအလှုခံနေတဲ့အချိန်မှာ စကာင်္ပူမှာရော၊မြန်မာ ပြည်မှာပါ ငွေလိမ်လည်မှု့တွေ အကြီးအကျယ်ဖြစ်လို့ ဟိုးလေးတကျော်ကျော်ဖြစ်နေချိန်မှာ ကျမတို့ကို စိတ် ချယုံကြည်စွာ ပေးအပ်ခဲ့ကြတဲ့ စိတ်တွေကိုဖြင့် အရမ်းကိုပဲလေးစားမိပါတယ်။မိတ်ဆွေ အပေါင်းအသင်း လည်းဟုတ် မမြင်မတွေ့ဖူးတဲ့ သူတွေကအလှုခံတာကို မြန်မာလူမျိုးတွေပီပီ စိတ်စေတနာသန့်သန့် စိတ် ထားတတ်စွာနဲ့လှုဒါန်းပေးခဲ့ကြတဲ့ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များအားလုံးရဲ့ကုသိုလ်ကို သာဓုသုံး ကြိမ် လေးစားစွာ ခေါ်ဆိုအပ်ပါတယ်ရှင်။

နောက် နိုင်ငံအသီးသီးမှ ဘလော့၈ါများကိုလဲကျေးဇူးတင်ရှိပါတယ်ရှင်။ဘလော့ဆိုတဲ့ စာမျက်လေးတစ်ခုဆီ ကနေ ခင်တွယ်လာကြတဲ့ သံယောဇဉ်ယုံကြည်မှုနဲ့တင် ၀ိုင်းဝန်းပံ့ပိုးကူညီခဲ့ကြလို့ ကျမတို့ အလှုအောင်မြင်ခဲ့ ရတာပါ။နောက်ဘလော့ဂါမဟုတ်တဲ့ ကျမတို့ရဲ့သူငယ်ချင်းကြီး ကျော်စွာစိုးမြတ်၊ညတိုင်း သတင်းတွေ စုံစမ်း -ပေးပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးခဲ့တာပါ။သူကတော့ ကျမတို့ကို အလှုခံပေးယုံတင်မဟုတ်ဘဲ စိတ်ရော လူရော၊ အချိန်ရော အပင်ပန်းခံပြီးလုပ်ပေးခဲ့တဲ့ စေတနာ့ဝန်ထန်းတစ်ယောက်ပါ။သူငယ်ချင်းတွေ ဖြစ်စေ ချင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တဲ့သူပါ။နောက်ဆုံးကျေးဇူးတင်တဲ့ သူကတော့ ကျမဖြစ်ချင် သမျှကို ပါရမီဖြည့်ပေးတဲ့ ကျမခင်ပွန်းသည် ကိုရင်ပါ။ ညညဆို စိတ်တထင့်ထင်နဲ့ သူခင်မျာ အလုပ်တစ် ဖက်နဲ့ အလှုအတွက် ရတက်မအေးရပါဘူး။မနက်အလုပ်တက်ရမှာမို့ ကျမက အိပ်သွားပေမယ့် သူကတော့ တစ်ညလုံးအလုပ်ထဲကနေပြီး အင်ဒရူးတို့၊ သူကြီးတို့ ကိုညိမ်းနိုင်တို့နဲ့ တိုင်ပင်နေရပါတယ်။ကျွန်မကိုတောင် သူ့သူငယ်ချင်း အင်ဒရူးက“ငါတို့အလှုအောင်မြင်စွာ ပြီးခဲ့ပြီဟေ့ကောင်”လို့ဖုံးဆက်တဲ့နေ့မှ စကားကောင်းစွာ -ပြောပါတယ်။


တကယ်တော့ဒီအလှုပွဲမှာ ကျမခုနကပြောခဲ့သလိုဘဲ ကိုညိမ်းနိုင်၊သူကြီး၊ပစ်ပစ်နဲ့  ဗညားတို့ ကိုလွင်ပြင်တို့ လင်မယားနဲ့မောင်တစ်လုံးတို့ ဦးဆောင်သွားခဲ့ကြတာပါ။သူတို့တစ်တွေ အရမ်းကိုအာရုံစိုက်ပေးခဲ့ကြလို့ ခုလို အလှုတစ်ခု အထမြောက်ခဲ့တယ်ဆိုလည်း မမှားပါဘူး။နောက်တစ်ခုက လှုတဲ့နေ့ရက်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး အပင်ပန်းခံပေးခဲ့ကြတဲ့ မြန်မာပြည်က သူငယ်ချင်းမောင်နှမတစ်စုလည်း ပါပါတယ်။ကျမကတော့ ဒီ ပွဲမှာ ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။အလုပ်တစ်ခုလုပ်ရင် ကောင်းတာလည်းကြုံတွေ့ရသလို မေ -ကာင်းတာလဲတွေ့ရတာမို့ ပုထုဇဉ်ပီပီ တွေ့လာရတဲ့ အနှောက်အယှက် အတိုက်အခိုက်စကားလေးတွေကို ကြားတော့စိတ်ပျက်မိပေမယ့် သူကြီးနဲ့ကိုညိမ်းနိုင်တို့အကြီးတွေရဲ့ အားပေးမှုကနေ စိတ်ပြန်တက်ကြွလာခဲ့ရ ပါတယ် ။

တကယ်တော့ ကျမတို့ဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ အတူတူနေထိုင်ကြရတဲ့ ဒီမြေဒီရေတွေကို အတူသောက် -နေကြတဲ့လူသားတွေပါ။အတ္တ၊ပရ၊မာန်မာနမပါဘဲ အရိုးခံအတိုင်းကြည့်မယ်ဆိုရင် အားလုံးဟာ လူသားတွေ ပဲမို့ ခွဲခြားစရာဘာမှမရှိပါဘူး။ဆင်းရဲတာချမ်းသာတာ ချစ်တာမုန်းတာ အသိုင်းအ၀ိုင်းစွဲ ဌာနစွဲတွေ မထားဘဲ လူသားဆိုတဲ့အတွေးကို အားလုံးတန်းတူတွေးပေးနိုင်ခဲ့ကြလို့ ခုလိုဒီအလှုဖြစ်မြောက်ခဲ့ရတာလို့ ကျမ ထင် ပါတယ်။ဘာပဲ ဘယ်လိုပဲ သူတို့တွေက အရင်ကဘာလုပ်လို့ဆိုတဲ့ စကားလုံးတွေအောက်မှာ စိတ်ထား ဖြူစင်စွာထားပေးနိုင်ခဲ့ကြတဲ့ အလှုရှင်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်။ကျမတို့ လှုတဲ့ငွေသားပမာဏ ဟာ သူတို့ရဲ့ ၀မ်းနည်းကြေကွဲမှု့တွေကို အစားမထိုးနိုင်ပေမယ့် တစိတ်တဒေသလေး အကူအညီဖြစ်ခဲ့မယ် ဆိုရင် ချွေးနှဲစာကိုလှုဒါန်းပေးခဲ့ကြတဲ့ အလှုရှင်တွေအနေနဲ့ ပီတိကုသိုလ်ကို ရရှိခဲ့ကြပါတယ်။

ကံကံ၏ အကျိုးကိုခံစားရတာမို့ စိတ်တူကိုယ်တူ အလှုတစ်ခုကိုဖြစ်မြောက်အောင် ၀ိုင်းဝန်းပံ့ပိုးခဲ့ကြသူများ အလှုရှင်များသည်  ယနေ့မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဤအလှုသည် နိ- ဗာန်သို့ရောက်ရာ အထောက်အပံ့ဖြစ်ပါစေလို့ ဆုတောင်းရင်း ပြုသမျှကောင်းမှုအလှုတို့အတွက် မိတ်ဆွေ သင်္ဂဟ အားလုံးကို ကုသိုလ် အမျှပေးဝေအပ်ပါတယ်။ပီတိပွားပြီးကုသိုလ်ကိုမျှဝေယူ ကြပါရှင်။
အလှုဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတဲ့ ဌာနဆိုင်ရာမှတာဝန်ရှိ လူကြီးမင်းများကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်ရှင်။နိုင်ငံအသီးသီးမှ အလှုရှင်များသူငယ်ချင်းများနဲ့ မြန်မာပြည်မှာ စိတ်ရောကိုယ်ပါ အပင်ပန်း ခံပေးခဲ့တဲ့ သူငယ်ချင်းအားလုံးတို့ကို ကျေးဇူးအထူးတင်ရှိရင်း နောက်ထပ်ကုသိုလ်ရေးရာများတွင် ပါဝင်ပေး ကြပါဦးလို့ပြောချင်ပါတယ်ရှင်။ဒီအလှုနဲ့အတူပေါ်ပေါက်လာတဲ့ ကျမတို့ရဲ့ မြန်မာမုဒိတာလူငယ်များအဖွဲ့လေး ကိုလည်းကျးဇူးတင်ရှိပါတယ်ရှင်။တိတ်တဆိတ် ကြွေလွင့်သွားကြတဲ့ ပြည်သူတွေအတွက် အသက်ပေးသွား ကြတဲ့ ကြယ်ပွင့်များ ကောင်းရာသုဂတိဘုံဘ၀သို့ ရာက်ရှိကြပါစေ။ကျမတို့ ပြုသမျှ ကုသိုလ်တွေကို ရောက် ရာဘုံဘ၀က သာဓုခေါ်ဆိုနိုင်ကြပါစေ။သတ္တ၀ါတွေအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်းကွာ၍ ချမ်းသာ သုခ ရှိကြပါစေ။

အမျှ..အမျှ..အမျှ ယူတော်မူကြပါကုန်..

အားလုံးကိုကျေးဇူးတင်လျှက် 
မဒိုးကန်
၎း၁၀ မိနစ်
တနလာင်္နေ့

27 comments:

သူကြီးမင်း (တုံးဖလား) said...

မဒိုးကန်က စ၊ ကိုရင်က လုပ်ဆောင်၊ အားလုံးကလဲ ၀ိုင်းဝန်းကူညီခဲ့ကြလို့ အခုလို အထမြောက် အောင်မြင်သွားတာပါ။ ဘယ်ကိစ္စ ဘယ်အရာမှာ မဆို အစဟာ အရေးအကြီးဆုံးပါ။ ဒါကြောင့်မို့ အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ စကားပုံ ပေါ်ပေါက်လာတာပါ။

အခုအလှူကိစ္စကိုလဲ မဒိုးကန်ရဲ့ ရင်ထဲက ကိုယ်ချင်းစာတတ်တဲ့စိတ်၊ နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်းများကို မြတ်နိုးတဲ့ စိတ်ကြောင့် အစပျိုး လုပ်ဆောင်ဖြစ်ခဲ့တာပါ။

တစ်ယောက်ဆောင်သော်မရ၊ တစ်သောင်းဆောင်သော်ရ၏ ဆိုသလိုပါဘဲ။ အခြေခံဘ၀တူတွေအနေနဲ့ ပေးလှူလိုတဲ့ စေတနာ ရှိနေပေမဲ့ အမြောက်အများ မပေးလှူနိုင်ပါဘူး။ အခုလို တစ်ဦးတစ်ယောက်စီ အုပ်တစ်ချပ် သဲတစ်ပွင့် ၀ိုင်းစုမိကြတာကြောင့် ညီညွတ်ခြင်းရဲ့ တန်ဖိုးကို အသုံးချခွင့်ရသွားတာပါ။

အစပျိုးခဲ့တဲ့ ဒိုးကန်ကိုလဲ ချီးကျူးပါတယ်။ အပင်ပန်းခံ လုပ်ဆောင်ပေးတဲ့ ကိုရင်တို့အားလုံးကိုလဲ ချီးကျူးပါတယ်။

အားလုံး မြန်မာမုဒိတာလူငယ်များအဖွဲ့ လေးကို ရေလောင်းပေါင်းသင်ပေးပြီး အမြဲတမ်းရှင်သန်တက်ကြွနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။

အလင်းသစ် said...

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုတာ ငယ်ငယ်ကတည်းက သင်ခန်းစာတွေမှာ အတိအကျကို ထည့်သွင်းသင်ကြားခဲ့တာပဲလေ။။ ဒီစကားလေးရဲ့တာသွားမှုနဲ့ အခုလို ကြီးမြတ်တဲ့ အလှူဒါနကြီးတစ်ခု ဖြစ်မြောက်ခဲ့တာမို့ ဦးဆောင်သူရော၊ပါဝင်သူရော အားလုံးကိုလေးစားမိရပါတယ်။။ အမတော်ရေ... သာဓု၊ သာဓု၊သာဓုပါဗျာ။။။

Crystal said...

အလှူမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပါရစေနော်။
ပါဝင်ဆောင်ရွက်သူတွေရော အလှူရှင်တွေပါ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အထူးသဖြင့် မဒမ်တစ်ယောက် ဘေဘီလေး အမြန်ပိုက်နိုင်ပါစေသောဝ်.....

AH said...

သာဓု.. သာဓု... သာဓု ပါခင်ဗျာ။ ကိုယ်တိုင်ကိုယ်ကျ မလှုဖြစ်လိုက်တာ စိတ်ထဲမှာ မကောင်းဘူး။ မဒမ်နဲ့ ကိုရင်နှင့်တစ်ကွ အင်တိုက်အားတိုက်ပါဝင်ကြသည့် ဘလော့ဂ်ဂါများ၊ အလှူရှင်များအားလုံးသည် ဇော ၇ တန်အကျိုးကြောင့် ယခုဘ၀၊ နောက် ၇ ဘ၀မှသည် ဘ၀ အဆက်ဆက် သဒ္ဒါ၊ ပိတိ၊ စေတနာတို့၏ အကျိုးကို ခံစားရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည် ခင်ဗျား။

မိုးခါး said...

သာဓု သာဓု သာဓုး)

Thandar Lwin said...

အလှူမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပါရစေနော်။
ပါဝင်ဆောင်ရွက်သူတွေရော အလှူရှင်တွေပါ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အထူးသဖြင့် မဒမ်တစ်ယောက် ဘေဘီလေး အမြန်ပိုက်နိုင်ပါစေသောဝ်.....
(အတူတူ ဘဲ မို့ ကူးချလိုက်ပါတယ် ခရစ်စတယ်)

စံပယ်ချို said...

ရွှေဒိုးရေ
ဂျက်တို့က နှမ်းဖြူးတယ်ဆိုယုံလေးပါဟယ်
အားလုံးအတွက်အကျိုးဖြစ်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ
မြန်မာမုဒိတာလူငယ်များအဖွဲ့ ကိုလဲကျေးဇူးတင်ဖို့ကောင်းတယ်နော် သူတို့က
ဟိုမှာ ပင်ပင်ပန်းပန်းသွားလာရတာလေ

Anonymous said...

ဒိုမ စိတ်ကိုတော့ သိပြီးသား နော် လေးစားမိပါတယ်နော် ဟိုကိုရင်ကသာ..ဟဲ လင်နဲ့ မယားဆင်နဲ့ ကျားတဲ့..ဟဲနောက်လူတေါဗဟုသုတရအောင် ..ရန်ဖြစ်လိုက်ပြန်ချစ်လိုက်လုပ်နေနော်..ဟဲဟဲ

ညိမ်းနိုင် said...

အန်....ကျွန်တော်လည်းမယ်မယ်ရရဘာမှလုပ်လိုက်ရပါ
ဘူးဗျာ...၊အားလုံးသောသူငယ်ချင်းများနှင့် အလှူရှင်များ
ရဲ့ စေတနာအပြည့်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြလို့သာ
ခုလိုအောင်မြင်သွားတာပါဗျာ...။အဓိက ဆောင်ရွက်ပေး
သူကတော့ ကိုကျော်စွာစိုးမြတ်ပါပဲ...။သူ့ကိုအတော်ကျေး
ဇူးတင်ရပါတယ်......။

လွင်ပြင်လှိုင်းငယ် said...

ကူညီခွင့်ရလို့ ကျေးဇူးပါ ညီမရေ

မီးမီးငယ် said...

ရှေးကရေစက်တွေကြောင့်၊ခုလိုခင်မင်ပြီး။
ကောင်းမူ့ ကုသိုလ်အတူတူပြုလုပ်ရတဲ့အတွက်။
နောက်အနာဂါတ်ကာလမှာ၊
ဒီထက်မကအများအကျိုးအတွက်၊
ပံပိုးကူညီဆောင်ရွှက်နိုင်တဲ့မဒမ်လေးတို့ နဲ့ ။
အမြဲတမ်းပါဝင်ကူညီပါရစေ။
ပြောမဲ့သာပြောတာပါ၊ ကျမတော့အသိမိတ်ဆွေနဲပါတယ်။
ဘာမှလည်းသိပ်မတတ်ပါဘူး။
ပါဝင်ပတ်သက်တဲ့မိတ်ဆွေ...။
အားလုံးကိုကျေးဇူးတင်ပါတယ်နော်..။

laylwintlu said...

ရေးထားတာတွေဖတ်သွားပါတယ် အထူးဝမ်းသာမိပါတယ်...
ခင်မင်လေးစားလျက်-
လေလွင့်လူ

Candy said...

ကိုရင်အသားကုန် ကြိုးပမ်းတာ ကန်ဒီအသိဆုံး
လာလာအော်တာလေ စီပုံးမှာ ဗုံးတလုံးနဲ့ ဟီးဟီး

အပင်ပန်းခံလုပ်ပေးကြတဲ့ သူအားလုံးကို ကန်ဒီလေးစားပါတယ် တကယ် :D :D

Anonymous said...

မဒိုးကမ်ရေ.... တစ်ယောက်နဲ့တစ်ယောက်အဖြူအမဲ ကွဲကွဲပြားပြားမသိကြပေမယ့်... တူညီတဲ့သဒ္ဓါတရားကိုယ်စီနဲ့ အထမြောက်သွားတဲ့ မွန်မြတ်တဲ့လုပ်ဆောင်ချက်အတွက် တကယ်ဝမ်းသာ ဂုဏ်ယူမိပါတယ်...။ သာဓုပါဗျာ..။ အလှူခံတဲ့အချိန်တုန်းက အိန္ဒိယရဟန်းတော်များ နှစ်ပတ်လည်အစည်းအဝေးတက်ရင်း ဗုဒ္ဓဂယာဘုရားဖူးခရီးလွန်နေလို့ မသိလိုက်ရဘူး။ နောက်တစ်ခေါက်ဆိုရင်တော့ ပါဝင်ကူညီနိုင်လိုက်မယ်လို့ မျှော်လင့်ပါတယ်..။

ပါရမီဖြည့်ဖက်ဇနီးမောင်နှံနှစ်ယောက်လုံး ကျန်းမာချမ်းသာစွာဖြင့် လောကကောင်းကျိုး၊ ဘာသာ သာသနာကောင်းကျိုးတွေကို ဆတက်တိုး ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်..

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

မိုးသက် said...

မပါလိုက်ရဘူးနော်ကိုရင်.. စောစောကမပြော.
ဒီမှာ ဘယ်ကိုဆက်လို့ဆက်ရမှန်းမသိ..ကိုရင်
လားမဒမ်လား ဖဘ မှာ ပြောခံထိနေတုန်းက
ဝင်ဆော်ပစ်ချင်တာ လက်ကို (အဲ) ပါးစပ်ကို
ယားနေတာပဲ..ဆော်မယ်ကြည့်တော့ ကွန်မန့်က
ပိတ်သွားပီ..စိတ်ချနော်..နှစ်ယောက်လုံးကို
အပြောမခံဘူး..။

ချစ်တဲ့...
ညီငယ်.. ဟုတ်ပေါင် ..မောင်ငယ်.. အင်း
ဟုတ်သေးဘူး..
ညီမောင်ငယ်..းp

San San Htun said...

ဦးဆောင်ဦးရွက်ပြုသူတွေ၊ တအပ်တအားပါဝင်ကူညီတွေ၊ အလှုရှင်တွေကို သာဓုခေါ်ပါတယ်..

mstint said...

မဒိုးရဲ့စိတ်ရင်းမှန်စေတနာနဲ့
အများအကျိုးအတွက် ကူညီလိုသူတို့ရဲ့ စေတနာတို့ကို
ပေါင်းစည်းပြီး နေ့နေ့ညညလှုပ်ရှားမှုရဲ့ရလဒ်အဖြစ်
ထိရောက်တဲ့အောင်မြင်မှုအလှူပွဲလေးအတွက်
သာဓု သာဓု သာဓု သုံးကြိမ် ခေါ်ဆိုသွားပါတယ်မဒိုးရေ။
စီတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

ဒို့ ဂတော့ အကြွေးနဲ့  လှူတဲ့ အလှူရှင်ပါ ခင်ညာ။ ကိုရင် ညိန်းနိုင် တစ်ယောက် ဘန်ကောက် တက်မလာ ပါစေနဲ့  .... ဟီး။

အားလုံးအတွက် ကုသိုလ် သာဓုခေါ်သွားပါတယ်။

blackroze said...

မားမား
ဒီအလှုလေးဖြစ်မြောက်သွားတာ
အရမ်းဝမ်းသာတယ်..
နောက်ထပ်လည်း
လိုအပ်တဲ့နေရာတွေမှာလှုနိုင်အောင်
ကြိုးစားကြတာပေါ့နော်

925 said...

သဒ္ဒါထက်သန်တဲ့လူတွေ အားလုံးကိုလေးစားလျက်

Angelhlaing(May everybody be happy and healthy! said...

အားကျဂုဏ်ယူလျှက်ပါမမေ၇..

Han Kyi said...

ကိုယ်တိုင်က တိုင်းစွန်ပြည်နားရောက်နေတဲ့အပြင် ကိုယ်ပိုင်အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတာမို့ ဒိုးကန်တို့ရဲ့ အလှူမှာ မပါဖြစ်လိုက်ပေမယ့် ကိုယ့်အစီအစဉ်လေးနဲ့တော့ လှူဖြစ်လိုက်ပါရဲ့...

အစပြုသူ ပံ့ပိုးသူနဲ့ အကောင်အထည်ဖော်သူတွေအားလုံးကို လေးစားအားကျမိပါရဲ့...

ဒီကုသိုလ်ကြောင့် ဒိုးကန်တို့မောင်နှံ နောက်ထပ် သားသားလေးတစ်ယောက် အမြန်ရပါစေလို့ ဆုတောင်းပေးလိုပါရဲ့...

ဂေါ်မစွံသူကြီးမင်းလည်း စွံခြင်းကြီးစွာ စွံပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါရဲ့...

အမ်တီအန် said...

အားလုံး ဟန်ချက်ညီညီ ဆောင်ရွက်လို့ မွန်မြတ်တဲ့ အလှူလေး အထမြောက်ခဲ့တာ ကြားသိရလို့ ၀မ်းမြောက်စွာ သာဓုခေါ်မိပါတယ်။

အမ်တီအန် said...

အားလုံး ဟန်ချက်ညီညီ ဆောင်ရွက်လို့ မွန်မြတ်တဲ့ အလှူလေး အထမြောက်ခဲ့တာ ကြားသိရလို့ ၀မ်းမြောက်စွာ သာဓုခေါ်မိပါတယ်။

ညီလင်းသစ် said...

အခက်အခဲတွေ ရှိပေမယ့် ရှားပါးတဲ့ အချိန်တွေထဲကနေ အားတက်သရော ဝိုင်းဝန်းလုပ်ကြလို့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်ဗျာ၊ နှိုးဆော်သူ၊ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သူ၊ ပါဝင်သူ အားလုံးအတွက် ကုသိုလ်ရတဲ့ ကြည်နူးစရာ အဖြစ်ပါပဲ။

မောင်မောင် said...

အစ်မတို.ရဲ. ပရဟိတ စိတ်ဓါတ်လေးကို အရမ်းလေးစားပါတယ်။ နောက်ထက်လည်းအများကြီး လုပ်နိုင်ပါစေ။

မောင်သီဟ said...

ဝမ်းသာအားရဖြစ်မိပါတယ် ဒယ်အိုးရေ.....
အခု အဖွဲ့လေးတစ်ဖွဲ့ဖြစ်လာပြီမဟုတ်လား
အကျိုးပြုလုပ်ငန်းလေးတွေအချိန်နဲ့မျှ အကောင်ထည်ဖော်နိုင်ပါစေဗျားးး



မောင်ဘကြိုင်

Related Posts Plugin for WordPress, Blogger...